Saturday, October 27, 2012

တရားရုံးများ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး မေးခွန်းမေးမြန်း

တရားရုံးများ အဂတိလိုက်စားမှုနှင့်ပတ်သက်၍...
Aung Khaing Myint 1:23am Oct 27


တရားရုံးအဆင့်ဆင့်၏ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ မည်ကဲ့သို့ အရေးယူစီမံဆောင်ရွက်ထားသည်ကို သိရှိလို ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ဒီပဲယင်းမဲဆန္ဒနယ် မှ လွှတ်တော်ကိုယ်စားလှယ်ဦးစိုးညွှ
န့်က မေးခွန်းမေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က တရားရုံးအဆင့်ဆင့်တွင် မရိုးသားမှုများ ခေတ်စားနေ ကြောင်း မြေပြင်သတင်းများအရ ကြားသိရကြောင်း ပြောဆိုချက်မှာ တရားရုံးအားလုံးကို ရိုးသားမှုမရှိဘဲ အဂတိလိုက်စားနေသည်ပာု ထင်ယောင်ထင်မှား ဖြစ်စေပါကြောင်း၊ မြေပြင်သတင်းများအရ ကြားသိရသည်ဆိုသည်မှာ တစ်ဆင့်ကြားသတင်းဖြစ်သည့်အတွက် တစ်ထစ်ချမှန်ကန်သည့် သတင်းပာု

မပြောနိုင်ပါကြောင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အေ
နဖြင့် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများ၊ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်မှု၊ လုပ်ငန်းတာဝန်များပေါ့လျော့စွာ ဆောင်ရွက်ခြင်းတို့မဖြစ်ပွားနိုင်စေရန် ကြိုတင် ကာကွယ်ရေးအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ကော့သောင်းမဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၏ ပြည်သူ့လွှတ်တော် အတည်ပြုပေးခဲ့သော တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်စေရန် ဝိုင်း ဝန်းကူညီထောက်မပေးရေးအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီမံဆောင်ရွက်မှုအခြေအနေကို သိရှိလိုကြောင်း မေးခွန်းကို မေးမြန်းခဲ့သည်။


ယင်းမေးခွန်းနှင့်ပတ်သက်၍ သဲကုန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်က ကိုယ်စားမေးမြန်းခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်ကပင် တရားစီရင်ရေးကဏ္ဍကို ကျန်ရှိသော မဏ္ဍိုင်(၄)ရပ်က ဝိုင်းဝန်းကူညီဆောင်ရွက်လာပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လိုအပ်သလို လိုက်နာဆောင်ရွက်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော အဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ရေးဆွဲထုတ်ပြန်ရန် လိုအပ်မည်မပာုတ်ပာု ယူ ဆပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


ယင်းလွှတ်တော်အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း၊ အသိပေးတင်ပြခြင်း၊ အစီရင်ခံစာတင်သွင်းခြင်း၊ အရေးကြီးအဆို တင်သွင်းခြင်းနှင့် အဆိုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


Yangon chronicle
Timeline Photos
တရားရုံးများ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ လွှတ်တော်

No comments: