Monday, October 15, 2012
ပြည်သူကို လှည့်ဖျားရန်မလို-စာချုပ်ကို ဖျက်သိမ်းရန်သာလိုသည်
ပြည်သူကို လှည့်ဖျားရန်မလို-စာချုပ်ကို ဖျက်သိမ်းရန်သာလိုသည်
မနက်ဖန်တနိုင်ငံလုံးက -OIC- ရုံးခမ်း
ဖွင့်မည်ဆိုခြင်းကို လက်မခံကြောင်းကြေ
ညာချက်ထုတ်ပြန်သည်နှင့် အစိုးရက
 တာဝန်ရှိသူများ၏  ရှင်းလင်းချက်များ
ထုတ်ပြန်လာသည် ။
 ဖေါ်ပြထားသည် ။
နိုင်ငံတော်သမ္မတကြီး၏ ထုတ်ပြန်ချက်မှာလည်း ( ၁) နိုင်ငံတော်၏
ဂုဏ်သိက္ခာကို မထိခိုက်စေရန် ။
 ( ၂ ) အမျိုးသားအကျိုးစီးပွါးကိုမထိခိုက်စေရန် ။
 ( ၃ ) နိုင်ငံတော်၏ အချုပ်ချာ အာဏာကို မထိခိုက်စေရန် ။
 (၄ ) သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန် ဆိုပြီး ကြေညာချက်ထုတ်ပြန်သည် ။
စင်စစ်အားဖြင့် စိုးရိမ်စရာမရှိဟု ဆိုသော ရှင်းလင်းချက်များမှာစာချုပ်ကို လက်မှတ်
ထိုးခဲ့ ခြင်းနှင့် ပတ်သက်၍ မစ္စဒီနာ မန်ဒီနာကပြောဆိုသွားသည်ကို
 ကြားပြီးဖြစ်သည် ။ 
သူမ၏ ပြောဆိုသော စကားမှာဗုဒ္ဒဘာသာမြန်မာနိုင်ငံသားတို့ ကို လုံးဝစော်ကားမော်ကား
 ပြောဆိုပြီးဂရုစိုက်စရာမလို ။ အစိုးရတာဝန်ရှိသူများ ၊ ၀န်ကြီးများနှင့်လက်မှတ်စာချုပ် ထိုးထားပြီးဟု ပြောဆိုလေသည် ။
ယခုအချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် နယ်စပ်/စည်ပင်ရေးရာညွှန်ကြားရေးမှူး ဦးထွေးလှကလည်း ပြောဆိုသလို မန္တလေးတိုင်းမသာသနာရေးဝန်ကြီးဋ္ဌါနမှ ၀န်ကြီး 
ဦးသန်းစိုးမြင့်ကလည်း -OIC-ရုံးခမ်းမဖွင့်ကြောင်း ပြောဆိုနေသည် ။ 
သို့ သော် ၄င်းကဲ့ သို့ ပြောဆိုနေခြင်းများသည် တရားမ၀င်ဖြစ်နေသေးသည် ။
 မြန်မာနိုင်ငံအစိုးရနယ်စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးသည် 
အစိုးရမဟုတ်သောအဖွဲ့ အစည်းဖြစ်သည့် အစ္စလမ်မစ်အဖွဲ့ ချုပ်ကို နိုင်ငံကိုယ်စား
စာချုပ်ချုပ်ဆိုထားသည် ။ ထို့ ကြောင့် ၄င်းစာချုပ်ကို ရုပ်သိမ်းဖျက်ဆီးပစ်
ရမည်ဖြစ်သည် ။ 
၎င်းစာချုပ်ပါ အချက်အလက်များအရ တရားဝင်ရပ်တည်ဆောင်ရွက်နိုင်သောကြောင့် မည်သည့်နည်းနှင့်မဆို -OIC- အဖွဲ့ နှင့်စာချုပ်ချုပ်ဆိုထားခြင်းကို ချက်ချင်း
 ရုပ်သိမ်းရန်လိုပါသည် ။
ယခုအချိန်တွင် ကြောက်မက်ဘွယ်ကောင်းလောက်အောင် ထောက်ပံ့ပစ္စည်း
များသည်ရခိုင်ပြည်နယ်အတွင်း စီးဝင်သွားပြီဖြစ်သည် ။
 သေနတ်ကျည်ဆံများ၊ဗုံးများဖြင့် ရခိုင်ပြည်နယ်အတွင်း ခြစားသလို ၀င်ရောက်ခြင်း
မဟုတ်ဘဲစာတကြောင်း- စာအုပ်များစွာဖြင့် ကယ်ဆယ်ရေးပစ္စည်းများတွင်
သမိုင်းလိမ်နာမည်များကို ရေးသားကာ မလေးရှားမှ တင်သွင်းခဲ့ သည် ။
 ယင်းသိုပေးပို့ သော စာတမ်းပါ ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများကား 
သူတို့ ၏သမိုင်းလိမ်ဘင်္ဂလီကုလားများ စိတ်ထဲတွင် မည်မျှအထိ အရိုးစွဲအောင်
ရှိလေမည်နည်းဆိုသည်ကို တွေးကြည့်က သိနိုင်သည် ။
 သေနတ်ဖြင့် ပစ်ခတ်၍သေဆုံးသွားသောဖြစ်ရပ်များကို ခဏလေးတွင် သွေးဆာချိန်သာ
 ဂရုဏာသက်မိကြသည် ။သို့ သော် စာပေ၏ လက်နက်ကား ကြောက်စရာကောင်း
လောက်အောင်တန်ဖိုးကြီးမားလှသည်ကို လူတိုင်းသိရှိနားလည်ကြသည် ။
  မြန်မာနိုင်ငံတွင် မည်သည့်နည်းနှင့်မျှ -OIC- ၏အကျိုးဆောင်လုပ်ငန်းမျိုးကို မည်သည့်အမျိုးအစား ခေါင်းစဉ်ဖြင့်ဆောင်ရွက်လာခြင်းကို လက်သင့်ခံရန်မလို ။ 
ယင်းအဖွဲ့ သည် အစိုးရလည်းမဟုတ်သလို ဂရုစိုက်စရာလည်း မလိုချေ ။ 
အကယ်၍ အစိုးရမှ လူသားချင်းစာနာထောက်ထားမှု အတွက် အလှူငွေများ ၊ ပစ္စည်းများကို လက်ခံမည်ဆိုပါကကယ်ဆယ်ရေးဝန်ကြီးဋ္ဌါနမှသာ လက်ခံရယူပြီး မိမိနိုင်ငံတွင် မိမိတို့ ကသာ
စစ်ဆေး စီမံ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည်ဖြစ်သည် ။တူရကီနိုင်ငံခြားရေးဝန်ကြီး
လာချိန်က အလှူငွေ လာရောက်ပေးအပ်ခြင်းမျိုးကိုမပြုလုပ်သင့်ပေ ။
 အကြောင်းမှာ သမိုင်းလိမ်ဖြစ်ရပ်များသည် မလိုအပ်သောဓါတ်ပုံသတင်း
များကြောင့် ဖြေရှင်းမရဖြစ်နေတတ်ရာတကယ်မှန်ကန်နေသောဖြစ်ရပ်များကို ပျောက်ပျက်
သွားစေတတ်သည် ။
ထို့ ကြောင့် မည်သည့်နိုင်ငံ မည်သည့် အဖွဲ့ အစည်းမျိုးကရံပုံငွေများ ၊ ကယ်ဆယ်ရေး
ပစ္စည်းများကို လာရောက်ပေးအပ်ကြမည်ဆိုလျှင်အစိုးရမှ ၀န်ကြီးကအစ မည်
သည့်ခေါင်းစဉ်ဖြင့် လာရောက်လှူဒန်းခြင်းကိုစစ်ဆေးကြပ်မတ်ရန်လိုသည် ။
 မြန်မာနိုင်ငံအတွင်းမရှိသော လူမျိုးများအတွက်လာရောက်လှူဒန်းမည့် အစီအစဉ် ခေါင်းစဉ်များကိုမည်သည့်နည်းနှင့်မျှစာချုပ်ချုပ်ဆိုပြီး မဆောင်ရွက်သင့် ။ 
ယခုအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးသည်လည်း အထူး
တာဝန်ရှိနေရာသူကိုယ်တိုင်စာချုပ်ချုပ်ဆိုထားခြင်းကို ချက်ချင်း ဖျက်သိမ်းခြင်း ၊ရုပ်သိမ်းခြင်းပြုလုပ်ရမည်ဖြစ်သည်ဟု မြင်သည် ။
 အကယ်၍ ယင်းသို့ မဟုတ်ပါဘဲရုံးခမ်းမဖွင့်တော့ပါဆိုပြီး ပြည်သူများကို
 ချွေးသိပ်နေရုံမျှနှင့်ယခုကိစ္စပြသနာမှာ ပြီးဆုံးမည်မထင်ကြောင်း 
တင်ပြလိုက်ရပါသည် ။။။
အောင်သာနီရေးသားသည်။
ဖျာပုံမြို့သူမြို့သားများ နှင့် သံဃာတော်များ၏ OIC ကန့်ကွက်ဆန္ဒပြပွဲ
 (၁၅.၁၀.၂၀၁၂ - နေ့လည် ၂ နာရီ) ဓါတ်ပုံမှတ်တမ်း - မင်းခေါင်(ဖျာပုံ)
 ပေးပို့သည်။
OICကို အလိုမရှိကြောင်း မြန်မာတစ်နိုင်ငံလုံး ဆန္ဒထုတ်ဖော်ပြီ (သတင်းအပြည့်အစုံ)
အိုအိုင်စီခေါ် အစ္စလာမ်မစ် နိုင်ငံများ
ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ
 စစ်တွေမြို့တွင် ရုံးဖွင့်မည်ကို မလို
လားကြောင်း ယနေ့တွင် ရခိုင်ပြည်နယ်
 မြို့နယ် အနှံ့အပြား၌ ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်ပြီး သဘောထား
ထုတ်ဖေါ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။
ဆန္ဒပြ သဘောထား ထုတ်ဖေါ်ခဲ့ကြသော မြို့များမှာ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်နှင့် စစ်တွေတို့ ဖြစ်ကြသည်။
မောင်တောတွင်  အိုအိုင်စီ ဆန့်ကျင်သည့် တီရှပ် အကျီင်္များ ၀တ်ဆင်ပြီး သဘောထား ထုတ်ဖေါ်သူ အမှတ် ၃ ရပ်ကွက်မှ လူငယ် (၂) ဦးကို ရဲက ခေတ္တ ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။ အဆိုပါ လူငယ် ၂ ဦးမှာ ဦးခင်မောင်နိုင်နှင့် ကျော်စိန်မောင် တို့ ဖြစ်ကြသည်။
ဘူးသီးတောင်တွင် အိုအိုင်စီ ကန့်ကွက်သည့် ပိုစတာများကို အိမ်ခြံ လမ်းဝများတွင် ချိတ်ဆွဲထားပြီး သဘောထား ထုတ်ဖေါ် ခဲ့ကြသည်။ သို့သော်လည်း လမ်းပေါ်ထွက် ဆန္ဒပြခြင်းကို အာဏာပိုင်များက ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ဆန္ဒပြ သဘောထား ဖေါ်ထုတ်ရာတွင် မြောက် ဦးမြို့တွင် လူအင်အား
၄၀၀ ကျော်၊ ရသေ့တောင် လူအင်အား ၂၀၀၀၀ ကျော်၊ ပုဏ္ဏားကျွမ်း
၁၀၀၀ကျော်နှင့် ကျောက်တော်  လူအင်အား ၁၄၀၀ ကျော် ပူးပေါင်း
ပါဝင်ခဲ့သည်ဟု သတင်း ရရှိသည်။
                        ယနေ့တွင် ပြုလုပ်သော ဆန္ဒ ထုတ်ဖေါ်ပွဲများ (ဓါတ်ပုံ- နိရဉ္စရာ)
 စစ်တွေတွင်  ပါဝင်သော လူအရေအတွက် ဆန္ဒပြပွဲ အစီအစဉ်ကို စစ်တွေမြို့ မင်းဗာကြီးရပ်ကွက်မှ ကိုသန်းထိုက်က နိရဉ္စရာသို့ ယခုလိုပြောသည်။
“ဒီနေ့စစ်တွေမြို့ ဆန္ဒပြပွဲမှာ ရဟန်း ၁၅၀၀ခန့်နဲ့ လူထု ၃၀၀၀ကျော်ပါဝင်တယ်။ စစ်တွေမြို့ ဘုရားကြီးကွင်းကနေ မွန်းတည့် ၁၂နာရီ ကျော်မှာ ဦးဥတ္တမလမ်းကို ချီတက်တယ်၊ အဲဒီကတဆင့် မင်းဘာကြီး လမ်းကို ကွေ့ပြီး ရွာကြီးလမ်း အတိုင်း လာကြတယ်။ ပြီးရင် ရိုးမဘဏ် ရှေ့လမ်း ဦးဥတ္တမ လမ်းအတိုင်း ပြန်ဝင်ပြီးတော့ ဘုရားကြီး ကွင်းမှာဘဲ ညနေ ၂နာရီမှာ အဆုံးသတ်ခဲ့ကြ ပါတယ်” ဟုပြောသည်။
ယနေ့ဆန္ဒပြပွဲတွင် တောင်းဆိုချက် အချက်(၂)ချက်ပါရှိရာ နံပါတ် (၁) အချက်မှာ  မြန်မာနိုင်ငံ၌ OIC ကို လုံးဝ အလိုမရှိ နံပတ် (၂) အချက်တွင်  ရခိုင် ပြည်၌ OIC လုံးဝ အလိုမရှိ ဟုဆိုသည်။ ၎င်း အချက် (၂) ချက်ကို ဆိုင်းဘုတ်၊ ပိုစတာများတွင် ရေးသား ကိုင်ဆောင်ပြီး  ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် လှည့်လည်ကာ ဆန္ဒထုတ်ဖေါ်ကြသည် ဟု ဆိုသည်။
ဘုရားကြီးကွင်းအတွင်းမှ ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ရဟန်းပျို  စည်းကမ်း  ထိန်းသိမ်းရေး ဥက္ကဌ အရှင် ပညာဇောတက ယခုလို မိန့်ကြားသည်။
“ဆရာတော်က  ပြည်သူတွေကို မိမိတို့နဲ့ အတူ လိုက်ပါဆောင်ရွက် မယ်ဆိုရင် စည်းကမ်းရှိရမယ်၊ အကြမ်း မဖက်ရဘူး၊ အရက်သေစာ သောက်စားပြီး လုံးဝ ရှေ့တန်းက မပါရဘူး၊ ရဟန်းပျိုတွေနဲ့ အတူတူ ပြည်သူတွေ ပါ စည်းကမ်း သေ၀ပ်စွာနဲ့ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှုရမှာဖြစ်ပါတယ်” ဟု မိန့်ကြားသည်။
ညနေ  ၃နာရီ အချိန်ခန့်တွင် ဆန္ဒပြ ဖေါ်ထုတ်ပွဲများ အောင်မြင်စွာ ပြီးဆုံးသွားကြောင်း သိရသည်။ ယနေ့တွင် ရန်ကုန်မြိ့တွင်လည်း ပြုလုပ်ခဲ့သည်ဟု သတင်း  ရရှိသည်။
 နိရဉ္စရာသတင်း 
 OICကို အလိုမရှိကြောင်း မြန်မာတစ်နိုင်ငံလုံး ဆန္ဒထုတ်ဖော်ပြီ
ယနေ့အောက်တိုဘာလ ၁၅ရက်နေ့တွင် OIC မြန်မာနိုင်ငံအတွင်း ရုံးစိုက်မည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံတ၀န်း မြို့နယ်အသီးသီးတွင် ပြည်သူလူထုများ ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ကိုပြုလုပ်ခဲ့သည်။
စစ်တွေမြို့တွင် သင်္ဃာတော်များဦးဆောင်၍ မြို့လုံးကျွတ်နီးပါးပါဝင်သော လူထုမှ OICကိုကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ နေ့လည် (၁)နာရီအချိန်မှ (၂)နာရီ (၃၀)မိနစ် အချိန်ထိ ပြုလုပ်ခဲ့ကြသည်။ ဘင်္ဂလီများနှင့် အတူယှဉ်တွဲနေထိုင်ရေးကို လုံးဝအလိုမရှိ၊ OICကိုအလိုမရှိ စသည့်ဆိုင်းဘုတ်များ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း စစ်တွေဒေသခံ မစောမြသန္တာက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
စစ်တွေဆန္ဒဖော်ထုတ်ပွဲကို အတုလမာရိန်ဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှ စတင်၍ ဦးဥတ္တမလမ်း ၊မင်းဘာကြီးလမ်း၊ ရွာကြီးလမ်း၊ လမ်းမကြီး ထိုမှတဆင့် ဘုရားကြီးတွင် ပြန်လည်ရောက်ရှိပြီး လူစုခွဲသွားခဲ့ကြသည်။ စစ်တွေဆန္ဒပြပွဲနှင့် ပက်သက်၍ လုံခြုံရေးကောင်းမွန်ကြောင်း အာဏာပိုင်များ နှောင့်ယှက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။
မြောက်ဦးမြို့တွင်လည်း လူပေါင်း ၁သောင်းကျော်ခန့် OICအား ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ရာတွင် OIC ကို အလိုမရှိ၊ OIC  ရခိုင်ပြည်သို့ ပြဿနားများ ယူဆောင်မလာပါနှင့်၊ လူနည်းစု ဗုဒ္ဓဘာသာများကို ဘင်္ဂလားဒေ့ခ်ျအစိုးရအနေဖြင့် အပြည့်အဝတာဝန်ယူပေးပါ၊ တရားမဝင် ဘင်္ဂလီ ကိစ္စနှင့်ပတ်သတ်၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သော နိုင်ငံတော် သမ္မတကြီး၏ စကားကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးပါ စသည့်အချက်များကို ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်တောင်းဆိုခဲ့သည်။
"ကျနော်အနေနဲ့ ခုလိုဆန္ဒထုတ်ဖော်ပွဲတွေကို တွေ့မြင်ရတဲ့အတွက် တော်တော်လေးကို ၀မ်းသာပီတိဖြစ်မိပါတယ်။ အယင်တုန်းက ဒီမိုကရေစီဆိတ်သုန်းနေခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဖော်ထုတ်ခွင့်မရရှိခဲ့ဘူး။ ဒါပေမယ့် ဒီနေ့အချိန်အခါမှာ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒတွေကို အတိုင်းအတာတစ်ခုထိ ထုတ်ဖော်ပြခွင့် ရရှိလာခဲ့တဲ့အတွက် အလွန်ပင်ဝမ်းသာ မိပါတယ်။"ဟု မြောက်ဦးမြို့သို့ ရောက်ရှိနေသော ၀ံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ကိုခိုင်ကောင်းစံက ပြောသည်။
ဘူးသီးတောင်မြို့ နယ်၌ အိမ်တိုင်း၊ ဆိုင်တိုင်းတွင် OIC ကိုဆန့်ကျင်သည့် ဆိုင်းဘုတ်များကိုချိတ်ဆွဲထားသည့်လှုပ်ရှားမှုကို ယနေ့ပြုလုပ်ခဲ့ကြသည်။ ဘူးသီးတောင်မြို့ နယ်လူငယ်များကွန်ယက်အဖွဲ့ မှကိုအောင်မင်းထွန်းက "OIC သည်မြန်မာနိုင်ငံကို အီစလမ်မိတ်နိုင်ငံပြုလုပ်ဖို့ ရည်ရွယ်ပြီးလာရောက်ခြင်းဖြစ်လို့ ရေတိုပင်ဖြစ်စေ လုံးဝလက်မခံနိုင်ပါဘူး၊ လုံခြုံအခြေနေကြောင့် စီတန်းဆန္ဒထုတ်ဖော်လို့မရခဲ့ပေမယ့် အိမ်တိုင်း အိမ်တိုင်း၊ ဆိုင်တိုင်း ဆိုင်တိုင်းမှာ OICကိုကြက်ခြေခတ်ထားတဲ့ စာတန်းတွေကို ချိတ်ဆွဲထားရှိပြီးတော့ ဘူးသီးတောင်ဒေသခံတွေရဲ့ ဆန္ဒကိုဖော်ထုတ်ကြပါတယ်" အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။
ရသေ့တောင်မြို့တွင်လည်း နေ့လည် ၁နာရီမှ စတင်ကာ သင်္ဃာအပါး ၂၀၀ ကျော် ဒေသခံလူထုပေါင်း ၄၀၀၀ ကျော်ခန့် OIC ကိုမြန်မာနိုင်ငံအတွင်း လုံးဝအလိုမရှိ၊ သမ္မတပြောထားသည့် ၁၉၈၂ခု နိုင်ငံသားအက်ဥပဒေကို အကောင်အထည်ဖော်ပေးရန်၊ ရသေ့တောင်လူထုအစည်းအဝေးမှ ထုတ်ပြန်ထားသော ဆုံးဖြတ်ချက်များအား အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် စသည့် စာတန်းများကို ကိုင်ဆောင်ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ပွဲကို နေ့လည် ၂နာရီတွင် ရုပ်သိမ်းခဲ့သည်။
ရန်ကုန်မြို့တွင်လည်း မြန်မာနိုင်ငံအမျိုးသားကာကွယ်ရေးလှုပ်ရှားမှုကော်မတီမှ သင်္ဃာတော်များနှင့် ကော်မတီဝင်များ ဦးဆောင်ကာ နေ့လည် ၁နာရီမှစ၍ သင်္ဃာပေါင်း ၅၀၀၀နှင့် ပြည်သူလူထု ၃၀၀၀ကျော်ခန့်က ဆူးလေဘုရားရှေ့တွင် OICကိုအလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
"OICရဲ့ မူက တစ်ကမ္ဘာလုံးကို အစ္စလာမ်ဘာသာဖြစ်ရေးဆိုတဲ့ မူဝါဒနဲ့ သွားနေတာဖြစ်တယ်။ အဲဒါမူဝါဒကို ကျနော်တို့အနေနဲ့ လုံးဝလက်မခံနိုင်တဲ့အတွက်ကြောင့် အခုလိုဆန္ဒထုတ်ဖော်ရတာပါ"ဟု ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုရဲမင်းဦးက ပြောသည်။
ဆူးလေဘုရားအနီး မြို့တော်ခမ်းမဘက်တွင် ရှိနေသော ဆန္ဒထုတ်ဖော်သူများနှင့် အင်တာဗျူး ပြုလုပ်မှုများအား မြို့တော်ခမ်းမရှေ့၌ လုံခြုံရေးတာဝန်ကျသူများမှတားဆီးမှုများ ရှိခဲ့ကြောင်း အာရ်ကန်တိုင်းမ်စ် သတင်းထောက် ဇင်ကီးကပြောသည်။
အထက်ဖော်ပြပါ မြို့များအပြင် မန္တလေးမြို့အပါအ၀င် မြန်မာနိုင်ငံ တခြားမြို့များတွင်လည်း OICကို မြန်မာနိုင်ငံအတွင်း အလိုမရှိဆိုကြောင်း ဆန္ဒထုတ်ဖော်မှုများ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ပြုလုပ်ခဲ့ကြသည်။
"ဒီလို တစ်နိုင်ငံလုံးပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုရဲ့ အကျိုးရလဒ်ကတော့ OIC ဆက်ဆံရေးရုံးကို မြန်နိုင်ငံမှာ လာရောက်ဖွင့်လှစ်မှာကို နိုင်ငံတော်အစိုးရအနေနဲ့ ခွင့်ပြုမှာ မဟုတ်ကြောင်း သတင်းအပြည့်အစုံကို မြန်မာ့ရုပ်မြင်သံကြား ဒီနေ့ ည၈နာရီ သတင်းမှာ ကြော်ငြာမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အခုဘဲ သူတို့အင်တာနက်စာမျက်နှာမှာ ဖော်ပြလိုက်တာပါဘဲ။ ဒါဟာ ပြည်သူတစ်ခုလုံး ကြိုးပမ်းမှုရဲ့ ရလဒ်ပါဘဲ။ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အကောင်အထည်ဖော်ပေးလိမ့်မယ်လို့လည်း ဦးဇင်းတို့က ယုံကြည်ပါတယ်"ဟု မြန်မာနိုင်ငံအမျိုးသားလှုပ်ရှားမှုကော်မတီဝင် ဦးဇင်းတပါးမှ မိန့်ကြားသည်။
OIC သည် အစ္စလာမ်ဘာသာဝင် နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး ရခိုင်ပြည်တွင်း ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းဖြစ်ပေါ်ခဲ့ပြီးနောက် ယင်း Organisation of Islamic Coperation (OIC)မှ ယင်းအဓိကရုဏ်းနှင့်ပက်သက်၍ စုံစမ်းစစ်ဆေးရေး ပြုလုပ်သွားမည်ကို အစိုးရအနေဖြင့် လက်ခံခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ပြည်သူများအနေဖြင့် တစ်တိုင်းပြည်လုံး ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
Arakan Times
သတင်း
No comments: