ABSDF ဥက္ကဋ္ဌ ကိုသံခဲတို့ အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
- 05 January 2013 |
- By Popular News

ယင်းသည် မြန်မာနိုင်ငံသို့ တရားဝင် ရောက်ရှိနေသည့် ABSDF လက်ရှိ ဥက္ကဋ္ဌ ကိုသံခဲ အပါအ၀င် ၉ ဦးအဖွဲ့နှင့် ဇန်န၀ါရီလ ၂ ရက်က ၄နာရီကျော် ကြာတရားဝင် အလုပ်သဘော တွေ့ဆုံခဲ့ပြီး နောက်ပိုင်း ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲ၌ မြန်မာပြည် မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများမှ
အချက် ၅ ချက်ပါ ကြေညာချက် ၁ / ၂၀၁၃ ကိုထုတ်ပြန်ခဲ့ပြီး ABSDF (မြောက်ပိုင်း) ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တရား မျှတမှုနှင့် အချက်အလက်မှန်များ ပေါ်ပေါက်ရေးအတွက် ABSDF နှင့် ညှိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြောက်ပိုင်း ဖြစ်စဉ်နှင့် ပတ်သက်၍ မှားယွင်းစွာ ဆောင်ရွက်မိကြောင်း တရားဝင် ထုတ်ပြန်ပေးရန်နှင့် ကျဆုံးသွားသော ကျောင်းသား ရဲဘော်များအား ABSDF ကျဆုံး ရဲဘော် စာရင်း၌ မြောက်ပိုင်း ဖြစ်စဉ်၌ ကျဆုံးခဲ့သော ရဲဘော်များ ခေါင်းစဉ်ဖြင့် ထည့်သွင်း မှတ်သားပေးရန် တောင်းဆိုချက် နှစ်ခုကို ဥက္ကဋ္ဌ ကိုသံခဲပါ ၉ ဦး အဖွဲ့အား တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။
ABSDF (NB) မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲ
by Mizzima - News in Burmese on Saturday, 5 January 2013 at 10:51 ·

ABSDF (NB) မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ၏ ၁၉၉၁-၉၂ ခုနှစ် တွင် ဖြစ် ပွားခဲ့သော ကျောင်းသား ရဲဘော်များအား စစ်ထောက်လှမ်းရေးဟု စွပ်စွဲသတ်ဖြတ်မှုနှင့် ပတ်သက် ၍ သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၂နာရီတွင် ရန်ကုန်မြို့ ရွှေဂုံ တိုင် ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ABSDF (NB) မှ ရဲဘော်ဟောင်း များဖြစ်သော မနန်းအောင်ထွေးကြည်၊ ကိုညီညီကျော်၊ ကိုရဲလင်းတို့ တက်ရောက် ရှင်းလင်းခဲ့သည်။

(၅-၁-၂၀၁၃) မြောက်ပိုင်း အမှန်တရား သတင်းစာရှင်းလင်းပွဲ....... .
မီဒီယာ လူငယ်လေးက မေးတယ်...ဒီမြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မူ့အကြောင်းကို ယခု အချိန် ဖေါ် ထုက်နေကြတာ အခုလက်ရှိကျောင်းသား တော်လှန်ရေးကို မထိခိုက်ဘူးလါးဟုဆို၍၄င်း၊. ..နောက်တစ်ဦးမှ ယနေ့ကျောင်းသားတပ်မတော်ထဲမှာ လက်ရှိရာထူးကြီးနဲ့လုပ်နေတဲ့ သူက ထိုမြောက်ပိုင်း လူသတ်စဉ် ကပါဝင်ခဲ့သောကြောင့်  ဘယ်လို အဖြစ်မှန်ပေါ်ဖို့ဖြစ်နိုင်ပါ့မလါးဟုမေး၍၄င်း၊........ရဲလင်းက ဒီအဖြစ်မှန် ရှင်းလင်းရေး အဖွဲ့ဝင် အားလုံး ကိုယ့်သမိုင်းကြောင်းလေးတွေ ပြောပေးဖို့ မေးတုန်းက မပြောဘဲထိုင်ရာက ထွက်သွားတဲ့ စမ်းချောင်း ဘိုဘိုက ရှေ့ဆက်တိုင်းပြည်ပြောင်းလဲ ရေးမှာ ဒီအရိပ်မဲတွေ ရှိနေတဲ့ ဘယ်လိုနေရာ ခေါင်းဆောင်တဲ့သူတွေကိုမှ မပါဝင်လါနိုင်စေရန်ရည်ရွယ်ြ ပီး အဖြစ်မှန်ကို ယခု အချိန် တွင် ဖော်ထုက်ရခြင်းဖြစ်ကြောင်း ဒီမိုကရေစီနှင့်တရားမျှတမူ့ အတွက်
ဖြစ်သောကြောင့် ယခုကျောင်း သား တော်လှန်ရေးကို မထိခိုက်ကြောင်းဝင်၍
ရှင်းလင်းပေးခဲ့ပါသည်။ ထိုနောက် မကြည်ပြာ မှ မြောက်ပိုင်း
ကျောင်းသူတစ်ဦးအား အသတ်ခံရသောအချိန်တွင် တစ်ကိုယ်လုံးချွတ်၍
သတ်ဖြတ်မူ့အပေါ် နန်းအောင်ထွေးကြည်အား သက်သေရှိလါးမေးရာ
အသံဖိုင်ရှိကြောင်းဖြေပါသည် ဖွင့်ပြနိုင်မလါး ဟုမေးသော အခါ တရားရုံးကြမှဖွင့်ပြမယ်တဲ့ နောက်သက်သေ ၃ယောက်ရှိပါတယ်ဖြေပါသည် ဘယ် သူတွေ လဲဟု မေးသောအခါ သူတို့အသက်အန္တာရာယ်ရှိနိုင် ပါသည် ဒါကြောင့်လျိုဝှက်ထားပါသည်တဲ့။
တော် ၀င်နှင်းဆီ အမှန်တရား သတင်းစာရှင်းလင်းပွဲ ပြီးဆုံး၊..လဘ္ဘတ်ရည်သောက်
မှုန့်စားပြီးပြန် ကျေးဇူးတင်ပါသည် ကျွန်တော်တို့ရဲဘော်တွေ အသတ်ခံရတာ
ဘာတစ်ခုမှ အဖြေမရပါ။
















No comments:
Post a Comment