Thursday, November 22, 2012

ပြုပြင်ပြောင်းလဲမှုများကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပါက မြန်မာသည် အာရှ၏စီးပွားရေးအင်ဂျင်သစ်ဖြစ်လာနိုင်ဟုIMF ပြောဆို


Thursday, November 22, 2012

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ပါက အာရှ၏လာမည့် စီးပွားရေးအင်ဂျင် တစ်ခုဖြစ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကပြောဆိုလိုက်ကြောင်း စင်ကာပူ မှလာသည့် သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

ထို့အပြင်အိုင်အမ်အက်ဖ်သည် မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၃ခုနှစ်မှစကာ ရန်ပုံငွေစောင့်ကြည့်ရေး အစီအစဉ်ရရှိ နိုင်လိမ့်မည်ဟုလည်းဆိုသည်။
“ အားကောင်းတဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်မယ်ဆိုတဲ့ကတိက၀တ်နဲ့အတူ မြန်မာနိုင်ငံဟာ သူ့ပြည်သူ တွေရဲ့လူနေမှုအဆင့်အတန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်မြှင့်တင်နိုင်မယ့် အလားအလာတွေ၊အာရှရဲ့လာမယ့် ထွန်းတောက်ကြယ်အဖြစ်ပေါ်ထွန်းလာနိုင်မှာတွေရှိနေပါတယ်” ဟု မြန်မာနိုင်ငံတွင်ရောက်ရှိနေသော အမ်အိုင် အက်ဖ် အကြီးအကဲMeral Karasulu ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ကိုယ်ပိုင်ပြုပြင်ပြောင်းလဲမှုအစီအစဉ်များကို နှစ်ဘက်စောင့်ကြည့်အကဲဖြတ်နိုင်မည့် အစီအစဉ်ကို လည်းလာမည့်နှစ်တွင် စတင်နိုင်
လိမ့်မည်ဟု အိုင်အမ်အက်ဖ်ကပြောသည်။

မြန်မာနိုင်ငံတွင် အိုင်အမ်အက်ဖ်အကြီးအကဲ ကရာဆူလူသည် ဘဏ္ဍာရေး
ဝန်ကြီး၊ဗဟိုဘဏ်အကြီးအကဲ၊အခြားသော အစိုးရအဆင့်မြင့်အရာရှိကြီး
များနှင့် တစ်ပတ်ကြာတွေ့ဆုံခဲ့သည်။မြန်မာနိုင်ငံသည် အစိုးရအဖွဲ့သစ်တာ
ဝန်ယူပြီးနောက်ပိုင်းမှစကာစီးပွားရေးခေတ်မီရေးအတွက် ပြုပြင်ပြောင်းလဲမှုများကိုခပ်သွက်သွက်လုပ်ဆောင် နေကြောင်းအိုင်အမ်အက်ဖ်အကြီးအကဲကပြောသည်။

“အစိုးရက သူတို့အနေနဲ့ အဝေးကြီးဆက်သွားရဦးမယ်ဆိုတာ သိနေကြ
ပါတယ်” ဟုသူမကပြောသည်။

မြန်မာအစိုးရနှင့်အိုင်အမ်အက်ဖ်တို့သည် လွန်ခဲ့သည့်နှစ်များအတွင်းမှစ၍ တစ်ခုတည်းသော ငွေကြေးလဲလှယ်မှု နှုန်းထားဖြစ်ရေး၊ဗဟိုဘဏ်၏စွမ်းရည်တိုးမြှင့်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော တိုင်းပြည်
ဝင်ငွေတိုးတက်ရရှိရေးများအပေါ်အာရုံစူးစိုက်ဆွေးနွေးခဲ့သည်ဟုသိရသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီးမေလက ထုတ်ပြန်ခဲ့သည့် အိုင်အမ်အက်ဖ်
ပထမဆုံးအစီရင်ခံစာတွင် မြန်မာနိုင်ငံအား ဘဏ္ဍာရေးကဏ္ဍခေတ်မီ
တိုးတက်ရေး၊ကုန်သွယ်မှုဖြေလျော့ရေးအပါအ၀င် စီးပွားရေးနှင့်ရင်းနှီးမြှပ်နှံမှု ရာသီဥတုတိုးတက်ကောင်းမွန်ရေးအတွက်ပြုပြင်ပြောင်းလဲမှုများမြှင့်တင်လုပ်ဆောင်ရန် မြန်မာအစိုးရအား တိုက်တွန်းခဲ့သည်။

Yangon Media Group

No comments: