Sunday, January 13, 2013

မြောက်ပိုင်းလူသတ်မှုကိုဘယ်လိုဖြေရှင်းကြမလဲ

ကိုမိုးသိး ၊ ကိုနိင် အောင် ၊ ကို သံ ချောင်း တို့ ၏ တာဝန် ယူမူ့  ဖြောင့် မှတ် တည်ကြည် မူ့ များကို စောင့် ကြည့်  ကြရန် ....
"ဘုရင်ခံက သူကြီးကွပ်မျက်မှု အကြောင်းကို မေးမြန်းသောအခါ
ဗိုလ်ချုပ်အောင်ဆန်းက ရှောင်လွှဲဖုံးကွယ်ခြင်း အလျဉ်းမပြုဘဲ ယင်းအမှုအတွက်
သူ့တွင် တာဝန်ရှိသည်ဟု မဆိုင်းမတွ ပြောသည်။
ဣနြေ္ဒမပျက် တည်ငြိမ်စွာ
ပြောခြင်းဖြစ်သည်။ ဘုရင်ခံပင် အံ့သြသွားသည်။ ထိုသူကြီးကို ဗမာ့လွတ်လပ်ရေး
တပ်မတော် စစ်ခုံးရုံးက စစ်ဆေးပြီး သေဒဏ်အပြစ်ပေး၍ ကွပ်မျက်ခြင်းဖြစ်သည်ဟု
ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံကို ပြောသည်"

အေဘီ လူသတ် မူ များ သည် ၊ လူသတ် မူ မျိုး သည် ၊ စစ် တပ် ၏ လူသတ် မူ့ များ ၊ အခြား တိုင်း ရင်းသား နယ် မြေများ တွင် ဖြစ် သော အမူများ နှင့်  နိုင်း ယှဉ် ၍ မရ နိုင် ပေ ၊ မတူ တာ တွေ များ စွာ ရှိ နေ သည် ၊ အပြစ် တကယ် ရှိ မရှိ ထောက် လှမ်း ရေး တကယ် ဟုတ် မဟုတ် ဆို သည် အချက် ကပင် အထူး ထင် ရှား နေပေ ပြီ ၊ ကို သံ ချောင်း အနေ နှင့် အခြား နေရာ တွေ မှာ လည်း လူသတ် နေ တာ ပါ ပဲ ဟု ပြော ၍ နိုင်းယှဉ် ၍ မရ နိုင် ပေ...
 Sai Kyaw Oo
 
ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲ ခံထားရသူ လှဆိုင်း အေဘီမှာ ခေါင်းဆောင်ခွင့် ရှိသလား..
 
ရှိတယ်ဆို လျှင် လက်ရှိ အေဘီ က ဒီအမူ ကို ဖေါ် ထုတ်ဖို့ လုပ်နေပါတယ် ဆိုတာ ဘယ်လို့ တရား မျှတ မှူရှိ နိုင် မှာ လဲ  ၊
လူ့ အခွင့်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့မှာ လူ့အခွင့်ရေး ချိုးဖောက်သူတွေ မရှိသင့်ဘူုး ဦးမဆောင် သင့် တော့ ဘူး အမူ ရှင်း မပြီး ခင် အထိ ပေါ့ ..
 
အေဘီက ဒီကိစ္စ စုံစမ်း ဆဲ ပါဆို လျှင် လုပ်ထုံး လုပ် နည်း အရ ထို သူ တွေကို ခေတ္တ တာ ၀န် တွေကရပ် နား ထား ရ ပါမယ်...
 
အခုလက်ရှိ ABSDF အဖွဲ့ကို ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ပြောဖို့ဆိုရင် အဲဒီလို တရားလက်လွတ် ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဘယ်လိုတာဝန်ယူပေးလည်း။ တရားမျှတမှု အတွက် ဘာတွေလုပ်ပေးလည်း ဆိုတာအပေါ် မူတည်ပါတယ်။
ဒါတွေကို သိသိကြီးနဲ့ ရူးချင်ယောင် ဆောင်ပြီး ကျောင်းသားတွေကို မတရားသဖြင့် နှိပ်စက် သတ်ဖြတ်ခဲ့တဲ့ သူတွေကို ဝေ့လည်ကြောင်ပတ် ကာကွယ်ပေးနေသရွေ့တော့ ဘယ်သူတွေက ဘာတွေပဲပြောပြော ကျွန်တော်တို့လို အပြင်လူတွေ အနေနဲ့က အဲဒီအဖွဲ့ကို ကောင်းသောအဖွဲ့ပါလို့ ယူဆလို့ မရနိုင်ပါ..လေးစားလို့ မရနိုင်ပါ ခင်ဗျာ...။
 ABSDF မှာ ပြစ်မှုကျူးလွန်တဲ့ သူတွေ ပါဝင်လို့ ရရဲ့လား။ ပါဝင်လို့ရတယ်ဆိုရင် ABSDF ကဘာဖြစ်သွားမလဲ။
လူ့အခွင့်ရေး ချိုးဖောက်တဲ့ လူတွေက ဒီလူ့အခွင့်ရေးကို ပြည်သူတွေကို ပြောမယ်ဆိုတာ ဘယ်လိုမှ လက်ခံလို့မရဘူး။
ABSDF ကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ကျမတို့က ခွဲထုတ်ပေးနေတာ၊ ဒီလို လူသတ်ခဲ့တဲ့သူတွေနဲ့ ABSDF ကို ခွဲမြင်ကြဖို့လိုတယ်
 စစ်အဏာရှင်ဆိုပြီးအမည်ခံကာ စစ်တပ်ကအာဏာသိမ်း၊မတရားပြုကျင့်၊သတ်ဖြတ်တာကို AB အနေနဲ့ဥပမာပေးပြီး ဘယ်သူဖေါ်ထုတ်ခဲ့သလဲ လို့သံခဲအနေနဲ့ တိုင်းထွာပြီးပြောလို့မရပါဘူး။ စစ်တပ်က သူ့ကိုယ်သူ စစ်အာဏာရှင်၊စစ်အုပ်ချုပ်ရေးလို့ အမည်ကို နိုင်ငံတကာသိအောင် အမည်ခံပြီးလုပ်နေတာ။အမည်ခံဝံ့တယ်။ AB ကဒီမိုကရေစီတော်လှန်ရေးဆိုပြီး စစ်အာဏာရှင်တွေကို တိုက်ပွဲဝင်နေတာ။ ဒီလိုခေါင်းစဉ်အောက်မှာ ရက်ရက်စက်စက်ခေါင်းဖြတ်ပြီးကျောင်းသားအချင်းချင်း တပ်ဖွဲ့ဝင်အချင်းချင်း လူ့အခွင့်အရးချိုးဖေါက်သတ်ပစ်တာကတော့ ခွင့်လွှတ်နိုင်စရာမရှိဘူး။ မင်းသားခေါင်းစောင်းပြီး ဘီလူးအကကနေသလိုဖြစ်နေတယ်။နောက်ပြီးအပြစ်ရှိသူတွေကိုလဲ ကာကွယ်ပေး၊AB အတွင်းလဲနေရာပေးထားတယ်ဆိုတော့ AB အဖွဲ့ဟာဘယ်လိုအဖွဲ့လဲ။ဒီမိုကရေစီမရှိတဲ့ လက်နက်ကိုင်အဖွဲ့ဆိုတဲ့ အဓိပ္ပါယ်ထက်မပိုဘူး။လူသတ်လက်နက်ကိုင်အဖွဲ့ပေါ့။ ဒီလိုအခြေအနေကနေ ဥက္ကဋ္ဌ လုပ်သူကပြန်လည်တည့်မတ်အောင်၊သိက္ခာရှိတဲ့အဖွဲ့ဖြစ်လာအောင်၊အများကလေးစားတဲ့အဖွဲ့ဖြစ်လာအောင်လုပ်ရမှာဖြစ်တယ်။

မြောက်ပိုင်းလူသတ်မှုကိုဘယ်လိုဖြေရှင်းကြမလဲ

by Ko Oo on Sunday, January 6, 2013 at 11:55am ·

တရားမျှတမှုကို တိုင်တည်ခြင်း(သို့)“မူဝါဒမျက်လုံး"
ကိုကိုဦး(တပ်ရင်း-၁၀၂)
ဇန်နာဝါရီလ(၆)ရက်၊၂၀၁၃
မြောက်ပိုင်းလူသတ်မှုကိုဘယ်လိုဖြေရှင်းကြမလဲ
ပြဿနာကိုချည်းကပ်ပုံကရိုးရှင်းဖို့လိုတယ်၊ မူဝါဒအပေါ်အခြေခံဖို့လိုပါတယ်၊
ပြဿနာရဲ့ကျောရိုးက လူသတ်မှု murder crime ဖြစ်တယ်၊ ကျောင်းသား
တပ်မတော်ရဲ့မူဝါဒ policy ကြောင့်ဖြစ်လာရတာမဟုတ်ဘူး၊ ကျောင်းသား
တပ်မတော်မှာ စည်းကမ်းအပြည့်နဲ့ရေးဆွဲထားတဲ့အခြေခံဥပဒေရှိတယ်၊
Rules and regulation တွေအတိအကျရှိတယ်၊
ဒါတွေကိုဘယ်သူတွေကဖေါက်ချက်ခဲ့သလည်း၊ ဘယ်နေရာမှာဖေါက်ဖျက်ခဲ့သလည်း၊
ဘယ်လိုအခြေအနေမျိုးမှာဖေါက်ဖျက်ခဲ့သလည်း၊ ဘယ်လိုသောအကျပ်အတည်း
အောက်မှာဖြစ်ခဲ့ရသလည်း၊ ဘယ်လိုလူမျိုးတွေကဒီလိုပြစ်မှုတွေကိုကျူးလွန်ခဲ့သလည်း၊
ဥပဒေနဲ့အညီဖြစ်ခဲ့သလား၊ တရားမျှတမှုရှိခဲ့သလားမရှိခဲ့ဘူးလား စသည်တို့ကို
ကျနော်တို့တော်တော်များများသိခဲ့ကြားခဲ့ကြပြီဖြစ်ပါတယ်၊
အားလုံးကိုခြုံပြီးပြောရမယ်ဆိုရင် အပြစ်မဲ့ကျောင်းသားတပ်မတော်ရဲဘော်တွေ
မြောက်ပိုင်းမှာလူအသတ်ခံခဲ့ရတယ်။ နိုင်ငံရေးအသတ်ခံခဲ့ရတယ်၊
ဘ၀နဲ့ရင်းပြီးနစ်နာခဲ့ကြရတယ်၊ ဒါကိုစာနာ နားလည်ပေးရမယ်၊
ဒါဟာကျနော်လိုချင်တဲ့ ကျနော်တို့တိုက်ပွဲဝင်နေတဲ့ လူအခွင့်အရေးဖြစ်တယ်၊
ကျနော်လိုချင်တဲ့ တရားမျှတမှုဖြစ်တယ်၊ ဘက်မလိုက်မှုဖြစ်တယ်၊
ဒါတွေကိုမျက်ကွယ်ပြုပြီး မကဒတကိုကျနော်တို့ချစ်ပါတယ်၊ လူ့အခွင့်အရေးကို
ကျနော်မြတ်နိုးပါတယ်လို့ လူထုကိုချပြလို့မရပါ၊ အမှန်တရားကို လက်ဆုတ်ကိုင်
နိုင်ဖို့ ကျနော်တို့လက်တွေအားလုံး မူဝါဒမြဲအောင်ဆုတ်ကိုင်ထားဖို့လိုပါတယ်၊
အခြားတစ်ဖက်မှာလည်း ကျောင်းသားတပ်မတော်ဟာ ဒါးစားခံဖြစ်ခဲ့ရပြန်တယ်၊
အတိအကျပြောရရင် ကျောင်းသားတပ်မတော်မှာတိကျစွာပြဒါန်းထားတဲ့
ဥပဒေကိုဖေါက်ဖျက်ကျော်လွန်ပြီး ဥပဒေမဲ့လုပ်ခဲ့တဲ့လူတွေကြောင့်
ဆင်ချင်တုံတရားကင်းမဲ့သူတွေကြောင့် ကျောင်းသားတပ်မတော်ဟာ
ဒါးစားခံဖြစ်ခဲ့ရတယ်၊ ဒီနေ့နာမယ်ပျက်ခဲ့ရတယ်၊ အဓိကတာဝန်ရှိသူတွေပါခဲ့တယ်၊
ဒီလိုလုပ်ရပ်ဖြစ်လာဖို့အတွက်ဖြစ်စဉ်တစ်လျှောက်လုံးမှာပါခဲ့သူတွေအားလုံးကို
မိတ်ဖက်ကင်းကင်း ရှင်းရှင်းမြင်ဖို့လိုတယ်၊ ယုတ်အဆွဆုံးအိမ်သူသက်ထားပါ
နေခဲ့ရင်တောင် ညှာတာပေးလို့မရတာ တရားမျှတမှုပါ၊ ခင်ဗျားတို့ကျနော်တို့အားလုံး
လိုချင်တောင်းတနေကြတဲ့ တရားမျှတမှုတွေပါ၊
ဒီတော့ ဒီလိုဘ၀နဲ့ရင်းပြီးနစ်နာခဲ့ကြသူတွေအတွက် ဘာတွေလုပ်သင့်သလည်း၊
ပြီးတော့ ဒါးစားခံဖြစ်ခဲ့ရတဲ့ကျောင်းသားတပ်မတော်ကို ဘယ်လိုလုပ်ပြီး
ဒါးစားခံဘ၀ကနေလွတ်အောင်လုပ်ကြမှာလဲ၊ အမှန်တကယ်တော်လှန်ရေးအကျိုးစီးပွါးကို
ထမ်းဆောင်ရင်း အသက်ပေးသွားသူတွေကျိုးကန်းသွားသူတွေ အကောင်းပကတိ
ဘ၀တစိတ်တပိုင်းကိုတော်လှန်ရေးမှာ မြှုပ်နှံခဲ့သူတွေအားလုံးရဲ့ ဂုဏ်သိက္ခာကို
ဘယ်လိုပြန်ဖေါ်ကြမှာလဲဆိုတာ အရေးကြီးတဲ့သမိုင်းတစ်ခုပါ၊
ကျနော်မြင်တာကတော့ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာ စိုးရိမ်ကြပူပန်ကြသူတွေအား
လုံးဟာ လက်ရှိကျောင်းသားတပ်မတော်တစ်ခုနဲ့သာ သက်ဆိုင်ခြင်းမရှိပဲ
အဖွဲ့အတွင်းအတွင်းအပြင်ရှိ စွန့်လွတ်ပေးဆပ်ခဲ့သူတွေအားလုံးနဲ့လည်း
သက်ဆိုင်နေပြန်ပါတယ်၊ ဒါကြောင့်လက်ရှိပြဿနာဖြေရှင်းမှုကိုမပြတ်
လေ့လာနေကြတာပဲဖြစ်တယ်၊ ကိုယ်တိုင်လည်းပါဝင်ဖြေရှင်းပိုင်ခွင့်နိုင်ခွင့်
မရှိတော့လည်း အကောင်းဆုံးဖြစ်လာပါစေလို့ပဲဆုတောင်းပေးနေရတယ်၊
တစ်ခါတစ်လေ ဖြေရှင်းပုံဖြေရှင်းနည်းတွေကလည်းလို့ရာမရောက်ပဲ
အလှမ်းဝေးသွားတဲ့အခါမျိုးမှာစိတ်ဓါတ်ကျမိတာတော့အမှန်ပါ၊
အကောင်းဆုံးဖြစ်စေချင်သောစိတ်ကျနော်အားလုံးမှာရှိမယ်လို့ယုံကြည်တယ်၊
ကိုယ်အထင်နဲ့ကိုယ်အမြင်ဖြေရှင်းနေကြတာထက် မူဝါဒအပေါ်၊
လူ့အခွင့်အရေးအပေါ်၊ တရားမျှတမှုအပေါ် စံထားပြီးဖြေရှင်းနိုင်သူတွေ
ရှိလာမှပဲ ကောင်းမွန်လှပတဲ့သမိုင်းတစ်ခုကိုပြန်ရေးနိုင်မယ်လို့ထင်ပါတယ်၊
ကျနော်တို့မှာဘက်လိုက်မှုကင်းတဲ့အမြင်မျိုးရှိဖို့လိုတယ်၊ “မူဝါဒမျက်လုံး"လို့ဆိုရမဲ့
အမြင်မှန်ရှိဖို့လည်းအထူးလိုအပ်လှပါတယ်၊ ဘာကြောင့်ပြောရသလည်းဆိုတော့
ကျနော်တို့တော်တော်များများဟာ ပုဂ္ဂိုလ်ကိုခင်ပြီး တရားမင်တတ်သူတွေအများကြီး
ရှိနေသေးလို့ဖြစ်ပါတယ်၊
အမှန်တကယ်မူဝါဒမျက်လုံးနဲ့ ကြည်ကြစတမ်းဆိုလျှင် အသတ်ခံခဲ့ရသူတွေဟာ
ကျနော်တို့တော်လှန်ရေးလုပ်ဖော်ကိုင်ဘက် ညီအစ်ကိုတွေပါ၊ ကျနော်တို့
မကဒတ အဖွဲ့ဝင်တွေပါ၊ သူတို့ခံစားမှုကိုတကယ်နားလည်ရင်
ကျနော်တို့အမှန်တရားဖြစ်စဉ်မှာ အားတက်သရောပူးပေါင်းဆောင်ရွက်ရမှာ
ဖြစ်သလို သူတို့ကိုလည်းကျနော်တို့ချစ်ကြတဲ့ ကျောင်းသားတပ်မတော်ရဲ့
ဂုဏ်သိက္ခာ အမှန်ပြန်လည်ရရှိရေးမှာ တတပ်တအားပါဝင်ပေးကြဖို့ကိုလည်း
လမ်းဖွင့်ပေးရမှာဖြစ်ပါတယ်၊
လက်ရှိအနေအထားမှာ ထောက်လှမ်းရေးဖြစ်ခြင်းမဖြစ်ခြင်းကို အကြောင်းပြပြီး
လူသတ်သမားတွေကို ထောက်ခံသူတွေရှိနေသေးတာကလည်းတစ်မှောက်ဖြစ်
နေတယ်၊ ထောက်လှမ်းရေးဆိုတာ မင်းလည်းဖြစ်နိုင်ငါလည်းဖြစ်နိုင်တဲ့တောတွင်း
ဥပဒေရဲ့အားနည်းချက်ဖြစ်လို့ အာဏာလက်ရှိ ရှိနေသူကအသာစီးရတတ်တဲ့
သဘာဝပါ၊
တကယ်ဆိုရင်ထောက်လှမ်းရေးက လူသတ်သမားလည်းဖြစ်နိုင်ပါတယ်၊
ဒါဆိုရင်တော့ ထောက်လှမ်းရေးဖြစ်ခြင်းမဖြစ်ခြင်း အဓိကအကြောင်းမဟုတ်
ကျောင်းသားတပ်မတော်ရဲ့ဥပဒေကိုအလွဲသုံးစားလုပ်တဲ့ တာဝန်မဲ့ခဲ့သူတွေကြောင့်
ဒီဆိုးကျိုးတွေကိုငါတို့ညီအစ်ကိုတွေအားလုံးခံနေရပါတယ်ဆိုတဲ့အမြင်မျိုးနဲ့သာ
ပြဿနာကိုချည်းကပ်သင့်ပါတယ်၊
အခုကြည့်ကြပါ၊ ခံရသူအချင်းချင်းကဆန့်ကျင်ဘက်တွေဖြစ်ပြီး အချင်းချင်းပြန်ချနေ
ရသလိုဖြစ်နေတယ်၊ ဒါးစာခံဖြစ်ခဲ့ရတဲ့ ကျောင်းသားတပ်မတော်ရယ် အသတ်ခံခဲ့ရ
အနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင်ဟောင်းတွေ
ထိပ်တိုက်တွေ့နေကြတယ်၊ အမှန်တကယ်ဆိုရင် ပုခုန်းဖက်ပြီးဖြေရှင်းရမဲ့ကိစ္စတွေပါ၊
မင်းလဲခံခဲ့ရတယ်၊ ငါတို့လည်းခံခဲ့ရတယ်ဆိုပြီး ညီရင်းအစ်ကိုစိတ်ဓါတ်နဲ့ဖြေရှင်းကြရမှာပါ၊
ဒီလိုစိတ်ဓါတ်ရှိတဲ့သူတွေမရှိတော့ဘူးလား၊ မရနိုင်တော့ဘူးလို့မေးရင်
ရှိတယ်လို့ပဲဖြေရမယ်၊ လူမှန်နေရာမှန်မရှိသေးတဲ့ပြဿနာကလည်း
ဒီနေ့အနေအထားအရဖြေရှင်းရတာအလွန်ခက်ခဲနေတာကပဲသက်သေပြနေပါတယ်၊
ကျနော်အနေနဲ့လက်ရှိနှစ်ပါတီဘက်နှစ်ဘက်ဖြေရှင်းမှုကလုံလောက်တဲ့အဖြေကို
မရနိုင်မှန်း ခန့်မှန်းမိပါတယ်၊ ဖြစ်နိုင်ရင်တော့ မကဒတအနေနဲ့
အရေးပေါ်ညီလာခံမျိုး(သို့) အထူးစီမီနာလိုတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့်ခေါ်ယူပြီး
ဘက်စုံတက်စုံဖြေရှင်းသွားပါကပိုမိုကောင်းမွန်တဲ့
ရလဒ်ကိုရနိုင်မယ်လို့မျှော်လင့်ပါတယ်၊
ကျနော်၏အမြင်ကိုရိုးရိုးသားသားဝေမျှတာပါ။ အားလုံးကိုလေးစားပါတယ်၊
 

(ကုလား(သူကြီး)သူလျှိုအား ကွပ်မျက်ခြင်း) ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲသည့် ဂုဏ်သိက္ခာ နောက်ထပ်ပြယုဒ်တစ်ခုမှာ စိတ်ဝင်စားဖို့ ကောင်းပါသည်။ လက်လှမ်းမီသည့် စာအုပ် ၂ အုပ်မှ မှီငြမ်း ကိုးကားတင်ပြလိုပါသည်။ ၁။ နိုင်ငံရေး အတွေ့အကြုံများ ၊ ကိုသန်း (ကြည့်မြင်တိုင်) ပင်ဝါးရုံစာပေ ၊ ပထမအကြိမ် ၊ ၂၀၀၉ နိုဝင်ဘာ ၊ ၂။ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ ၊ ကျော်အောင် Last and First in Burma by Maurice Collis ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၂၀၁၁ ဇန်န၀ါရီ ၊ "ရွာလူထုက တိုင်ကြား ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ရန်အောင်နှင့် သခင်ထွန်းအုပ်တို့ ပါဝင်သော ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ်သည်လည်း မော်လမြိုင်စစ်ကြောင်းနှင့် လိုက်ပါခဲ့ပြီး ထိုင်းနိုင်ငံတွင်းရှိ သာဆောင်ရန်းမှ တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော် ချီတက်ခဲ့ကြသည်။ မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး သံလွင်မြစ်ကို ဖြတ်ကူးသည်။ ထို့နောက် မဲပလီ၊ ယင်းပိုင်တို့မှတစ်ဆင့် ဘီးလင်းမြစ်ကို ဖြတ်ကူးကာ ၀မဲလူ၊ ၀င်းကလုံမှ ဆက်လက် ချီတက်ခဲ့ကြရာ စစ်တောင်းမြစ်ကမ်းပေါ်ရှိ ကွမ်းဆိပ်သို့ ရောက်သည်။ ယင်းသို့ ချီတက်ခဲ့ရာတွင် သထုံခရိုင် ပေါင်မြို့နယ် အတွင်းမှ သဲဖြူကုန်းရွာ ကုလားသူကြီးသည် အင်္ဂလိပ်စစ်တပ်များ အတွက် သူလျှိုလုပ်ပေးရပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုလည်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ခဲ့ကြောင်း ရွာလူထုက တိုင်ကြားသည်။ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ ထိုအခါ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်က ကုလားသူကြီးကို ဖမ်းဆီးပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးသည်။ စစ်ဆေးရာတွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးရန် စစ်ခုံရုံးက ဆုံးဖြတ်သည်။ (ဗိုလ်ချုပ်အောင်ဆန်းက စစ်ခုံးရုံး ဥက္ကဋ္ဌ ဖြစ်သည်) ထိုအင်္ဂလိပ် သူလျှို ကုလားသူကြီးကို မုတ္တမမြို့ ဘောလုံးကွင်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဓါးရှည်ဖြင့် ခုတ်ပြီး ကွပ်မျက်ခဲ့သည်။ တော်တော်နှင့် မသေသဖြင့် သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရန် အမိန့်ပေးရသည်ဟု ဆိုသည်။ သူလျှို ကွပ်မျက်ပွဲသို့ လူအမြောက်အမြား လာရောက် ကြည့်ရှုခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်လာရာ လမ်းကြောင်းတစ်လျှောက်တွင် အင်္ဂလိပ်သူလျှိုများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကို နှောင့်ယှက်ဖျက်ဆီးသူများ၊ ပဉ္စမံများ၊ အလိုတော်ရိများ၊ သူခိုးဓါးပြများကို သုတ်သင်ခဲ့ကြရသည်။ ထိုသို့ ပြုလုပ်ခဲ့သဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်၏ အုပ်ချုပ်မှုအောက်ရှိ မြို့ရွာ ကျေးလက်ဒေသများသည် ရေခဲနှင်းဆောင်းတမျှ အလွန်အေးချမ်းခဲ့သည်။ တံခါးမပိတ်ဘဲ အိပ်လျှင်ပင် ခိုးမည့်သူမရှိ။ မှုခင်းမရှိသလောက် နည်းသည်။ သဲဖြူကုန်း သူကြီးကို သေဒဏ် ပေးခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်ခဲ့ရာ လမ်းကြောင်းတစ်လျှောက် သေဒဏ်ပေး ကွပ်မျက်ခဲ့သည့် အမှုပေါင်းများစွာ အနက်မှ တစ်ခုသာဖြစ်သည်။ စာရေးသူသည် (ကိုသန်း၊ ကြည့်မြင်တိုင်) ဗမာ့လွတ်လပ်ရေး တပ်မတော်မှ သေဒဏ်ပေး ကွပ်မျက်မှု နှစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ရသည်။ တစ်ခုက စိန့်မိုက်ကယ် မျက်မမြင်ကျောင်းဝင်း အတွင်း ဓါးပြတစ်ယောက်ကို ဗိုလ်ကျော်ဇောက လှံစွပ်ထိုး ကွပ်မျက်မှု ၊ နောက်တစ်ခု ဟင်္သာတမြို့ ဘောလုံးကွင်းအတွင်း ဗိုလ်ရန်နိုင်၏ နောက်ချန်တပ်ဖြစ်သော ဗိုလ်သန်းအောင်၏ တပ်က ဓါးပြတစ်ဦးအား လှံစွပ်ထိုး ကွပ်မျက်မှုတို့ ဖြစ်သည်။ ယင်းအတွက် မည်သူ့ကိုမျှ အရေးယူသည်ဟု မကြားခဲ့ရပေ။" (နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့ ကြိုးပမ်းခဲ့စဉ်က ဆောင်းပါး ၊ စာမျက်နှာ ၉၉ - ၁၀၀) အထက်ပါ ဖြစ်ရပ်သည် ၁၉၄၁ ဒီဇင်ဘာလ ပတ်ဝန်းကျင်အတွင်း ဖြစ်ခဲ့သည်ဟု ခန့်မှန်းရပါသည်။ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာသည့် ဘုရင်ခံ ဒေါ်မန်စမစ်၏ ဥပဒေပြုကောင်စီ အစည်းအဝေးကို ၁၉၄၆ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ၁၉၄၁ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ စစ်ချီခဲ့သည့် သခင်ထွန်းအုပ်သည်လည်း ထိုဥပဒေပြုကောင်စီတွင် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ သခင်ထွန်းအုပ်က ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား လူသတ်တရားခံအဖြစ် စွပ်စွဲလိုက်သည်။ လူသတ်မှုဖြင့် ဖမ်းဆီးရမည်။ သခင်ထွန်းအုပ်က သူကိုယ်တိုင် မျက်မြင်သက်သေအဖြစ် ရုံးတွင် သက်သေခံမည်ဟု တင်ပြသည်။ (အသေးစိတ်ကို ဆရာကျော်အောင် ဘာသာပြန်ထားသည့် မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ စာအုပ် ၊ အောင်ဆန်းနှင့် ယှဉ်ပြိုင်ခြင်း အခန်း ၊ စာမျက်နှာ ၃၈၈တွင် ဖတ်ရှုနိုင်ပါသည်။) ထိုသတင်းသည် ရန်ကုန်သတင်းစာများ၊ လန်ဒန်သတင်းစာများတွင် ပျံ့နှံ့သွားသည်။ ဗိုလ်ချုပ်ကို ဖမ်းဆီးချင်နေသည့် အင်္ဂလိပ်တို့ ပိုမို ဗျာများသွားသည်။ ဖမ်းဆီးရန် သင့် မသင့် နယ်ဘက် စစ်ဘက် ခေါင်းဆောင်များ ခေါင်းချင်းဆိုင်ကြသည်။ ဘုရင်ခံက ဖမ်းဆီးချင်နေသူ ဖြစ်သည်။ ပုဂ္ဂိုလ်ချင်း ဆက်သွယ်မှု၏ အကျိုးတရားများကို ယုံကြည်သူ ဘုရင်ခံ ဒေါ်မန်စမစ်က ၁၉၄၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို အစိုးရအိမ်တော်သို့ ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်။ "ဘုရင်ခံက သူကြီးကွပ်မျက်မှု အကြောင်းကို မေးမြန်းသောအခါ ဗိုလ်ချုပ်အောင်ဆန်းက ရှောင်လွှဲဖုံးကွယ်ခြင်း အလျဉ်းမပြုဘဲ ယင်းအမှုအတွက် သူ့တွင် တာဝန်ရှိသည်ဟု မဆိုင်းမတွ ပြောသည်။ ဣနြေ္ဒမပျက် တည်ငြိမ်စွာ ပြောခြင်းဖြစ်သည်။ ဘုရင်ခံပင် အံ့သြသွားသည်။ ထိုသူကြီးကို ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ခုံးရုံးက စစ်ဆေးပြီး သေဒဏ်အပြစ်ပေး၍ ကွပ်မျက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံကို ပြောသည်" (နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့ ကြိုးပမ်းခဲ့စဉ်က ဆောင်းပါး ၊ စာမျက်နှာ ၁၀၉)( ဗိုလ်ချုပ် လှံစွတ်နဲ့ ထိုးခဲ့တဲ့ ကုလားတဲ့ နာမည်က အဘ္ဘဒူ ရာရှစ်တဲ့။ ဒီကောင့်ကို သဲဖြူကုန်းရွာ ကနေပြီး သထုံ အထိ ဝက်တင်တဲ့ လှည်းနဲ့ ခေါ်သွားတာတဲ့။ ဒီကုလားလုပ်လို့ ဘီအိုင်အေ တွေ သေတာ အများကြီး ဆိုဘဲ။ကြွက် တင်ထားတဲ့ သတင်းနဲ့ နည်းနည်းကွာနေလို့ပါ သူကြီးနာမယ်က အဗ္ဗဒူလာရာရှစ် သူ့မိန်းမက မအမာတဲ့။)http://www.facebook.com/photo.php?fbid=234289200039516&set=a.190758221059281.47219.190753454393091&type=1&theater

No comments: