Tuesday, October 2, 2012
Buddhist temple destroyed in Bangladesh လူမျိုးရေးမှ ဘာသာရေးသို့  ဖန်တီးလာခြင်းများ ဖြစ်လာပြီးနောက်
ဘင်္ဂလားဒေ့ရှ်အရေး သံဃာတော်များဆန္ဒပြ ( ရုပ်သံ )
(အောင်သာနီ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်းများမီးရိုဖျက်ဆီးခံရခြင်း ၊ ဦးဇင်းများ သတ်ဖြတ်ခံရခြင်းတို့ ကို မြင်ရသည် ။
အယ်လ်ဇီးယားသတင်းဋ္ဌနမှာ ရုပ်သံလွှင့် တင်ပြသွားသည်ကို ကြည့်ရသည် ။၎င်းသတင်းတင်ပြပုံတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ ဖြစ်ပျက်နေသော
မြင်ကွင်းတချို့ ကို ပြသသွားသည်ကိုလည်း တွေ့ ရသည် ။ ဖေ့စ်ဘုတ်မှာအသက်-၁၅-နှစ် ရှိသော ဗုဒ္ဒဘာသာ လူငယ်တဦးက သူတို့ ၏ မိုဟာမတ်အလ္လာ
အကြောင်းနှင့် တင်လိုက်၍ ယခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်းများကို မီးရို့ ဖျက်ဆီးကြရ လူသတ်ရသည်ဟုဆိုသည် ။
ဖျက်ဆီးခံရသော ဘုန်းတော်ကြီးကျောင်းတွေမှာ နှစ်ပေါင်းရာနှင့်ချီသော သမိုင်းဝင် ယဉ်ကျေးမှူအဆောက်အဦများဖြစ်သည်။
ဘင်္ဂလားဒေ့ရှင်္နိုင်ငံသည် မြန်မာနိုင်ငံအနောက်ဖက်နှင့် ဆက်စပ်နေရာ ယခုဖြစ်ပေါ်လာသော အရေးအခင်းသည် သာမန်အရေးအခင်း တခုအဖြစ် ရှူမြင်ဖို့ ရာ
ခက်ခဲနေသည် ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသော ပြသနာများကို တည်ငြိမ်အောင် ထိမ်းသိမ်းစပြုနေချိန်၌ တချို့ သော ပြသနာများ ပေါ်ပေါက်လာ
တတ်သော်လည်း အုံနှင့်ကျင်းနှင့် မဖြစ်ပွားလာသည်ကိုက တည်ငြိမ်လာသည်ဟု လက်ခံနိုင်စရာဖြစ်သည် ။ ရခိုင်ပြည်နယ်ဖက်က ငြိမ်သက်သွားသည်နှင့်
နယ်စပ်ချင်းကပ်လျှက် ဆက်စပ်နေသော ဘင်္ဂလားဒေ့ရှင်္နိုင်ငံတွင် မငြိမ်မသက် ဖြစ်လာသောအခါ မြန်မာနိုင်ငံဘက်ဆီသို့ ကူးစက်လာမည်လားဆိုသည်ကို
တွေးတောရမည်ဖြစ်လာသည် ။ ပဋိပက္ခဆို၍ လူမျိုးရေးပဋိပက္ခများမှသည် ဘာသာရေးပဋိပက္ခမျိုးကို အသွင် ဆောင်လာပြီလားဆိုသည်ကို ဦးစွာ
သုံးသပ်ထားရန်လိုလာသည် ။
ယင်းပဋိပက္ခအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်းများနှင့် ဗုဒ္ဒဘာသာ ရခိုင်တိုင်းရင်းသားလူမျိုးစုများကို ဒုတိယအနေနှင့်
စဉ်းစားရန်လိုလာသည် ။ သူတို့ ၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုမပေးနိုင်လျှင် မြန်မာနိုင်ငံအစိုးရဘက်မှ မည်သို့ မည်ပုံ  ကိုယ်တွယ် စောင့်ရှောက်
ရမည်ကို အဖြေရှာထားရန်လိုနေသည် ။  သူတို့ အား နေရာချထားပေးရေးလက်ခံရေးကို ဆောင်ရွက်ပေးရန်လိုသည် ။
ယခုလောလောဆယ်မှာ ဖမ်းဆီးထားသူများ ( ၂၀၀ ) နီးကပါးရှိသူဟု သိရသည် ။ လှုံ့ ဆော်သူများမှာ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များ
ရှေ့နေများ ပါဝင်နေသည် ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံပါတီရှိနေရာ ပဋိပက္ခရုန်းရင်းဆန်ခတ် ပြသနာဖြစ်လျှင် အစိုးရက
အတိုက်အခံများကို ဖမ်းဆီးတတ်သည့်  ယဉ်ကျေးမှု ရှိသည် ။
       သူတို့ နိုင်ငံနှင့် သူတို့  ဖမ်းဆီးထိမ်းသိမ်းခြင်းရှိသည်က ဥပဒေအပိုင်းရ သွားမည်ဖြစ်သော်လည်း အငွေ့ အသက်များက ရခိုင်ပြည်နယ်ဖက်ရှိ
ပြသနာများနှင့် ဆက်စပ်ထားသည် ။ ယင်းမှာ ရာမူး ( ပင်းဝါ ) မြို့ မှာအယ်လ်ဇီးယားသတင်းထောက်က လွှင့်ထုတ်ပေးသော ရုပ်မြင်သံကြားသတင်းမှာ
စစ်တွေမြို့ က အရေးအခင်းဖြစ်စဉ် ရခိုင်လူမျိုးများက ပြေးလွှားနေသော ပြကွက်နှင့် တင်ဆက်ပုံသတင်းစကားဖြစ်သည် ။ စင်စစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက
ထို့ ကြောင့် ယခုဖြစ်ပျက်နေသော ဘင်္ဂလားဒေ့ရှင်္နိုင်ငံ၏ ဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်းများ တိုက်ခိုက်မီးရို့ ခံနေရခြင်းများနှင့် ဦးဇင်းများ
ကိုယ်ရင်လေးများ သတ်ဖြတ်ခံရခြင်းမှာ  ဘာသာရေးပဋိပက္ခကို အစပျိုးလာခြင်းဖြစ်လာသည်ဟုထင်သည် ။
     ဤပဋိပက္ခ ပြသနာသည် ယခုလောက်နှင့် ငြိမ်သက်သွားမည် ဆိုလျှင် ပြောစရာ မရှိသော်လည်း နောင်ဖြစ်ပွါးလာလျှင် ၄င်းနိုင်ငံရှိ ဗုဒ္ဒဘာသာဝင်
ရခိုင်တိုင်းရင်းသားလူမျိုးများအတွက် စဉ်းစားစရာဖြစ်လာသည် ။ သူတို့ အနေဖြင့် ရေရှည်မှာ နေထိုင်၍ သင့်တော်ပါမည်လားဆိုသည်မှာ လူဦးရေ
သန်း( ၁၅၃ ) ကြားထဲက တစ်ရာခိုင်နုံးရှိသော သူတို့ အဖို့  ကြာတောင့်ကြာရှည် ဘယ်လိုနည်းနှင့်မျှ ဖြစ်လာမည် မထင်ရပေ ။ သို့ အတူ မွတ်ဆလင်တို့ ၏
မဟာရည်မှန်းချက်ဖြစ်သော အစ္စလန်မစ် ကမ္ဘာတည်ထောင်ရေးကိုလည်း သတိဖြင့် စောင့်ကြည့်ရမည်ဖြစ်တော့သည် ။
ယင်းရည်မှန်းချက်ကို -အစ်စ္စလန်မစ် အဖွဲ့ ချုပ် - OIC- က ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ရာ အလွန်သတိထားရမည့် အပိုင်းဖြစ်သည် ။
တချိန်က မြန်မာနိုင်ငံတွင် အရှေ့အိန္ဒိယကုမဏီက ရုံးခမ်းဖွင့်ပြီး သစ်ကုန်ကူးခဲ့ ရာမှာ သစ်ကိစ္စကြောင့် မြန်မာနိုင်ငံတော် အင်္ဂလိပ်လက်အောက်
ကိုလိုကျွန်ဘ၀ရောက် သွားခဲ့ ရသည်။ ဘုရင်သီပေါမှာ အကျဉ်းစံဘ၀ ဖြစ်သွားရသည့် သာဓက ရှိနေပြီးဖြစ်သည် ။ အကယ်၍ ဘင်္ဂလားဒေ့ရှ်နိုငင်ံရှိ
ဗုဒ္ဒဘာသာဝင် ရခိုင်တိုင်းရင်းသားလူမျိုးစုများ၏ ရေရှည်တည်တန့် နေထိုင်ရေးမှာ မဖြစ်နိုင်တော့ပြီဟု ထင်မှတ်ထားလျှင် မြန်မာနိုင်ငံအတွင်းမှာ
 အစ္စလန်မစ် အဖွဲ့ ချုပ်ကို ယောင်လို့ တောင်မှ ရုံးခမ်းဖွင့်ထားပေးရန် မပြုလုပ်ကြပါနှင့်ဟု ပြောချင်သည် ။  ပလီရှိလျှင် လူစုပြီး ပြသနာ ရှာကာ  လူဦးရေ
ပေါက်ဖွါးနှုံးဖြင့် မြန်မာနိုင်ငံတော်ကြီး ပျက်စီးမည့်ကိန်း ရောက်လာမည်ဖြစ်သည် ။  ၄င်းအဖွဲ့ ကို ရုံးခမ်းသားသားနားနားနှင့် ဖွင့်လှစ်ထားပြီဆိုပါက
လူမျိုးရေးမှသည် ဘာသာရေးပဋိပက္ခဖြစ်ပွါးပြီး နောင်အနာဂါတ်မှာ မြန်မာနိုင်ငံသည် ဗုဒ္ဒဘာသာဝင်များ နေထိုင်ကိုးကွယ်သော နိုင်ငံမဖြစ်တော့ပြီဟု
ပြော၍ ရမည်ထင်ပါကြောင်း ။။။။။။။။။
အောင်သာနီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်းဝါမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် ကိုးကွယ်သူရွာသားအိမ်များ ကြောက်မက်ဖွယ် မီးရှို့( ရုပ်သံ )
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကြမ်းဖက်သောင်းကျန်းသူများက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားပုထိုးစေတီများ၊ ဘုန်းကြီးနှင့် ဒေသခံများအား
တနင်္ဂနွေနေ့က စတင်မီးရှို့ဖျက်ဆီး သတ်ဖြတ်နေခြင်းမှာ ယခုအခါ ပိုမိုများပြားလာနေကြောင်း သတင်းရရှိသည်။ ယင်းအကြမ်းဖက်မှု (၂၄) နာရီအတွင်း
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၂၄)ဆောင် မီးရှို့ဖျက်ဆီးခံရခြင်း၊ တန်ဖိုးမဖြတ်နိုင်သော နှစ်ပေါင်း (၃၀၀)ကျော်ကြာ ရှေ့ဟောင်းဘုရားပုထိုးတော်များ
မီးရှို့ဖျက်ဆီး လုယက်ခံရခြင်း၊ ဘုန်းတော်ကြီးတစ်ပါး ရက်စက်စွာ အသတ်ခံရခြင်း၊ လုံခြုံရေးတပ်ဖွဲ့နှင့် သောင်းကျန်းသူများ အပြန်အလှန် ပစ်ခတ်မှုကြောင့်
ဒေသခံ၊ သောင်းကျန်းသူများနှင့် ရဲလုံခြုံရေး စုစုပေါင်း (၂၀)ကျော် သေဆုံးရခြင်းနှင့် ဒဏ်ရာရရှိသူများ (၆၀)ကျော်အထိ ရှိနေပြီးဖြစ်ကြောင်း
စုံစမ်းသိရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်ရှိအာဏာရ အာဝါမီလိဂ်ပါတီ၊ အတိုက်အခံပါတီများက သောင်းကျန်းသူများကို ရှုချပြီး တရားဥပဒေအရ အရေးယူရန်
ဆောင်ရွက်နေသော်လည်း အကြမ်းဖက်သူများဘက်က ယခုဖြစ်ပေါ်နေသော အခြေအနေထက် တိုးမြှင့် လုပ်ဆောင်နေကြောင်း သိရှိရသည်။
No comments: