Monday, January 14, 2013
(၈၈)ကသွေးနဲ့ ခင်းပေးခဲ့တဲ့ လမ်းဟာ ကျောက်စာလမ်းပါ။
by Htay Tint on Monday, January 14, 2013 at 1:45pm ·
(၈၈)ကသွေးနဲ့ ခင်းပေးခဲ့တဲ့ လမ်းဟာ ကျောက်စာလမ်းပါ။
(၁၉၈၈)ပြည်သူအရေးတော်ပုံကြီးက တပါတီအာဏာရှင် စနစ်ဆိုးကြီးကို ဖြုတ်ချနိုင်ဖို့
အတွက် ကျောင်းသားကြီးများဦးဆောင်ပြီး ငြိမ်းချမ်စွာဆန္ဒပြတောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာကို
ရဟန်းရှင်လူ ပြည်သူအပေါင်းနဲ့ အဖြူအစိမ်း ကျောင်းသားလေးတွေပါ လွယ်အိပ်ကလေးများ
လွယ်ရင်း ဆန္ဒပြတောင်းဆိုခဲ့ကြတယ်။
တက္ကသိုလ်နယ်မြေ နဲ့ အင်းယားကန် တံတားဖြူ ပေတရာ လမ်းမတွေပေါ်မှာ
ကျောင်းသားကျောင်းသူ ရဟန်းရှင်လူ ပြည်သူတွေနဲ့ အဖြူ အစိမ်းကျောင်းသားလေးများကို
မတရား မုဒိမ်းကျင့် ရိုက်နှက်ပစ်သတ် ရုံတင်မက အသက်ရှင် ရှိနေသေးတာကို တောင်
အရှင်လတ်လတ် မီးလောင်တိုက်သွင်း မီရှို့ ခဲ့ကြတယ်။
(သွေးနဲ့ လမ်းခင်းပေးခဲ့ကြတယ်)။
ဒီအဖြစ်ဆိုးတွေကို အံကြိတ်ပြီး အကြိမ်ကြိမ် ကြုံးဝါးခဲ့ကြတယ်
ဒါကြောင့်လဲ ရရာလက်နက်ဆွဲကိုင်ပြီး တိုက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ 
တိုင်းရင်းသားနယ်စပ် ဒေသတွေကို ရောက်ရှိလာခဲ့ကြတယ်
 တောထဲ တောင်ထဲမှာလဲ တိုက်ပွဲဝင်ရင်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရပြန်တယ်။
ခေတ်ပြောင်း စနစ်ပြောင်း ဖြစ်ပြီလို့ ပြောနေကြတဲ့ အချိန်မှာဘဲ တိုင်းပြည်နဲ့ 
လူမျိုးကောင်းစားစေချင်တယ်လို့ ပြောပြီး ခေတ်ပြောင်း စနစ်ပြောင်း
အတွင်း တော်လှန်ရေးလုပ်နေကြပြန်တယ်။
(၂၄)နှစ် အတွင်းမှာ အတောင်အလက် ကလေးတွေ ပေါက်လာရုံတင်မက
အစွယ်ပါ ထွက်လာကြတော့တယ်။
(၈၈)က သွေးနဲ့ ရင်းပြီး ခင်းပေးခဲ့တဲ့လမ်းပေါ်မှာ  ကလဲ့စားချေခြင်းတွေ အတ္တတွေ မာနတွေ
ခ၀ါးချလို့ သင်ပုန်းချေရေး တွေ့ ဆုံဆွေးနွေးရေး အမျိုးသားပြန်လည် ရင်ကြားစေ့ရေး တွေနဲ့ 
အစားထိုး ကုသကြတယ်။
ယုံကြည်သက်ဝင်လိုက်တယ်ဆိုရင်ဘဲ အတောင်ပေါက်နေတဲ့ ကောင်တွေ
အစွယ်ပေါက်နေတဲ့ကောင်တွေက
ရှေ့ကနေ ချီတတ်ပြီး အငန်းမရ စားခွက်လုဖို့ ကျိုးစားကြတော့တယ်။
(ပြီးခဲ့တာ ကုလားကာ ကားချလို့ ဘ၀သစ် ထူထောင်နေချင်ကြတယ်)။
ဒါဟာ တိုင်းပြည်နဲ့ လူမျိုးအတွက်လို့ အသံကောင်းဟစ်နေကြတဲ့ ဘီးလူခေါင်းစွပ် ထားတဲ့
မင်းသားရုပ်တွေနဲ့ ပေါင်းပြီး မရှိမဲ့ရှိမဲ့ အတောင်အလက် ကလေးတွေနဲ့ အစွယ်လေးတွေကို
ထုတ်ပြပြီး အမြတ်ထုတ်ဖို့ ကျိုးစားနေကြတယ်။
နဂိုထဲက တိုင်းပြည်ပျက်လေ ငါတို့ သဌေးဖြစ်လေ
ခေတ်ပျက်သဌေး ခရိုနီတွေကပါ ဒါလှူပါတယ် ဒါကန်တော့ပါတယ် ဒါပေးဝေပါတယ်
ဒီကျောင်းလေး ဆောက်ပေးပါတယ် ဆိုပြီး ဒဲ့ဝင်ပြီး ပူးကပ်လာကြတယ်။
မျိုးစေ့ချနေတယ်
အပင်ပေါက်မှာလား
ပေါက်လာတဲ့အပင်က ဘာပင်ဖြစ်နေမလဲဆိုတာ သိနိုင်ပ မလား။
(၈၈)က သွေးခင်း ပြီးစိုက်ပျိုးခဲ့တဲ့ အပင်ဟာ၊
တမျိုးသားလုံး တန်းတူညီတူ အခွင့် အရေးနဲ့ 
တပါတီအာဏာရှင် စနစ်ဖြုတ်ချရေး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးပါ ။
တခြား အပင်ပေါက်လာမယ် ဆိုရင်တော့
(၈၈)က သွေးနဲ့ ခင်းပြီး စိုက်ခဲ့တဲ့ လမ်းပေါ်က လွဲချော် မှားယွင်းနေပြီလို့ 
တိုင်းသူပြည်သားများက ဒီမိုကရေစီ ကျင့်ထုံး နှင့်အညီ
ဝိုင်းဝန်းကန့် ကွက် ရှုံ့ ချရမည်ဖြစ်ကြောင်းတင်ပြလိုက်ပါသည်။
ဂျင်ဂလိ(၈၈)
No comments: