Wednesday, October 3, 2012

ယမ်းစင်ပြိုကျပြီး လူ ၇ ဦး သေဆုံး


Updated 9 hours ago · Taken at Taung Gyi
တောင်ကြီးမြို့ ပြည်တော်သာရပ် ကြံ့ခိုင်ရေးလမ်း တွင် တည်ဆောက်လျှက်ရှိသော အထပ် ၆ ထပ်ပါ အဆေက်အဦး သည် ၃.၁၀.၂၀၁၂ ရက်နေ့ နေ့လည် ၂း၄၅ မိနစ်အချိန်တွင် ဆလပ်လောင်းနေစဉ် ယမ်းစင်ပြိုကျပြီး တည်ဆောက်ရေး အလုပ်အမား ၇ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူများထဲတွင် ၁ ဦးသည် အပြင်းအထန် ဒဏ်ရာ နဲ့ စပ်စံထွန်း ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံတွင် ၄း၄၅ မိနစ်အချိန်ခန့် ၌ သေဆုံးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူသုံးဦးမှာ စိုးရိမ်ရသော ဒဏ်ရာ မရရှိသော်လည်း ခြေထောက်နှင့် ဦးခေါင်းများသို့ ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်းသိရသည်။ ယမ်းစင်ပြိုကျမူ့သည် အထပ် ၆ ထပ်မြောက် စလပ်လောင်းနေစဉ် ယမ်းစင်အပေါ်တွင် လေးဦး ယမ်းစဉ်အောက်တွင် ခြောက်ဦး ဖြစ်ကြောင်းသိရပြီး သေဆုံးသူများသည် အောက်မှ ယမ်းစင် ပြိုကျပိမိတာ ဖြစ်သည်ပာု သိရသည်။ ယင်းဆောက်လုပ်ရေးကို( ထွန်းသီရိ) ဆောက်လုပ်ရေးကုမဏီ မှ တည်ဆောက်တာ ဖြစ်သည်ပာုသိရသည်။ သေဆုံးသူများသည် မိန်းကလေး ၄ ဦး ယောက်ျားလေး ၃ ဦး သေဆုံးတာဖြစ်ပြီး မိန်းကလေး များမှာ ဒေါ်ပြုံးရီ၊ မလှလှခိုင် ၊ မထွေးထွေး ၊ မလှစန္ဒာ တို့ ဖြစ်ကြပြီး ယောက်ျားလေးများမှာ ဦးအောင်ကိုလတ် ၊ ဦးတင်အောင် ၊ ကိုကုလားကြီး တို့ ဖြစ်ကြကြောင်းသိရသည်။ သေဆုံးသူများထဲတွင် မောင်နှမ နစ်ဦး သေဆုံးခြင်း ၊ သမက် နှင့် သမီး သေဆုံးခြင်း တို့ ရှိကြောင်းသိရသည်။ နေလင်းသိုက် (loi Maw Media Group)

No comments: