Sunday, January 13, 2013

သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ဒဏ်ရာရသံဃာတော်များအား အင်္ဂလန်မှ အရေပြားအထူးကုဆရာဝန်ကြီး လာရောက် ကုသပေး

သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ဒဏ်ရာရသံဃာတော်များအား
 အင်္ဂလန်မှ အရေပြားအထူးကုဆရာဝန်ကြီး လာရောက် ကုသပေး

မန္တလေး-ဇန်န၀ါရီ ၁၃
သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် လက်ပံတောင်းတောင် သပိတ်စခန်ြး့ဖိုခွင်းမှုတွင် ဒါဏ်ရာရခဲ့သော သံဃာတော်များအား အင်္ဂလန်နိုင်ငံမှ အရေပြားအထူးကုဆရာ ၀န်ကြီးကို  ပင့်ဆောင်ကာ မြန်မာနိုင်ငံမှ အရေးပြားအထူးကု ဆရာဝန်များနှင့် ပူးပေါင်း၍ လိုအပ်သည့် ဆေးကု သမှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
 သံဃာတော် အပါး ၁၀၀ကျော် လာရောက်ကုသခဲ့ကြောင်း အနီးကပ်ပြုစုစောင့်ရှောက်သူ ဆရာတော် ဦးဇောတိပါလမှ မိန့်ကြား သည်။ 
အစက ဒီမှာ အိန္ဒိယကို ပို့ပြီး ကုသမယ့် သံဃာတော်လေးပါးရှိတယ်။ သီတဂူဆရာတော်ကြီးက ဒီမှာပဲရအောင်ကုမယ်ဆိုပြီး နိုင်ငံခြားကဆရာဝန်ကြီးကို
 ခေါ်ပြီးကုပေးတာကြောင့် မပို့ဖြစ်တော့တာ။ ပေါင်းသားကနည်းနည်းလှီးပြီး လက်မှာ ပြန်ပြီး အစားထိုးခွဲစိတ်တာမျိုးတွေလုပ်ရတယ်။ ဒဏ်ရာရသူတွေအားလုံးကို လိုအပ်တာအကုန်ကုပေးတယ်။ ခွဲစိပ်ဖို့လိုအပ်ရင်ခွဲစိတ်ပေးတယ် ဟု ဆရာတော် ဦး ဇောတိပါလမှ မိန့် ကြားသည်။plp

No comments: