Sunday, October 28, 2012

"မြန်မာ NGOကိုယ်စားလှယ်အဖွဲ့တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးထွက်ခွာ"



"မြန်မာ NGOကိုယ်စားလှယ်အဖွဲ့တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးထွက်ခွာ"

နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့ဝင်များဦးဆောင်သော မြန်မာ NGOကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ ရက်သတ္တနှစ်ပတ်ကြာ ချစ်ကြည်ရေးနှင့်လေ့လာရေးခရီးစဉ်အဖြစ်
ယနေ့ထွက်ခွာသွားပြီဖြစ်သည်။

တရုတ်နိုင်ငံမှ CHINA NGO NETWORK FOR INTERNATIONAL EXCHANGES(CNIE) ၏ ဖိတ်ကြားချက်အရ ယခုကဲ့သို့ ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးအဖြစ် သွားရောက်ခြင်းဖြစ်သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်သမ္မတအကြံပေးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ်၊ ဦးစစ်အေး၊ ဒေါက်တာ စိန်လှဘိုနှင့် ဒေါ်ခင်မျိုးမြင့်တို့က ဦးဆောင်ပြီး
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေနှင့်ဖြန့်ချိသူများအသင်း အစရှိသည့် NGOအသင်းအဖွဲ့များမှ တာဝန်ရှိသူများအပါအ၀င် အခြားသော NGO အသင်းအဖွဲ့များမှ
တာဝန်ရှိသူတို့လည်းပါဝင်ကြကာ အဖွဲ့ဝင် ၂၅ ဦးဖြစ်ကြောင်းသိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ CNIE ၊ China Power Invesment Corporation(CPIC)၊ တရုတ်နိုင်ငံသတ္တုတူးဖော်ရေးကုမ္ပဏီလိမိတက်(China Nonferrous Metal Mining Co., Ltd)၊ တရုတ်ပြည်သူ့ နိုင်ငံခြားရေးရာအသင်း၊ အာရှ-အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှုလျော့ပါးရေးဖောင်ဒေးရှင်း၊ တရုတ်လူငယ် စေတနာ့ဝမ်ထမ်းအဖွဲ့၊ တရုတ်နိုင်ငံ
ဘာသာရေးနှင့်ငြိမ်းချမ်းရေးကော်မတီ၊ တရုတ်နိုင်ငံသတင်းစာဆရာအသင်း စသည့်အစိုးရမဟုတ်သောအသင်းအဖွဲ့များအပါအ၀င်အခြားသော အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်
တွေ့ဆုံဆွေးနွေးကြကာ စာတန်းများလည်းဖတ်ကြားကြမည်ဖြစ်ပြီးအတွေ့အကြုံများဖလှယ်ကြမည်ဖြစ်ကြောင်းသိရသည်။

ယင်းသို့အတွေ့အကြုံများဖလှယ်ကြခြင်းမှာ ယခုခရီးစဉ်၏ အဓိက
ဦးတည်ချက်ဖြစ်ကြောင်း သိရသည်။

မြန်မာ NGO ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ(၁၀)ရက်နေ့တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

No comments: