
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးတွင် ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ်ပါဝင်
ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွ က်
ကျောင်းသားမျိုးဆက်များ လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ်
ပါဝင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးဘသက်အောင်က
အောက်တိုဘာ ၂၉ ရက်တွင် ရှင်သန် ဖူးဝေကံ့ကော်မြေပန်းချီပြပွဲ ကျင်းပရန် ပြုလုပ်သော သတင်းစာရှင
်းလင်းပွဲတွင် ပြောသည်။
ဦးဘသက်အောင်က““အောက်တိုဘာ ၂၇ ရက်နေ့မှာ ကိုမင်းကိုနိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြတယ်။ တွေ့ဆုံရတဲ့ အကြောင်းရင်းက တ-က-သ အဆောက်အအုံ ပြန်လည်ဖြစ်မြောက်ရေးနဲ့ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေး အတွက် ဆွေးနွေးတာပါ။ အဲဒီမှာ နာယက အဖြစ် ပါဝင်ဖို့ တောင်းဆိုတော့ အန်တီက သဘောတူတယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်”” ဟုပြောသည်။
အဆိုပါ သမဂ္ဂအဆောက်အအုံသည် ဦးနေ၀င်း၏စစ်အစိုးရလက်ထက် ၁၉၆၂ ခုနှစ် ဇူလိုင်လတွင် ဖြိုချခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွ က် ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈ ကျောင်းသားမျိုးဆက်များနှင့် နောက်ပိုင်းကျောင်းသားမျိုး ဆက်များ
ပူးပေါင်း၍ ဇွန်လ ၁၇ ရက်တွင် ကော်မတီတစ်ရပ်ဖွဲ့ကာ ပူးပေါင်းဆွေးနွေးမှုများ
ပြုလုပ်နေပြီး အဆိုပါအဖွဲ့တွင် နာယကများ အဖြစ် ဆရာကြီး ““ဒဂုန်တာရာနှင့်
၁၉၆၂ ကျောင်းသားဟောင်းများ ပါဝင်ပြီး ယခုတွင် ဒေါ်အောင်ဆန်းစုကြည်ပါ
ပါဝင်လာပြီဖြစ်သည်”” ဟု အဆိုပါအဖွဲ့မှ ဦးညိုထွန်းက ပြောသည်။
လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီမှ ပါတီဝင်များအားလုံး မည်သည့်အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများကိုမှ ၀င်ရောက်ပတ်သက်ဆောင်ရွက်ခြင်းမပြုရန်
မကြာမီတွင် ထုတ်ပြန်ကြေညာသွားရန် ဒေါ်အောင်ဆန်းစုကြည်မှ
ပါတီစည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူများထံ ညွှန်ကြားထားကြောင်း
အတည်ပြု၍မရသော သတင်းများလည်း ထွက်ပေါ်နေ သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကလည်းမသိရှိကြောင်း မြန်မာသံတော်ဆင့် သို့ ငြင်းဆိုထားသည်။
Myanmartandawsint Newspaper
ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွ
်းလင်းပွဲတွင် ပြောသည်။
ဦးဘသက်အောင်က““အောက်တိုဘာ ၂၇ ရက်နေ့မှာ ကိုမင်းကိုနိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြတယ်။ တွေ့ဆုံရတဲ့ အကြောင်းရင်းက တ-က-သ အဆောက်အအုံ ပြန်လည်ဖြစ်မြောက်ရေးနဲ့ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေး
အဆိုပါ သမဂ္ဂအဆောက်အအုံသည် ဦးနေ၀င်း၏စစ်အစိုးရလက်ထက် ၁၉၆၂ ခုနှစ် ဇူလိုင်လတွင် ဖြိုချခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွ
လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီမှ ပါတီဝင်များအားလုံး မည်သည့်အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများကိုမှ ၀င်ရောက်ပတ်သက်ဆောင်ရွက်ခြင
ယင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကလည်းမသိရှိကြောင
Myanmartandawsint Newspaper
No comments:
Post a Comment