Tuesday, November 20, 2012

အိုဘားမား မြန်မာပြည်ရောက်၊ လွှတ်တော် အနီးတွင် ဗျိုင်း ၄ ကောင် ခြေချုပ်ကျ


ပြည်တွင်းသတင်း — ရန်ကုန်၊ နိုဝင်ဘာ ၁၉၊ ၂ဝ၁၂
ပန်းခြုံအနီး ခြေတုပ် ခံထားရသည့် ဗျိုင်းတစ်ကောင်
ပန်းခြုံအနီး ခြေတုပ် ခံထားရသည့် ဗျိုင်းတစ်ကောင်
ကြိုးမှ လွတ်ပြီး လမ်းပေါ်ရောက်နေသည့် ဗျိုင်းတစ်ကောင်
ကြိုးမှ လွတ်ပြီး လမ်းပေါ်ရောက်နေသည့် ဗျိုင်းတစ်ကောင်
လမ်းလယ် တြိဂံ မြင်ကွင်း
လမ်းလယ် တြိဂံ မြင်ကွင်း
ယနေ့ နံနက်တွင် မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံ နှစ်နိုင်ငံ ဆက်ဆံရေးအကြား သမိုင်းဝင် ခရီးစဉ် တစ်ခု ဖြစ်သည့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားသည် ရန်ကုန်မြို့သို့ ရောက်ရှိကာ ရန်ကုန်မြို့၊ ပြည် လမ်းနှင့် အလုံလမ်းထောင့် ရှိ ပြည်သူ့ရင်ပြင်အနီး တိုင်းဒေသကြီး လွှတ်တော်နှင့် တိုင်းဒေသကြီး အစိုး ရအဖွဲ့တည်ရှိရာ လွှတ်တော်ရုံးသို့ သွားရောက် ကာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း၊ ထိုဆွေးနွေးမှုပြုလုပ်နေ သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနီးရှိ ပြည်လမ်းနှင့် အလုံ လမ်းဆုံရာရှိ မီးပွိုင့်တြိဂံ (စည်ပင် အခေါ်)တွင် ဗျိုင်း ၄ ကောင်အား ခြေထောက်တွင် ကြိုးဖြင့် တုပ်ကာ နေရာချထားသည်ကို တွေ့ရသည်။
နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း အကျဉ်းဦးစီးဌာနမှ နိုင်ငံရေးအကျဉ်းသား ၁၆ ယောက် အပါအဝင် တစ်နိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသား ၆၆ ယောက် လွတ်မြောက်ခွင့်ရရှိခဲ့သည့် အဆိုပါ အမေရိကန် သမ္မတ ခရီးစဉ်တွင် သမ္မတ ၂ ဦး တွေ့ဆုံရာ လွှတ်တော် အနီးတွင်မူ ဗျိုင်းအချို့၏ ခြေထောက်တွင် ကြိုးဖြင့် ချည်နှောင် ခြေချုပ်ချ ခံထားရသည်ကို တွေ့ရသည်။

No comments: