Tuesday, October 2, 2012

မေ့လို့မရဘူး....မေ့လို့မဖြစ်ဘူး

မေ့လို့မရဘူး....မေ့လို့မဖြစ်ဘူး


လာရာလမ်းအတိုင်း

ပြန်လှည့် ခွင့် ရှိပါဦးမလား

ကြုံရာ နေရာ ခိုကပ်နေရင်း

ကြုံရာ အစာ ရှာဖွေစားကာ

ငါတို့ထက်ဆိုးတာ ငါတို့ဘဝ

ငါတို့ ဘ၀ထက်ဆိုးတာ ကလေးတွေရဲ့ အနာဂတ်

တွေးရင်းပူ ဒီဒုက္ခသည်တွေဆိုတဲ့ သံသရာအကြွေး

ကျေပါစေတော့ ပြည်မြန်မာကြီးရယ်

အေးပါစေတော့ ပြည်တွင်းစစ်ကြီးရေ

လာရာလမ်းကိုတော့ မမေ့ခိုင်းလိုက်ပါနဲ့

ကြုံရာ ဘ၀ကိုလည်း မမေးခိုင်းလိုက်ပါနဲ့

နာတဲ့ ရင်ကို ခံစားတတ်တဲ့ သူ အဖြစ်

ငါတို့တွေ ၇ှင်သန်လိုက်နိုင်ပြီးမို့

ငါတို့ ရဲ့ ဘ၀ဖြစ်ရပ်တွေကို

မေ့လို့တော့မရဘူး....မေ့သွားလို့ မဖြစ်ဘူး...



....
စလှားဖန်း.

No comments: