ကိုသားညွန့်ဦး
26.10.2012
ရခိုင် အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ရာကျော်ရှိ သွားပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဥပဒေမဲ့အကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်ရေး အရေးယူဆောင်ရွက်မှုတွေ လုပ်သွားဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်း မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ တည်ငြိမ်မှုရှိဖို့ မျှော်လင့်တယ်လို့ သူ့ဆန္ဒကို ပြောသွားပါတယ်။ ဒီအကြောင်းတွေကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ တနင်းနွေနေ့ကစပြီး နောက်တကျော့ဖြစ်လာတဲ့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ဒီလိုဥပဒေမဲ့လုပ်ရပ်တွေကို ရပ်တန့်သွားရေးအတွက် မြန်မာအစိုးရဖက်က အရေးယူကိုင်တွယ်မှုတွေလုပ်ဖို့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက မြန်မာအာဏာပိုင်တွေကို တိုက်တွန်းသွားတာပါ။ ဒီတခေါက် အကြမ်းဖက်မှုတွေ မီးရှို့မှုတွေဟာ ရခိုင်ပြည်နယ်တွင်း မြို့နယ်ခြောက်မြို့နယ်မှာ အဓိက ဖြစ်ခဲ့ပြီး၊ ဒီကနေ့ထက်အထိ အချို့နေရာတွေမှာ ကျို့ကြား မီးရှို့တိုက်ခိုက်မှုလေးတွေ ရှိနေတုန်းပဲလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းစပြီး ရခိုင်ပြည်နယ်အတွင်းက ဒေသခံရခိုင်လူမျိုးဗုဒ္ဓဘာသာတွေ
မြန်မာနိုင်ငံဟာ အခုဆိုရင် အာရှနဲ့ကမ္ဘာမှာ သည်ခံနယားလည်နိုင်မှုနဲ့ သဘောထားပျော့ပြောင်းမှုတွေမှာ စံပြလို ဖြစ်ဖို့အားထုတ်နေချိန်မှာ၊ ဒီလိုဖြစ်ရပ်တွေကြောင့် ဒီပုံရိပ်ကို မထိခိုက်စေချင်ဘူးလို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ မစ္စတာNesirlky က ပြောပါတယ်။
ကုလသမဂ္ဂအနေနဲ့လည်း ဒီ တင်းမာမှုတွေလျှော့ကျသွားဖို့နဲ့ ဒေသတွင်း လူမှုသဟဇာတဖြစ်လာစေဖို့ ဆောင်ရွက်နိုင်သမျှ အားလုံး ကူညီဆောင်ရွက်သွားဖို့အဆင်သင့်
မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဌာနကလည်း အခု ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တိုတိုတုတ်တုတ်တုန့်ပြန်သွားပါ
မြန်မာနဲ့ တရုတ်နိုင်ငံဟာ ရင်းနှီးတဲ့အိမ်နီးချင်းနိုင်ငံ
အခု နောက်ဆုံးအခေါက် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေဖြစ်တဲ့နေရာတွေမှ
အခု အောက်တိုဘာလမှာ တကျော့ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ် လူမျိုးစုချင်းပဋိပက္ခတွေကြောင့်
http://burmese.voanews.com/
New Generations: အကြမ်းဖက်မှုတွေ အရေးယူဖို့ ဘန်ကီမွန်းတိုက်တွန်း
|
No comments:
Post a Comment