Saturday, October 27, 2012

မတရား ပိတ်ပင်တားဆီးထားသည့် တိုင်းရင်းသားလူမျိုးစုတွေရဲ့ မူလရပိုင်ခွင့်များကို ပြန်လည်ပေးအပ်လိုက်လျှင်



နှစ်ပေါင်းများစွာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့သည် မိမိတို့၏ ရပိုင်ခွင့်များဖြစ်သည့် တန်းတူရေးနှင့် ကိုယ်ပိုင်
ပြဌါန်းခွင့်များဆုံးခဲ့ရသည့်အပြင် လူသားတို့၏ ရှိသင့်ရှိထိုက်၊ ရသင့်ရထိုက်သော ရပိုင်ခွင့်များဆုံးရှုံးခဲ့ကြရ
သည်။ တိုင်းရင်းသားလူမျိုးစုများသည် မိမိတို့ ရပိုင်ခွင့်များဖြစ်သည့် အခွင့်အရေးများပြန်လည်ရရှိရန်အတွက် နည်းလမ်း ပေါင်းစုံအသုံးပြုကာ   ယနေ့ထက်တိုင် တောင်းဆိုတိုက်ပွဲဝင်လျှက်ရှိနေသည်။ ထိုသို့  နည်းလမ်းပေါင်း
စုံဖြင့်   တောင်းဆိုဆန္ဒပြတိုက်ပွဲဝင်နေသူများသည်   တိုင်းတပါးသားများမဟုတ်ကြပါ၊ ကျွန်ူပ်တို့ရဲ့ ပြည်ထောင်စု
ဖွား တိုင်းရင်းသားညီအကို မောင်နှမ စစ်စစ်များသာဖြစ်ကြပါသည်။ ကျနော်တို့တတွေဟာ  တစ်ဦးနဲ့ တစ်ဦး နှစ်ပေါင်း များစွာအတူတကွ ရှင်တွဲနေထိုင်လာကြသော တိုင်းရင်းသား ညီအကိုမောင်နှမများဖြစ်သော
ကြောင့်  အုပ်ချုပ်သူလူတန်းစားများမှ တိုင်းရင်းသားညီအကို မောင်နှများအပေါ်ရန်သူကြီးသဖွယ်သဘောထား
ကာ ရက်ရက်စက်စက် ဖိနှိပ့်ချုပ်ချယ်အုပ်ချုပ်မှုများမလုပ်သင့်ပေ။

အမှန်တကယ်ဆိုမူ တမြေထဲနေ၊ တရေထဲသောက်သုံးခဲ့ကြတဲ့ တိုင်းရင်းသားတို့ရဲ့ ရပိုင်ခွင့်အရေးများကို အုပ်
ချုပ်သူ လူတန်းစားများမှ နိုင်ထက်စီးနင်းပြုကာ မတရားဟန့်တား ချုပ်ချယ် ပိတ်ပင်တားဆီးမှုမပြုလုပ်သင့်
ပေ။ ၎င်းတို့ရဲ့ မူလရပိုင်ခွင့်များ မပျောက်ပျက် မပျက်ဆီးဆုံးရှုံးသွားရလေအောင် အုပ်ချုပ်သူလူတန်းစားများမှ ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်သည့်အပြင်၊ အေးအတူ ပူအမျှအတူတကွနေထိုင်ကြမည့် တိုင်း
ရင်းသားတွေရဲ့ လိုအပ်တဲ့ အကူညီနဲ့ နည်းလမ်းကောင်းများကို တတ်စွမ်းသည့်ဘက်က တတ်နိုင်သလောက် ဖြည့်ဆည်းကူညီဆောင်ကျဉ်းပေးရန်လိုအပ်ပါသည်။ သို့မှသာ တိုင်းရင်းသားတွေနဲ့ အုပ်ချုပ်သူလူတန်းစား
များကြားမှာ သဟဇာတမျှတမှုတွေဖြစ်ပေါ်လာပြီး စစ်မှန်တဲ့ သွေးစည်းညီညွှတ်မှုကို ရရှိမှာဖြစ်ပါတယ်။

ဒီနေရာမှာ အရင်ကအုပ်ချုပ်သူလူတန်းစားများကို အထူးမေတ္တာရပ်ခံပန်ကြားလိုသည်မှာ၊ မိမိရဲ့ မှားယွင်းခဲ့တဲ့ လုပ်ရပ်မှားတွေကို ပြုပြင်ပြီး၊ ယနေ့ပြောင်းလဲနေသော မြန်မာ့နိုင်ငံရေးတွင် ရိုးရိုးသားသားနဲ့ တိုင်းပြုပြည်ပြု
လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ပေးစေလိုပါသည်။ ခင်ဗျားတို့မှာရှိတဲ့ငွေများနဲ့ တိုင်းရင်းသားပြည်သူများ
ရဲ့ အကျိုးပြုလုပ်ငန်းများကို ပြုလုပ်စေလိုပါတယ်။ အတင်းအဓမ္မ လယ်သိမ်း၊ ယာသိမ်း ပြောင်းရွေ့ခိုင်းတဲ့ မတရားစီမံကိန်းတွေ အကောင်ထည်ဖော်နေတဲ့ အရင်လူဟောင်း အုပ်ချုပ်သူ လူနည်းစုနဲ့ အသိုင်းအဝိုင်း
တွေရဲ့လုပ်ရပ်ကြောင့် လက်ရှိအပြောင်းလဲကို ဖော်ဆောင်နေတဲ့ အစိုးရတစ်ရပ်လုံးဟာ အဲဒီလူနည်းစုကြောင့် အစိုးရရဲ့ ဂုဏ်သိက္ခာဟာ အမှန်တကယ် ထိခိုက်ငြိုးနွမ်းစေပါတယ်။ ဒါ့-အပြင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်
တွေကိုလည်း အနှောက်အယှက်ဖြစ်စေပြီး၊ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ်ကိုလည်း သံသယတွေပိုမိုကြီးထွားစေပါတယ်။

ယနေ့ပြောင်းလဲနေသောကာလမှာ အရင်အုပ်ချုပ်သူလူတန်းစားတွေက  ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးအောင်မင်း၊ ဦးကြည်အောင် ကဲ့သို့ တိုင်းပြည်နဲ့  လူမျိုးအပေါ်  စိတ်ရင်းကောင်းစေတနာထားပြီး  တိုင်းပြုပြည်ပြုလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်လုပ်ကိုင်လိုတဲ့ အင်အားတွေလည်း နိုင်ငံကောင်းကျိုးအတွက် ဒီနေရာမှာ လိုအပ်
သလို၊ နိုင်ငံနဲ့ လူမျိုးအပေါ် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ ပြည်တွင်း/ ပ တိုင်းချစ်ပြည်ချစ် (  ပုဂ္ဂိုလ်တွေရဲ့ ) အင်အားစုတွေရဲ့ အင်အားတွေလည်း လက်ရှိကာလမှာ အများကြီးလိုအပ်နေပါတယ်။

မြန်မာနိုင်ငံ၏  နိုင်ငံရေးသည်  အမှန်တကယ်ဆိုလျှင် ရှင်းရှင်းလေးနဲ့ နှစ်ဘက်ခေါင်းဆောင်များက ကပ်ရှုပ်နေကြသည်ဟု စာရေးသူနဲ့ မြင်မိပါသည်။  အမှန်တကယ်ဆိုမူ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ရိုးရိုးရှင်းရှင်းလေး
ပင်ဖြစ်သည်။ တိုင်းရင်း သားတွေရဲ့ ဆုံးရှုံးနေသော ၎င်းတို့ရဲ့ မူလရပိုင်ခွင့်တွေကို ၎င်းတို့လက်ထဲပြန်လည်ပေး
အပ်လိုက်လျှင် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေငြိမ်းအေးသွားမည်ဖြစ်ပါသည်။ ထိုအခွင့်အရေးတွေကိုလည်း
တိုင်းရင်းသားများက မတရားသဖြင့်တောင်းဆိုနေကြခြင်းမဟုတ်၊ ၎င်းတို့ရဲ့ ရပိုင်ခွင့်ထဲကတောင်းဆိုခြင်းသာဖြစ်
သည်။ ဒီအခွင့်အရေးတွေကိုပေးလိုက်လျှင် ဒီပြဿနာတွေ ပြီးစီးသွားမည့်ကိစ္စကို မလည်ရှုပ်လုပ်ကာ တိုင်ပတ်
နေကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခပြဿသည် အချိန်အကြာကြီးစွဲထားပြီး ယုံကြည်မှုတည်ဆောက်
နေသည်ဟုဆိုကာ တိုင်ပတ်နေစရာ မလိုပေ။ ခင်ဗျားတို့ခေါင်းဆောင်များသာ သူမယုံ၊ ကိုယ့်မယုံနဲ့ ယုံကြည်မှု
ကို မယုံမရဲနဲ့ ခပ်ကြောက်ကြောက်နှင့် တည်ဆောက်နေကြသည်ဟု စာရေးသူအနေဖြင့် ရိုးရိုးရှင်းရှင်းလေးမြင်
မိပါသည်။ ကျနော်တို့ အောက်ခြေ တိုင်းရင်းညီအကို မောင်နှမအများကတော့ တစ်ဦးနဲ့ တစ်ဦး၊ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိပြီးသားသူများဖြစ်သည့်အလျှောက် အထွေမလိုပေ။ခင်ဗျားတို့ခေါင်းဆောင်တွေရဲ့
သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်သာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ယောက်နဲ့ တစ် ယောက်  ယုံထင်- ကြောင်ထင်ဖြစ်
ကာ အိမ်ကြက်ချင်း အိုးမဲမသုတ်လည်း သိသိရင်း ခွပ်နေကြရသည်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများအပေါ် ထားရှိတဲ့ မရိုးသားတဲ့စိတ်ဓါတ်တွေကိုဖျောက်ပစ်ကြပါ။ သွေးခွဲအုပ်ချုပ်မှုစနစ်နဲ့ တိုင်းရင်းသားများကို မှိုင်း
တိုက်ပြီး အုပ်ချုပ်လို့ရတဲ့ အရင်လို အမှောင်လွမ်းနေတဲ့ ခေတ်စနစ်လည်း မဟုတ်တော့ပါ၊ ဘာလုပ်လုပ် အကုန်သိနေတဲ့ ပွင့်လင်းမြင်သာတဲ့ မီဒီယာခေတ်စနစ်ကြီးကိုရောက်နေပါပြီ၊ ဘယ်သူ့ကိုမှ လိမ်ညာဖြီးဖြန်း
ကာ ထင်တိုင်းအုပ်ချုပ်လို့ရတဲ့ ခေတ်စနစ်မျိုးမဟုတ်တော့ပါ။

((( ဒါကြောင့် အဓိက ခေါင်းဆောင်ပိုင်းတွေသိထားကြရမှာက တိုင်းရင်းသားတွေရဲ့ မူလရပိုင်ခွင့်ကိုမပေးသ
၍၊ တိုင်းတင်းသားတွေရဲ့ မူလရပိုင်ခွင့်တွေ ၎င်းတို့လက်ထဲမှာမရရှိသ၍ နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခတွေ ဘယ်
တော့အခါမှ အဆုံးသတ်သွားမှာမဟုတ်ဘူးဆိုတာ သိရှိထားကြဖို့အရေးကြီးပါတယ်။)))

အခုဆိုရင်  တဖက်နှင့်  တဖက်တပ်ပြောင်းရွေ့နေရာချရင်း ကျည်တွေပေါက်ကာ  ယုံကြည်မှုကို အပြန်အလှန်တည် ဆောက်နေတာနဲ့ တိုင်းရင်းသားပြည်သူများရဲ့ ဘဝများစွာတွေဟာ သေကြေပျက်
ဆီးပြီး ဒုက္ခအတိရောက်နေကြတာတွေကိုလည်း နှစ်ဘက်ခေါင်း ဆောင်များက ဒီနေရာမှာ မဖြစ်မနေထည့်
သွင်းစဉ်းစားကြရမယ့် အဓိကအရေးကြီးတဲ့အရာဖြစ်ပါတယ်။
((( ဒီနေရာမှာ...တချို့စာဖတ်ပရိတ်သတ်အချို့နဲ့ တိုင်းပြည်ပြုပြင်ရေးလုပ်ငန်းများဖော်ဆောင်နေသူတွေ
က ကျနော့်အရေးသားကိုကြည့်ပြီး အပြောလွယ်တယ်ဟု ကောက်ချက်ချကောင်း ချနိုင်သည်။ ကျနော် ဒီနေ
ရာမှာပြောလိုတာက နာတာရှည်ရောဂါဆိုးကြီးကို ချက်ချင်းကုစားလို့ မပျောက်ဘူးဆိုတာကို လက်ခံထား
ပါတယ်။ ဒါပေမယ့် ဒီ- နာတာရှည်ရောဂါဆိုးကြီးကို ကုသကြတဲ့အခါ.... နှစ်ပေါင်းများစွာ ဒုက္ခဘေးဆိုးကြီး
တွေကို ခါးခါးသီးသီး ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အေးအတူပူအမျှ အတူတကွပြန် လည်နေထိုင်ကြမည့် တိုင်းရင်းသားညီအကိုမောင်နှမများ၏ မျက်နှာများကို ပြန်လည်ငဲ့ညှာထောက်ထားပြီး၊ ကျနော်တို့အားလုံး တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်တွေမွေးမြူကာ တိုင်းပြည်ကို စိတ်ရင်း စေတနာကောင်းများနဲ့  ပြန်လည်ပြုပြင်
ပြီး ဝိုင်းဝန်းကူညီတည်ဆောက်လိုက်ကြလျှင် နာတာရှည်ရောဂါဆိုးကြီးကို အချိန်တိုတိုလေးအတွင်းမှာ ကျ
နော်တို့တတွေ ကုစားသွားနိုင်မှာဖြစ်ပါတယ်။ နာတာရှည်ရောဂါကို အချိန်တိုတိုနဲ့ ကုစားတတ်ဖို့ လိုပါတယ်၊ နာတာရှည်ရောဂါဆိုးကြီးကို အချိန်အကြာကြီးဆွဲယူကာ မကုစားသင့်ပေ။  ဒီနေရာမှာ ပဋိက္ခအသွင်ဆောင် လာစေမယ့် နိုင်ငံရေး၊ စစ်ရေး ဒုက္ခတွေကြားမှာ ခေါင်းဆောင်ပိုင်းက အချင်းပွါးကာ မွေ့လျှော်နေကြဦးမည်
ဆိုရင်တော့ တိုင်းရင်းသားပြည်သူအများဟာ အဆိုးသံသရာထဲက လွတ်မြောက်နိုင်ကြဦးမှာ မဟုတ်ပါ။ ရေ
ရှည် စစ်ရေးပဋိပက္ခနဲ့ နိုင်ငံရေးပဋိပက္ခတွေဟာ တကယ်တန်းစေ့စေ့တွေးကြည့်ရင်၊ ဘယ်သူ့ကိုမှ ကောင်းကျိုး
မပြုသလို...ဘယ်နိုင်ငံကိုကြည့်ကြည့် အဲဒီ ရေရှည်နိုင်ငံရေး၊ စစ်ရေးအခက်ခဲတွေကို   ရင်ဆိုင်ကြုံတွေ့နေကြ
ရတဲ့ နိုင်ငံတိုင်းဟာ အခက်ခဲပေါင်းများစွာတို့နဲ့ နပန်းသတ်ကာ နောက်ဆုံးမတော့ လုံးပါး- ပါးသွားကြရတာ
ပါပဲ။  ဒီ- ရေရှည် စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့်လည်း တိုင်းရင်းသားလူမျိုးစုတွေမှာ ကုစားလို့ခက်တဲ့   စိတ်ဒဏ်ရာတွေ ကြီးကြီးမားမားရရှိဖြစ်ပေါ်လာစေပါတယ်။ ဘယ်သူ့အတွက်မှ အကျိုးမပြုတဲ့ စစ်ရေး၊ နိုင်ငံ
ရေးပဋိပက္ခတွေကို  အမြန်ဆုံးနဲ့ ချက်ချင်းအဆုံးသတ် ရပ်ဆိုင်းပစ်ဖို့လိုပါတယ်။ အတိတ်ကဆိုးမွေတွေကို သင်
ခဏ်းစာယူပြီး   အနာဂတ်မှာ ရန်မဖြစ် ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ အေးအေးချမ်းချမ်း အတူတကွ ပြန်
လည်နေထိုင်ကြဖို့အတွက် စိတ်ရင်းကောင်းစေတနာတွေ သူသူ- ငါငါ မရှိမဖြစ် မွေးဖွါးကြဖို့လည်းလိုအပ်သလို၊
အတိတ်က သမိုင်းဆိုးတွေကို သမိုင်းပြတိုက်ထဲမှာသာ လုံလုံခြုံခြုံသိမ်းဆည်းထားပြီး၊ အဆိုးတွေနဲ့ တည်
ဆောက်ထားတဲ့ သမိုင်းရဲ့သင်ခဏ်းစာများကို  သင်ခဏ်းစာများရယူဖို့ပဲလိုပါတယ်။
အဆိုးတွေနဲ့ သံသရာလည်နေလို့သာ အခက်ခဲတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပြီး၊ အဆိုးသံသရာထဲ
က လွတ်မြောက်ဖို့  နည်းလမ်းကောင်းများကို ရှာဖွေကြရပါ့မယ်။ ဒါကြောင့် ကျနော်တို့တတွေ ငြိမ်းချမ်းတဲ့နည်း
လမ်းများနဲ့ အဆိုးသံသရာထဲက အတူတကွ လွတ်မြောက်အောင်ကျိုးစားရင်း တိုင်းပြည်ကိုပြန်လည်တည်
ဆောက်နိုင်ကြရပါ့မယ်။
တခုရှိတာက ဒီနေရာမှာ တိုင်းရင်းသားလူမျိုးတွေဟာ level ( လယ်ဘလ် ) တန်းတူအခွင့်အရေးမရရှိသ၍ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေဟာ မလွဲမသွေဖြစ်နေကြဦးမှာပဲဆိုတာ ခေါင်းဆောင်ပိုင်းတွေက အထူး
တလှယ် သိရှိထားဖို့လိုအပ်ပါတယ်။ ခေါင်းဆောင်ပိုင်းများက အဲဒီလို မသိရှိထားကြလျှင်  ကျနော်တို့ တိုင်းရင်းသားညီနောင်ဖွားတွေဟာ အဆိုးသံသရာထဲက လွတ်မြောက်နိုင်ကြဦးမယ် မဟုတ်သေးပါဘူး။ ကျ
နော်တို့တိုင်းရင်းညီနောင်ဖွားတွေ အဆိုးသံသရာထဲကလွှတ်မြောက်ဖို့၊ နိုင်ငံတည်ငြိမ်အေးချမ်းဖို့အတွက် အဓိ
က တာဝန်ရှိသူတွေဟာ ခေါင်းဆောင်ပိုင်းတာဝန်နှင့် နေရာများကို ရယူထားတဲ့သူများသာဖြစ်ပါတယ်။))))

ဒါကြောင့် တိုင်းရင်းသားများထံမှ မတရား ချုပ်ချယ်ပိတ်ပင်တားဆီးထားသည့် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌါန်း အုပ်ချုပ်ခွင့်ကို မူလပိုင်ရှင်များဖြစ်သည့်  တိုင်းရင်းသားများထံ ပြန်လည်ပေးအပ်လိုက်လျှင် နှစ်ပေါင်းများ
စွာ ပဋိပက္ခအသွင်ဆောင်ဖြစ်ပွါးနေကြတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေ ငြိမ်းအေးသွားမှာဖြစ်ပြီး၊ ကျနော်
တို့  မျှော်ရည်မှန်းထားကြတဲ့ အေးချမ်းသာယာဝပြောသော စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တိုင်း
ရင်းသားညီနောင်ဖွားများရဲ့ စွမ်းပကားတွေနဲ့ အကောင်းဆုံး ပြန်လည်တည်ထောင်နိုင်မည်ဖြစ်ကြောင်း အကြံ
ပြုရေးသား တင်ပြလိုက်ရပါသည်။

( ကိုဗလိုင် )

ကျနော်တို့ တိုင်းရင်းသားညီအကို မောင်နှမများ
နှစ်ပေါင်းများစွာ ဒီလိုပဲ ဒုက္ခတွေရောက်နေကြတော့မှာလား..။

No comments: