Tuesday, November 20, 2012

သမ္မတအိုဘားမားရောက်သည့်နေ့ ရန်ကုန်ရထားနှစ်စီးပျောက် တစ်စီးနောက်ကျ


November 20, 2012


အမေရိကန်သမ္မတတစ်ဦး အနေဖြင့် မြန်မာနိုင်ငံသို့နှစ်ပေါင်း   များစွာအတွင်း ပထမဦးဆုံးအကြိမ်  သမိုင်းဝင်ခရီးစဉ်အဖြစ်လာရောက် သော သမ္မတအိုဘားမားရောက် ရှိလာသည့် နိုဝင်ဘာလ(၁၉)ရက် မှာ ရန်ကုန်မြို့လမ်းမများ ပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုဆိုးဝါးစွာ ဖြစ်ပေါ်ခဲ့ပြီး၊ရန်ကုန်ဘူတာကြီးမှ ဆင်ခြေဖုံးမြို့နယ် အသီးသီးသို့ ဖြတ်သန်းပြေးဆွဲပေးနေသော ညနေပိုင်းမြို့ပတ်ရထား   ခရီးစဉ် အချို့မှာလည်း တိုက်တိုက် ဆိုင်ဆိုင်ဆိုသလို ပုံမှန်အတိုင်းပြေး ဆွဲနိုင်ခြင်းမရှိသဖြင့် ခရီးသည်များ   ကသိကအောက်ဖြစ်ခဲ့ရကြောင်း သိရသည်။
၎င်းနေ့တွင် သမ္မတအိုဘား မား ရန်ကုန်မြို့သို့ ဆိုက်ရောက်  လာမည့် မနက်ပိုင်းတစ်ချိန်နှင့်ပြန် လည်ထွက်ခွာမည့် ညနေပိုင်းအချိန် များ၌ လေဆိပ်လမ်း၊ပြည်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့်အခြား ဆက်စပ်လမ်းအချို့အား ခေတ္တ ပိတ်ထားမည့်အကြောင်း၊ထို့အပြင်     လေယာဉ်ခရီးစဉ်အချို့အားလည်း  ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း နို ၀င်ဘာလ(၁၉)ရက်ထုတ်နိုင်ငံ ပိုင် သတင်းစာများမှာ ကြေညာ ချက်ပါရှိခဲ့သော်လည်း မြို့ပတ် ရထားနှင့်ပတ်သက်၍မူ မည်သည့်    သတိပေးချက်ကိုမှ ထည့်သွင်းကြေ  ညာထားခြင်းမရှိဘဲ ရန်ကုန်ဘူတာ     ကြီးမှ ညနေ(၄း၄၀)နှင့်(၅)နာရီ တို့တွင် ပုံမှန်ထွက်ပေးနေကျ ““မြို့ ပတ်””နှင့် ““ပုရွတ်ဆိတ်ကုန်းခေါင်း လှည့်””ရထားများပျောက်နေရုံမက  ညနေ(၅း၁၅) (မင်္ဂလာဒုံခေါင်း လှည့်)ရထားမှာလည်း အချိန် နောက်ကျပြီးမှသာ ထွက်ပေးနိုင် သဖြင့် လမ်းတစ်လျှောက်ဘူတာ စဉ်တိုင်း၌ ရထားစောင့်ဆိုင်းနေသူ ခရီးသည်များဖြင့်အုံခဲနေပြီး သုံး စီးစာ တစ်စီးတည်းပေါင်းလိုက်ရ ၍ မြို့ပတ်ရထားအကျပ်ဆုံးနေ့ တစ်နေ့အဖြစ် ခရီးသည်အား    လုံးနီးပါးက မှတ်ချက်ပြုခဲ့ကြသည်။
မြို့ထဲသို့အလုပ်ကိစ္စတစ်ခု ဖြင့်လာရောက် ပြီး အိမ်ပြန်ရင် ရထားစောင့်ဆိုင်းနေသူတစ်ဦးက ““မနက်ကလည်း ကြည့်ဦး။ဒီနေ့ အိုဘားမားလာမယ် ဆိုတာတော့ သိတယ်ဗျ။ လမ်းပိတ်လိမ့်မယ် ထင်မထားတော့ယာဉ်ကြောတွေ အဆမတန်ကျပ်ပြီးမြို့ထဲရောက်ဖို့ ကိုတော်တော်နောက်ကျသွားတယ်။သတင်းစာကတစ်ရက်လောက်ခွာပြီး ကြေညာပေးရင်ကောင်းတာပေါ့။အခုလည်းရထားကဘာဖြစ်မှန်းမသိ ဘူး””ဟု ထုတ်ဖော်ညည်းတွားသ လို၊ပုဇွန်တောင်ဘူတာမှ တက် လိုက်လာသည့် အမျိုးသမီးဝန် ထမ်းတစ်ဦးကလည်း““ညနေပြန်ရင် လမ်းမှာ အချိန်ကုန်တတ်လွန်းလို့ ရထားအားကိုးခါမှ ဒီနေ့ဘယ်လို ဖြစ်လဲမသိဘူး။သမ္မတအိုဘားမား    နဲ့ရထားနှစ်စီးပျောက်တာသိပ် တော့ဆိုင်မယ်မထင်ပါဘူး””ဟုအိမ် ရောက်လျှင် ဟင်းချက်စားရန် အတွက် ကြက်ဥပြုတ်(၅)လုံးဝယ် ရင်း သူ့အမြင်ကိုထုတ်ပြောသည်။
ယခုကဲ့သို့ ရထားကမောက် ကမဖြစ်မှုအား နီးစပ်ရာ ရထား ၀န်ထမ်းများထံမေးမြန်းစုံစမ်းကြည့် ရာ မည်သည့်အကြောင်းတစ် စုံတစ်ရာကြောင့်ဟူ၍မျှ ဖြေကြား နိုင်ခြင်းမရှိဘဲ ဒီလိုပဲဖြစ်တဲ့အခါ   ဖြစ်တတ်ပါတယ်””ဟု သာပြန်လည် ဖြေကြားခဲ့ကြသည်။


အာဝါသ

No comments: