Saturday, October 27, 2012

တရုတ်ရဲတွေ ရောက်လာပြီ တဲ့။ ..... (အဲအဲ မှားလို့) ဗမာရဲတွေ တရုတ်ကုမ္ပဏီက ကားနဲ့ရောက်လာကြပြီ တဲ့။


October 23

အဏုမြူဓာတ်ပေါင်းစု ကပ်ကျော်စေတီတော် (လက်ပန်းတောင်းတောင်) တက်လမ်းရှင်းလင်းခြင်းကို ရဲတပ်ဖွဲ့ဝင်များ ဟန့်တား
ယနေ့(၂၃.၁၀.၂၀၁၂)ရက်နေ့မှာ ၀က်မှေးကျေးရွာ၊ ရွှေလှေကျေးရွာ၊တုံကျေးရွာ၊ကျော်ရွာ စသည့် ကျေးရွာများမှ ဒေသခံများဟာ ၂၆ရက်နေ့ စေတီတော်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲအတွက် သွားလာမှု လွယ်ကူချောမွေ့စေရေး အတွက် ကြိုတင်လမ်းရှင်းကြရာ ရဲတပ်ဖွဲ့ဝင်အင်အား ၇၀ခန့် တရုတ်ကုမ္ပဏီမှ ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး လမ်းရှင်းလ
င်းခြင်းကို လာရောက်ဟန့်တားသည်။
ရဲတပ်ဖွဲ့ဝင်များ၏ ဟန့်တားမှုကြောင့် လမ်းကိုပြီးဆုံးအောင်ရှင်းလင်းနိုင်ခြင်း မရှိခဲ့ပါ။ ယနေ့တွင် ကိုဇော်ဖုန်းမြင့် ၊ မအေးနက်တို့ ဦးဆောင်၍ တရုတ်ကုမ္ပဏီ နှင့် ဦးပိုင်ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံပြီး ဘုရားတက်လမ်း ရှင်းလင်းခြင်း ဟန့်တားခြင်းမပြုရန် သွားရောက်ပြောဆိုကြသည်။
အသေးစိတ်သိလိုလျှင် ဆက်သွယ်မေးမြန်းရန်
ကိုဇော်ဖုန်းမြင့် - ၀၉၄၀၀၄၀၉၇၂၅

No comments: