Wednesday, October 3, 2012

(၃-၁၀-၂၀၁၂)သင်္ဃန်းကျွန်း မီးလောင်ကျွမ်းမှု


Updated 5 hours ago
သင်္ဃန်ကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် လေးထောင့်ကန်လမ်းမကြီးပေါ်(Junction Zawana)အနီးမှာရှိတဲ့ တရားမ၀င်လောင်စာဆီအရောင်းဆိုင်တစ်ဆိုင်မှာ ည (၉း၃၀) နာရီ မီးလောင်ကျွမ်းမှု့တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တော်တော်များများက မီးသတ်ယာဉ်များနဲ့ အထောက်အကူပြုယာဉ်တွေ အချိန်မီလာရောက်ခဲ့တဲ့အတွက် အချိန်မီမီးငြိမ်းသတ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ စတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်တစ်လုံးသာ မီးလောင်ကျွမ်းခံခဲ့ရပြီး လောင်ကျွမ်းချိန် ၅ မိနစ်လောက်သာရှိခဲ့တယ်လို့အဲဒီအိမ်ဘေးမှာနေထိုင်သူတစ်ဦးကပြောဆိုခဲ့ပါတယ်။ အဲဒီမှာလာရောက်မီးငြိမ်းသတ်ခဲ့တဲ့ မီးသတ်အရာရှိတစ်ဦးကတော့ ဆုံးရှုံးမှု့တန်ဖိုး ၂၅ သိန်းကျော်ရှိတယ်လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။

No comments: