Wednesday, November 21, 2012

သမ္မတဦးသိန်းစိန် အိုဘားမားထံမှ အကူအညီ ၂ခု တောင်းဆိုခဲ့



ဖနွမ်းပင်၊ အောက်တိုဘာ ၂၁


သမ္မတဦးသိန်းစိန်သည် ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်၌ မြန်မာသတင်းစာဆရာများနှင့်တွေ့

ဆုံစဉ် အောက်တိုဘာ ၁၉ ရက် တွင် ရန်ကုန်၌ အမေရိကန်သမ္မတ အိုဘားမားနှင့်တွေဆုံချိန်၌အကူအညီ ၂ ခုတောင်းဆိုခဲ့ကြောင်း ပြောသည်။

သမ္မတက " ဘာပဲဖြစ်ဖြစ်ကိုယ်နိုင်ငံအတွက်အ
မြတ်ထွက်အောင် ၂ခုသူဆီကိုတောင်းပါတယ်။ တစ်ခုက ခင်များတွေ့ တယ်မှတ်လားရန်ကုန်မြို့ ကြီးကနေဖြတ်ပြီးလာတဲ့အခါမှာ ဘေးဘယ်ညာမှာ ပြည်သူတွေက ခင်များကို အကုန်လုံးဝမ်းသာအားရနဲ့ ပြုးပြုးရွှင်ရွှင်နဲ့ကြိုနေကြတဲ့မြင်ကွင်းကိုခင်များတွေ့ တယ်မှတ်လား။ခင်များအဲ့လူတွေရဲ့ မျက်နာကို သတိမထားမိလိုက်လို့ဖြစ်ချင်လည်းဖြစ်မယ်။ပြုးပျော်နေတဲ့မျက်နာအပြင် အိုဘားမားမြန်မာနိုင်ငံကိုမလာစဖူးလာတယ်၊ကြုံတောင့်ကြုံခဲ့ခုဏလို လာခဲ့တဲ့အတွက် ကြောင့်တို့ ရန်ကုန်မှာနေထိုင်ကြတဲ့ပြည်သူလူထုတွေအတွက်အိုဘားမားဘာများလုပ်ပေးခဲ့မလဲဆိုတဲ့မျော်လင့်ချက်တစ်ခုခင်များမမြင်လိုက်ဘူးထင်တယ်။ဒါတွေခင်များကိုပြောပြချင်တယ်။ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးက ကိုလိုနီလက်ထက်ကတည်းက မြို့ဟောင်းကြီးဖြစ်တယ်။မြို့ဟောင်းကြီးဖြစ်လို့ မီးတွေနဲ့ ပတ်သက်လို့လျှပ်စစ်နဲ့ပတ်သက်လို့ အဆင်မပြေမှုတွေအများကြီးရှိတယ်။နောက်လူဦးရေကလည်း ၆ သန်းကျော်ရှိတော့ဒီကနေမှာသွားရေးလာရေးတွေနဲ့ ပတ်သက်ပြီးတော့လည်းအင်မတန် အခက်ခဲတွေရှိနေပါတယ်။နောက်တခါ ရေကောင်းရေသန့်တွေရရှိရေး၊ရေဆိုးတွေသန့်စင်ရေး။ဒီအပိုင်းတွေကလည်းအခက်အခဲတွေရှိနေပါတယ်။ဒီတော့ ရန်ကုန်ရောက်တုန်းအထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့ လူထုကိုဒီကိစ္စလေးများပြေလည်အောင်လုပ်ပေးနိုင်လို့ရှိရင် ရန်ကုန်မြို့ လူထုကခင်များကိုပိုပြီးတော့ချစ်မှာပါဆိုတော့ သူလည်းဒါ တော်တော်လေးတော့ သဘောတွေသွား တဲ့အနေအထားရှိပါတယ်။" ပြောသည်။

ဆက်လက်၍ သမ္မတက " ကျွန်တော့ ထင်ပါတယ်သူခေါင်းတော့မငြိမ့်ပေ
မယ်လည်း အောက်ကလူတွေက အကုန်မှတ်တဲ့အတွက်ကြောင့် မှတ်တမ်းတော့ ၀င်သွားတယ်လို့ ဒီလိုပြောလို့ရပါတယ်။" ဟု ပြောသည်။
နောက်တစ်ခုတောင်းဆိုမှုအနေဖြင့် သမ္မတက ၎င်းလူငယ်ပိုင်းအရွယ် ခန့်တွင် အမ္မတကြီးအိုင်စင် ဟောင်ဝါလက်ထပ် ရန်ကုန်နှင့်မန္တလေးကို အဝေးေဲပးလမ်းမကြီးဖောက်ပေးရန်အစ
ီစဉ် ရှိခဲ့ဖူးကြောင်း တဆင့်စကားတစ်ဆင့်နားဖြင့်ကြားခဲ့ဖူးကြောင်းသို့သော်လည်း အကြောင်းကြောင်းကြောင့် ထိုလမ်းမှာမဖောက်ဖြစ်ခဲ့၍့ ဟိုတုန်းက သမ္မတ ကြီး ယခုလိုအစီစဉ်ရှိခဲ့သောလည်းအကြောင်းကြောင်ကြောင့်ပျက်သွားခဲ့သည့်ဟိုင်းဝေးကြီးကို ယခုကျွန်တော်တို့ ရန်ကုန်မှမန္တလေးအထိကိုဖောက်ထားပြီးဖြစ်ကြောင်း အိုဘားမားသို့ ပြောခဲ့သည်ဟုဆိုသည်။

ထို့အပြင်သို့သော်၎င်းလမ်းမှာလမ်ြး
ကမ်းအဆင့်သာဖြစ်ပြီးနည်းပညာပိုင်းတွင်အမေရိကန်လောက်ခေတ်မမီကြောင်း ထိုကြောင့် ယာဉ်တော်တဆမှုများခဏခဏ ဖြစ်ကာယာဉ်များခဏခဏတိမ်းမှောက် ၍အသက်များဆုံရုံးကြရကြောင်း ထိုကြောင့်အဆိုပါလမ်းကြီးကို အိုဘားမားတို့ အနေဖြင့်ပြုပြင်ပေးလျှင်ကောင်းမွန်မှာဖြစ်ပြီး၊ upgrade လုပ်ပေးဖို့ တောင်းလိုက်ပါကြောင်းပြောသည်။

"ဒီလိုတောင်းဆိုချက်တွေက ချမ်းသာကြွယ်ဝတဲ့အင်အားကြီးနိုင
်ငံလောက်တော့ ပြောပလောက်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ကိုယ်နိုင်ငံအတွက်တော့အကျိုးအမြတ်လေးတွေရအောင်ပြောခဲ့ပြုခဲ့တောင်းခဲ့တာလေးတွေရှိပါတယ်။" ဟု သမ္မ ဥိးသိန်းစိန်က ထပ်မံပြောသည်။

အမေရိကန်သမ္မတ တစ်ဦးအနေဖြင့် မြနမာသိုပ သမိုင်းဝင် ပထမဆုံးအကြီမ်ဖြစ် သမ္မတအိုဘားမားသည် ယခုလ ၁၉ ရက်နေ့ တွင် ရန်ကုန်သို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသန်းစိန် နှင့်ရန်ကုန်းတိုင်းဒေသကြီးလွှတ်
တော်၌ တစ်နာရီခန့်တွေဆုံခဲ့သည်။

No comments: