Saturday, January 5, 2013

ပြောင်းလဲနေသော ဒို့ တိုင်းပြည်


Moethee Zun
Moethee Zun updated his status: "( ကျနော်စာလေးကို ကိုမိုးသီး ဖေါ်ပြပေးစေချင်ပါတယ်။ ဆိုပြီး အီးမေလ်ကနေပို့ လာတဲ့ စာပါ။ ) Jan 4-2013 ကိုမိုးသီးခင်ဗျား ကျွန်တော်ပြည်ပမှာအနှစ်၂၀ နီးပါးအလုပ်လုပ်နေခဲ့ပြီး ငါ့တိုင်းပြညိတော့ပြောင်းလဲပြီဆီုပြီး ပြန်သွားခဲ့ပါတယ် ၊ ကျွန်တော်တတ်တဲ့လုပ်ငန်းဖြစ်တဲ လေကြောင်းလုပ်ငန်းကလဲ မြန်မာပြည်မှာနဲနဲပွင့်လာနေပြီဆီုတော့ Air Bagan , Asia wing , MAI , Civil Aviation Dept. ဆိုတဲ့နေရာတွေနဲ့ ပါတ်သက်ခဲ့ရပြန်ပါတယ်။ အဲဒိလောက ကဝန်ထမ်းတွေရဲ့ရာခိုင်နှုန်းအတော်များများဟာ ဗိုလ်မှူး၊ ဗိုလ်မှူးကြီးဟောင်းတွေနဲ့ သားသ္မီး တပည့်သားမြေးများ ဖြစ်နေကြပါတယ်။ ဒီတော့တစ်သွေးတစ်သံအမိန့်နဲ့နှစ်ပေါင်းများစွာအသားကျနေခဲ့ကြတဲ့ပုဂ္ဂိုလ် ဟောင်းတွေပေါ့ , ဥပမာကြည့်ရအောင် - ဗိုလ်မှူးကြီးဟောင်းကြည်ဝင်း Asia wing ဒု ဗိုလ်မှူးကြီးဟောင်း စည်သူ ယ္ခင် Air Bagan နောက် Asia Wing အခု MAI ( အရေးအခင်းတုန်းကကျောင်းသားတွေသတ်မလို့လုပ်တာ ဘုန်းကြီးတွေအလှူခံလို့လွတ်ခဲ့တဲ့ MI ဟောင်း) ဗိုလ်မှူးမောင်မောင်ရွေမီုး ယ္ခင် Air Bagan နောက် Asia Wing ( MI ဟောင်း) ဒုဗိုလ်မှူးကြီးဟောင်းကျော်ဝင်း ယ္ခင် MAI နောက် Asia Wing ဒုဗိုလ်မှူးကြီးဟောင်းအောင်ဝင်း ယ္ခင် MAI နောက် Kanbawza air Line ဒုဗိုလ်မှူးကြီးဟောင်းသက်ဦးမောင် Airbagan (စစ်ဦးစီး “ပ”) လက်ရှိအဲဒိလေကြောင်းလိုင်းတွေက Pilot တွေကလဲတပ်ထွက်ဗိုလ်မှူးဟောင်းတွေပါပဲ။ ဒီလူတွေဟာလူတော်တွေဖြစ်ချင်ဖြစ်မှာပါ ။ ဒီ အထက်ကခိုင်းတဲအတိုင်းလုပ်တတ်တဲသူတွေကြီးစီုးတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေမှာ ဘာတွေဖြစ်ခဲ့လဲကြည့်ရအောင် , ဦးတေဇ Helicoprter တစ်စီးဝယ်ပြီး ပူတာအိုရေခဲတောင်ပေါ်တက်ပျံပြီး၊ စည်ကမ်းနည်းလမ်းမကျပဲ ရေခဲပေါ်ဆင်းခိုင်းတာ၊ ကံကောင်းလို့မသေကြပေမဲ့လေယာဉ်မှုး ခြေထောက်ဖြတ်ပြစ်လိုက်ရပါတယ်။ ဦးတေဇ Air Bagan , Asia Wing အတွက်လေယဉ်တွေဝယ်တာ အမြတ်ခွန်ရှောင်ပြီး ငှားထားတဲ့လေယာဉ်ပါဆိုပြီး မှတ်ပုံတင်၊ ပျံသန်းခွင့် လျှောက်တာကို လေကြောင်းဦးစီးဌာနကအထက်ကခိုင်းတဲအတိုင်းလုပ်တတ်တဲ့ပိုဂ္ဂုလ်က အထက်က ခိုင်းလို့ စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းတွေ နဲ့ဆန့်ကျင်ပြီးလုပ်ပေးခဲ့ရပါတယ်။ တိုင်းပြည်ကရမဲ့ Tax တွေနစ်နာပါတယ်။ ဦးတေဇ ရဲ့ Air Bagan Sanction ထိနေတော့ Sunfar ဦးသန်းဦးနာမည်နဲ့ Asia Wing ဆီုပြီးလေကြောင်းလိုင်းခွဲထောင်ခဲ့ပါ တယ်၊ ဒီကိစ္စတွေကို အထက်ကခိုင်းတဲအတိုင်းလုပ်တတ်တဲသူတွေကဝိုင်းညာပေးကြရပါတယ်။ MAI လေကြာင်း က Air Bus လေယာဉ် တစ်ချို့ဟာဦးတေဇလေယာဉ်တွေဖြစ်ပါတယ်၊၊ ဦးတေဇ ကဝယ်တယ်ဆီုတဲ Air Bus တစ်စီး ကို ပြီးခဲတဲ့ Dec. လမှာ ဦးသန်ဦး ရဲ့ Engineer တွေက Asia Wing အနေနဲ့ လက္ခံယူခဲပါတယ်၊ လေတပ်အတွက်လို့လဲပြောကြတော့ ဦးသန်းရွှေ ပိုက်ဆံနဲ့ ဒေါ်ကြိုင်ကြိုင်တို့စီးဘို့လဲဖြစ်နိုင်ပါတယ်။ Proceduer အတိုင်း Rest hour မယူခဲတဲ့ Pilot မောင်းပြီး Procedure အတိုင်း Landing Aid မပြည့်စုံပဲ ဆင်းလို့Air Bagan လေယာဉ် ဟဲဟီုးကွင်းအဆင်းပျက်ကျခဲ့ပါတယ်။ စည်းမျဉ်းစည်းကမ်းထက် အထက်ကအကြိုက်လုပ်လို့ဖြစ်ရတာပါ။ ဗိုလ်ချုပ်ခင်ညွှန်ကလဲ သူလုပ်ခဲ့တဲ့အမှားတွေအတွက် အထက်ကခိုင်းလို့လုပ်ရတာပါလို့ပြောတယ်၊ ဘုန်းကြီးရိုက်တဲ့ သူတွေကလဲအထက်ကခိုင်းလို့လုပ်ရတာပါလို့ပြောတယ်၊လက်ပံတောင်းတောင်ကိစ္စတစ်ခုမှာလုံထိန်းရဲတွေနဲ့ထိပ်တိုက် တွေ့တဲ့ NLD တစ်ယောက်ရဲ့ “ အထက်ကခိုင်းလို့လုပ်တာပါဆိုရင် မင်းအမေကိုမုဒိမ်းကျင့်ခိုင်းရင် ကျင့်မှာပဲလား ? “ ဆိုတဲ့ စကားကရိုင်းပေမဲ့မှန်တယ်ဗျ ကျွှန်တော်က ဘာမှမဟုတ်ပေမဲ့ ၊ စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းတွေအတိုင်းလုပ်တဲ့ အကျင့်ပါနေပြီး အထက်ကခိုင်း တိုင်လုပ်မယ်ဆိုတဲ့ အတွေးအခေါ်ဟာ အလွန် ကြောက်ဖို့ ကောင်းပါတယ်။ လူသားအဖွဲ့ စည်းကလက်ခံထားတဲ့ လူမှုကျင့်ဝတ်တွေနဲ့  လောကပါလတရားတွေ ကို ချိုးဖေါက်ဖို့ ဝန်မလေးသူများဖြစ်နေပါတယ်။ ဒီလူတွေအုပ်ချုပ်နေတဲ့ တိုင်းပြည်ဟာ လုံခြုံမှုနဲ့  တိုးတက်မှုရှိလာမယ်လို့ ကျနော်မယုံကြည်ပါဘူး။ မြန်မာ ပြည်ဟာဘာမှမ ပြောင်းလဲဘူးဆိုတာ ကျနော်မျက်မြင်ကိုယ်တွေ့ ပါခင်ဗျား။"

No comments: