Tuesday, October 2, 2012

ကိုလိုနီပြုဖို့က လက်နက်မှ မလိုပဲ


by Myat Thi Ha on Tuesday, October 2, 2012 at 12:19pm ·
အင်္ဂါနေ့၊ အောက်တိုဘာလ ၂၊ ၂၀၁၂
တွေးလေလေ ဆွေးမပြေဘူး ။ သားကြီးခေါ်လို့ မထူးတဲ့အခြေအနေကို ရောက်နေတာ ခရိုင်ပြည်ပဲဗျ။ ကိုလိုနီ လို့ ပြောရင် ယခင့် ယခင်က လက်နက်နဲ့ တိုက်ပွဲဆင်ပြီး ကိုလိုနီပြုတာ။ အဲဒီခေတ် ကုန်ပြီ ။ ကိုလိုနီပြုခြင်း အမျိုးမျိုးနဲ့ ကိုလိုနီ ပြုလာကြပြီ။ လက်နက်နဲ့စိုးမိုးတဲ့ကိုလိုနီခေတ်ကိုတော့ တော်လှန်နိုင်ခဲ့တယ်ပေါ့ဗျာ ။ လက်နက်မပါ ငွေချည်းသက်သက်နဲ့ လာပြီး ကိုလိုနီ ပြုတာကိုတော့ သိသိကြီးနဲ့ မှိန်းခံ ကြိတ်ခံနေရတယ်။ အဲဒီမှာလေ ကြည့်ကြဦး ခရိုင်ပြည်က ထွက်တဲ့ သဘာဝဓာတ်ငွေ့ ကိုမြန်မာပြည်တစ်နံ တစ်လျှား ဖြတ်ပြီးတော့ မှ တရုတ်ပြည်မကြီးကို သယ်မယ်။ တရုတ်ပြည်မကြီး အလိုကျ မြန်မာပြည် အစိုးရကလည်း စားပြီးသောက်ပြီး ခွင့်ပြုတော့မှ ရတော့ပေမကိုး။

ယှဉ်ကြည့်ကြဗျာ ။ စကားလုံးအဟောင်းတွေကိုလည်းအထပ်ထပ် အခါခါပြောရတာ မောပါတယ်။ ဒီစကားလုံးတွေကလည်း ကျွန်တော်တို့ ထွင်ပြီးပြောတာ မဟုတ်ပါဘူး။ အစိုးရမင်းကြီးတွေရဲ့ ပါးစပ်ထဲကနေမှ ကျွန်တော်တို့ ပါးစပ်ဖျားရောက်လာတာ။ ဆင်းရဲမွဲတေမှု လျှော့ချရေးတဲ့။ လျော့ချရေး ဆိုကတည်းက များနေလို့ပေါ့နော်။ အဲဒီ(ခရိုင်) က သဘာဝဓာတ်ငွေ့တွေရောင်းပြီး နိုင်ငံခြားဝင်ငွေရှာတော့ ခရိုင်ပြည်သူတွေ တကယ်ပဲ ၁၀% ၊ ၂၀% ဆင်းရဲမွဲတေမှု လျှော့ကျသွားပြီလား ။

ဆောင်နေတဲ့ စက်ရုံကြီးတွေကတော့ အားကျစရာဗျာ။ ရေထဲမှာ ဒီလိုဆောက်ပြီး ကုန်းပေါ်မှာ ဘယ်လိုထိုးကလော်သွားတယ်ဆိုတာလည်း မြင်ကြရမှာပါ။ မြန်မာပြည်ထက်ပိုင်း ပြတ်တာ ဒီတစ်ခါတော့ အသေအချာပဲ။

စကားလုံးတွေက လှတယ်။ အများပြည်သူ ဆန္ဒသဘောထားနဲ့အညီလုပ်တာတွေလား ။ အများသဘောမတူလည်း မလုပ်လို့ကိုး မဖြစ် လုပ်ကို လုပ်မဲ့ဟာတွေလား ။ အများကတော့ သဘောမတူတာ သေချာတယ်ဗျာ ။ ဒီခရိုင်ကမ်းလွန်က ရတဲ့ ဓာတ်ငွေ့နဲ့ ရခိုင်ပြည်မီးလင်းရေးတောင် လိုက်လျောမပေးနိုင်ဘဲ ဆင်းရဲမွဲတေမှု လျှော့ချရေးအထိ ပြောတာတော့ လွန်ရော ကျွန်တာမှ မြေမြိုသလိုကို ကျွံကျသွားတာ။ မြန်မာပြည်သူ ခရိုင်လူမျိုးတွေ ဆင်းရဲတယ်ဆိုတာ ငွေရေး ကြေးရေးမှ မဟုတ်ဘူးဗျ။ လူနေမှုအဆင့်အတန်း အစစအရာ နိမ့်ကျတာကိုပြောတာ။ မီးလေးလင်းတော့ တစ်ဆင့်တိုးလာတာပေါ့ဗျာ။ မီးမှမလင်းတော့ နောက်ဆက်တွဲ ဖွံ့ဖြိုးမှုဆိုတာ တွေက ဖြစ်မလာနိုင်တော့ဘူး။









လေကြီးမိုးကြီးလာပါပြီ။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာတယ်။ ဟုတ်ပါ့ဗျာ ။ တကယ်ကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာလွန်းလို့ နိုင်ငံခြားသားတွေတောင် မြန်မာပြည်မှာ အလုပ်လာလုပ်ကြရတယ် ။ ကြားမကြားဖူးပေါင်ဗျာ။ နိုင်ငံခြားသား အလုပ်သမား တွေရဲ့ ၀တ်ပုံစားပုံ ။ အလုပ်လုပ်ပုံလေးကို ဒီနေရာမှာ မှတ်ထား။ မြန်မာပြည်သား ခရိုင်လူမျိုးတွေ လုပ်ရ ကိုင်ရ နေရထိုင်ရတာတွေကို အောက်ဖက်မှာ မြင်ကြစေ့မယ်။




ဟောဒီမှာဗျာ ခရိုင်သူ ခရိုင်သားတွေက ဒီအလုပ်ကို ရတယ်။ ကျောက်ထမ်း သဲထမ်း အလုပ်ကြမ်းသမားအဆင့်ပဲ ရှိတယ်ဆိုတာကို သက်သေထူတာပါ။ မြန်မာပြည်မှာ ပညာရှင်တွေ မရှိလို့ တရုတ်ကုမ္ပဏီနဲ့ ကုလားပညာရှင်တွေ လာပြီး မြန်မာပြည်ထွက် သယံဇာတကို ဝေးလံခေါင်းဖျားအထိ အရောက်သယ်မယ် ။ ဟလိုမရအောင်ကို လိုက်ပိတ်ထားတယ်။ ဒီကိစ္စကြီး အတွင်းမှာပဲ ကိုလိုနီ လက်သစ်တစ်ဦးက ဂမူးရှူးထိုးဝင်လာပြန်ရော ။ ရိုဟင်ဂျာလို့ ကျွေးကျော်ပြီး ၀င်လာတဲ့ဘင်္ဂါလီပေါ့။ ဘင်္ဂလားဒေ့ရ် ၀န်ကြီးချုပ်အနေနဲ့တော့ ဒီကိစ္စအပေါ် အေးအေးသက်သာနေမှာ အမှန်ပဲ။ ဘာကြောင့်ဆို သူတို့တွေ ကျူးကျော်ခွင့်ရထားတာလေ။ တရုတ်ကိစ္စပဲ ဆက်ပါဦးမယ်။

ဟောဒီမှာဗျာ - တရုတ်အလုပ်သမားတွေက ဟောဒီလိုလေးတော့ နေနိုင်ကြတယ် ။

ဟောဒီမှာဗျာ မြန်မာပြည်သား ခရိုင်အလုပ်သမားတွေက ဒီလိုလေးတော့ တဲစုတ်နဲ့ နေနိုင်တယ် ။

ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ ဖန်တီးရှင်ကြီးတွေရဲ့ ။ တွေးလို့ရမယ်ဆိုရင်လည်းတွေးကြည့်ပါ။ အကျိုးအမြတ်ရမှာတွေနဲ့ ဆုံးရှုံးမှုတွေနဲ့ ။ ဒီပိုက်လိုင်းကြီး မပျက်မစီး အဓွန့်ရှည်ပါစေ လို့ မြန်မာပြည်သူပြည်သားအပေါင်းအပေါ် အန္တရာယ်မကျရောက်စေဖို့ဆုတောင်းပါတယ်ဗျာ ။ ကိုယ့်ပြည်တွင်းမှာ လိုက်လံမျှဝေသုံးစွဲခွင့်ရလို့ပိုက်လိုင်း ပေါက်လို့ အန္တတရာယ်ဖြစ်လည်း ကိုယ်တွေခံရကျိုးနပ်ပါတယ် ။ တရုတ်ပြည်ကြီး ပြုံးဖြီးဖြီးနဲ့ သုံးနဲ့ဖို့ဆိုရင်တော့ ပိုက်လိုင်းကြီး မပေါက်အပြဲ ရှည်ကြာပါစေသောဝ်လို့ ဆုတောင်းပါတယ်ဗျာ ။ မြန်မာပြည်သည်ကား  မနှေးအမြန် တိုးတက်နေသော တိုင်းပြည်ပါတကား ။

တံငါရွာ နေပူထဲ ကွန်တွေလည်း ဖြန့်လို့သာ ပင်လယ်ပြင်မှာ ငါးဖမ်း ၀မ်းစာရှာ


Naung taw lay

AT 8:59 AM POSTED BY HTUT HTUT

No comments: