Sunday, October 7, 2012

ရင်းရင်းနှီးနှီး လုပ်ဖော်ကိုင်ဖက် များ

လုပ်ဖော်ကိုင်ဖက်စိတ်လေးတော့ ထားပါလေ ( By - ဒီမိုဖက်တီး)

Voice ကတော့ ရေးရှာပါတယ် ။ ဒီမိုရောင်းရင်း ၂ ဦးတဲ့ ။ ပြီးခဲ့တဲ့ တစ်ပတ်လုံး အစိုးရ သတင်းစာ တွေ ဆောင်းပါးတွေ ဖတ်တာတော့ ဦးသိန်းစိန် တစ်ယောက်တည်းကိုပဲ Credit တွေ တစ်ပြုံကြီးပေးထားပါတယ် ....

ရီတော့ ရီစရာပါ ။ ကျနော်တို့လို သတင်းတွေကို အမြဲလိုက် ဖတ်ပြီး သုံးသပ်သူများ အတွက် ကတော့ ပြုံးမိပါတယ် ။ အမှန်တကယ်ဆိုရင် အမေရိကန်အနေနဲ့ ကချင်ကိစ္စကြောင့် ဆန်ရှင်
ကိစ္စကို ထပ်ပြီး ၂၀၁၂ အတွင်းမှာ မဖြေလျော့ချင်ပါဘူး ။ ဟယ်လရီ ကိုယ်တိုင်လည်း Asia Forum မှာ ပေါ်တင်ပဲ ပြောကြားသွားခဲ့ပါတယ်။

ကျနော်တို့ရဲ့ လူထုခေါင်းဆောင်ကပဲ အမေရိကန် ခြေစချတာနဲ့ ဆန်ရှင်တွေဟာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ စစ်ပွဲတွေကို ရပ်တန့်သွားအောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြရအောင်လို့ ပြောခဲ့တာပါ ။

( အမှန်ကလည်း အစိုးရမှာ ပိုက်ဆံမရှိဘူးလေ ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုတောင် အီးဂယက် ဦးလှမောင်ရွှေက ငွေစိုက်ထုတ်ရတယ်ဆိုပဲ ...ထားပါတော့လေ ၊ သာဓုပါ ...)

ကျနော်တို့ ခေါင်းဆောင်က Asia Forum မှာပြောခဲ့တယ် ၊ ဟယ်လရီကို ပြောခဲ့တယ် ၊ ဆီနိတ်တာ တွေကို ပြောခဲ့တယ် ၊ ကွန်ဂရက်ရွှေဆုယူတော့ ပြောခဲ့တယ် ၊ CNN မှာလည်း ပြောခဲ့တယ် ၊ CNBC မှာလည်း ပြောခဲ့တယ် ၊ American University မှာပြောခဲ့တယ် ၊ NY မြန်မာမှာ တွေ့ဆုံပွဲမှာလည်း ပြောခဲ့တယ် ၊ NY Times ကိုလည်း ပြောခဲ့တယ် ၊ နောက်ဆုံး ...... အိမ်ဖြူတော်မှာ အိုဘားမားကို ပြောခဲ့တယ် ။

ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို စရောက်နေပါပြီလို့ အာမခံပေးခဲ့တယ် ။ အမေရိကန် အစိုးရနဲ့ လွတ်တော်တွေ အနေနဲ့ ဒေါ်စုရဲ့ စကားကို ပြောင်းပြန်ပြောလို့ သူတို့မှာ အကျိုးမရှိပါဘူး ။ သူတို့ အနေနဲ့လည်း မြန်မာနိုင်ငံမှာ စီးပွားရေး လက်ဦးမှုတွေ ရယူချင်ပါတယ် ....

လူထုခေါင်းဆောင်က ဆန်ရှင်တွေ ထပ်မံဖြေလျော့ပေးအောင် တိုက်တိုက်တွန်းတွန်း တောင်းဆို ခဲ့တာ မဟုတ်ရင် ..... ဦးသိန်းစိန် အစိုးရအဖွဲ့ထဲက ဘယ်သူကများ အိုဘားမား အစိုးရကို တိုက်ရိုက် ဆက်သွယ် တောင်းဆိုခဲ့တာလဲ ... ဦးစိုးသိမ်းလား ၊ ဦးအောင်မင်းလား ၊ ဦးဝဏ္ဏမောင်လွင်လား ၊ ဦးအောင်ကြည်လား ၊ ဦးသန့်မြင့်ဦးလား ၊ ဒေါက်တာ ကျော်ရင်လှိုင်လား ၊ ဦးဇော်ဦးလား ၊ ဦးမြင့်လား ၊ ဦးကိုကိုလှိုင်လား .... ပြောပါလေ ၊ ပြောပြပါ ။

Group Project မှာ တစ်ယောက်တည်းပဲ အမှတ်ယူလို့ မရဘူးဆိုတာ ကျောင်းသားငယ်လေး တွေ တောင် သိပါတယ် .... အခုလို ပြောတာကလည်း ကျေးဇူး အတင်ခံချင်လို့ မဟုတ်ပါဘူး ... ခင်ဗျားတို့ ကျေးဇူးမတင်လည်း ကျနော်တို့က လူထုခေါင်းဆောင်ရဲ့ နိုင်ငံအပေါ်ထားရှိတဲ့ စေတနာ မေတ္တာကို သိပြီးသားပါ ။

လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်လေးကိုတော့ ကြိုးစားပြီး မွေးမြူကြည့်ပါလို့ တိုက်တွန်းချင်တာပါ ။ ပါးစပ်က လေလုံးတွေ ထွားနေပေမယ့် အစိုးရရဲ့ အကျင့်မှန်ကတော့ သတင်းစာတွေထဲက ဆောင်းပါးတွေမှာ ခေါင်းကြီးပိုင်းတွေမှာ ပေါ်လွင်နေတာပဲ မဟုတ်လားးးး .....

ဒါကြောင့် လုပ်ဖော်ကိုင်ဖက်စိတ်လေးတော့ ထားပါလေ ....း))

 

==================================================================

လုပ်ဖော်ကိုင်ဖက်  ရာင်းရင်း ၂ ဦး

ရှောက်မီလျံ နဲ့ မင်းအောင်လှိုင်

 
တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် ရွှေတြိဂံ ရိပ်သာသို့ UWSA (ဝ) အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီလျံ ဦးဆောင်သော အဖွဲ့နှင့် ရင်းရင်းနှီးနှီ ဂါရ၀ပြုတွေ့ဆုံစဉ်

 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် ရွှေတြိဂံ ရိပ်သာသို့ NDAA (မိုင်းလား)အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သော အဖွဲ့နှင့် ရင်းရင်းနှီးနှီ ဂါရ၀ပြုတွေ့ဆုံစဉ်

News from : မြ၀တီ
Post By : Aye Chan Mon

http://www.facebook.com/photo.php?fbid=355305124561027&set=a.329330 48382 5158.78075.322396224518584&type=1&theater

No comments: