Saturday, October 27, 2012

တူရကီ C-130 လေယာဉ် ၂ စင်း ဘာကြောင့် မြန်မာပြည်ရောက်နေသလဲ ?


Friday, October 26, 2012 အိမ့်သံစဉ်
တူရကီ နိုင်ငံက စစ်လေယာဉ် ၂ စီး ရောက်ရှိနေသည့်အပေါ် သမ္မတ ရုံ့း ညွှန်ကြားရေးမှူး ( ဖေ့စ်ဘုတ် အမည် မှူးဇော်) ၏ စာမျက်နှာတွင် အသိပေး ကြေညာထားပါတယ်။

အဆိုပါ လေယာဉ် ၂ စီး ဆိုတာ C- 130 လေယာဉ်များဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ဒုက္ခခံစားနေရတဲ့ လူမျိုး၊ ဘာသာမရွေး ကူညီထောက်ပံ့မှုများအတွက် ထောက်ပံ့ ပစ္စည်းတွေ သယ်လာတဲ့ လေယာဉ်တွေ ဖြစ်တယ် လို့ ဆိုပါတယ်။


အဆိုပါ လေယာဉ်ကြီးတွေနဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မှာ စစ်တွေကို အစိုးရ ရဲ့အစီအစဉ်နဲ့ လေကြောင်း ချာတာများဖြင့် အနည်းဆုံး ၃ ခေါက် သယ်ပို့ရမယ် လို့ ရေးသား ထားပါတယ်။


"(၄) စုစုပေါင်း တန်ချိန်(၃၀) အလေးချိန်ရှိသော စားသောက်ကုန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- -


Candy 2280 Boxes -

Food 960 Parcels -
Biscuit 11000 Bags -
Slipper 500 Boxes -
Clothing 1000 Packages -
Toy 500 Boxes

(၅) လေဆိပ်တွင် စနစ်တကျ စစ်ဆေးပြီးမှ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။

(၆) ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေရန် အသိပေးအပ်ပါသည်။"

မှူးဇော်၏ စာမျက်နှာပါ ဖော်ပြချက်ဖြစ်ပါတယ်။ "မှူးဇော်" ခေါ် ဦးဇော်ဌေးသည် သမ္မတရုံး ညွှန်ကြားရေးမှူး တဦးလည်း ဖြစ်သည်။


http://blog.irrawaddy.org/2012/10/c-130.html
New Generations: တူရကီ C-130 လေယာဉ် ၂ စင်း ဘာကြောင့် မြန်မာပြည်ရောက်နေသလဲ ?
8888

No comments: