Saturday, October 27, 2012

တော်ဝင်မိသားစု ကုမ္ပဏီမှာ ဘာတွေ ဖြစ်နေလဲ


တော်ဝင်မိသားစု ကုမ္ပဏီတွင် အလုပ်သများများ ဆန္ဒပြနေပုံ၊ သတင်း၊ဓါတ်ပုံ- အဲမလီ/ဧရာဝတီ

တော်ဝင်မိသားစုကုမ္ပဏီ သစ်အချောထည်နှင့် ပရိဘောဂစက်ရုံက အလုပ်သမား ၃၀၀ နီးပါး ဆောက် လုပ်ရေး လုပ်ကွက်ကို ပို့ခံရတာကြောင့် အလုပ်သမားတွေက အလုပ်ရှင်ကို ဆန္ဒပြနေတာဖြစ်ပါတယ်။



အလုပ်သမားတွေဟာ အိမ်ကို မပြန်ဘဲ စက်ရုံရှေ့မှာ တနေ့လုံး တညလုံး ဆက်တိုက် ဆန္ဒပြလာတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ 


သူတို့ ဘာကြောင့် ဆန္ဒပြကြသလဲဆိုတော့ သူတို့ကို ဆောက်လုပ်ရေးဆိုက်ကို ပို့လိုက်တာ ဟာ တော်ဝင် သစ် စက်ရုံရဲ့ အလုပ်သမားအဖြစ်ကနေ ထုတ်ပစ်လိုက်တာနဲ့ အတူတူဘဲလို့ ပြောပါတယ်။ 


ဒီမုဒိတာ အိမ်ယာ-၂ ဆောက်လုပ်ရေး လုပ်ငန်း ပြီးသွားရင် သူတို့ဟာ တော်ဝင်မိသားစု ကုမ္ပဏီထဲ ကို ပြန်ဝင်လို့ မရတော့ပါဘူး။ အလုပ်လက်မဲ့တွေ ဖြစ်သွားကြတော့မှာပါ။ 


တော်ဝင် သစ်စက်ရုံ ပိုင်ရှင်ဟာ အရင်ကလည်း တော်ဝင်စင်တာ ၊ မုဒိတာအိမ်ယာ-၁ ဆောက်လုပ်ရေးတွေ အတွက် သူ့စက်ရုံက ဒီအလုပ်သမားတွေကို အသုံးပြုခဲ့ပြီး ဆောက်လုပ်ရေး ပြီးသွားတာနဲ့ သူတို့ကို တော်ဝင် မိသားစု သစ်စက်ရုံထဲမှာ ပြန်လုပ်စေပါတယ်။ 



ဒီတကြိမ်တော့ သူတို့ကို လက်မခံရုံသာမက အလုပ်ထဲကိုတောင် ၀င်ခွင့်မပြုတော့ပါဘူး။ 


မုဒိတာ အိမ်ယာ-၂ ဆောက်လုပ်ရေးဟာ စည်ပင်ရဲ့ခွင့်ပြုချက် ပါမစ်လည်း မရသေးဘူးလို့ အလုပ်သမား

တွေက ပြောပြပါတယ်။ စည်ပင်ရဲ့ ခွင့်ပြုချက် မရဘဲ ဆောက်လုပ်နေတာဖြစ်ပြီး အဲဒီလုပ်ငန်းမှာ သူတို့ကို အသုံးချနေတာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင်က ပြောပြပါတယ်။ 


ဒီဆောက်လုပ်ရေးရေးအတွက် ကြွေပြားခင်းဖို့ဆိုပြီး လွှတ်လိုက်ပေမယ့် မိန်းကလေးတွေနဲ့ မသင့်တော်တဲ့ 

ငြမ်း တက်ခိုင်းတာ ၊ သံ ထမ်းခိုင်းတာ၊ တိုင်တွေချော ၊ကျောက်တွေလောင်းခိုင်းတဲ့ အလုပ်တွေကိုဘဲ လုပ်ခိုင်းတာကြောင့် ဆက်မလုပ်ကြ တော့ဘဲ အလုပ်သမားတွေက အလုပ်ရှင်နဲ့ ဆွေးနွေးဖို့ ပြန်လာကြ တာပါ။ 


ဒီလိုဆွေးနွေးဖို့ ပြန်လာခဲ့ကြပေမယ့် အလုပ်ရှင်က အတွေ့မခံ သူတို့ကိုလည်း ၀င်ခွင့် မပေးတော့တာ 

ကြောင့် အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ရှင်းပြပါတယ်။ 


( ဒီပုံတွေကတော့ စက်ရုံထဲမှာ ကျန်ရှိနေတဲ့အလုပ်သမားတွေ ထမင်းစားချိန်မှာ ရိုက်ထားတဲ့ ပုံပါ) 

No comments: