Monday, October 22, 2012

မီဒီယာကို မှန်မှန်ကန်ကန်ဖြေပေးဖို့ ၀န်ကြီးများအား မှာကြားထားကြောင်း သမ္မတပြောဆို


by Shwe Myitmakha Media Group on Monday, October 22, 2012 at 12:51pm ·
မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၂၂၊ ရန်ကုန်မြို့။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြည်တွင်းမီဒီယာနှင့် အချက်သုံးချက်ကြောင့် တွေ့ဖြစ်ခြင်း ဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ်ကျင်းပသော ပထမဆုံးအကြိမ်တွေ့ဆုံဆွေးဆနွေးပွဲတွင် ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများရဲ့ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့၊ နေ့လည် ၂နာရီကနေ ညနေ ၄ နာရီထိ နှစ်နာရီကြာအောင် သမ္မတအိမ်တော် သံတမန်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

`ပြည်ပမီဒီယာတွေနဲ့တော့ တွေ့နေတယ်၊ ကျွန်တော်တို့ကိုတော့ ပစ်ထားတယ်ဆိုပြီး ဖြစ်မှာစိုးတာလဲ တစ်ချက်ပါတာပေါ့။ မီဒီယာက ကျွန်တော်တို့ရဲ့ နား၊ မျက်စိတွေဖြစ်တဲ့အခါကျတော့ ခင်ဗျားတို့ရဲ့အမြင် ၊ ခင်ဗျားတို့ရဲ့သဘောထားတွေ နောက်တစ်ခါ ကျွန်တော်တို့ရဲ့အမြင် ကျွန်တော်တို့ရဲ့သဘောထားတွေ ဒါတွေကို ပြည်သူ့လွှတ်တော်အတွင်းမှ သိရှိနားလည်ထားဖို့လိုပါတယ်။ ခင်ဗျားတို့အမြင်၊သဘောထားတွေနဲ့ ကျွန်တော်တို့ရဲ့အမြင်သဘောထားတွေကို ကျွန်တော်တို့နှစ်ဖက်သိမြင်နားလည်ရုံနဲ့မပြီးသေးပါဘူး။ ပြည်သူတွေလဲ သိဖို့လိုအပ်ပါတယ်`ဟု သမ္မတက နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် သမ္မတက အမေရိကန် ခရီးစဉ်နဲ့ပတ်သက်ပြီး အကျိုးရလဒ်များကို မီဒီယာများမှတဆင့်ပြည်သူများကို ပြောပြချင်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး လု့ပ်ငန်းစဉ်တို့ကိုလည်း ပြော့ပလိုခြင်းကြေင့် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် သမ္မတက ၀န်ကြီးဋ္ဌာနများနှင့် ပြည်ထောင်စု ၀န်ကြီးများအား မီဒီယာကို မကြောက်ကြရန်နှင့် မီဒီယာမှ မေးမြန်းသည်များကို ဖြေကြားပေးရန် မှာကြားထားကြောင်း ပြောဆိုသည်။

``ပြည်သူတွေဆီက သတင်းတွေ ပြည်သူတွေဆီက သတင်းအချက်အလက်တွေကိုလည်း ပြည်သူတွေအတွင်းဝင်ပြီးတော့မှ ထဲထဲဝင်ဝင် ၀င်ရောက်ပြီးတော့မှ ရယူသွားမှာဖြစ်တဲ့အတွက်ကြောင့်  အစိုးရအဖွဲ့တွေ ၀န်ကြီးဌာနထဲဝင်ရောက်သွားမှာဖြစ်တဲ့အတွက်ကြောင့်  ဟိုတုန်းကတော့ ၀န်ကြီးဌာနတွေက မီဒီယာတွေကိုကြောက်ကြတယ်။
ကျွန်တော်လဲအပါအ၀င်ဖြစ်ပါတယ်။ အခုတော့ အားပေးထားပါတယ် ငါလဲမကြောက်တော့ဘူး မင်းတို့လဲမကြောက်နဲ့တော့ မေးသမျှအကုန် မှန်မှန်ကန်ကန်ဖြေပေးပါဆိုပြီးတော့ ဒီအတိုင်းကျွန်တော်ပြောထားပါတယ်။ မယုံရင်ဦးစိုးသိန်းတို့ ဦးအောင်မင်းးတို့ကိုသာမေးကြည့်ပေတော့ `` ဟု သမ္မတက ပြောသည်။

အဆိုပါတွေ့ဆုံပွဲကို  ပြည်တွင်းပြည်ပ မီဒီယာပေါင်း ၁၃၀ ကျော်တက်ရောက်ခဲ့ကြပြီ၊ မီဒီယာ  ၃၀ ကျော်ခန့် မေးမြန်းခွင့်ရခဲ့သည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မေးမြန်းကြသည်များကို သမ္မတကြီးက ဖြစ်ပွားနေသော လက်နက်ကိုင်ပရိပက္ခတွေချုပ်ငြိမ်းအောင် ဆောင်ရွက်နေကြောင်း ပြော ဆိုသည်။

``ငြိမ်းချမ်းရေးယူရမယ်ဆိုတာ ကျွန်တော်တို့အစိုးရ တက်လာတာနဲ့အမျှ ကြေငြာပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး(၁၁)ဖွဲ့ ရှိပါတယ်။ အဲတော့ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့အခါမှာ အဆင့်(၃)ဆင့်နဲ့ ဆောင်ရွက်ရပါတယ်။ ပထမအဆင့်အနေနဲ့ ဒီအဖွဲ့တွေနဲ့ နယ်စပ်ဒေသတွေမှာ အပစ်အခတ်ရပ်စဲသွားအောင်လုပ်ရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းဖြစ်တဲ့ ကျွန်တော်တို့မှာ စနစ်တကျဖွဲ့ထားတဲ့ အဖွဲ့အစည်းရှိပါတယ်။ ငြိမ်ချမ်းရေးဖော်ဆောင်ရေး၊ ဗဟိုကော်မတီဥက္ကဌတာဝန်ယူပြီးတော့ လုပ်နေတာဖြစ်ပါတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ လုပ်နေတာတွေရှိပါတယ်`` ဟု
သမ္မတက ပြောကြားသည်။

သမ္မတက မေးခွန်းများကို မဟာဗျူဟာပိုင်းကို ဖြေကြားပြီးခဲ့ပြီး အသေးစိတ်သိလိုသည်များကိုတော့ ပြည်ထောင်စု ၀န်ကြီးများအား မေးမြန်းရန်ပြောဆိုခဲ့သည်။





No comments: