Monday, October 15, 2012

အမေရိကန်ရေတပ်မှ နျူကလီးယားရေငုပ်သင်္ဘောနှင့် ခရူဇာသင်္ဘော တိုက်မိ


Tuesday, October 16, 2012

အမေရိကန် ရေတပ်မှ နျူကလီးယား ရေငုပ်သင်္ဘော တစ်စင်းနှင့် ခရူဇာ သင်္ဘောတစ်စင်း တိုက်မိသော်လည်း ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု သိရသည်။ စနေနေ့ နေ့လယ်ပိုင်းက အမေရိကန် အရှေ့ဘက်
ကမ်းခြေ ဒေသတွင် လေ့ကျင့်မှုပြုလုပ်နေစဉ် ရေငုပ်သင်္ဘောကဒုံးကျည်တင်
ခရူဇာကို ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

USS Montpelier သင်္ဘောတွင်ရော၊ USS San Jacinto သင်္ဘောပေါ်တွင်ပါ လိုက်ပါလာသူ တစ်ဦးတစ်ယောက်မျှ ထိခိုက်မှု မရှိခဲ့ဟု ရေတပ်က တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။ ပင်တဂွန် စစ်ဌာန
ချုပ်က သင်္ဘော နှစ်စင်း တိုက်မိပြီးချိန်တွင်လည်း လေ့ကျင့်ရေး အစီအစဉ်ကို မပျက်မကွက်ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း NBC သတင်း
ဌာနသို့ ပြောကြားခဲ့သည်။

USS Montpelierသည် (၁၉၉၁)ခုနှစ်က စတင်တာဝန် ထမ်းဆောင်ခဲ့သော
နျူကလီးယား ပါဝါသုံး လော့စ်အန်ဂျလိစ် အဆင့်သတ်မှတ်ချက် ရှိနေသည့် မြန်နှုန်းမြင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ဖြစ်သည်။ USS San Jacintoကမူ အေးဂျီးစ် အဆင့်သတ်မှတ်ချက် ရှိနေသည့် ဒုံးကျည်တင် ခရူဇာဖြစ်ကာ (၁၉၈၈)က ရေချခဲ့သည်။ "ပင်လယ်ထဲမှာ ရေတပ်သင်္ဘော
တွေ ဝင်တိုက်ခဲ့တဲ့အခြေအနေမျိုး အရင်ကတော့ ကြုံဖူးပါတယ်။ ဒါပေမဲ့ တကယ့် ဖြစ်တောင့် ဖြစ်ခဲ ကိစ္စမျိုးလို့ ပြောနိုင်ပါတယ်"ဟု ရေတပ်အရာရှိ ဘရိုင်ယန် ဘာဒူရာက ပြောကြားခဲ့သည်။

၎င်းသည် အဆိုပါ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့် ရေတပ်ဖွဲ့တွင် လက်ထောက်ဦးစီးမှူး တာဝန်ကို ယူထားသူလည်း ဖြစ်သည်။ ရေတပ်က
ရေယာဉ် နှစ်စင်းလုံး၏ ထိခိုက်ပျက်စီးမှုကို ယေဘုယျ လေ့လာတွက်ချက်ပြီး
ဖြစ်ကြောင်းနှင့် ရေငုပ်သင်္ဘော၏ နျူကလီးယား သန့်စင်မှုစနစ်ကို ထိခိုက်မှု
မရှိကြောင်း ပြောဆိုသွားသည်။
planet

No comments: