လုပ်ပုံ၊ လုပ်ဟန်နှင့်ပြောဆိုမှုကို မကြိုက်ပါက ရွေးကောက်ပွဲတွင် မဲမပေးခြင်းဖြင့် ဒဏ်ပေး၍ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား |
“ဒီမိုကရေစီမှာ ပြည်သူတွေက ထိန်းပိုင်ခွင့်ရှိတယ်။ ဘာနဲ့ထိန်းလဲဆိုတော့ မဲလေးတစ်ပြားနဲ့ ထိန်းသွားပါတယ်။ လုပ်ပုံ၊ လုပ်ဟန် တွေ၊ ပြောတာတွေကိုမကြိုက်ဘူး ဆိုရင် နောက်ရွေးကောက်ပွဲမှာ မဲမပေးခြင်း အားဖြင့် ပြည်သူလူထုက ဒဏ်ပေးလို့ရပါတယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က အဖွဲ့ဝင်တွေကို ထိန်းပါ။ ဝေဖန်စရာရှိရင်ဝေဖန်ပါ။ ဒါပေမယ့် တတ်နိုင်သမျှတော့ ယဉ်ယဉ်ကျေးကျေးနဲ့ ဝေဖန်တတ်အောင် လို့တော့ လေ့ကျင့်ယူရမယ်။ ဝေဖန်တာတောင်မှ ဝေဖန်ပုံအမျိုးမျိုးရှိတယ်။ ဝေဖန်စရာရှိရင်ဝေဖန်ပါ။ အဲဒီနည်း နဲ့ထိန်းသွားပါ။ ကျွန်မတို့ဟာ ပြည်သူလူထုရဲ့ဆုံးမတာ၊ ပြည်သူလူထု ရဲ့ ဝေဖန်တာ၊ ပြည်သူလူထုထိန်းတာကို ခံသွားမယ့်အဖွဲ့အစည်းပါ။ ကျွန်မတို့ဒီလို အနှစ်နှစ်ဆယ်ကျော် ရပ်တည်နိုင်တာကလည်း ပြည်သူလူထုရဲ့ ထောက်ခံမှုကြောင့် ကျွန်မတို့ ရပ်တည်နိုင်ခဲ့တာပါ “ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု၏ ဆုံးမမှု၊ ဝေဖန်မှုများကို ခံယူသွားမည့် အဖွဲ့အစည်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်ပြည်သူတွေအကြားတွင် ပွင့်လင်း၍ဖြောင့်မတ်သည့် ဆက်ဆံမှုမျိုးရှိဖို့ လိုကြောင်း၊ ပြည်သူကို ပွင့်ပွင့် လင်းလင်း၊ ဖြောင့်ဖြောင့် မတ်မတ် နှင့်မဆက်ဆံသည့် နိုင်ငံရေးပါတီဆိုလျှင် ပြည်သူတွေရဲ့ထောက်ခံမှု ကိုရနိုင်မည်မဟုတ်ကြောင်း ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ ပါသည်။ “ကျွန်မတို့အဖွဲ့ချုပ်အတွင်းမှာ ပြည်သူလူထုတွေ စိတ်မချမ်းသာအောင် အချင်းချင်း စကားများတာတွေ၊ အချင်းချင်း မတည့်တာတွေဖြစ်တာ တွေအတွက်ကိုတောင်းပန်ပါတယ်။ ဒါပေမယ့် ဒါအတွက်ကို သိပ်မစိုးရိမ် ပါနဲ့လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ မိသားစုတစ်ခုထဲမှာတောင်မှ စကားများတာတွေ ရှိတာပဲ။ အဲဒီတော့ အဖွဲ့အစည်းတွေ အတွင်းမှာ စကားများတာတွေရှိတယ်။ အထူး သဖြင့် ဒီမိုကရေစီ အဖွဲ့အစည်းတွေမှာဆိုတော့ ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့် တွေများတဲ့အခါကျတော့ တစ်ခါတလေ ဒီပြောပိုင်ခွင့်လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်တာတွေလည်းပေါ် လာတယ်။ ကိုယ့်မှာ လုပ်ပိုင်ခွင့်ရှိတိုင်း မလုပ်ရဘူး။ ပြောပိုင်ခွင့်ရှိတိုင်းမပြော ရဘူး။ ကိုယ်လုပ်တာ ကိုယ်ပြောတာ ဟာမှန်ရဲ့လားစဉ်းစားရတယ်။ စကားနဲ့ ပတ်သက်ရင်တော့ အကျိုးရှိမယ်၊ မှန်ကန်မယ်လို့ထင်ရင် တစ်ဖက်ကမခံသာလဲ ပြောရမှာပဲ”ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ . |
No comments:
Post a Comment