January 13, 2013

မန်းဘခိုင်ဆိုတာက ဗိုလ်ချုပ်တို့နဲ့ ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်တစ်ယောက်ပါ။ ဗိုလ်ချုပ် အောင်ဆန်း၊ သခင်အောင်ဆန်းဘ၀တုန်း က ဇလွန်မှာ တရားသွားဟောရင်း ဆုငွေ (၅) ကျပ်အထုတ်ခံရပြီး ၀ရမ်းပြေးဘ၀ ရောက်စဉ်မှာ ကယ်ခဲ့ဖူးခဲ့သူကလည်း အဲဒီ မန်းဘခိုင်ကြီးပါပဲဗျာ။
ဗိုလ်ချုပ်အောင်ဆန်းက မန်းဘခိုင် ကို အလွန်သဘောကျပြီး အလွန်အားကို ယုံကြည်တဲ့အတွက် လွတ်လပ်ရေးရပြီး လို့ရှိရင် ဖဆပလမှာ သူကို ဒုတိယ၀န်ကြီး ချုပ်အဖြစ်ခန့်မယ်လိုထုတ်ဖော်ပြောခဲ့ဖူး ပါတယ်ဗျာ မလှရီရာ။
မလှရီရေ မန်းဘခိုင်ဟာ ကရင်းတိုင်း ရင်းသားတစ်ယောက်ပါ။ ကရင်၊ ဗမာ ချစ်ကြည်ရေးကိုလည်း အတော်လေး လေးနက်ထားသူပါဗျာ။
“ကရင်အိမ် မီးလောင်ရင် ဗမာအိမ် ပြာကျတာပဲ။
ဗမာ သေရင်တော့လည်း ကရင် မသာဖြစ်တာပဲ ကျုပ်တို့ဟာ ညီအစ်ကို တွေပဲ” လို့ မန်းဘခိုင်က ပြောဖူး၏။ အဲဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း က ကရင်တိုင်းရင်းသားတွေထဲမှာ အားကိုး ဆုံးနဲ့ ယုံကြည်ရဆုံးပါပဲလေ။
မလှရီရေ အာဇာနည်မန်းဘခိုင်က
“သည်တိုင်းပြည်ဟာ လူတစ်မျိုးတည်း ပိုင်ဆိုင်တဲ့ပြည်မဟုတ်ဘူး။ လူတစ်စုရဲ့ အမွေဆိုင်ပစ္စည်းမဟုတ်ဘူး။
တိုင်းရင်းသားလူမျိုးတိုင်းလူမျိုးတိုင်း ရဲ့ အမွေဆိုင်ပစ္စည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာအမွေဆိုင်တွေဖြစ်ကြ တယ်။
အမွေဆိုင်ဆိုလျှင် ကောင်းမွေကို လည်းခံရမယ်။ ဆိုးမွေကိုလည်းခံရမယ်။
ကြွက်ခွန်တောင်းတော့လင်းနို့ လင်းနို့ ခွန်တောင်းတော့ ကြွက်လို့ မပြောင်းလဲ ရဘူး။
သည်တိုင်းပြည်ဟာ တို့ပြည်ဖြစ် တယ်။ သည်ပြည်ရဲ့ ရရှိခံစားထိုက်တဲ့ အခွင့်အရေးတွေကိုလည်း ငါတို့ခံစားရ မယ်။
သည်ပြည်ရဲ့ ကျရောက်သမျှ ဘေးဒုက်္ခအန်္တရာယ်အခက်အခဲတွေကို လည်း ငါတို့ရင်ဆိုင်ရဲရမယ်လို့နားလည် ထားကြရမယ်။ အမြင်ကို သဘောထား ပြီး ဘယ်သူသေသေငါမာလျှင် ပြီးတာပဲ လို့ သဘောမထားရဘူး။ သည်ပြည်မှာ ကရင်တစ်မျိုးတည်းရဲ့ အကျိုးသက်သက် လုပ်လို့မဖြစ်သလို ဗမာတစ်မျိုးတည်းရဲ့ အကျိုးသက်သက်ကို လုပ်လို့မဖြစ်နိုင်ဘူး။
ဗမာပြည်လွတ်လပ်ခြင်းဟာ ကရင် လူမျိုးလွတ်လပ်ခြင်း၊ ဗမာကောင်းစားခြင်း သည် ကရင်လူမျိုးစားကောင်းခြင်းလို့ သဘောပေါက်ကြသလိုသည်ပြည်ကြီး ဘေးအန္တရာယ်အတိဒုက္ခရောက်သည် လည်း ကရင်လူမျိုးတို့ဘေးဒုက္ခရောက် အခက်အခဲဖြစ်တာပဲ။ လို့ပြောခဲ့ဖူးပါ တယ်ဗျာ မလှရီရာ။ မလှရီရေ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့မှာ အတွင်း ရုံကိုသွားဖို့ကားပေါ်အရောက်မှာ သားကြီးဖြစ်သူမန်းချစ်ခိုင်ကို “ဖအေက ၀န်ကြီးဖြစ်တာနဲ့ မအေကတောမှာ လယ် နဲ့ ချောင်းနဲ့၊ ငှက်ပျောခြံနဲ့၊ နေနိုင်တာနဲ့ပဲ မင်းကဘာမှမလုပ်ချင်လို့ဘယ်ရမလဲ။
ငါဝန်ကြီးဖြစ်နေတာဟာ မင်းတို့ အတွက်ဘာအခွင့်အရေးမှ ရလာတာ မဟုတ်ဘူး။ ငါက နိုင်ငံရေးလုပ်နေတာ။ တိုင်းပြည်အတွက်လုပ်နေတာ။ ငါ့ဟာ့ ငါလည်းဝန်ကြီးဖြစ်ဖို့ ကြိုးစားခဲ့တာမဟုတ် ဘူး။ ဗိုလ်ချုပ်ကခန့်လို့ဖြစ်လာတာ။
ငါတို့ အခုလုပ်နေတဲ့ နိုင်ငံရေးက တကယ့်အကျပ်အတည်းကာလ ရှေ့လျှောက်ဘာတွေဖြစ်မယ်ဆိုတာ ငါလည်း မသိဘူး။
သည်တော့ မောင်နှမတွေကို စောင့်ရှောက်ရမယ့်တာဝန်မင်းမှာ အမြဲ တမ်းရှိတယ်ဆိုတာ မမေ့နဲ့” လို့သားဖြစ် သူကို ရိုးသားတည်ကြည်မှုတွေနဲ့ ပွင့်လင်း မူတွေကြောင့် ဖဆပလအဖွဲ့ချုပ်တွင် လွန်စွာမှ ထင်ရှားခဲ့သူအမျိုးသားခေါင်း ဆောင်ကြီးမြန်မာ့လွတ်လပ်ရေးကြိုးပမ်း သူမန်းဘခိုင်ကပြောခဲ့ပါတယ်ဗျာ မလှရီ ရာ။
အောက်တိုဘာအောင်ကြီး
No comments:
Post a Comment