Tuesday, November 20, 2012

အားလုံးပဲမင်္ဂလာနေ့သစ်ပါရှင့် ……

အားလုံးပဲမင်္ဂလာနေ့သစ်ပါရှင့် ……

မနေ့ကပဲ ညီမရဲ့ Tour Program ပြီးဆုံးသွားပါတယ်။ ညီမရဲ့ ပရိတ်သတ်တွေနဲ့ RedLink အသုံးပြုသူတွေအတွက် ပြုလုပ်မယ့် Thank You Partyကိုတက်ရောက်ဖို့အတွက် ပရိတ်သတ်များရဲ့စိတ်ဝင်းစားမှုများစွာရရှိတဲ့အတွက်လည်း ညီမအနေနဲ့ပြောမပြတတ်အောင်ဝမ်းသာရပါတယ်။ ၂၃ ရက်နေ့(သောင်္ကြာနေ့)မှာကျင်းပမှာမို့ ညီမအနေနဲ့ ပြင်ဆင်ချိန်အများကြီးမရပေမယ့်လည်း လာရောက်ကြမယ့် ပရိတ်သတ်များအားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ညီမနဲ့ တာဝန်ရှိသူတွေက အတတ်နိုင်ဆုံးကြိုးစားပြီး ကြိုတင်စီစဉ်နေပါတယ်။ လက်မှတ်များကို ထုတ်ယူရာမှာ အခက်အခဲမရှိအောင်လည်း(ပွဲကိုလာရောက်လိုတဲ့ ညီမကိုပံ့ပိုးအားပေးခဲ့တဲ့ ပရိတ်သတ်တွေအားလုံး လာရောက်နိုင်အောင်လည်း) စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့်…
Miss International 2012 ပြိုင်ပွဲမှာဆုတွေရရှိအောင် အပင်ပန်းခံပြီး အားပေးပံ့ပိုးခဲ့တဲ့ ပရိတ်သတ်ကြီးကို ညီမအနေနဲ့ တတ်နိုင်သလောက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပွဲရဲ့လက်မှတ်များအားလုံးကို မေတ္တာလက်မှတ်များ အနေနဲ့သာ ဖိတ်ကြားထားပြီးခြင်းဖြစ်ပါတယ်။

ညီမအနေနဲ့ ပရိတ်သတ်များအားလုံးကို ကိုယ်တိုင်ကိုယ်ကျ လေးလေးစားစားနဲ့ဖိတ်ကြားလိုပေမယ့်မလွယ်ကူတာကြောင့် ညီမတတ်နိုင်သလောက် အချိန်ပေးပြီး တွေ့နိုင်သလောက်ပရိတ်သတ်များကိုတော့ ညီမကိုယ်တိုင်ဖိတ်ဖို့ စီစဉ်ထားပါတယ်။ အဲ့ဒါကြောင့် အောက်ပါအစီအစဉ်တွင်ပါဝင်သော နေရာနှင့်အချိန်များမှာ လက်မှတ်လာရောက်ထုတ်ယူမည့် ပရိတ်သတ်များ၊ ညီမရဲ့ပွဲကို တက်ရောက်လိုတဲ့ ပရိတ်သတ်များကို ညီမကိုယ်တိုင်မေတ္တာလက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ပါတယ်လို့ လေးစားစွာအသိပေးပါရစေရှင့်…..

၁။ ၂၁.၁၁.၂၀၁၂ (ညနေ ၃:၀၀ နာရီ မှ ၄:၃၀ နာရီ အထိ)
RedLink Sales Office
ပုလဲကွန်ဒို(မြေညီထပ်)၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
၂။ ၂၂.၁၁.၂၀၁၂ (နေ့လယ် ၁:၃၀ နာရီ မှ ၃:၀၀ နာရီ အထိ)
RedLink Sales Office
ပုလဲကွန်ဒို(မြေညီထပ်)၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
၃။ ၂၂.၁၁.၂၀၁၂ (ညနေ ၄:၀၀ နာရီ မှ ၆:၀၀ နာရီ အထိ)
ကန်တော်ကြီး(မျှော်စင်ကျွန်း)။

ဆက်သွယ်ရန်ဖုံး ၀၉၅၆၀၁၂၅၈၊ ၀၉၅၄၁၃၇၁၇၊ ၀၉၄၂၁၁၁၈၈၀၀၊ ၀၉၇၃၀၃၁၆၈၄၊ ၀၉၇၃၀၃၁၆၈၅။

မှတ်ချက်
* ကိုယ်စားလာရောက်ထုတ်ယူမည့်သူများအတွက်အနေဖြင့် တက်ရောက်မည့်သူ၏ နာမည်နှင့်မှတ်ပုံတင်အမှတ်(Thank You Party ပွဲတွင် ကံစမ်းမဲအစီအစဉ်များပါရှိပါသောကြောင့်) များဖြင့်သာလက်မှတ်များကို ထုတ်ပေးမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
* Thank You Party သို့တက်ရောက်လိုသော်လည်း ကြိုတင်စာရင်းပေးသွင်းထားခြင်းမရှိသေးသော ပရိတ်သတ်များ ကိုလည်း ထိုနေရာများတွင်ပင် စာရင်းသွင်းခြင်း၊ လက်မှတ်ထုတ်ပေးခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

No comments: