Tuesday, November 20, 2012

ကုသိုလ် ထူး တဲ့ ခွေး

ဗုဒ္ဓဘာသာ သာသနိက အဆောက် အဦ များကို အဟိသ် တိရိစ္ဆာန်များ မဖူးရ၊ မလာရ ၊မတက်ရ ၊ 
ဆိုပြီး ခေတ်အဆက်ဆက် သတ်မှတ်ထားတာ မရှိပါဘူး ။ သတ်မှတ်လို့လည်း ရမည်မထင်ပါ ။
ဘုရားရိပ် တရားရိပ်သို့ လာကြကုန်သော အယုတ် ၊ အလတ် ၊ အမြတ် မရွေးဆိုပြီး အလှူဒါနပြုကြ
တာ ဗုဒ္ဓဘာသာဝင်တိုင်း သိရှိနားလည်ကြမယ် ထင်ပါတယ် ။ ဘုရား ၊ ကျောင်းကန် အနီးနား (သို့)
စေတီပုထိုး များ အရိပ်ကိုခိုပြီး နေထိုင်ကျက်စားကြကုန်သော သတ္တဝါများစွာရှိပါတယ် ။ 
ဥပမာ ၊ ခို ၊ စာကလေး စသော ဌက် တိရိစ္ဆာန်များ ၊ ခွေး ၊ ကြောင် ၊ငါး  အစရှိသည်မှ သည် မြင်အပ် ၊ မမြင်အပ်သော တိရိစ္ဆာန် သတ္တဝါ များစွာတို့ မှီခိုပြီး ဘုရားဖူးသူတို့၏ အလှူဒါနကို အမှီပြုပြီး 
နေထိုင်လျက် ရှိကြပါတယ် ။ ဘုရားစေတီတည်တိုင်း ဌက်မြတ်နားတော် ဆိုပြီး မဖြစ်မနေထည့်ပြီး
တည်ထား တာကိုကြည့်ခြင်းအားဖြင့် ထင်သာမြင်သာသော သာဓက ဖြစ်ပါတယ် ။

ရွှေတိဂုံစေတီပေါ်တွင်လည်း တိရိစ္ဆာန် အမျိုးအမည်များစွာ အမှီပြု၍နေထိုင်ကြပါတယ် ။ ဌက်တွေလည်းရှိပါတယ် ၊ ဘုံပြဿဒ်တွေပေါ်မှာ နေထိုင်ကြတဲ့ ကြောင်တွေလည်း ရှိပါတယ် ။
(အနောက်ဘက်မုဒ် ကြာသာပတေးထောင့်ရှေ့ရှိ တန်ဆောင်းတွင် ကြောင်များစွာရှိပါသည် ။)
ိုအပင်တွေပေါ်မှာနေထိုင်ကြတဲ့ မြွေသတ္တဝါတွေလည်း ရှိပါတယ် ။ နောက် ရွှေတိဂုံ အောက်ပစ္စယံ
မှာ ဆိုလျှင်လည်း ခြုံနွယ်တွေ ရှိတဲ့နေရာတွေမှာ မြွေပါ ကဲ့သို့သော ၊ တောကြောင်တွေ ၊ မြွေ ၊
ကင်း တွေ၊ လင်းနို့တွေ၊ ခွေးတွေ ယခုထိ ရှိနေကြပါသေးတယ် ၊ မုဒ်လေးမုဒ်မှာ ဆိုလျှင်လည်း ငါးကန်၊ လိပ်ကန်တွေ ရှိပါသေးတယ်။ နောက် အချို့ဘုရားဖူးများတွင် အိမ်မွေး တိရိစ္ဆာန် ခွေးလေးတွေ  ကြောင်လေးတွေကို ရင်ခွင်ပိုက် ခေါ်ဆောင်လာတတ်ကြတာ
တွေ့ဖူးမြင်ဖူး သူများလည်း ရှိနိုင်ပါတယ် ။ ခုနောက်ပိုင်းမှာ အိမ်မွေး တိရိစ္ဆာန် ဆောင်ယူခွင့်မပြုတော့ ကလည်း တိရိစ္ဆာန် ပိုင်ရှင်တွေ၏ ပေါ့လျော့မှုကြောင့် ၊ ထိုတိရိစ္ဆာန်များ အညစ်အကျေးစွန့်ခြင်း ၊ အခြား ဘုရားဖူးလာသူများအား အနှောင့်အယှက် ဖြစ်စေသောကြောင့် သာလျှင် သဘာဝ မဟုတ်သော
တိရိစ္ဆာန်များကို တားမြစ်ရခြင်း ဖြစ်ပေသည် ။ နောက်ပြီး ၊ ဘုန်းကြီးကျောင်းဝင်းတွေ မှာ ဆိုလျှင်လည်း ဆွမ်းကြွင်းကျန် စားသုံးသော ခွေးသတ္တဝါတွေ ကျောင်းတိုက်တိုင်းအတွင်း အပြင် အနီးနားတွင် ရှိကြတယ်ဆိုတာ သိပြီးဖြစ်ပါလိမ့်မည် ။ 

၁၉ . ၁၁ . ၁၂ မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်ရောက်လာတော့ ၊ မြန်မာပြည်ရဲ့ အထွဋ်အမြတ် ထားရာ ၊ ကမ္ဘာ့ အံဘွယ် တစ်ခုဖြစ်သော ရွှေတိဂုံစေတီ သို့ 
ရှောင်တခင် ဝင်ဖူးသွားပါတယ် ။ မသာမာသူများအား မျက်စိလှည့်စေရန် ခရီးစဉ်လမ်းကြောင်း
တွင် လုံခြုံရေးအရ ရွှေတိဂုံစေတီ အားဖူးမြှော်မည့် အကြောင်းအား ဖျက်သိမ်းကြောင်း ကြေငြာမှု
ပြုထားပါသည် ။ ရွှေတိဂုံစေတီ ဆိုသည်မှာကား ပရဝုဏ်ကျယ်ဝန်းလှသလို ခိုအောင်းစရာ နေရာ
ပေါများမှုကြောင့် လုံခြုံရေးအရ ကြည့်လျှင် အားနည်းနေသည်မှာ ဧကန်ဖြစ်သောကြောင့် ဖြစ်ပေ
သည် ။ ထို့ကြောင့် အိုဘားမား မလာခင် ကြိုတင်၍ လုံခြုံရေးအရ အထူးလေ့ကျင့်ထားသော ၊
စစ်ခွေးကို မသင်္ကာဖွယ်နေရာများသို့ ခေါ်ယူပြီး စစ်ဆေးစေခဲ့ပါသည်။ ခေတ်မှီကိရိယာတွေ ပြည့်စုံ
သော်ငြားလည်း အချို့သော ဇီဝလက်နက်များ ၊ ဓါတုလက်နက်များအား တိရိစ္ဆာန်တို့၏ အာရုံခံစွမ်း
နှင့်သာ ရှာဖွေတွေ့ရှိရသည်ဖြစ်သောကြောင့် ကမ္ဘာ့စစ်ဖက်ဆိုင်ရာများတွင်က အစ ထိုခွေးများကို အထူးလေ့ကျင့် မွေးမြူထားရပါပေသည် ။ အသုံးဝင်၍သာ တန်ဖိုးကြီးပြီး ကယိကထများလှသော
ထိုခွေးများကို မွေးမြူလေ့ကျင့်ပေးထားခြင်းလို့သာ အလွယ်မှတ်ယူ စေချင်ပါသည် ။ 
ထိုကြောင့် အိုဘားမား၏ မြန်မာပြည်ခရီးစဉ်တွင် မျှော်လင့်ချက် ဟက်တက်ကွဲပြီး ၊ ရင်ကွဲပက်လက်
လမ်းဆုံတွင် ပြည်တွင်းနေပြည်ပနေ အချို့မှ သောက်ပြစ်ရှာပြောဖို့အရေး ရှာကြံပြီး ပြောချင်ပေမယ့်
ရှာမတွေ့တဲ့ အဆုံးမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ခွေးတစ်ကောင်ကို ရွှေတိဂုံစေတီပေါ်မှာ သွားလည်းတွေ့ရော ၊ သောက်သုံးမကျတဲ့ ဦးနှောက်နဲ့ ဝမ်းသာအားရ အကွက်ရပြီဟဲ့ ဆိုပြီး ၊
မသိနားမလည်တဲ့သူတွေကြားမှာ အိမ်ကြက်အချင်းချင်း အိုးမည်းသုတ်ပြီး ခွပ်ခိုင်းမည့် ၊ နာဖာကလော် လောက်မှ ဇောက်(စောက်)မနက်တဲ့ အကြံတွေနဲ့ ဝါဒဖြန့်ပြနေကြတာ ၊ 
လိုက်ပြီး နားမယောင်ကြဖို့ ၊ သားငယ် သမီးငယ်တို့ နားလည်စေဖို့ တင်ပြလိုက်ရပါတယ် ။

ထိုသောက်ဖြစ်မရှိသော ကောင်တွေက တကယ်တမ်းတော့ ထိုလုံခြုံရေး ခွေးလောက်တောင် 
တန်ဖိုးရှိကြတာ မဟုတ်ချေ ၊ ဘုရားစေတီ ပုထိုးများအကြောင်းကိုလည်း သေချာမသိရှိကြသော ၊
ဘာသာခြား လူမျိုးခြား ၊ ဗုဒ္ဓဘာသာဝင် အယောင်ဆောင်များ ၊ သူတပါး၏ မင်္ဂလာတရားအား 
မနာလို မရှုစိမ့်နိုင်ကြသော ခွေးထက်နိမ့်ကျသော သတ္တဝါများပင် ဖြစ်ချေတော့သည် ။ အကယ်၍
သာ အိုဘားမားမှာ ထိုသူများအကြိုက်ဆောင်ပြီး နှုတ်ကပြောသောစကားတွင် မုတ်ဆိတ်အကြောင်း
သာပါဝင်ခဲ့ပါလျှင် လုံခြုံရေး ခွေးလိုမည် ဟု ကျွန်ုပ်တော့ မထင်မိပါကြောင်း .......

ဦးယဉ်ကျေး ။   ။  ( ၂၀ ၊ ၁၁ ၊ ၁၂ )
ဗုဒ္ဓဘာသာ သာသနိက အဆောက် အဦ များကို အဟိသ် တိရိစ္ဆာန်များ မဖူးရ၊ မလာရ ၊မတက်ရ ၊
ဆိုပြီး ခေတ်အဆက်ဆက် သတ်မှတ်ထားတာ မရှိပါဘူး ။ သတ်မှတ်လို့လည်း ရမည်မထင်ပါ ။
ဘုရားရိပ်
တရားရိပ်သို့ လာကြကုန်သော အယုတ် ၊ အလတ် ၊ အမြတ် မရွေးဆိုပြီး အလှူဒါနပြုကြ
တာ ဗုဒ္ဓဘာသာဝင်တိုင်း သိရှိနားလည်ကြမယ် ထင်ပါတယ် ။ ဘုရား ၊ ကျောင်းကန် အနီးနား (သို့)
စေတီပုထိုး များ အရိပ်ကိုခိုပြီး နေထိုင်ကျက်စားကြကုန်သော သတ္တဝါများစွာရှိပါတယ် ။
ဥပမာ ၊ ခို ၊ စာကလေး စသော ဌက် တိရိစ္ဆာန်များ ၊ ခွေး ၊ ကြောင် ၊ငါး အစရှိသည်မှ သည် မြင်အပ် ၊ မမြင်အပ်သော တိရိစ္ဆာန် သတ္တဝါ များစွာတို့ မှီခိုပြီး ဘုရားဖူးသူတို့၏ အလှူဒါနကို အမှီပြုပြီး
နေထိုင်လျက် ရှိကြပါတယ် ။ ဘုရားစေတီတည်တိုင်း ဌက်မြတ်နားတော် ဆိုပြီး မဖြစ်မနေထည့်ပြီး
တည်ထား တာကိုကြည့်ခြင်းအားဖြင့် ထင်သာမြင်သာသော သာဓက ဖြစ်ပါတယ် ။

ရွှေတိဂုံစေတီပေါ်တွင်လည်း တိရိစ္ဆာန် အမျိုးအမည်များစွာ အမှီပြု၍နေထိုင်ကြပါတယ် ။ ဌက်တွေလည်းရှိပါတယ် ၊ ဘုံပြဿဒ်တွေပေါ်မှာ နေထိုင်ကြတဲ့ ကြောင်တွေလည်း ရှိပါတယ် ။

(အနောက်ဘက်မုဒ် ကြာသာပတေးထောင့်ရှေ့ရှိ တန်ဆောင်းတွင် ကြောင်များစွာရှိပါသည် ။)
ိုအပင်တွေပေါ်မှာနေထိုင်ကြတဲ့ မြွေသတ္တဝါတွေလည်း ရှိပါတယ် ။ နောက် ရွှေတိဂုံ အောက်ပစ္စယံ
မှာ ဆိုလျှင်လည်း ခြုံနွယ်တွေ ရှိတဲ့နေရာတွေမှာ မြွေပါ ကဲ့သို့သော ၊ တောကြောင်တွေ ၊ မြွေ ၊
ကင်း တွေ၊ လင်းနို့တွေ၊ ခွေးတွေ ယခုထိ ရှိနေကြပါသေးတယ် ၊ မုဒ်လေးမုဒ်မှာ ဆိုလျှင်လည်း ငါးကန်၊ လိပ်ကန်တွေ ရှိပါသေးတယ်။ နောက် အချို့ဘုရားဖူးများတွင် အိမ်မွေး တိရိစ္ဆာန် ခွေးလေးတွေ ကြောင်လေးတွေကို ရင်ခွင်ပိုက် ခေါ်ဆောင်လာတတ်ကြတာ
တွေ့ဖူးမြင်ဖူး သူများလည်း ရှိနိုင်ပါတယ် ။ ခုနောက်ပိုင်းမှာ အိမ်မွေး တိရိစ္ဆာန် ဆောင်ယူခွင့်မပြုတော့ ကလည်း တိရိစ္ဆာန် ပိုင်ရှင်တွေ၏ ပေါ့လျော့မှုကြောင့် ၊ ထိုတိရိစ္ဆာန်များ အညစ်အကျေးစွန့်ခြင်း ၊ အခြား ဘုရားဖူးလာသူများအား အနှောင့်အယှက် ဖြစ်စေသောကြောင့် သာလျှင် သဘာဝ မဟုတ်သော
တိရိစ္ဆာန်များကို တားမြစ်ရခြင်း ဖြစ်ပေသည် ။ နောက်ပြီး ၊ ဘုန်းကြီးကျောင်းဝင်းတွေ မှာ ဆိုလျှင်လည်း ဆွမ်းကြွင်းကျန် စားသုံးသော ခွေးသတ္တဝါတွေ ကျောင်းတိုက်တိုင်းအတွင်း အပြင် အနီးနားတွင် ရှိကြတယ်ဆိုတာ သိပြီးဖြစ်ပါလိမ့်မည် ။

၁၉ . ၁၁ . ၁၂ မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်ရောက်လာတော့ ၊ မြန်မာပြည်ရဲ့ အထွဋ်အမြတ် ထားရာ ၊ ကမ္ဘာ့ အံဘွယ် တစ်ခုဖြစ်သော ရွှေတိဂုံစေတီ သို့

ရှောင်တခင် ဝင်ဖူးသွားပါတယ် ။ မသာမာသူများအား မျက်စိလှည့်စေရန် ခရီးစဉ်လမ်းကြောင်း
တွင် လုံခြုံရေးအရ ရွှေတိဂုံစေတီ အားဖူးမြှော်မည့် အကြောင်းအား ဖျက်သိမ်းကြောင်း ကြေငြာမှု
ပြုထားပါသည် ။ ရွှေတိဂုံစေတီ ဆိုသည်မှာကား ပရဝုဏ်ကျယ်ဝန်းလှသလို ခိုအောင်းစရာ နေရာ
ပေါများမှုကြောင့် လုံခြုံရေးအရ ကြည့်လျှင် အားနည်းနေသည်မှာ ဧကန်ဖြစ်သောကြောင့် ဖြစ်ပေ
သည် ။ ထို့ကြောင့် အိုဘားမား မလာခင် ကြိုတင်၍ လုံခြုံရေးအရ အထူးလေ့ကျင့်ထားသော ၊
စစ်ခွေးကို မသင်္ကာဖွယ်နေရာများသို့ ခေါ်ယူပြီး စစ်ဆေးစေခဲ့ပါသည်။ ခေတ်မှီကိရိယာတွေ ပြည့်စုံ
သော်ငြားလည်း အချို့သော ဇီဝလက်နက်များ ၊ ဓါတုလက်နက်များအား တိရိစ္ဆာန်တို့၏ အာရုံခံစွမ်း
နှင့်သာ ရှာဖွေတွေ့ရှိရသည်ဖြစ်သောကြောင်
့ ကမ္ဘာ့စစ်ဖက်ဆိုင်ရာများတွင်က အစ ထိုခွေးများကို အထူးလေ့ကျင့် မွေးမြူထားရပါပေသည် ။ အသုံးဝင်၍သာ တန်ဖိုးကြီးပြီး ကယိကထများလှသော
ထိုခွေးများကို မွေးမြူလေ့ကျင့်ပေးထားခြင်းလို့
သာ အလွယ်မှတ်ယူ စေချင်ပါသည် ။

No comments: