Monday, October 22, 2012

တို့ကို. ... မခေါ်တော့နဲ့

တို့ကို. ... မခေါ်တော့နဲ့
၈၈.. အရေးအခင်းဖြစ်လို့..
ကျောင်းတစ်ဝက် တစ်ပျက်နဲ့၊
နယ်စပ်ကိုရောက်
အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့လို့..
တချို့က တို့ကို “ကျောင်းသား” တဲ့။

သို့သော်လည်း
နှစ် နှစ်ဆယ် ကျော်ခဲ့လို့
တို့မှာလည်း သားတွေ သမီးတွေနဲ့
ကျောင်းသားမဟုတ်တော့ဘူး။
အဖေတွေ ဖြစ်ကုန်ပြီးလေ..။
ကျောင်းသားလို့ မခေါ်နဲ့တော့

တချို့ကတော့
တို့ကို နာမည်ပေးကြတယ်
တော်လှန်ရေးသမားတဲ့။

အေး... ဟုတ်တယ် ။

မဟုတ်တာအတွက် တော်လှန်မယ်။
ငြိမ်းချမ်းရေးအတွက် တော်လှန်မယ်။
မျိုးဆက်သစ်တွေအတွက် တော်လှန်မယ်။
အေး... ငြိမ်းချမ်းရေး ရပြီးဆိုရင်တော့
တို့ကို .. တော်လှန်သမားလို့ မခေါ်နဲ့တော့
တို့ဟာ.. ငြိမ်းချမ်းရေး ဗိသုကာတွေ

****************

တချို့က တို့ကို သူပုန်တွေဆိုပြီး
တွေ့ရင်တောင် ဝေးဝေးက ရှောင်ကြတယ်။
အေး....ဟုတ်တယ်..။
တို့က မတရားတာကို ခေါင်းငုံမခံချင်းလို့
သူပုန်းထတာ..
အစိုးရလည်း သူပုန်း.. ၊ သူုပုန်းလည်း အစိုးရ
အာဏာရသူက.. အစိုးရခေါ်..၊
ပုန်းကန်သူကိုတော့ သူပုန်းတဲ့...၊
ယခုတာ့ အချင်းချင်း ပြေလည်မှုတွေရ
ငြိမ်းချမ်းရေးတွေ ကမ္ဘာနိုင်ငံအသီးသီးမှာ ရကြလို့၊
တို့ကို သူပုန်းလို့ မခေါ်နဲ့တော့။

No comments: