
အမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ 
Friday, November 02, 2012
အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။
Friday, November 02, 2012
အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။
တည်နေရာကတော့ အမေရိကန်နိုင်ငံ အလယ်ပိုင်း Nebraska ပြည်နယ်ရှိ Monowi
အမည်ရ မြို့ ငယ် ဖြစ်ပါတယ်။ သို့ပေမယ့် ရွာငယ် တစ်ခုအနေနဲ့ပဲ
သတ်မှတ်ထားပါတယ်။ အမေရိကန်မှာတော့ Only one woman town လို့
နာမည်ကြီးပါတယ်။ ၁၉၃၀ ခုနှစ် ကာလအတွင်းမှာတော့ လူဦးရေ ၁၅၀ ကျော်ရှိပြီး
တစ်နှစ်ထက် တစ်နှစ် နည်းလာပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်အရောက်မှာတော့ လင်မယား
နှစ်ဦးသာ နေထိုင်ပါတော့တယ်။ Rudy နဲ့ Elsie Eiler တို့ လင်မယား နှစ်ဦး
ဖြစ်ပါတယ်။
သို့ပေမယ့် Rudy ဟာ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Elsie Eiler အမည်ရ အမျိုးသမီးကြီး တစ်ဦးသာ ကျန်ရှိပါတော့တယ်။ အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျယ်သာ သတ်မှတ်ထားတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။ ယင်းရွာငယ်လေး ကို ဖျက်သိမ်းဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် Eiler လက်မခံ ခဲ့ပါဘူး။ အဓိကကတော့ သူ့ခင်ပွန်း တည်ထောင်ခဲ့တဲ့ စာကြည့်တိုက် ကျန်ရှိနေ လို့ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၅၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက် ဆက် စုဆောင်းလာတဲ့ အဖိုးတန် စာအုပ်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ ငယ်လေး Monowi ကိုမထားခဲ့နိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ကိုယ်တိုင် ရွေးကောက်ပွဲလုပ်၊ ကိုယ်တိုင်မဲပေးပြီး ကိုယ်တိုင် မြို့  တော်ဝန်ခန့်ပါတယ်။ လမ်း လေး၊ငါးလမ်း ဝန်းကျင်သာ ရှိတဲ့ ယင်း ရွာငယ်လေးကို လျှပ်စစ်မီးထိန်းလင်းနေစေဖို့
အစိုးရထံ ပုံမှန် အခွန်ငွေ ဆောင်ပါတယ်။ အခြားသော အခွန်များလည်း
ပေးဆောင်ပါတယ်။ ဒါကြောင့် Town တစ်ခုအနေနဲ့ မဖျက်ပဲ ဆက်လက် ထားရှိစေတာ
ဖြစ်ပါ တယ်။ အဓိက စီးပွားရေး လုပ်ငန်းကတော့ စားတော်ဆက် တစ်ခု ဖွင့်ထားပြီး
မိုင ၈၀ အကွာရှိ မြို့ က လူတွေ လာရောက် စားသောက်ပါတယ်။
လမ်းကြုံ ဝင်လည်သူများ ရှိသလို၊ စိတ်ဝင်စားလို့ လာရောက် ကြည့်ရှု သူများကြောင့် Eiler ရဲ့  စာကြည့်တိုက်နဲ့ မြို့ ဟာ လတိုင်း လူစည်ကား တယ်လို့ သိရပါတယ်။
---
Ref: wiki
International news for myanmar
သို့ပေမယ့် Rudy ဟာ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Elsie Eiler အမည်ရ အမျိုးသမီးကြီး တစ်ဦးသာ ကျန်ရှိပါတော့တယ်။ အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျယ်သာ သတ်မှတ်ထားတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။ ယင်းရွာငယ်လေး ကို ဖျက်သိမ်းဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် Eiler လက်မခံ ခဲ့ပါဘူး။ အဓိကကတော့ သူ့ခင်ပွန်း တည်ထောင်ခဲ့တဲ့ စာကြည့်တိုက် ကျန်ရှိနေ လို့ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၅၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက် ဆက် စုဆောင်းလာတဲ့ အဖိုးတန် စာအုပ်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ ငယ်လေး Monowi ကိုမထားခဲ့နိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ကိုယ်တိုင် ရွေးကောက်ပွဲလုပ်၊ ကိုယ်တိုင်မဲပေးပြီး ကိုယ်တိုင် မြို့  တော်ဝန်ခန့်ပါတယ်။ လမ်း လေး၊ငါးလမ်း ဝန်းကျင်သာ ရှိတဲ့ ယင်း ရွာငယ်လေးကို လျှပ်စစ်မီးထိန်းလင်းနေစေဖိ
လမ်းကြုံ ဝင်လည်သူများ ရှိသလို၊ စိတ်ဝင်စားလို့ လာရောက် ကြည့်ရှု သူများကြောင့် Eiler ရဲ့  စာကြည့်တိုက်နဲ့ မြို့ ဟာ လတိုင်း လူစည်ကား တယ်လို့ သိရပါတယ်။
---
Ref: wiki
International news for myanmar
No comments:
Post a Comment