စစ်တွေမြို့လ၀က ရုံးတွင် အမည်ပျက်စာရင်းသွင်းထားသော ဘင်္ဂလီ ၇၀ ဦး စာရင်းအားဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရှိရ
စစ်တွေလေဆိပ်မှ ထွက်ခွါ
သွားပြီးနောက် ပြန်မလာသော
ဘင်္ဂလီ ၇၀ဦးခန့်အားယခင်က
လ၀က ရုံးတွင်ကပ်ထားသော်
လည်း ယခုခါတွင် ထိုစာရင်းကို
ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
အခုအခါ ရွှေသမင်ဘယ်ကထွက် မဟုတ်တော့ပါ။ ဘင်္ဂလီဘယ်ကထွက် စစ်တွေလေဆိပ်ကထွက် ဟုသာ ပြောကြရတော့မည်။
ဘင်္ဂလီများစွာ ထွက်ခွါရန် မည်သူတို့က လုပ်စားသွားသည်ကို ပြန်လည် ရှာဖွေ ဖော်ထုတ်ရန်လိုအပ်နေပြီဖြစ်ကြောင်း၊ အကျင့်ပျက်ခြစားမှုများကို ဖျောက်ဖျက် ၇န်လိုအပ်နေပြီဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုကြပါသည်။
အရပ်ဘက်သတင်းများအရ ဘင်္ဂလီတစ်ယောက် ရန်ကုန်သွားရန်အတွက် ၁၅ သိန်းခန့်ကုန်ကျကြောင်း သိရသည်။ ဆရာဝန်များအာေးပးဆောင်ရခြင်း၊ လ၀က အားပေးဆောင်ရခြင်းများအပြင် အခြားသော လက်ဖြန့် သူများ ကိုလည်း ပေးဆောင်ရကြောင်းသိရသည်။
ယင်းအတွက် လေဆိပ်ဝင်ပေါက်ကို ပိတ်ထားပြီး ခရီးသည်များအားလာ ရောက်ကြိုဆိုသူများကိုပင် မ၀င်ရဟု ပြောဆိုခဲ့သည်များ၊တားမြစ်ခဲ့သည် များရှိ ခဲ့သည်။
အမည်ပျက်စာရင်းသွင်းထားသူများသည် ဘာကြောင့်အဖမ်းမခံတာလဲ ဆို သည်ကို စီစစ်ဖော်ထုတ်ဖို့လိုပြီဟု လည်းပြောဆိုကြပါသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ရခိုင်တိုင်းရင်းသားများ လုံခြုံရေးစိုးရိမ်မှုများရှိနေ
ရခိုင်တိုင်းရင်းသားများသည်
လက်ရှိအချိန်တွင် နေရပ်မှ
စွန့်ခွါကာ နီးစပ်ရာမြို့များတွင်
ခိုလှုံနေကြခြင်းများ ရှိနေရာ
မြောက်ဦးမြို့တွင် အဓိကရောက်
ရှိနေကြောင်းသိရသည်။
ထိုသို့မြောက်ဦးမြို့တွင်ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား
အရေးအတွက်မှာ ၁၃၀၀ ၀န်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်းနှင့်
များသောအားဖြင့် သက်ကြီးရွယ်များ၊ကလေးများနှင့် မသန်စွမ်း
သူများပါဝင်ကြောင်းသိရသည်။
ယင်းသို့ အတိဒုက္ခရောက်နေသူများအတွက် တစ်ပတ် လျင်ငွေ ၁၅ သိန်းခန့်ကုန်ကျမှုများရှိနေကြောင်းလည်းသိရသည်။
လူသားစားချင်းစာနာထောက်ထားရေးဆိုသောမည်သည့်အဖွဲ့အစည်း
ကမှ မြောက်ဦးသို့ရောက်ရှိလာခြင်းမရှိဘဲတိုင်းရင်းသားကိုယ်စားပြု အဖွဲ့
အစည်းများကသာ ကျွေးမွေးနေကြရကြောင်းသိရသည်။
လက်ရှိတွင် နိုင်ငံခြားအဖွဲ့အစည်းများဖြစ်သည့် WFP အဖွဲ့အပါအ၀င်
အခြားသောအဖွဲ့များစွာသည် ဘင်္ဂလီများကိုသာ ကျွေးမွေးနေသော်
လည်း ရခိုင်တိုင်းရင်းသားများအားကျွေးမွေးခြင်းမရှိသေးကြောင်း
လည်း သိရှိရသည်။
ယင်းသို့ဘက်လိုက်မှုများဖြင့်လုပ်ကိုင်နေကြသော ပြည်ပအဖွဲ့အစည်းများ
အား ရခိုင်တိုင်းရင်းသားများက မလိုလားခြင်းများရှိနေကြောင်းနှင့် အစိုးရ
ကသာလက်ခံထားခြင်းဖြစ်ကြောင်း၊ ပြည်သူများလက်မခံသောအဖွဲ့အစည်းများ
ကိုလည်း အစိုးရက လက်ခံထားခြင်းသည် ကောင်းကွက်မဟုတ်ဘဲ ဘင်္ဂလီနှင့် ရန်တိုက်ပေးနေသောအဖွဲ့ အစည်းများသာဖြစ်ကြောင်းလည်း ဒေသခံများက
သုံးသပ်ပြောဆိုကြပါသည်။
မြောက်ဦးမြို့သို့ ရောက်ရှိနေသော ကျေးလက်စွန့်ခွါ ဒုက္ခသည်များအတွက်
စားသောက်ရေးသည် ယခုအခါတွင် ပံ့ပိုးကူညီမှုများဖြင့်သွားနိုင်သော်လည်း
ရေရှည်တွင် အခက်အခဲများရှိနိုင်ကြောင်းလည်း ဒေသခံများက သုံး
သပ်ကြသည်။
ထို့အပြင် ကျောင်းသားများဖြစ်သည့် ကလေးငယ်များ၏ပညာရေးမှားလည်း
ထိခိုက်သွားနိုင်ကြောင်း သုံးသပ်ပြောဆိုကြပါသည်။

No comments:
Post a Comment