Thursday, November 22, 2012

မီးစက်ကိစ္စဆွေးနွေးစဉ် မီးပျက်၍ လွှတ်တော်အား ပထမဆုံးအကြိမ် နေရာပြောင်း ကျင်းပ



ဝင့်သင်ဇာကျော်(မြစ်မခ)
by Myit Makha Mediagroup on 22 Nov, 2012

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် န၀မအကြိမ်အစည်းအဝေး၌ ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံအား MISUBISHI M701D ဂတ်ဆာဗိုင်(၂) ခုအခမဲ့ ပေးမည်ဆိုသည့် ကိစ္စနှင့်ပတ်သက် ၍ ဆွေးနွေးနေစဉ် မီးပျက်သွား၍ ပြည်သူ့လွှတ်တော် ခန်းမသို့ ပြောင်းရွှေ့ကျင်းပရကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။


“တိုက်ဆိုင်တာပဲလား ဘာလားတော့ မသိဘူး ထူးဆန်းတယ် ၊ ပြည်ထောင်စုလွှတ်တော်မှာ ထိုင်းနိုင်ငံက မီးစက်(၂)လုံး လှူမယ်ဆိုတာကို ဆွေးနွေးနေစဉ်ပဲ ပြည်ထောင်စုလွှတ်တော်မှာ မီးပျက်တယ်။ အဲ့ဒါနဲ့ ပြည်သူ့လွှတ်တော်ကို ပြောင်းပြီး ကျင်းပရတယ် လွှတ်တော်ကျင်းပစဉ်တစ်လျှောက်တော့ ဒါပထမဆုံးပဲ” ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

http://myitmakhamediagroup.com/detail.php?newid=3224

No comments: