Monday, October 22, 2012

ပြီးအောင်ဆက်လျှောက်ရမဲ့ လမ်းအတွက် ခွန်အားဖြစ်စေမဲ့ ကဗျာ


--------------------------------
ရင်ဆိုင်နေစဲလမ်းတဝက်မှာ ဝေဖန်ပြစ်တင်မှု့တွေခံစားနေရတယ်..

ပြသနာတခုကို အပြစ်တင်ဝေဖန် ရှုပ်ချရတာလွယ်ကူတယ်..

ပြသနာတခုကို လက်တွေ့ရင်ဆိုင်ဖြေရှင်းရတာက ပိုခက်ခဲတယ်။



အရာရာတိုင်းဟာ စိတ်ကူးအတွေးမှာ ပိုအဆင်ပြေ ချောမွေ့နေလိမ့်မယ်..

အရာရာတိုင်းဟာ လက်တွေ့မှာ စိတ်ကူးအတွေးထဲကနဲ့ ကွာခြားနေတတ်တယ်။



လက်တွေ့မပါ ဟစ်ကြွေးတာ ကြားကောင်းတယ် .. လွယ်ကူတယ်..

လက်တွေ့မှာ လုပ်ကြည့်ပါ ခက်ခဲမှု့နဲ့ကြုံတွေ့ရတယ်။



ခက်ခဲတဲ့ ပြသနာလမ်းမှာ ရင်ဆိုင်ရင်း နက်နဲတဲ့အတွေ့အကြုံတွေကို ရလာတယ်..

နက်နဲတဲ့ အတွေ့အကြုံတွေကို ယူဆောင်ပြီးခက်ခဲတဲ့ ပြသနာတွေကိုရင်ဆိုင်တတ်ရမယ်။



ပြသနာလမ်းတလျောက် နားလည်စာနာမှု့နဲ့ အကြံကောင်းပေးသူတွေ့ရမယ်..

ပြသနာလမ်းတလျောက် နားလည်မှု့လွဲလို့ အပြစ်တင်ဝေဖန်သူတွေနဲ့လဲတွေ့ရမယ်..

ပြသနာလမ်းတလျောက် တားဆီးပိတ်ပင်မှု့တွေနဲ့လဲ ကြုံရမယ်။



ဝေဖန်မှု့တွေအတွက် အားမလျော့ပါနဲ့..

ပြစ်တင်မှု့ တွေအတွက် နောက်မဆုတ်ပါနဲ့..

တားဆီးမှု့ တွေအတွက် ရပ်တန့်မသွားပါနဲ့။



နောက်မဆုတ် အားမလျော့ဘဲ ရှုပ်ချဝေဖန်မှု့တွေကို နှလုံးသားနဲ့အနီးဆုံးနေရာမှာထားပြီး...

ပြသနာလမ်းမပေါ်မှာ * ရသလောက်ပေးသလောက် * ဆက်သာရင်ဆိုင်လျှောက်လှမ်းပါတော့။



ပြီးတော့ ကြွေးကြော်လိုက်ပါ...

ငါ့ကတိ ငါ့သစ္စာတရားအတွက် ပြသနာလမ်းမပေါ်မှာ ငါလျှောက်နေတယ်...

(အမ နန်းအောင်ထွေးကြည်ရဲ့ ကဗျာဖြစ်ပါတယ်)

No comments: