Tuesday, October 16, 2012

မြစ်မခ၏ ဆောင်းပါး ကို ဧည့် လမ်းညွန်အသင်း ကန့်ကွက်

The Voice Weekly · 69,479 like this


ရန်ကုန်၊ အောက်တိုဘာ ၁၆

ခန္ဓာကိုယ်နှင့် ရင်းနှီးစားသောက်သည့် အမျိုးသမီး ဧည့်လမ်းညွှန် တစ်ဦး အကြောင်းကို အခြေတည်ရေးသား ထားသည့် မြစ်မခ မီဒီယာ အုပ်စု၏ အွန်လိုင်းသတင်းဆောင်းပါး "ဧည့်မျှော်နေဦးမည့် တိုးရစ် ဂိုက်မလေး" အကြောင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဧည့် လမ်းညွန်အသင်း တရားဝင် ကန့်ကွက်ထားကြောင်း အဆိုပါ အသင်းမှ သတင်း ထုတ်ပြန်သည်။

ယင်း ဆောင်းပါးနှင့် ပတ်သက်၍ ခေါင်းစဉ်ပါ "တိုးရစ် ဂိုက်မလေး" ဆိုသည့် စကားရပ်သည် ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင် ကိုင်ဆောင်၍ တရားဝင် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသော ဧည့်လမ်းညွှန် အမျိုးသမီးများ ၏ ဂုဏ်သိက္ခာ ကို တိုက်ရိုက် ထိခိုက် စော်ကားသော ရေးသားမှု ဖြစ်ကြောင်း အသင်းမှ သုံးသပ်ပြီး ပြင်းထန်စွာ ရှုံချကန့်ကွက် ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းဆောင်းပါး ရေးသားသူ မင်းမင်းလတ်(မြစ်ငယ်)က ဧည့်လမ်းညွှန်များ ထံသို့ တရားဝင် တောင်းပန် ရန် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းက တောင်းဆို ထားသည်။

မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း (Myanmar Tourist Guides Association) သည် မြန်မာနိုင်ငံရှိ လိုင်စင်ရ ဧည့်လမ်းညွှန်ပေါင်း သုံးထောင် ကျော်၏ ကိစ္စရေးရာ များကို တရားဝင် ဆောင်ရွက်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ထောက်ခံ ခွင့်ပြု ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ဧည့် လမ်းညွန်အသင်းမှတာဝန်ရှိသူအချို့သည်ပြီးခဲ့သည် လပိုင်းအတွင်း က မဂ္ဂဇင်း တစ်စောင် တွင် ပါဝင်သည့် ဆောင်းပါး တစ်ပုဒ်နှင့် ပတ်သက်၍ ကန့်ကွက် ခဲ့သည်။

ယင်းကိစ္စနှင့်ပက်သက်၍ ဆောင်းပါးရှင် မင်းမင်းလတ်ထံ သို့ ဆက်သွယ် သော်လည်းဆက်သွယ် ၍မရပေ။

No comments: