Monday, October 15, 2012

နိုင်ငံတကာက တင်သွင်းတဲ့ လူပီသမှုကို သွားရည်ကျနေတယ်..။




 နိုင်ငံတကာက တင်သွင်းတဲ့ လူပီသမှုကို သွားရည်ကျနေတယ်..

ဘ၀ကို အလိုက်သင့် အလျားသင့် စီးမျောဖို့ ရာ  သက်မဲ့မြစ် မဟုတ်ဘူး ၊
ပြဿနာကို ဥပက္ခာပြု နိုင်လောက်အောင် နှလုံးသားမဲ့ သံပတ်ပေး စက်ရုပ် မဟုတ်ဘူး ။

အခုတ်လှဲခံ သစ်ပင်တွေလို
လူမသိ သူမသိ သောကများ ဖုံးဖိပြီး
တောင်ကတုံးလို အိနြေ္ဒ သိက္ခာမဲ့စွာ မျက်နှာပြောင်တိုက်ကာ ထိုင်နေရမှာလား...။

မယုံ သင်္ကာစိတ်တွေနဲ့ လည်ပင်းဖက် ကြီးပြင်း
ဖယောင်းတိုင်မီးလို ကိုယ့်ကိုကိုယ် လောင်ကျွမ်းခဲ့ ပြီးပြီ..။

လူဖြစ်ရှုံးမှုမှာ အပူလှိုင်းလုံးအောက်
မသိကျိုးကျွန်ပြုမှုများနဲ့  အစမ်းသပ်ခံ နပမ်းလုံး
အဖမ်းဆီးခံ စစ်သုံ့ ပမ်းလို ဧရာဝတီက နှလုံးသားတိုင်းကို ဖြတ်စီးခဲ့ပြီ...။

စိတ်ပြေ လက်ပျောက် သဘောထားကြီးတယ်လို့ အထင်ရောက်အောင်
ဟန်ဆောင်အပြုံးတွေ မျက်နှာမှာ သုတ်လိမ်းပြီး
မုသားဝါဒကို စိတ်ပုတီးလို တစ်လုံးခြင်း စိပ်တဲ့ခေတ်က ကုန်ပြီ..။

ခရိုနီတွေက အထက်ကို မစကာ ၊ ၀တ်ကျေတမ်းကျေ စီးပွားရေး ဘောဂကျမ်းကြေတယ်..။
လူမွေး လူတောင်မပြောင်မဲ့ မတရား ဥပဒေတွေနဲ့ သံစဉ်ရှာ ကြိုးညှိတယ်..။
နိုင်ငံရေး အောက်လမ်း ဆရာတွေက ၊ ပယောဂတွေ ပပျောက်ဖို့ အချိန်ကို ကြိမ်နဲ့ ရိုက်တယ်..။
သချိုင်္င်းကုန်းတွေသာ နောက်ကြောင်းပြန်လှည့်ခဲ့ရင်
 သေချာတာ တစ်ခုက ၊ အဲဒီနေရာဟာ ယခင်ကလို  ကမ္ဘာ့ ကျူးကျော် ရပ်ကွက် ပြန်ဖြစ်မယ်...။

အနာဂတ် အဝေးပြေး လမ်းမတွေအား တမျော်တခေါ် အဆုံးထိကြည့်ရင်း
နိုင်ငံတကာက တင်သွင်းတဲ့ လူပီသမှုကို သွားရည်ကျနေတယ်..။

အရောင်စုံ အသွေးစုံ ရုက္ခဗေဒ ဥယျာဉ်လို လှပဖို့ .....။
အတောင်စုံ အသွေးစုံ ကြိုးကြာငှက်တွေလို အိမ်ပြန်ဖို့ ...။
ပိတ်ဆို့ ခံ အသံရောင်စုံတွေကို လမ်းမပေါ်တက် နေထုတ်လှမ်း
မြို့ ပြ ရဲ့ ရင်ဘတ်ထဲမှာ သစ္စာတရားက ငြိမ်းချမ်းရေးကို ပေါက်ကွဲခဲ့ပြီ..။

အောင်ခိုင်မြင့်
၁၅ အောက်တိုဘာလ ၂၀၁၂

No comments: