Monday, October 15, 2012

ပါကစ္စတန် ကျောင်းသူလေးကို ဗြိတိန်သို့ သွားရောက်ကာ ဆေးဝါး ကုသစေမည်



အမျိုးသမီးများ ပညာသင်ယူခွင့်အတွက် တက်ကြွလှုပ်ရှားမှုကြောင့် တာလီဘန် သေနတ်သမား တစ်ဦး၏ ပစ်ခတ်ခြင်းကို ခံခဲ့ရသော ပါကစ္စတန် ကျောင်းသူလေးကို ဗြိတိန်သို့ သွားရောက်ကာ ဆေးဝါး ကုသစေမည်ဟု သိရသည်။

အသက်(၁၄)နှစ်ရှိ မာလာလာ ယူဆက်ဖ်ဇိုင်သည် မိန်းကလေးများ ကျောင်းနေကာ ပညာသင်ကြားခွင့်အတွက် တက်ကြွစွာ လှုပ်ရှားခဲ့သလို တာလီဘန်တို့ကို ဆန့်ကျင်မှုများကြောင့် နိုင်ငံအတွင်း ရိုသေလေးစား ခံရသော ဆယ်ကျော်သက် လူငယ်တစ်ဦး ဖြစ်ခဲ့သည
်။ သူမသည် ကျောင်းကားပေါ်တွင် တာလီဘန် အကြမ်းဖက် သမားတစ်ဦး၏ ပစ်ခတ်လုပ်ကြံမှုကို ခံခဲ့ရသော်လည်း အသက်မသေခဲ့ချေ။ သူမအား စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ အနားပေးပြီး ဂရုတစိုက် ကုသစောင့်ရှောက်ပေးရန်အတွက် ဗြိတိန်သို့ ပို့ဆောင်ကာ ဆေးဝါးကုသပေးမည် ဖြစ်သည်။ သူမအတွက် လေယာဉ်ကို UAEနိုင်ငံက ထောက်ပံ့ပေးပြီး အစ္စလာမ်မာဘတ်မှ ဗြိတိန်သို့ ဦးတည်ပျံသန်းမည်ဟု သတင်းများက ဖော်ပြသွားသည်။

No comments: