Saturday, October 27, 2012

"ရခိုင်ပြည်နယ် အရေး အရေးကြီးအဆို ကို ဒေါ်အောင်ဆန်းစုကြည် ကော်မတီမှ လွှတ်တော်သို့တင်သွင်း"

"ရခိုင်ပြည်နယ် အရေး အရေးကြီးအဆို ကို ဒေါ်အောင်ဆန်းစုကြည် ကော်မတီမှ လွှတ်တော်သို့တင်သွင်း"ခြင်းနှင့် ရခိုင်ပြည်နယ်မှ နောက်ဆုံးရသတင်းများ
"ရခိုင်ပြည်နယ် အရေး အရေးကြီးအဆို ကို ဒေါ်အောင်ဆန်းစုကြည် ကော်မတီမှ လွှတ်တော်သို့တင်သွင်း"

Friday, October 26, 2012


ရခိုင်ပြည်နယ်ပကျပဋိပက္ခ အရေး အရေးကြီးအဆို ကို ဒေါ်အောင်ဆန်းစုကြည် ကော်မတီမှ အဖွဲ့ဝင် ဦးမန်းမောင်မောင်ဥာဏ် က ပြည်သူ့လွှတ်တော်တွင်တင်သွင်းနြေ
ပီဖြစ်သည်။
ယင်းအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေ ကထောက်ခံခဲ့သည်။ယခုတွင် အဆိုပါ အစည်းအဝေးကို ၁၅ မိနစ်ရပ်နားပြီး
ယင်းအဆိုကို ဆွေးနွေးဆုံးဖြတ်မည် ဟု သိရသည်။ရခိုင်အရေးအခင်းသည် လောလောဆယ်ပေါ်ပေါက်လာသောကြောင့် အများပြည်
သူနှင့် သက်ဆိုင်သောကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ က ပြောကြားခဲ့သည်။

Popular Myanmar News Journal

ကျောက်ဖြူမြို့တွင် ယနေ့နံနက်ပိုင်းက အိမ် ၂-ဆောင် မီးလောင်မူနှင့် နောက်ဆုံးရသတင်းများ
အောက်တိုဘာ ၂၆ ယနေ့ နံနက် ၇နာရီ ခန့်တွင် ကျောက်ဖြူမြို့ ပိုက်ဆိပ်
ရပ်ကွက် မှ ရခိုင်အိမ် ၂ လုံးမီးလောင် မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ယခင် နေ့ ရက်များတွင်လောင်ထားသော မီးကြွင်း မီးကျန်များမှ ကူးစက် ပြီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း
၊ ပိုက်ဆိပ်ရပ်ကွက် ရခိုင်သူ/သားများမှ မီးသတ် ဌာနသို့ အကြောင်းသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး မီးငြိမ်းသတ်ရန် ကြိုးစားခဲသော်လည်း တားဆီး`၍ မရနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးမှ သတင်းပေး ပို့ချက်အရသိရပါသည်။

ထိုမီးသည် ကျောက်ဖြူမြို့တွင် နောက်ဆုံးလောင်သောမီးဖြစ်ကြောင်
းလည်း သိရှိရပါသည်။

၂၆.၁၀.၂၀၁၂ ရက် ၂း၂၅ နာရီတွင်


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အခင်းဆက်ဖြစ်

---------------------
၂၆.၁၀.၂၀၁၂ ရက် ၂း၂၅ နာရီတွင် ရမ်းဗြဲမြို့တွင် ဘင်္ဂလီကုလား (၁)ယောက်သည် ဓာတ်ဆီးပုံများဖြင့် ရခိုင်အိမ် တစ်ကို ၀င်ရောက် မီးရှိုးထွက်ပြေးပြီး ရခိုင်များမှ ၀ိုင်းဖမ်းရာ ထို ဘင်္ဂလီကုလားအား လက်ရ ဖမ်းဆီးမိသည်ဟု သိရှိရပါသည်။

ထို့အပြင် တချိန်တည်းတွင် ဘင်္ဂလီရပ်ကွက်များမှ မီးလောင်းမှုများဖြစ်ပေါ်လာပြီး ယခုအခါ အခြေအနေမှာ ဆက်လက် အပြန်အလှန်မီးရှိုးမှုများနှင့် တဖက်နှင့် တဖက် အပြန်အလှန်တိုက်ခိုက်မှုများရှိ
သည်ဟု RSV သတင်းထောက်မှ သတင်းပေးပို့ လာပါသည်။

ရခိုင်ပြည်ကူညီထောက်ပံ့ရေးအဖွဲ့
မှ ယခုလတ်လတောဖြစ်ပေါ်နေသော အရေး ခင်းဂယက်ကြောင့် ဒုက္ခရောက်သူများအား ကူညီမည်
------------------------------
-----------------------
စစ်တွေမြို့၊ နာရေးကူညီမှုအသင်း(စစ်တွေ)မှ ဦးစီးတည်ထာင်ထားသော ရခိုင်ပြည် ရေးအသင်း(ယာယီ)မှ ယခုလတ်တလောဖြစ်ပေါ်နေသော အရေးအခင်းဂယက်ကြောင့်ဒုက္ခရောက်ေ
နသူများအား အကူညီများပေးအပ် သွားမည်ဖြစ်ကြောင်း ၄င်းတို့အသင်းပိုင် အင်တာနက်စာမျက်နှာ(www.ffsa-stw.org)
တွင် တရားဝင်ဖော်ပြထားရှိသည်။

ကူညီထောက်ပံမှုပေးအပ်ရာတွင် ယခုလောလောစဉ်ပထမအကြိမ် အဖြစ်၊ ကျောက်ဖြူ၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်မြို့များသို့ သိန်း(၁၆၀) ကူညီထားပြီဖြစ်ကြောင်းသိရသည်။


ယခုလက်ရှိအခင်းဖြစ် နယ်ပေါင်းစုံမှ စစ်တွေဆေးရုံသို့ တက်ရောက်ကုသလျှက်ရှိ

သူများအားလည်း စားရေးသောက်ရေးနေထိုင်ရေး တို့အတွက်ပါ အစစအရာရာ ကူညီထောက်ပံ့ပေးလျှက်ရှိကြောင်း
ကိုလည်း ဖော်ပြထားရှိကြောင်းသိရသည်။

Rakhine Straight Views

******************************
*******************************************************************

ဘင်္ဂလီ-ရခိုင် ပဋိပက္ခတွင် ရခိုင်(၂)ဦး ထပ်မံ ဒဏ်ရာရ

ယနေ့ နံနက်(၇)နာရီ၊ ရသေ့တောင်မြို့ နယ်၊ ညောင်ပင်ကြီးရွာတွင် ရခိုင်-
ဘင်္ဂလီ အဓိကရုဏ်းကြောင့် ရခိုင်(၂) ဦး ထပ်မံဒဏ်ရာရရှိကြောင်း
သိရှိရသည်။
အဓိကရုဏ်းတွင် ဒဏ်ရာရသူများမှာ ဆားပြင်ကြီးရွာမှ မောင်လုံးချေ(ဘ)ဦးမဲလူ၊
အသက်(၁၉)နှစ်၊ ဘယ်ဖက်ခြေထောက်တွင် ကျည်ထိ၊ ကန်ပြင်ရပ်ကွက်မှ မောင်ဇော်ဇော်သန်း၊(ဘ)ဦးမောင်ြ
မင့်စိန်၊ အသက် (၁၇)နှစ်မှာ ပေါင်တစ်ချောင်း
လုံး ကျည်ဝင်သွားကြောင်းသိရသည်။ ရသေ့တောင်မြို့နယ် အဓိကရုဏ်းတွင်
ဒဏ်ရာရသူ အားလုံးမှာ သေနတ်ဒဏ်ရာဖြင့် ဖြစ်ကြောင်းသိရသည်။

စစ်တွေဆေးရုံသို့ ရောက်ရှိလာသော လူနာနှစ်ယောက်အခြေအနေကို စစ်တွေမြို့

ဒေသခံတစ်ယောက်က " ဒီနေ့ (၃)နာရီခွဲလောက်မှာ ရသေ့တောင်မြို့နယ်မှ
လူနာ(၂)ဦး ထပ်ရောက်လာပါတယ်။ ဆားပြင်ကြီးရပ် ကွက်နဲ့ ကန်ပြင်ရပ်ကွက်က မောင်လုံးချေ၊ မောင်ဇော်ဇော်သန်းတို့ ဖြစ်ပါတယ်။

ကျွန်တော်ကြားတာကတော့ ရသေ့တောင်မြို့နယ့် အဓိကရုဏ်းအတွင်းမှာ လုံခြုံရေး

တာဝန်ခံယူထားတာ ခမရ (၅၃၆)က ဗိုလ်မှူး စိုးကြည်ထွန်း ဖြစ်ပြီး သူကအရင်တုန်းက
ကန်ချောင်း ယာယီလုံခြုံရေးစခန်း တာဝန်ခံဖြစ်တယ်လို့ သိရပါတယ်။

အခုဖြစ်ပွားနေတဲ့ ညောင်ပင်ကြီး အဓိကရုဏ်းမှာလည်း သူသည် စစ်တပ်အင်အား (၂၀)နဲ့ ဘင်္ဂလီ များဘက်မှ ခုံခံကာကွယ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ " ဟု ပြောပြသည်။


မနေ့ကလည်း ညနေ(၄)နာရီတွင် ဖြစ်ပွားခဲ့သော ကျောက်တော်မြို့နယ်၊ ဒဏ်ရာရသူ(၄)ဦး ထပ်ရောက်လာကြောင်း၊ သိန်းရွှေမောင်(ဘ) ဦးအောင်စိန်ထွန်း၊ အသက်(၃၃)နှစ် ပိုက်သည်ရပ်ကွက်၊ နံရိုးကျိုးသွားပြီး သွေးကြောလည်းပိတ်သွားသဖြင့် စိုးရိမ်ရကြောင်း၊ မောင်ထွန်းထွန်း၊ အသက်(၁၆)နှစ်၊ (ဘ) ဦးစိန်လှထွေး သာစည်အလယ်ရပ်ကွက်၊ ခြေထောက်နှစ်ဖက် ဒဏ်ရာရ၊ မောင်ထွန်းယဉ် အသက်(၁၆)နှစ်၊ (ဘ)ဦးမောင်တင်စိုး ၊အသက်(၃၁)နှစ်၊ ရွှေပြည်ကျေးရွာ၊ ခန္ဓာကိုယ်ဘယ်ဖက်အခြမ်းတွင် ကျည်ဝင်၊ ဦးစိန်ကျား အသက်(၄၅ )နှစ်၊ (ဘ)ဦးကျော်လှဦး၊ သာစည်ကျေးရွာ ခန္ဓာကိုယ်ထဲကျည်ဝင်သွားပြီး အခင်းဖြစ်ပွားသော နေရာမှာ တောင်ဘွယ်ကျေးရွာဖြစ်ကြောင်း သိရှိရသည်။


Arakan Times သတင်းဌာန

****************************http://shwemyanmarmediagroup.blogspot.ca/2012/10/blog-post_2295.html*********************
***********************************

မင်းပြား၊ မြောက်ဦးတွင် မီးဘေး ဒုက္ခသည်နှင့် နေအိမ်စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ

အောက်တိုဘလအတွင်း မြောက်ဦး-မင်းပြားတွင် ဖြစ်ပွားခဲ့သည် ဆူပူအကြမ်းဖက်မှုများကြောင့် ယခုအခါတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာထွက်ပြေးသူပေါင်း
(၃၀၀၀)ခန့်ရှိကြောင်း သတင်းရရှိသည်။

ပိုးဖြူကျွန်း၊ ကျောက်တန်းကုန်း၊ ပရိန်ကုန်း၊ မြရိပ်ကျွန်း စသည့်ကျေးရွာများမှ ဒေသခံ

များသည် ပန်းမြောင်း၊ ဂုံးချွန်၊ ဆင်အုပ်ကြီး၊ ဆင်အုပ်ချေ၊ စေတီကုန်း၊ လီညှင်းတောင် စတဲ့ ကျေးရွာစုစုပေါင်း (၁၀)ရွာသို့ ထွက်ပြေးခိုလှုံ နေကြပြီး လူဦးရေ (၂၅၀၀)ခန့်ရှိ
မည်ဟု မြောက်ဦးမြို့ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့မှ ပြောသည်။

"အခုမြောက်ဦးမြို့ပေါ်မှာ ရတနာ့မာရ်အောင်ကျောင်း၊ အလိုတော်ပြည့်

ကျောင်း၊ လက်ကောက်ဈေးကျောင်းနဲ့ စန္ဒမုနိကျောင်းတွေမှာ မီးဘေးဒုက္ခသည်နဲ့ နေ့အိမ်စွန့်ခွာထွက်ပြေးလာသူ(
၅၀၀)ကျော်ရှိပါတယ်။
မြောက်ဦးမြို့ပေါ်ကိုလာဖို့ ခက်ခဲသွားခဲ့တဲ့ လူပေါင်း (၂၅၀၀)လောက်ဟာ အဲဒီကျေးရွာ(၁၀)ရွာမှာ ရောက်ရှိနေပါတယ်။ ထွက်ပြေးလာခဲ့တဲ့ ကျေးရွာက(၅)ရွာပါ။
တစ်ရွာမှာ အိမ်ခြေ(၁၀၀)နဲ့ (၂၀၀)ကြားမှာရှိပါတယ်။"ဟု ရခိုင်တိုင်းရင်းသားများတိုး
တက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ယင်းကျေးရွာ(၁၀)ရွာသို့ ရောက်ရှိသွားသည့် ဒုက္ခသည်များကို မြောက်ဦးမြို့သို့

ခေါ်ဆောင်ရန် ရဟန်းသင်္ဃာများနှင့် လူမှုအဖွဲ့အစည်းများမှ ကြိုးပမ်းလျှက်ရှိပြီး
ဒုက္ခသည်များ စားဝတ်နေရေးအတွက် မြောက်ဦးမြို့ခံများမှ တာဝန်ယူဖြေရှင်းပေး
လျှက်ရှိကြောင်း သိရှိရသည်။

"အဲဒီရွာတွေကိုရောက်သွားတဲ့လူေ
တွကို မြောက်ဦးမြို့ကိုခေါ်မှဖြစ်မယ်။ ဘာလို့လဲဆိုတော့ ရွာတွေအကုန်လုံးက ဆင်းရဲတော့ လူပေါင်း (၂၅၀၀)ကို ဘယ်လိုလုပ် ကူညီနိုင်မလဲ။ ကျနော်တို့ဆီကနေပြီး အဲဒီရွာတွေကို ရိက္ခာတွေသွားပို့ဖို့ကလည်း ကြားမှာ ဘင်္ဂလီရွာတွေ
ခံနေပြီး လမ်းခရီးကမကောင်းတော့ မဖြစ်နိုင်ဘူး။
ဒါကြောင့် ကျနော်တို့ သက်ဆိုင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သူတို့ကို ဒီမြောက်ဦးမြို့ထဲကို ခေါ်ယူသွားရမှာပါ။ လိုအပ်တဲ့အကူအညီတွေကိုလည်း ကျနော်တို့ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အကူညီတောင်းထားပါတယ်။
"ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊မင်းပြားမြို
့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်
များတွင် ဖြစ်ပွားခဲ့သည့်ဆူပူအကြမ်းဖက်မှု
များကြောင့် အောက်တိုဘာလ(၂၄)ရက်နေ့ထိ
သေဆုံးသူ(၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး၊ လူနေအိမ်(၁၉၄၈)အိမ်၊ ဘာသာရေး
အဆောက်အဦး(၈)ခု မီးလောင်ပျက်စီးခဲ့ပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်
ဟု နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်(၁/၂၀၁၂)တွင် ဖော်ပြထားသည်။

Arakan Times သတင်းဌာန
New Generations: "ရခိုင်ပြည်နယ် အရေး အရေးကြီးအဆို ကို ဒေါ်အောင်ဆန်းစုကြည် ကော်မတီမှ လွှတ်တော်သို့တင်သွ
8888newg

No comments: