Friday, November 2, 2012

စန္ဒီမုန်တိုင်းအလွန်



နယူးဂျာစီမှာ ကယ်ဆယ်ရေးလုပ်သားတွေက တအိမ်ဝင်တအိမ်ထွက် ၀င်ပြီး သက်ကြီးရွယ်အိုတွေကို ပုခုန်းတွေပေါ်ထမ်းပြီး သယ်ထုတ်နေတာ ရုပ်သံသတင်းတွေမှာ တွေ့ရပါတယ်။

ကမ်းခြေနဲ့နီးတဲ့အရပ်တွေမှာတော့ အိမ်တွေကို ရေလှိုင်းနဲ့ လေပြင်းက သယ်ယူလာတဲ့ သဲတွေဖုန်းလွှမ်းနေတာတွေ့ရပါတယ်။ မော်တော်တွေနဲ့ လက်တွန်းလှည်းနဲ့သာ သွားလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ဘေးကင်းရာ သယ်ယူနေပါတယ်။

နယူးယောက်ပြည်နယ်က ကျွန်းတွေမှာ အပျက်အစီးပိုများပြီး ကျွန်းတခုမှာဆိုရင် လူပေါင်းတရာလောက် အပြင်ထွက်မရဘဲ ပိတ်မိနေပါတယ်။ တချို့က နေအိမ်ကနေ ထွက်ပြီး အရေးပေါ်စခန်းတွေကို သွားဖို့ ငြင်းဆန်ခဲ့တဲ့အတွက်လည်း အခုလို ထွက်လမ်းတွေ ပိတ်မိတဲ့အထဲကို ရောက်နေတယ်လို့ ဆိုပါတယ်။


 

New York နဲ့ New Jersey မှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ဒေါ်လာ ၄၀ ဘီလီယံ လောက်ရှိမယ်လို့ CoreLogic Inc. လို့ ခေါ်တဲ့ စားသုံးသူ၊ ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေး၊ ပိုင်ဆိုင်မှုများဆိုင်ရာ အကြံပေးအဖွဲ့က ခန့်မှန်းပါတယ်။

  

အမေရိကန်နိုင်ငံရဲ့ အရေးကြီးဆုံးရွေးကောက်ပွဲကြီး တပါတ်ပဲ ကျန်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ သဘာဝဘေးရန်ကြောင့် လက်ရှိသမ္မတ အိုဘာမားနဲ့ အဓိက ပြိုင်ဖက်ဖြစ်တဲ့ သမ္မတလောင်း မဒ်ရောမ်နီ ဟာလည်း မဲဆွယ်ပွဲကိုရပ်ပြီး အိုဟိုင်းရိုးပြည်နယ်က အရေးပေါ်စခန်းမှာ ၀င်ကူနေပါတယ်။ သမ္မတလောင်း ၂ ယောက်ရဲ့ အနိုင်ရနိုင်မယ့် အခွင့်အရေးဟာ ထက်ဝက်စီလောက် ဖြစ်နေချိန်မှာ မဲဆွယ်ပွဲအတွက် အရေးကြီးတဲ့ ပြည်နယ်တွေကို စည်းရုံးဖို့ အင်မတန် အရေးကြီးပါတယ်။

သမ္မတ အိုဘားမားက အခုအချိန်မှာ ရွေးကောက်ပွဲက အရေးမကြီးဘူး။ သူ့ဖာသာ ဆက်သွားလိမ့်မယ်။ လူတွေအသက်ကယ်ဖို့ အရေးကြီးတယ်လို့ ပြောဆိုပြီး သူ့ရဲ့ မဲဆွယ်ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။ သမ္မတ အိုဘားမားဟာ မုန်တိုင်းကြောင့် ပျက်ဆီးမှုကြီးမားတဲ့ နယူးဂျာစီကို မနက်ဖြန် သွာေးရာက်မှာ ဖြစ်ပါတယ်။

 
 မာဆာချူးဆက်ပြည်နယ် ဖဲလ်မောက်မြို့မှာ ဖခင်ဖြစ်သူကို သားက ကျောပိုးပြီး ရေလွတ်ရာသယ်ယူနေတဲ့ပုံ ဖြစ်ပါတယ်။ (Photo CNN)

 စန္ဒီမုန်တိုင်းအလွန်

No comments: