ပါဂျောင်လူသတ်ကုန်းမှ ပဲ့တင်သံများ
အရပ်ရှည်ရှည် အသားဖြူဖြူ
မေးရိုးကားကားနှင့် ရယ်လိုက်လျှင် မျက်နှာတစ်ခုလုံး ပြုံးနေအောင်
ရယ်တတ်သည်။ အသက်အရွယ်ကတော့ တစ်ဆယ့်ရှစ်နှစ်ဝန်းကျင်၊ ချောမော ခန့်ညားသော
လူငယ် တစ်ဦးဖြစ်သည်။ စိတ်သဘောထားကောင်းပြီး ကူညီရိုင်းပင်းတတ်သည်။
သူ၏အမည်မှာ ကျော်ကျော်မင်း ဖြစ်သည်။
သူနှင့်ကျွန်တော်က တစ်မြို့တည်းသားမဟုတ်ပေမယ့် သူ၏အကြောင်းကို
ကျွန် တော်ကောင်းကောင်းသိသည်။ သူ့ကိုစသိတော့
အထက်တန်းကျောင်းသားအရွယ်ဖြစ်သည်။ ကျွန်တော်နှင့်သူ ခင်မင်ရင်းနှီးပုံက
ဆန်းသည်။ မြန်မာပြည်တွင် နှစ်ပေါင်းများစွာဖိနှိပ်အုပ်ချုပ်ခဲ့သော
အခွင့်ထူးခံအာဏာရှင် အစိုးရတွေကို ပြည်သူတွေက
တော်လှန်ဖြုတ်ချခဲ့သောအချိန်မှာ စတင်သိခဲ့ကြသည်။
သူက ကန့်ဘလူမြို့ကခွပ်ဒေါင်းအလံအောက်မှာ တာဝန်ရှိတယ်ဟုခံယူပြီး
ကျောင်းသားသမဂ္ဂမှာ ၀င်ရောက် သမိုင်းတာဝန်ထမ်းဆောင်သည်။ သူ့ကိုယ်သူ
အဘွားပေးသော ရွှေထုပ်ကြီး အမွေရလာသလားထင်ရလောက်အောင် တစ်မြို့ဝင်
တစ်မြို့ထွက် တက်ကြစွာဖြင့် ကျောင်းသားလူငယ်များကို လိုက်လံ
နှိုးဆော်စည်းရုံးနေသည်မှာ ထမင်းမေ့ ဟင်းမေ့။ ပျော်ရွှင်စွာဖြင့်
လုပ်ဆောင်ခဲ့သော နိုင်ငံရေးအသိ နိုးကြားရိုးသားသော လူငယ်တစ်ဦး ဖြစ်သည်။
ကန့်ဘလူမြို့ကလာတိုင်း ကျွန်တော့် အိမ်သို့ ၀င်သည်။
ကျွန်တော်နှင့် တွေ့ပြီးမှ မန္တလေးသို့ဆက်သွားသည်။ မန္တလေးမှပြန်လာလျှင်လည်း
ကျွန်တော့် အိမ်သို့ဝင်ပြီးမှ ကန့်ဘလူမြို့သို့ သူပြန် သည်။ ကန့်ဘလူ၊
ဇီးကုန်း၊ ခင်ဦး၊ ထန်း ကုန်း၊ ၀က်လက်၊ ရွှေဘို အစရှိသော မြို့များမှ
သူငယ်ချင်းများ စုစည်းပြီး ရွှေဘိုခရိုင်ကျောင်းသားသမဂ္ဂကို လျှို့ဝှက်စွာ
ဖွဲ့စည်းကာ သမဂ္ဂကြေညာချက်များကို ဖြန့်ဝေကြသည်။
မန္တလေးမြို့မှ ဘုန်းကြီးကျောင်းများ တွင်ပြုလုပ်သော
အစည်းအဝေးပွဲများသို့ အမြဲတမ်း သူသွားတတ်သည်။ မစိုးရိမ်၊ မြ တောင်၊
အလယ်တိုက်ကျောင်းများကို သွားတတ်လာတတ်သည်။ မန္တလေးမှ ကျောင်းသားခေါင်းဆောင်
ကိုထွန်းအောင် ကျော်၊ ကိုညီကျော်တို့နှင့် ချိတ်ဆက်ပြီး အလုပ်လုပ်သည်။
ABSDF အဆက် အသွယ်များကို တင်မျိုး (ဇီးကုန်း)နှင့် အတူ
လက်တွဲအလုပ်လုပ်ခဲ့သူဖြစ်သည်။
ရွှေဘိုမြို့၏ ကျောင်းသားသမဂ္ဂကို ကိုးရက်နေ့ (၉.၈.၈၈)မှာ အထက-၁၊
၂၊ ၃ ကျောင်းများမှ အထက်တန်းကျောင်းသား များစုပေါင်းပြီး
ရွှေချက်သိုလ်ဘုရားတွင် သပိတ်စခန်းတည်ပါသည်။ အစ ပထမနေ့ တွင်
အထက်တန်းကျောင်းသားတစ်ဆယ့် ရှစ်ယောက်သည် ရွှေချက်သိုလ်ဘုရား၏
အရှေ့ဘက်တွင်ရှိသော ပိဋကတ် ဘုန်းကြီးကျောင်းတွင် ပုန်းနေကြပါသည်။ ထို့နောက်
အစီအစဉ်ဆွဲပြီးမှ မြို့တွင်းသို့ လှည့်လည် ချီတက်ကြပါသည်။
ထိုလူငယ်လေးများသည် နိုင်ငံရေးအတွေ့အကြုံ မရှိပါ။ ရိုးသားစွာဖြင့်
ပြည်သူတို့၏ရှေ့မှ မိမိ၏ အသက်ကိုပင် ထည့်မတွက်ဘဲ ရပ်တည်ခဲ့ပါသည်။
ဒုတိယနေ့ချီတက်ဆန္ဒဖော်ထုတ်ပွဲ ကို ချမ်းသာကြီးဘုရားတွင်
စုဝေးပြီးစတင် ခဲ့ပါသည်။ နောက်ရက် ချီတက်ပွဲများကို ရွှေချက်သိုလ်ဘုရားတွင်
သပိတ်စခန်းဖွင့် ပြီး ကျောင်းသားလူငယ်လေးများသည် အိမ်မပြန်တော့ဘဲ ညအိပ်ညနေ
နေကြပါ သည်။ ရွှေချက်သိုလ်ဘုရားနှင့် ကပ်လျက် ရှိသော ပိဋကတ်ကျောင်း၊ နတ်ပေး
ကျောင်း၊ ဂွေးပင်ကျောင်း၊ ထိုဘုန်းကြီး ကျောင်းတို့သည် ကျောင်းသားလူငယ်က
လေးတို့၏ လှုပ်ရှားသွားလာမှုများကို အားပေးပြီး အနွံတာခံခဲ့ပါသည်။
စက်တင်ဘာလတွင် သပိတ်စခန်း တွေကျဆုံးသွားပါသည်။ ထိုအခါ ကျောင်း
သားလူငယ်လေးများသည်လည်း တကွဲ တပြားစီဖြစ်သွားကြပါသည်။ လက်ဖက်
ရည်ဆိုင်များသည် ကျွန်တော်တို့၏စုရပ် ဖြစ်လာပါတော့သည်။ တစ်နေ့တွင် ကို
မွှေးမွှေး၊ ကိုဇော်ဝင်း(ဆယ်ပြား)၊ ကိုထွေး၊ ကိုအောင်မွန်၊
ကိုအောင်မျိုး (မနုဿ)နှင့် ညီညီသိန်းတို့က ကျောင်းသားများစုစည်း နိုင်ရန်
ရည်ရွယ်၍ ရွှေဘိုမြို့တွင် “အမျိုး သားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့ ”
(အနကလ)ကို စတင်လုပ်ကိုင်ကြသည်။ အမျိုးသမီးကျောင်းသူ နှစ်ဦးဖြစ်သော
မစန်းစန်းနု (RIT)နှင့် မဥမ္မာတို့လည်း ၀ိုင်းဝန်းလုပ်ကိုင်ကြသည်။ ကျွန်တော်
တို့က ဗကသလုပ်ငန်းများကို တစ်ဖက်မှ လုပ်ကိုင်ကြပါသည်။ မန္တလေးတက္ကသိုလ်တွင်
ကျောင်းသားညီလာခံ ကျင်းပ ပါသည်။ ရန်ကုန်မှ ဗထူးအောင်၊ မိုးဟိန်း၊
ကိုညိုထွန်း၊ ကိုရဲနှင့် အခြားအမည် မသိသော ကျောင်းသားကျောင်းသူများ
တက်ရောက် ကြပါသည်။ မြေလတ်ဒေသမှ ကျောင်းသားများ၊ မန္တလေးမှ ကိုထွန်း
အောင်ကျော်၊ ကိုညီကျော်၊ ကိုသန့်ဇင်၊ အခြားအမည်မသိ ကျောင်းသားကျောင်း
သူများ၊ အနယ်နယ်အရပ်ရပ်မှ ကျောင်း သားကျောင်းသူများ တက်ရောက်ကြပါ သည်။
ညီလာခံပြီးလျှင် ကားများဖြင့် ၃၅ လမ်းအတိုင်း ပြန်လာပြီး
မစိုးရိမ်ဘုန်းကြီး ကျောင်းတွင် ညအိပ်ကြရပါသည်။ ကျွန်တော်နှင့် ကိုထွေး
(မန်းတက္ကသိုလ်)တို့ နှစ်ယောက် ညီလာခံသို့ တက်ရောက်ပါသည်။
ထို့နောက် အထက်မြန်မာပြည်တွင် တစ်မြို့ပြီးတစ်မြို့
ကျောင်းသားညီလာခံများ ပြုလုပ်ကျင်းပပါသည်။ ၀က်လက်မြို့ ၌လည်း
ကျင်းပပါသည်။ ဇရပ်ပေါ်တွင် ကျောင်းသားများ အိပ်ကြရပါသည်။ ကိုထွန်း
အောင်ကျော်လည်း အတူအိပ်ရသည်ကို သတိရမိပါသည်။ ထို့နောက် ရွှေဘိုကော လိပ်တွင်
ကျောင်းသားညီလာခံ ပြုလုပ်ပါ သည်။ မန္တလေးမှ ကိုထွန်းအောင်ကျော် နှင့်
ကိုညီကျော်တို့ ကြိုတင်ရောက်လာပါ သည်။ ရွှေဘိုမြို့မှ ကျောင်းသားများဖြစ်
သော ကိုဇော်ဝင်း၊ ကိုအောင်မွန်၊ ကိုမွှေး မွှေး၊ ကိုထွေး၊ ကိုအောင်မျိုး
(မနုဿ)၊ ညီ ညီသိန်း၊ ဇော်မြင့်၊ စံလင်း၊ ဖိုးခဲ၊ ကုလား ဘော်၊
တင်စိုးစိုးနိုင်၊ အောင်အေး၊ ဟန် သိန်း၊ သန့်ဇင် (ရွှေဟင်္သာ)၊ သိန်းတန်၊
မော်စီ၊ မစန်းစန်းနု၊ မဥမ္မာ၊ လဲ့လဲ့မျိုး၊ ယဉ် ယဉ်ရွှေ၊ အခြား ကျောင်းသား
ကျောင်းသူ အများ အပြား တက်ရောက်ကြပါသည်။
ထို့နောက် ရွှေဘိုမြို့မှ ကျောင်းသား များ တာဝန်ယူပြီး (အလံ၊
ပိုစတာ၊ တံဆိပ်) ခင်ဦးမြို့တွင် ကျင်းပသည်။ ခင်ဦး မြို့မှ ကိုညီညီသိန်း၊
ကိုမင်းနောင်နှင့် ကျောင်းသားကျောင်းသူများ တက် ရောက်ကြပါ သည်။ ထို့နောက်
ဇီးကုန်းမြို့၊ ကန့်ဘလူမြို့၊ ကောလင်းမြို့များတို့တွင် ကျင်းပကြပါသည်။
ဇီးကုန်းမြို့တွင် ကိုလှ မြင့်၊ ကိုသန်းဌေး၊ ၀င်းမြင့်၊ သိန်းထွန်းနှင့်
အခြားကျောင်းသားကျောင်းသူများ တက်ရောက်ကြပါသည်။ ကန့်ဘလူမြို့တွင်
ကျော်ကျော်မင်း၊ မြတ်သူ၊ ခိုင်ထူး၊ မျိုးဇော်၊ ဟန်ဝင်းအောင်၊
ကျော်ကျော်နိုင် နှင့် အခြား ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပါသည်။
ကောလင်းမြို့ တွင် ကိုဆန်းထွန်း၊ ဘဲဥ၊ အောင်မျိုးဦး၊ ဝေေ၀ဦးနှင့် အခြား
ကျောင်းသား ကျောင်း သူများ တက်ရောက်ကြပါသည်။
တောခိုပြီ
၁၉၈၉ ကျောင်းဖွင့်ရာသီ နီးလာချိန် တွင် လှုပ်ရှားမှုများ
အရှိန်လျော့သွားပြီး ကျွန်တော်လည်း န၀မတန်း တက်ရောက် ခဲ့သည်။ ၁၉၉၀ ခုနှစ်
ဖေဖော်ဝါရီတွင် န၀မတန်းစာမေးပွဲ ဖြေဆိုပြီးနောက် အိမ်မှ ထွက်ခွာခဲ့ပြီး
တင်မျိုး (ဇီးကုန်း)နှင့်အတူ မြစ်ကြီးနားသို့သွားသည့် ကုန်ရထားကြီးနှင့်
ဇီးကုန်းမြို့မှ ထွက်ခွာခဲ့ ပါသည်။ နောက်တစ်နေ့ နံနက်ခင်းတွင်
နမ္မားမြို့သို့ ရောက်ပါသည်။ နမ္မားမြို့တွင် နေသော ကိုမောင်မောင်က နေရာစီစဉ်
ပေးပါသည်။ လက်သီး၊ မိုးဝေ (ရေဆင်း တက္ကသိုလ်)တို့ တိုက်တွင် ညအိပ်ရပါ သည်။
အိမ်ရှင်ဦးလေးနှင့် အဒေါ်တို့ နှစ်ဦး စလုံး သဘော ကောင်းပါသည်။ သူတို့သား
သုံးယောက်စလုံး ABSDF တွင် သမိုင်း တာဝန် ထမ်းဆောင်နေပါသည်။ နမ္မားမြို့
တွင် သုံးညလောက် ကျွန်တော် အိပ်ရပါ သည်။ တောထဲသို့မသွားခင် တစ်ညမှာ
ကျွန်တော်နှင့်တင်မျိုးသည် ထမင်းဆိုင်တွင် ထမင်း အတူစားကြပါသည်။
နောက်တစ်နေ့မနက်တွင် လက် ဖက်ရည်ဆိုင်ထိုင်ပြီး အိငယ်က လူကြုံရှိ
ရာနေရာသို့ လိုက်ပို့ပါသည်။ ခရီးစတင်ပြီ ဆိုကတည်းက တက်လိုက်ရသည့်တောင်။
တစ်ခါမှ မတက်ဖူးခဲ့၊ ယခုမှ နဖူးတွေ့ ဒူး တွေ့ ကြုံရပြီး နေ့လယ်
နှစ်နာရီလောက်မှ နမ္မား ရှေ့တန်းစခန်းကို ရောက်သည်။ တောင်ပေါ်တွင်
သစ်ပင်ကြီးများ၏အကိုင်းအခက်ကြောင့် နေရောင်ကို မမြင် ရတော့ပေ။
ညနေစောင်းလာတော့ အ အေးဓာတ်က တဖြည်းဖြည်း ပိုလာသည်။ ကျွန်တော်က
ဒီလိုတောင်ပေါ် ရာသီဥတု မျိုးကို ယခုမှကြုံဖူးပါသည်။ ကျွန်တော် ရောက်ပြီး
မကြာခင်မှာ ညနေစာ ထမင်း စားကြပါသည်။ ယခုမှ နေ့လယ်ပဲ ရှိသေး တယ်ဗျာဟု
စောဒကတက်လိုက်ပါသည်။ သူတို့က ရယ်ကြပါသည်။
“ရွှေဘိုသား၊ ဒီနေရာက မိဘအိမ် မဟုတ်ဘူး။ ရှေ့တန်းစစ်မြေပြင်နေရာ။
နံနက်စာကို ခြောက်နာရီစားတယ်၊ နေ့ လယ်စာကို တစ်နာရီ စားရတယ်။ ထမင်း စားပြီး
ကိုယ့်ကျောပိုးအိတ် ကိုယ်သိမ်းပြီး အသင့်အနေအထားနေရတယ်” လို့ တောင်သာသား
ရေဆင်းတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကိုအောင်ကျော် (သောင်းညွန့်)
ရှင်းပြသည်။ သူတို့နှင့် ကျွန်တော်က တွေ့တွေ့ချင်း ရင်းနှီးသွား သည်။
ခံယူချက်တူသူ လူငယ်တွေပီပီ ရိုးသားပွင့်လင်းကြပါသည်။ နောက် တစ်ယောက်က
ကိုမိုးဝေ၊ နမ္မားသား။ နမ္မားမြို့ပေါ်တုန်းက သူတို့တိုက်မှာ
ကျွန်တော်အိပ်ရသည်။ ခင်ဗျားတို့အိမ် မှာကျွန်တော်အိပ်လာတာ ဟုပြောတော့
သူဝမ်းသာသွားသည်။
ကျောင်းသားလူငယ်များကို ကူညီ ရ၍ ဂုဏ်ယူနေပုံရသည်။ နမ္မားပို့စ်မှာ
သူ တို့နှစ်ယောက်ပဲ တွေ့ရသည်။ ကျန်တဲ့လူ များမှာ တပ်ရင်းပြန်သွားသည်ဟု
ပြောပြ ပါသည်။ နောက်ပြီး မဟာမိတ်ကေ အိုင် အေက တပ်စိတ်သုံးစိတ်လောက် ရှိမည်
ထင်သည်။ ညအိပ်တော့ သူတို့နှစ် ယောက်နှင့် တဲတစ်တဲတည်းမှာ အတူတူ အိပ်ရပါသည်။
ကိုမိုးဝေကလည်း ရေဆင်း တက္ကသိုလ် ကဖြစ်ပြီး သူတို့နှစ်ယောက်က ကျောင်းကတည်းက
သူငယ်ချင်းတွေဖြစ် သည်။ ကျွန်တော့်အရင် တစ်ပတ်လောက် က မ္တလေးမှ
ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင် (အနကလ)တို့ ရောက်လာ သည်ဟု ပြောပြပါသည်။
စစ်သင်တန်း မတက်ရသေး၍ ကျွန်တော် လိုက်လျောညီထွေမရှိပါ။ ရေ
ခပ်ရတာကိုက မလွယ်ပါ။ ၀ါးလုံးခြမ်းကို ရေတံလျှောက်လုပ်ပြီး တောင်ပေါ်မှ
စိမ့်ကျလာသည့်ရေကို ခံယူရပါသည်။ လေးပေခန့်ရှည်သော ၀ါးကျည်တောက် ထဲ
ရေထည့်ပြီး ပခုံးကိုမှီကာ လက်တစ် ဖက်က ၀ါးကျည်တောက်ကို အောက်က
မပြီးတောင်ပေါ်သို့မတ်စောက်စောက် ပြန်တက်ရသည်မှာအလွန်ပင်ပန်းပါသည်။
နောက်နေ့တွင် တပ်ရင်းသို့သွား မည့် ကေအိုင်အေလူကြုံနှင့်
ကျွန်တော့်ကို ထည့်လိုက်ပါသည်။ တောင်ပေါ် တက် လိုက်ဆင်းလိုက်နှင့်
နေ့ဝက်ခရီးလောက် လျှောက်ပြီးတော့ အင်ဂျုံဟုခေါ်သော ရွာ
ကြီးတစ်ရွာသို့ရောက်ပါသည်။ ထိုရွာတွင် အောင်ဆွေဦး ခေါင်းဆောင်သော
ကျောင်းသားစစ်ကြောင်း စခန်းချနေပါသည်။
ထိုရွာတွင် သုံးရက်လောက်နေပြီး တပ်ရင်း - ၅ သို့ ပြန်ကြပါသည်။
တပ် ရင်း-၅ သည် မိုးညှင်းပို့စ်၊ နမ္မားပို့စ်၊ ဆားမှော် ပို့စ်တို့ဆုံရာ
ကောက်ကွေ့ချောင်းဘေး တွင် ရှိသော ကောက်ကွေ့လွင်ပြင်တွင်
တပ်ရင်းတည်ထားပါသည်။ ကေအိုင်အေ တပ်နှင့် ကျောင်းသားတပ်တို့ အတူတွဲပြီး
နေထိုင်ရပါသည်။ ကျောင်းသားတပ်၏ ရုံးအဖွဲ့မှူးတာဝန်ခံမှာ ညီညီလွင်ဖြစ်
ပါသည်။
တပ်ရင်းစခန်းတွင် အေးအေး ဆေးဆေးနေရပါသည်။ ကျွန်တော်က ဖေဖော်ဝါရီလ
တစ်ဆယ့်ငါးရက်ဝန်းကျင် တွင် တပ်ရင်း-၅ သို့ရောက်ပါသည်။ ကျွန်
တော်ရောက်ပြီး တစ်လ၀န်းကျင်ရှိသော အခါ ကျော်ကျော်မင်း၊ တင်မျိုး၊ ခိုင်ထူး၊
မျိုးဇော်၊ မြတ်သူ၊ ၀င်းမြင့်၊ သိန်းထွန်း စသည့် လူငယ်က လေးများ
စုပေါင်းပြီး ကန့်ဘလူ၊ ဇီးကုန်းမှ ကျောင်းသား လူငယ် ကလေးများသည် ABSDF
တပ်ရင်း-၅ သို့ ရောက်ရှိလာပါသည်။ သူငယ်ချင်းတွေ ပြန်တွေ့ကြတော့
ပျော်လိုက်ကြတာ၊ ကိုယ်ယုံကြည်ရာကို ကိုယ်တိုင် ပါဝင်ခွင့် ရရှိသောကြောင့်
မိမိ၏အသက်ကိုပင် ထည့်ပြီး မစဉ်းစားမိဘဲ ငယ်ရွယ်သူတို့၏ သဘာဝစရိုက်အတိုင်း
အနစ်နာခံရသည် ဟု ပေးဆပ်ကြရသည်ဟု မအောက်မေ့ဘဲ ရိုးသားစွာဖြင့် မိမိရွေး
ချယ်ခဲ့သောလမ်းကို အတူတူလက်တွဲပြီး လျှောက်ဖြစ်ခဲ့ကြ သည်။ ကောလင်းမြို့မှ
ကျောင်းသူကလေး ဝေေ၀ဦးပေးလိုက်သည့် နို့မှုန့်ဖြင့်ပြုလုပ် ထားသော
ရိက္ခာခြောက်မှုန့်ကို ညရောက် လျှင် တဲအတွင်း၌ သူငယ်ချင်းများ စုပြီး
ဝိုင်းဖွဲ့စကားပြောရင်း လုစားကြပါသည်။
ထိုကျောင်းသူကလေးကိုတော့ ကျွန်တော် မရင်းနှီးပါ။ သို့သော်
ကန့်ဘလူ ကျောင်းသားညီလာခံတွင် သူ မိန့်ခွန်း တက်ပြောနေစဉ်
လက်ခုပ်သံတဖြောင်း ဖြောင်းဖြင့် အားပေးချီးမြှောက်သံကို တော့
ပြန်လည်သတိရမိပါသည်။ တပ်ရင်း ၅ တွင် လအနည်းငယ်ကြာနေပြီးနောက်
လိုင်ဇာဌာနချုပ်သို့ သွားမည့် စစ်ကြောင်း နှင့်အတူ လိုက်သွားရပါသည်။
တပ်ရင်းမှ နံနက်ပိုင်းတွင် စစ်ကြောင်းထွက်ပါသည်။
ကိုင်းတောလွင်ပြင်မရောက်ခင် တောတန်း အစပ်တွင် တပ်ရင်း- ၁၁ သို့ သွားသည့်
လမ်းခွဲရှိပါသည်။ ထိုလမ်းခွဲအရောက်တွင် ကျွန်တော်ဖျားနေ၍ စစ်ကြောင်းနှင့်
အတူတူ လိုက်ပါလာသော တပ်ရင်း-၁၁ တာဝန်ခံ ဗိုလ်သာဓု (ရန်ကုန်)နှင့်အဖွဲ့က
တပ်ရင်း- ၁၁ သို့ ခေါ်သွားပါသည်။
သူငယ်ချင်းများက ဌာနချုပ်သို့ စစ် ကြောင်းနှင့်အတူ
လိုက်ပါသွားပါသည်။ ထိုအချိန်မှစ၍ ကျော်ကျော်မင်းနှင့် မတွေ့ရတော့။
တပ်ရင်း-၁၁သည် မိုးကောင်းချောင်းဘေးတွင် တည်ရှိပြီး ကေအိုင်အေနှင့်အတူတူ
တွဲနေပါသည်။ ကျောင်းသားအဖွဲ့များကို တောင်ကုန်း
သီးသန့်ပေးထားပါသည်။ကျောင်းသားများ သည် အရပ်ဒေသအသီး သီးမှ ဖြစ်ပါသည်။
ဗိုလ်သာဓု၊ ဘိုထီး (ရန်ကုန်)၊ အာတီစိုး၊ ကျော်တင့်၊ ဇော်မင်းဦး၊ ဖိုးဆန်း၊
ရွှေကျီး၊ ဖြိုးကို၊ နိုင်ဇော်လတ် (မြစ်ကြီးနား)၊ ကိုမင်းဌေး၊ ဆန်းထွန်း
(မိုးကောင်း)၊ တင်မြင့် (မိုးညှင်း)၊ ငမန်း (ဗန်းမော်)၊ အောင်မျိုးဦး
(ကောလင်း)၊ (ဝေေ၀ဦး၏ အစ်ကို) ဖြစ်ပါသည်။
ကျွန်တော့်ကို စစ်ယူနီဖောင်းအင်္ကျီ အသစ်တွေ ထုတ်ပေးပါသည်။
တပ်ရင်း-၁၁ မှ သူငယ်ချင်းများက ကျွန်တော့်ကို ခိုင်ကြီး ဟုခေါ်ကြပါသည်။
စစ်သင်တန်း မတက်ရသေးသူဆို၍ ကျွန်တော် တစ်ယောက်ပဲရှိပါသည်။ ကျန်သူငယ်ချင်း
များက စစ်ရေးတာဝန် ထမ်းဆောင်နေရ ပါသည်။ ကျွန်တော်ကတော့ ဘာတာဝန်မျှ မရှိ၊
အေးအေးဆေးဆေး လွတ်လွတ် လပ်လပ်နေရပါသည်။ စစ်ဆင်ရေးကာလ တွင် တပ်ရင်း ၁၁
နေရာတွင် မနေတော့ဘဲ မိုးကောင်း ချောင်းဘေးတစ်လျှောက် နေရာရွှေ့ပြီး နေပါသည်။
ကျွန်တော့်ကို ကေအိုင်အေတပ်ရင်း မှူးထံ အပ်ပါသည်။ စစ်ဆင်ရေးကာလ
အချိန်တွင် တိုက်ခိုက်ရေးအဖွဲ့နှင့် ရှောင် တိမ်းစစ်ကြောင်းနှစ်ဖွဲ့
ခွဲထားပါသည်။ ကေအိုင်အေ တပ်ရင်းမှူးမှာ အသက်ငါး ဆယ်ဝန်းကျင်ဟု ထင်ရပါသည်။
အသား ညိုညိုနှင့် အလွန်တောင့်တင်းခိုင်မာသူ ဖြစ်ပါသည်။
သူ၏အမည်မှာဒူဂျွန်လဆန် အောင်ဖြစ်ပါသည်။ ဓာတ်ဆီခြောက်ဂါလံ ပုံးနှစ်ပုံးကို
ရေအပြည့်ထည့်ဆွဲပြီး မိုး ကောင်းချောင်းဘေးတွင် ခေါက်တုံ့ ခေါက် ပြန်
လမ်းလျှောက်ကာ ကျန်းမာရေး လေ့ ကျင့်ခန်းပြုလုပ်သူဖြစ်ပါသည်။ ထမင်းကို
တပ်ရင်းမှူးဇနီးနှင့် အဖွဲ့က ကျွေးပါသည်။ ဒူဂျွန်လဆန်အောင်၏ဇနီးက တစ်ညတွင်
ကျွန်တော့်ကို ကော်ဖီတစ်ခွက် တိုက်ပါ သည်။ တောထဲရောက်ကတည်းက လက်
ဖက်ရည်သောက်ဖို့မပြောနှင့် မြင်တောင် မမြင်ဖူးပါ။ ကျောင်းသားဘ၀တုန်းက
တစ်နေ့ကို လက်ဖက်ရည်သုံးခွက် အနည်း ဆုံးသောက်ခဲ့သည့်အကျင့်ရှိသော
ကျွန်တော်သည် မသောက်ရတာကြာပြီမို့ ကော်ဖီသည် အရသာ ရှိလှပါသည်။
ကျွန်တော်တို့ ရှောင်တိမ်း စစ်ကြောင်း ထံသို့ ဒဏ်ရာရသူများကို ပြန်သယ်လာ
ကြပါသည်။ သစ်ကိုင်းကို စောင်နှင့်ပုခက် ပုံစံပြုလုပ်ပြီး
ရှေ့နောက်တစ်လှည့်စီ လူလဲကာ ထမ်းခေါ် လာပါသည်။
ညခရီးများ ဆက်တိုက်သွားရပါ သည်။ မမြင်မစမ်းနှင့် ခလုတ်ခဏခဏ
တိုက်ပါသည်။ ကျွန်တော်က ညခရီးကို မသွားချင်ပါ။ လမ်းလျှောက်ရတာ ခက်ခဲ ပါသည်။
ဖိနပ်ကလည်း စစ်ကင်းပတ် မဟုတ်ပါ။ ခြေညှပ်ဖိနပ်စီးထားသော ကြောင့် သွားရလာရတာ
အဆင်မပြေပါ။ တစ်နေရာတွင် ရွံ့ ဗွက်အိုင်ကလေးကို ဖြတ်ကျော်သောအခါ
ဖိနပ်တစ်ဖက် ကျွတ်ကျန်ခဲ့ပါသည်။ လူတွေ တစ်ယောက် ပြီး
တစ်ယောက်ဖြတ်သွားသဖြင့် အလွန် ရှာရခက်ပါသည်။ လူနာထမ်းလာသော အဖွဲ့ပင်
ကျော်သွားပါသည်။ ဖိနပ်က ရှာ မတွေ့ သေးပါ။ စစ်ကြောင်း၏နောက်ချန်
တပ်စိတ်ပင်မီလာပါသည်။ ဗွက်အိုင်ထဲ တွင် နစ်မြုပ်နေသော ဖိနပ်တစ်ဖက်ကို
ပစ်ထားခဲ့ရပါသည်။ ခြေထောက်တစ်ဖက် တွင် ဖိနပ်မပါ ဘဲ ညခရီးလျှောက်ရသည်မှာ
အလွန်ခက်ခဲပါသည်။ တစ်နေရာတွင် စပါးရိတ်ထားသော လယ်ကွင်းကဲ့သို့
ကောက်ရိုးငုတ်တိုများ ထောင်နေသော မြေကွက်နှစ်ကွက်ကို မှောင်ကြီးမည်းကြီး
ထဲတွင် ဖြတ်လျှောက် ရသောအခါ မမြင်မစမ်းဖြင့် ခြေဖ၀ါးကို ငုတ်ထိုးခံရသည် မှာ
အလွန်နာကျင်ပါသည်။
စစ်ကြောင်းရှောင်ရ၊ မမြင်မစမ်းဘဲ ညခရီးတွေလျှောက်ရနှင့် တော်တော်
လေး ဒုက္ခရောက်ရပါသည်။ မိုးကောင်း ချောင်းနှင့် ဧရာဝတီမြစ်အကြားတွင်
နေရာတော်တော်များများကို ပြောင်းရွှေ့ နေရပါသည်။ ထိုအချိန်မှာပင်
လိုင်ဇာသို့ သွားမည့် ကေအိုင်အေလူကြုံနှင့် ကျွန် တော့်ကို
ထည့်ပေးလိုက်ပါသည်။
ဧရာဝတီမြစ်ကို စက်လှေဖြင့်ကူးပြီး လျှင် ရှမ်းရွာကိုဖြတ်ကာ
နောင်လာပါသို့ ရောက်ပါသည်။ နောင်လာပါတွင် ကျွန် တော် နေမကောင်းဖြစ်၍
ကေအိုင်အေ ဆေးရုံသို့တက်ရပါသည်။ ကသာမှ ကိုအေးမြင့်နှင့်
ဘဲလေး(မုံရွာ)တို့မှ ဆေးရုံသို့ လိုက်ပို့ပါသည်။ နောင်လာပါ တွင်
နှစ်လနီးပါးခန့်နေပြီးနောက် ပါဂျောင်ဒေသ၊ လိုင်ဇာဌာနချုပ်သို့ လူကြုံဖြင့်
ထည့်ပေးလိုက်ပါသည်။ ကျွန် တော်တို့သည် ဗဟိုဌာနချုပ်သို့ ကြိုး တံ တားဖြင့်
ကူးကာ တရုတ်ပြည်ဘက်မှ တက်ကြပါသည်။ ညနေလေးနာရီဝန်း ကျင်လောက်တွင်
ပါဂျောင်သို့ရောက်ပါ သည်။ ပါဂျောင်တွင် လအနည်းငယ် လောက်နေရပြီး
စစ်သင်တန်းကို တပ်ရင်း- ၅ တွင် ပေးမည်ဆိုသောကြောင့် ကျွန်
တော်တို့တစ်တွေသည် ဗဟိုမှ ပြန်ဆင်း လာကြပါသည်။
ကန့်ဘလူ၊ ဇီးကုန်းအုပ်စုအဖြစ် မုံရွာမြို့မှ
ကျောင်းသားလူငယ်ကိုးဦးလည်း ပါ လာပါသည်။ အောင်မွန်၊ မြင့်ဇော်၊ ထွန်း
ထွန်းစိုး၊ မြင့်နိုင်၊ ကျော်ကျော်ဦး၊ ပေါ်ဦး။ အမည် မမှတ်မိသော
အခြားသူငယ်ချင်းများ လည်းလိုက်လာပါသည်။ ဧရာဝတီမြစ် အရှေ့ ဘက်မှ
စက်လှေဖြင့်ကူးကာ အနောက် ဘက်ခြမ်းရှိ ငှက်ပျောတောကျေးရွာတွင်
ဆိုက်ကပ်ပါသည်။ ထိုမှတစ်ဖန် မိုးကောင်း ချောင်းအတိုင်းလာကာ ကချင်ရွာတွင် ည
အိပ်ရပါသည်။ နောက်တစ်နေ့ မနက်တွင် တပ်ရင်း-၅ သို့ ထွက်ခွာခဲ့ပါသည်။ တပ်
ရင်း - ၅ တွင် စစ်သင်တန်းတက်ပြီးသော အခါ တာဝန်ခံ ကိုအောင်ဆွေဦးက ကျွန်
တော့်ကို ရုံးအဖွဲ့သို့ ပို့လိုက်ပါသည်။ ရုံးတာ ၀န်ခံမှာ ညီညီလွင်
(၀န်းသို)ဖြစ်ပါသည်။
ရိက္ခာအတွက် ဆန်ထမ်းကို အလှည့်ကျလိုက်ရပါသည်။ ဆန်ဂိုဒေါင်
ရှိရာသို့ ဆန်သယ်သွားရပါသည်။ မနက် စောစောသွားရပြီး ညနေစောင်းမှ ပြန်
ရောက်ပါ သည်။ မြေနီတောင်ဘက်သို့ ဆန်သွားသယ်ရလျှင် လမ်းမှာ တစ်ည အိပ်ရပါသည်။
အပြန်လမ်းကျလျှင်လည်း လမ်းမှာ တစ်ညအိပ်ရပြီး ညနေစောင်းမှ ပြန်ရောက်ပါသည်။
ဆန်မထမ်းရလျှင် ၀ါးခုတ်၊ ရုံးပင်ခုတ်လုပ်ရပါသည်။ ကျောင်းသားရဲဘော်များတွင်
ရာသီ အလိုက် သယ်ယူရမည့် ပစ္စည်းများရှိပါ သည်။ မဖြစ်မနေ သယ်ရမည့်ပစ္စည်းများ
ကတော့ ယူနီဖောင်းနှစ်စုံ၊ အရပ်ဝတ် တစ်စုံ၊ ဟန်းကောတစ်လုံး၊ ဆန်စလွယ် တစ်ခု၊
မီးခြစ်တစ်လုံး၊ ဖယောင်းတိုင်၊ ဓား တစ်ချောင်း၊ ညှပ်ဖိနပ်တစ်ရံ၊ ဆား
တစ်ထုပ်ပင် ဖြစ်ပါသည်။
ပါဂျောင်လူသတ်ကုန်းမှ ပဲ့တင်သံများ
အမေမျှော်တဲ့သား
စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်လျှင် နေရာပြောင်းပြီး
စစ်ကြောင်းလိုက်နေရ ပါသည်။ တစ်ခါသော် မြေနီတောင်ဘက် တွင် စစ်ကြောင်း
ပြောင်းရွှေ့နေကြရပါ သည်။ ထိုအချိန်တွင် ကိုအောင်ကျော် (သောင်းညွန့် -
တောင်သာ)၊ သိန်းနိုင်ချို၊ ကိုထိန်လင်း (ပန်းချီ)၊ ထွန်းထွန်းစိုး
(မုံရွာ)၊ကျွန်တော်တို့စုစုပေါင်း ငါးယောက်သည် မြေနီတောင်၏ အရှေ့ဘက်
ထိပ်ဂန် ဂွယ်ရန်ရွာကိုဖြတ်ပြီး တောင် အောက်သို့ ဆင်းရပါသည်။ မိုးဒါးလေး၊
မိုးဒါးကြီးဘက်ကိုမသွားဘဲ မိုးညှင်းပို့စ် ဘက်သို့ သွားပါသည်။
ထိုနေရာတွင် အရင်ရှိနေသော ကေအိုင်အေစစ်ကြောင်းနှင့် ပေါင်းနေပါ
သည်။ ထိုစစ်ကြောင်းသွားရာနောက်ကို ပြောင်းရွှေ့နေကြရပါသည်။ နောက်ထပ်
ကျောင်းသား စစ်ကြောင်းလည်း လာ ရောက်ပေါင်းဆုံနေကြပါသည်။ မိုးတွင်း ခရီး
သွားလျှင် အလွန်ဒုက္ခရောက်ပါသည်။ စစ် ကြောင်းနားလျှင် အိပ်ဖို့နေရာရှင်းရပါ
သည်။ မိုးကာတစ်ထည်ကို အပေါ်မှမိုး၍ တစ်ထည်ကို သစ်ကိုင်းများပေါ်ခင်းကာ
ကျောပိုးအိတ်ကို ခေါင်းအုံးရပါသည်။ ထမင်းချက်လျှင် ထင်းစိုနေ၍ မီးမတောက်ပါ။
ထမင်းမှာ ပျော့၊ တူး၊ မနပ်ဖြစ်တာ များပါသည်။ ကိုယ့်တပ်စိတ်နှင့်ကိုယ်
ထမင်းစားရပါသည်။ နှစ်ပေလောက် ရှိ သော မိုးကာကိုခင်းပြီး ထမင်းကိုပုံပြီး
စား ရပါသည်။ မိုးတွင်းရောက်လျှင် ယားနာ ပေါက်ပါသည်။ လက်ဖမိုးမှာ
မြင်မကောင်း အောင် ရောင်ကိုင်းနေပါသည်။ သို့သော် သူငယ်ချင်းတွေသည်
မရွံမရှာဘဲ အတူတူ ၀ိုင်းဖွဲ့စားသောက်ကြပါသည်။ ရှိအတူတူ၊ မရှိအတူတူ
သူငယ်ချင်းကောင်းပီသသော သူငယ်ချင်းများပင်။ မိုးရာသီ ရောက်လျှင်
ရင်ဆိုင်ကြုံတွေ့ရသော နောက်အခက်အခဲ တစ်ခုမှာ ကျွတ်ဟုခေါ်သော ကျောရိုးမဲ့
သတ္တ၀ါပင်ဖြစ်သည်။
လူသံကြားလျှင် တထောင်ထောင် လုပ်နေပြီး ခြေသလုံးတွင် တွယ်ကပ်
ပြီးပါလာပါသည်။ ခွာချ၍လည်းမရပါ။ သွေးစုပ်ပြီး သွေးဝသွားမှ သူ့အလိုလို
ပြုတ်ကျသွားပါသည်။ တစ်ကောင်တလေ ဆိုလျှင် ကိစ္စမရှိ၊ မိုးရေတစွတ်စွတ်နဲ့ဆို
တော့ တစ်တောလုံးတွင် ပြတ်သိပ်နေပါ သည်။ စစ်ဖိနပ်နှင့် ခြေအိတ်တွေကြားတွင်
အတင်းတိုးဝင်ကြပါသည်။ စစ်ကြောင်းနား ချိန်တွင်
ချောင်းစပ်ကျောက်တုံးပေါ်တွင်ထိုင်ကာ ဖိနပ်ချွတ်လိုက်လျှင် ခြေချောင်း
ငယ်လေးများကြားတွင် သွေးစုပ်နေတာ ကို တွေ့ရပါသည်။ ခြေထောက်တစ်ဖက် လျှင်
အနည်းဆုံး ငါးကောင်လောက် သွေး စုပ်နေတာကို တွေ့ရသည်။ ပေါင်ကြား
တွေထိဆက်ပြီး သွေးစုပ်ကြပါသည်။ အောက်ခံဘောင်းဘီများအတွင်းအထိ ၀င် ပြီး
သွေးစုပ်ကြပါသည်။ သန့်ရှင်းရေးလုပ်ရင်း ဘောင်းဘီချွတ်၍ ရှာလိုက်လျှင်
အနည်းဆုံး ငါးကောင်၊ ခြောက်ကောင်အထိ တွေ့ရပါသည်။
စစ်ကြောင်းနား၍ ညအိပ်ရပြီဆို လျှင်လည်း တုတ်ချောင်းနှင့်
သစ်ရွက်တွေ ကိုဖယ်ရှားရပါသည်။ ထို့နောက် မိုးကာ ခင်း၍ အပေါ်မှလည်း
မိုးကာကို တစ်ဖက် လျှောလုပ်ပြီး ခြင်ထောင်ထောင်ပြီး အိပ်ရ ပါသည်။
မိုးတွင်းကာလတွင် ဖြုတ်အလွန် ကိုက်၍ ခြင်ထောင်ထောင်ရပါသည်။
ကျွတ်မလာအောင်ကား လုပ်၍မရပါ။ ည အိပ်ပြီဆိုလျှင် ခဏခဏထပြီး ကျောပိုး
အိတ်တွင် ကျွတ်ရှိ၊ မရှိ ကြည့်ပါသည်။
ရှေ့တန်းစစ်မြေပြင်အသီးသီးတွင် သွားလာလှုပ်ရှားနေကြရသော သူငယ်
ချင်းတွေသည် တိုက်ပွဲမဖြစ်သော်လည်း သဘာဝဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ကျော်
လွှားကြရပါသည်။ တိုက်ပွဲပါဖြစ်ပြီဆိုလျှင် တော့ ပြောစရာမရှိတော့ပါ။ အသက်ရှင်
သန်ဖို့အရေး အလွန်အားထုတ်ရပါသည်။ ဤနေရာတွင် နမ္မားသား ကိုမောင်အေးကို
သွားသတိရမိသည်။ တဇွတ်ထိုးလူ၊ ဒါပေမဲ့ စိတ်ရင်းအလွန်ကောင်းသည်။ တစ်ခါတွင်
သူနှင့်အတူအိပ်ရသည်။ မိုးကာ ခင်းတာ၊ မိုးကာကို အပေါ်မှာမိုးတာ၊ ခြင်ထောင်
ထောင်တာ စသည့် ကိစ္စများ အားလုံးကို သူတစ်ယောက်တည်း အကုန် လုပ် သွားသည်။
ကျွန်တော့်ကို ဘာမှမလုပ် တတ်သော ညီငယ်တစ်ယောက်လို သဘောထားသည်။
ညအိပ်တော့ ခြင်ထောင်မပြီး ခေါင်းရင်းဘက်မှာ ကျွန်တော်က တံတွေး
ထွေး လိုက်သည်။ နောက်မထွေးဖို့ သူက ပြောသည်။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်း
ရင်းဘက်မှာ တံတွေးထွေးလျှင် မိမိ ကိုယ်စောင့်နတ်က သမုဒ္ဒရာဆီကို သွားပြီး
ခေါင်းလျှော်ရသည်တဲ့။ အဲဒီလို ကိုယ် စောင့်နတ်က ပင်လယ်သမုဒ္ဒရာဆီကို
သွားသည့်အခါ မိမိအနားမှာ မရှိသည့် အချိန်မှာ မကောင်းဆိုးဝါးတွေ နှောင့်
ယှက်တတ်သည်ဟု သူငယ်ငယ်တုန်းက တည်းက သူ့အမေကပြောဖူးသည်တဲ့။ “နောက်
မထွေးနဲ့နော်” ဟု ကျွန်တော့်ကို ပြောရှာသည်။
သူ့အမေက သူပြန်အလာကို မျှော် နေတာတဲ့၊ လူကြုံ ခဏခဏမေး သည်တဲ့။
သူတို့ဘ၀က သားအမိနှစ်ယောက်ပဲ ရှိတာ။ ကိုမောင်အေးက ပန်းတိမ်ဆရာ။
ပန်းတိမ်ဖိုမှာ အလုပ်လုပ်ရင်း မိခင်အိုကို လုပ်ကျွေးပြုစုနေတာ၊ ရိုးရိုး
သားသားနဲ့ သမိုင်းတာ ၀န်ကိုဝင်ပြီးထမ်းတာ၊ အမေ ကို ဖားကန့်သွားပြီး
အလုပ်သွားလုပ်မယ် ဆိုပြီးထွက်လာတာ။ အမေကတော့ သား ပြောတာကိုယုံပြီး
အဟုတ်မှတ်နေတာ ပေါ့။ သတင်းတမေးမေးနဲ့ သားပြန်အလာ ကိုမျှော်နေရှာတာ။
ညအိပ်ရာဝင်ခါနီး ပြောပြသော သူ့ ဘ၀ ဇာတ်ကြောင်းဖြစ် ပါသည်။
သူနှင့် ကျွန်တော် အဲဒီညက အတူ အိပ်ပြီး နောက်တစ်နေ့မနက်တွင် သူ
ခရီး ထွက် သွားပါသည်။ အဲဒီနောက် သူနှင့် ကျွန်တော် မတွေ့ရတော့။ နောက်
ရှေ့တန်း တစ်နေရာ တိုက်ပွဲတစ်ခုတွင် ကိုမောင်အေး ကျဆုံးသွားသည်ဟု
အတော်ကြာမှ ကျွန်တော် သိရပါသည်။ သေချာစုံစမ်း ကြည့်တော့ ကျွန်တော်
စတင်ရောက်သည့် နေရာဖြစ်သော နမ္မားပို့စ်တွင် တိုက်ပွဲကျ သွားခြင်း ဖြစ်သည်။
ကျွန်တော်၏ရင်ထဲသို့ ဆူးတစ်ချောင်း စူးဝင်သွားပါသည်။ အမေ အိုက
သားပြောစကားကိုယုံပြီး သားပြန် အလာကို စောင့်မျှော်နေရှာမည့် သံယော
ဇဉ်ဆူးပဲဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ မသိလိုက်ရသည့် အညတရ ရဲဘော်များ၏
ဘ၀ဇာတ်ကြောင်းများ ဘယ်လောက် တောင်ရှိနေလိုက်မလဲ။ ဒီလိုဇာတ် ကြောင်းတွေ
နောက်နောင် မပေါ်ပေါက် စေချင်၊ မရှိစေချင်တော့ပါ။
တိုက်ပွဲများနှင့် သံသယ
ကျွန်တော်တို့ စစ်ကြောင်းသည် တပ်ရင်း-၅ ၀န်းကျင်တွင်
သွားလာလှုပ်ရှား နေပါသည်။ စခန်းဟောင်းတွင်ကား မထိုင် ဖြစ်တော့ပါ။ တစ်နေ့တွင်
ကိုအောင်ဆွေဦး ခေါင်းဆောင်သော စစ်ကြောင်းနှင့် ပေါင်း မိပါသည်။
ကိုအောင်ဆွေဦးက ၇၀၂ တပ် ရင်းအသစ် ထပ်ဖွဲ့သောအခါ တပ်ရင်းမှူး တာဝန်ဖြင့်
တပ်ရင်း-၆ ဒေသ ဖားကန့်သို့ တာဝန်ကျပါသည်။ ၇၀၂ တပ်ရင်း၏ ရုံး
အဖွဲ့တာဝန်ခံမှာ ကိုညီညီလွင်၊ ၀န်းသိုသား ဖြစ်ပါသည်။ သူက ရွှေဘိုကောလိပ်တွင်
ကျောင်းတက်ဖူးပါသည်။ ထို့ကြောင့် ရွှေဘိုသား ကျွန်တော့်ကို ခင်နေပါသည်။
သူတို့ နှစ်ယောက်က ကျွန်တော့်ကို ၇၀၂ တပ်ရင်းသို့ ခေါ်သွားပါသည်။ အဲဒီအချိန်
ကတည်းက ကိုအောင်ကျော် (သောင်း ညွန့်-တောင်သာ-ရေဆင်းတက္ကသိုလ်)နှင့်
ကွဲသွားပါသည်။ ယနေ့အချိန်ထိ သတင်း အတိအကျ စုံစမ်းမရသေးပါ။ ကိုညီကျော်
(မန္တလေး)ကတော့ ကိုအောင်ကျော် ကျဆုံးသွားပြီဟု ပြောပါသည်။
ကျွန်တော်တို့စစ်ကြောင်းသည် ဆားမှော်နှင့် နေ့တစ်ဝက်လျှောက် ခရီး
အကွာအဝေး တောထဲတွင် နေရာယူ ထားပါသည်။ တခြား ကေအိုင်အေစစ် ကြောင်းများလည်း
လာရောက် ပေါင်းဆုံ ကြပါသည်။ ထိုအချိန်တွင် သိန်းထွန်း (ဇီးကုန်း)ကို
ကေအိုင်အေမှ တိုက်ခိုက်ရေး (Point)တပ်စိတ်နှင့် တောထဲတစ်နေရာ တွင်
သီးခြားတစ်ယောက်တည်းတွေ့၍ ပြန်ခေါ်လာပါသည်။ အမှန်ကတော့ ကြိုး ချည်၍
ဖမ်းလာခြင်းဖြစ်ပါသည်။ ကေအိုင် အေမှ ကျောင်းသားတပ်ဖွဲ့ သို့ ပြန်အပ်ပါ သည်။
ကျောင်းသားအဖွဲ့မှ တာဝန်ရှိသူ အချို့က သူ့ကို စစ်မေးနေတာကို ဖြတ် သွားရင်း
ကျွန်တော်မြင်တွေ့ရပါသည်။ စိတ်မကောင်းတော့ဖြစ်မိပါသည်။ ကျွန်
တော်တို့အဖွဲ့ကလည်း သံလမ်းကို ဖြတ် ကူးခါစအချိန်ဆိုတော့ အဆင်သင့် အနေ
အထားဖြင့် ကိုယ့်တပ်စိတ်နှင့်ကိုယ် နေ ကြရပါသည်။ အဲဒီ စစ်မေးနေသော အချိန်
ညမှာပင် သိန်းထွန်း (ဇီးကုန်း)ကို သတ် ပစ်လိုက်ပါသည်။ တကယ်တော့ သူ ပြန်
သွားတာလား၊ ပြန်မသွားဘူးလား၊ လူကွဲ သွားတာလားဆိုတာကိုတော့ သူကိုယ်
တိုင်နှင့် မေးသည့်သူများပဲ သိပါလိမ့်မည်။ အဲဒီအချိန်မှာ
တိုက်ပွဲတွေဖြစ်ပြီး ရှုပ်ထွေး နေသောအချိန်၊ ရှောင်တိမ်းသော စစ် ကြောင်းက
ရှောင်တိမ်းဆိုတော့ သတင်း ပေါက်ကြားလို့တော့ မရပါ။
စစ်ဆင်ရေးကာလမဟုတ်သည့် အချိန်တို့၊
နောက်တန်းဗဟိုတို့လိုနေရာမျိုး တွေမှာဆိုလျှင်တော့ ဒီလိုပြဿနာလောက် တော့
ဖြေရှင်း၍ရမည်ထင်ပါသည်။ ယခု နေရာက ရှေ့တန်းစစ်မြေပြင်နေရာ
စစ်ဆင်ရေးအချိန်ဆိုတော့ နေရာကို အတည်တကျမနေဘဲ ပြောင်းရွှေ့ပြီးသိုသို
သိပ်သိပ်နေရသည့်အနေအထားဆိုတော့ ဆုံးဖြတ်ချက်တွေက မတူညီတော့ပါ။ ည
နေစောင်းအချိန်တွင် ထွန်းသိန်း (မှို်င်းဝေ အစ်ကို)၊ သိန်းထွန်း (ဘူးသီး)၊
ထွန်းသိန်း (ဆေးဆရာ)နှင့် ကျွန်တော်တို့လေးယောက် ကို တပ်ရင်း-၆
ဖားကန့်ဘက်သို့ကူးမည့် ကေအိုင်အေစစ်ကြောင်းနှင့် ထည့်ပေး လိုက်ပါသည်။
ခရီးပြင်း လျှောက်ရပါသည်။ ညဘက်ရောက်တော့ လယ်ကွင်းတွေ ထဲမှာ
ကျွန်တော်တို့စစ်ကြောင်းအားလုံး ၀ပ်နေ ကြရပါသည်။
ဆားမှော်ဘူတာရုံကို မီးရောင် ကြောင့် လှမ်းမြင်နေရပါသည်။ ရပ်ကွက်
လား၊ ရွာလား ကျွန်တော်တို့မသိပါ။ ဗီဒီ ယိုရုံမှ ကော်နီ၏
ကိုကိုလို့မခေါ်တော့ဘူး ဆိုသည့်သီချင်းသံကို ကျွန်တော်တို့တစ် တွေ
ကြားနေရပါသည်။ လယ်ကွင်းပြင်ထဲ တွင် အကြာကြီး ငြိမ်နေကြရပါသည်။
တော်တော်ကြီးမိုးချုပ်လို့ ဘာသံမှမကြား ရတော့မှ ကေအိုင်အေစစ်ကြောင်းမှူးက
သံလမ်းကို ဖြတ်မယ်၊ ခြေထောက်နဲ့ သံလမ်း မတိုက်မိစေနဲ့ဟု သတိပေးစကား
ပြောပါသည်။ ဆားမှော်ဘူတာရုံမှ ၇၅ မီတာ အကွာအဝေးလောက် ရှိမည်ထင် ပါသည်။
ကျွန်တော်တို့ စစ်ကြောင်းသည် သံလမ်းကိုဖြတ်ကူးပြီး မိုးကောင်း၊ ဖားကန့်၊
ကာမိုင်းကားလမ်းကို ဖြတ်ကာ တော လမ်းခရီးအတိုင်း မနားတော့ဘဲ
အပြင်းသွားကြရပါသည်။ ထို့နောက် ကျွန်တော်တို့လေးယောက်ကို ၂၅၁ တပ်နှင့်
ပြောင်းပြီးထည့်ပေး၍ အတူသွား ရပါသည်။ ဒူက္ဘာလှဆိုင်းက ဦးဆောင်ပါ သည်။
တောလမ်းအတိုင်း ကျွန်တော်တို့ကို ခေါ် သွားပြီး ဆိုင်းတောင်ရွာဟောင်းသို့
သွားသည့်လမ်းကိုရောက်သောအခါ လမ်းခွဲပြီး ကျွန်တော်တို့လေးယောက် သည်
ဖားကန့်သို့ ညတွင်းချင်းအရောက် သွားကြပါသည်။ အရင်ရောက်နေသော
သူငယ်ချင်းများလည်း တွေ့ရပါသည်။ နောက်ရက်တွင် ဖားကန့်မှ ဆိုင်းတောင်
ရွာသစ်သို့ ကျွန်တော်တို့ ပြောင်းရွှေ့ရ ပါသည်။ ဆိုင်းတောင်ရွာသစ်က အိမ်
တစ်အိမ်မှာ ရက် ၂၀ခန့် နေကြရပါသည်။
ထို့နောက် အဲဒီကမှတစ်ဆင့် ဖား ပြင်ဆိုသော ရွာလေး တစ်ရွာမှာ
ကိုညီညီ လွင် (၀န်းသို)၊ အန်တီအေး (ရန်ကုန်)၊ ဆန်းဆန်း (မြစ်ကြီးနား)၊
ကျော်ကျော်ဦး (ကသာ)၊ တပ်စိတ်တစ်စိတ်တည်း နေရ ပါသည်။ တစ်ခါ တစ်ရံ ညတွေမှာ
တောင် ပေါ် ရှိ မှော်တွေထဲတွင် လှည့်နေ ရပါသည်။ အောင်ကျော်ဝင်း (အင်းတော်)က
ဖားကန့်မှာ ကျွန်တော့်အရင်ရောက်နေပြီး ဂျက်ကော့ခါးပတ်ကို ကျွန်တော်က
တောင်း၍ လက်ဆောင်အဖြစ် ချွတ်ပေးပါ သည်။ ကျွန်တော်တို့နေသော ဖားပြင်ရွာမှ
ဖားကန့်သို့ အလည်သွားရန် ကိုညီညီ လွင်က ကျွန်တော်နှင့် ကျော်ကျော်ဦးကို
မုန့်ဖိုးနှစ်ရာစီ ပေးပါသည်။
ကျွန်တော်ကတော့ လက်ဖက်ရည် ဆိုင်ထိုင်ပြီး နှစ်ခွက်
သောက်ပစ်လိုက်ပါ သည်။ မသောက်ရတာ ကြာတော့ လက်ဖက်ရည်က တော်တော် အရသာရှိ
ပါသည်။ ကျောင်းဆရာ ကိုပီတာ (မန္တ လေး)၊ ကိုရန်ရှင်း (ရေဆင်းတက္က သိုလ်)
တို့ကိုလည်းတွေ့ရပါသည်။ ဖားကန့်ဒေသ တွင် နယ်ပေါင်းစုံမှ အရင်း အနှီးရှိ သော
လူများ၊ အရင်းအနှီးမရှိသောလူများ အားလုံးအလုပ်လာလုပ်ကြပါသည်။
ကျောက်တူးသူများသည်လည်း ကိုယ် အလုပ်လုပ်သည့်မှော်တွင် ကိုယ့်လောပန်း နှင့်
ကိုယ့်အဖွဲ့လိုက် သစ္စာရှိရှိ ပူးပေါင်း အလုပ်လုပ်ကြပါသည်။ ကျောက်အောင်
လျှင်တော့ ကျောက်တူးအလုပ်သမားများ သည်လည်း လောပန်းဖြစ်နိုင်ခွင့် အိပ်
မက်ကိုယ်စီရှိကြပါသည်။ အရက် ဆိုင်ကလည်း ပေါမှပေါ။ ဆိုင်ကြီး၊ ဆိုင်သေး
ပုံသဏ္ဌာန်အမျိုးမျိုး၊ လောင်းကစားဝိုင်း တွေကလည်း ပေါမှပေါ။ လောင်းကစား
နည်းပေါင်းစုံလင်ပါ သည်။ ကိုယ်မသိသော ကိုယ် မကြားဖူးသော ကစားနည်းတွေ
မျိုးစုံရှိပါသည်။
ကျွန်တော်က ဖားကန့်တွင် နေ့ဝက် လောက်နေပြီး ညနေစောင်းတွင် ဆိုင်း
တောင်သို့ ပြန်လာပါသည်။ ထိုမှတစ်ဆင့် ဖားပြင်သို့ ပြန်လာပါသည်။
ကျောက်စိမ်း ထွက်သော ဒေသတွင် ငါးလ၀န်းကျင် လောက်နေရပြီး ဗဟိုသို့
ပြန်လာကြပါ သည်။ ယခုအပြန်ခရီးတွင် ကေအိုင်အေ စစ်ကြောင်းမပါဘဲ
ကိုအောင်ဆွေဦး ခေါင်းဆောင်သော ကျောင်းသားစစ် ကြောင်း သက်သက်ဖြင့်
ပြန်လာပါသည်။ ဆားမှော်အနီးဝန်းကျင်တွင် သံလမ်းကို ဖြတ်မကူးနိုင်တော့ဘဲ
ပိတ်မိနေပါသည်။ ကျွန်တော်တို့စစ်ကြောင်းသည် တောင် ပေါ်သို့တက်ခဲ့ကြပြီးနောက်
တိုက်ပွဲဖြစ် ပါသည်။ ကျွန်တော်တို့ ကျောင်းသား စစ်ကြောင်းသည် နားမနေဘဲ
အပြင်းအထန် ခရီးပြင်းနှင်ကြရပါသည်။ ထမင်း စားချိန်မှလွဲပြီး နေ့မနား ညမနား
ခရီးပြင်း လျှောက်ကြရပါသည်။ လမ်းတွင် ရိက္ခာ နှင့်လဲရန်၊ လိုအပ်ပါက
ဆေးအဖြစ်သုံးရန် ဘိန်းမည်းတစ်ပိဿာနှစ်ထုပ်ကို ကျွန်တော်၏
ကျောပိုးအိတ်တွင်ထည့်ပြီး သယ်ရသည် မှာ မချောင်လှပေ။ ရေရှည်ခရီးသွားသည့် အခါ
ရေခွက်ကလေးတစ်ခွက်ကပင် သူ့ အလေးချိန်နှင့်သူ သိသာလှပါသည်။ ကျွန်တော့်ကို
ယုံကြည်စိတ်ချသဖြင့် သယ် ခိုင်းခြင်းဖြစ်ပါသည်။ မှိုင်းခံစက္ကူဖြင့်
ပတ်ထားပြီး ဂုန်နီကြိုးဖြင့် ပတ်ပတ်လည် ချည်ထားပါသည်။ မြစ်ကြီးနားအထက်
ချီဗွေ-လောခေါင်လမ်းအထိ ဖောက်ထွက် ကြရပါသည်။
တစ်ခါတစ်ရံ တောလမ်းထဲက လျှောက်လိုက်၊ လမ်းမကြီးက လျှောက် လိုက်နှင့်
ပူတာအိုက ရေခဲတောင်ဖွေးဖွေး ကို နေရောင်အောက်တွင် လှမ်းမြင်တွေ့ရ ပါသည်။
မြန်မာပြည်၏ မြောက်ဘက်ဖျား နှင့် အနောက်မြောက်ဘက်ဖျား တို့တွင်
တောင်တန်းမြင့်ကြီးများ အလွန်ထူထပ် လှပါသည်။ မြေပြန့်ကို မတွေ့သလောက် ပင်။
တောင်မတ်မတ်တွေချည်းပဲ တက် နေရပါသည်။
မှတ်မိနေပါသေးသည်။ မြစ်ကြီးနား အထက်နားတွင် ထင်းရှူးတောင် တစ်
တောင်ရှိပါသည်။ တောင်တစ်ခုလုံး ထင်းရှူး ပင်တွေချည်းပဲ ပေါက်ပါသည်။
ဝါးရုံပင် လည်းရှိပါသည်။ အဲဒီတောင်ပေါ်တွင် ကျွန် တော်တို့စစ်ကြောင်းသည်
ရိက္ခာဆန် ပြတ်သွားပါသည်။ ဆန်ပြုတ်စရာပင် မရှိပါ။ ၀ါးပင်မှထွက်သော
မျှစ်များကို လိုက်ချိုးရပါသည်။ မျှစ်များကို မီးသွေးခဲ ထည့်ပြီး
အဆိပ်အတောက်ပျောက် စေရန်ပြုတ်ကြရပါသည်။ ရေသုံးခါ လောက်ငှဲ့ပြီး
ဆားဖြင့်နယ်ပြီး စားကြရပါ သည်။ လေးနပ်လောက် မျှစ်ပြုတ် စားခဲ့ရ ပါသည်။
မငတ်တာကိုပင် ကျေးဇူးတင် ရမည်။
နောက်မှ ရွာဆက် ပြန်တွေ့ပြီး ထမင်း စားရပါတော့သည်။ ကျွန်တော့်ဆီ
မှာပါလာသော ဘိန်းမည်းဖြင့် ဟင်းလဲစား ရပါတော့သည်။ ပိုက်ဆံဖြင့် ၀ယ်၍မရပါ။
ဘိန်းမည်းဖြင့် လဲမှသာ ရပါတော့ သည်။ မေခမြစ်နှင့် မလိခမြစ် နှစ်ခုစလုံးကို
ဝါးဖောင်ငယ် သေးသေးဖြင့် ကူးဖြတ်ရပါ သည်။ တစ်ခေါက်ကူးမှ သုံး ယောက်သာ
လိုက်ပါရပါ သည်။ မြစ်ကိုမကူးခင်မှာ ရေချိုးကြပါသည်။ မြစ်က နက်သော ကြောင့်
ရေက စိမ်းကြည်နေပါသည်။ ကျောက်တုံး ကျောက်ဆောင် တွေလည်း ပေါများပါသည်။ ရေက
ရေခဲကဲ့သို့ အေးသောကြောင့် အကြာ ကြီးမချိုးနိုင်ကြပါ။ ခဏချိုးပြီး ပြန်တက်
ကြရသည်။ ကေအိုင်အေ၏ တပ် မဟာ-၁၊ တပ်မဟာ-၂ နှစ်တပ်စလုံးကို ဖြတ်သွား
ကြရပါသည်။
တောင်ပေါ်အယူအဆနှင့် ဓလေ့
လမ်းတွင် လီဆူးရွာများကိုလည်း တွေ့ကြရပါသည်။ နတ်ကြော့ရွာဟုခေါ်
သော နတ်ကိုးကွယ်သည့်ရွာများကိုလည်း တွေ့ရပါသည်။ ကျွဲခေါင်းကြီးများ
အိမ်တိုင် မှာ ကပ်ချည်ထားပြီဆိုလျှင် နတ်ကြော့ အိမ်ဖြစ်ပါသည်။
အဲဒီလိုအိမ်မျိုးမှာ တည်း လျှင် အလွန်သတိထားရပါသည်။ သူတို့ မပေးဘဲ
ဘာမှမယူရပါ။ သူတို့ ကြည်ကြည် ဖြူဖြူ ပေးမှသာယူပြီးစားကြရပါသည်။
တောကြီးတောင်ကြီးထဲတွင်ဆိုတော့ လွဲ ချော်သွားမှာကို အလွန် စိုးရိမ်ကြပါသည်။
တချို့ ရွာတွေဆိုလျှင် သူတို့ရွာထဲဝင်တော့ မည်ဆိုလျှင်
၎င်းင်းတို့ရွာထိပ်တွင်ရှိသော ကျောက်တုံးကြီး တစ်တုံးပေါ်သို့ မြေကြီး ပေါ်ရှိ
ကြေကျနေသော သစ်ရွက်ကို ကောက်တင်ပြီးမှဝင်ရပါသည်။ ကျွန်တော် တို့လည်း
သေချာနားမလည်ပါ။ ရှေ့ကလူ က ကောက်တင်သောကြောင့် နောက်မှ လိုက်ပြီး
လုပ်ဆောင်ရပါသည်။
ထိုနေရာတွင် မှားသည်၊ မှန်သည်ဟု အယူအဆ ငြင်းခုံနေ၍မဖြစ်ပါ။
သူ့ဓလေ့၊ သူ့ဒေသအလိုက်အရိုအသေပေးလုပ် ဆောင်ရပါသည်။ တစ်ရွာလုံးမှ နတ်ကြော့
ဟုခေါ်သော နတ်ကိုးကွယ်သည့်အိမ်ဆို၍ သုံး၊ လေးအိမ်သာရှိပါသည်။ ရံဖန်ရံခါတွင်
တော့ တစ်ရွာလုံးနီးပါး နတ်ကိုးကွယ်ပါ သည်။ များသောအားဖြင့် တောင်ပေါ်ဒေသ
ကချင်တိုင်းရင်းသား၊ လီဆူး၊ ရ၀မ်၊ ရှမ်း လူမျိုးများသည်
လူမျိုးသာကွဲနေကြသော် လည်း ကိုးကွယ်မှုအများဆုံးမှာ ခရစ် ယာန်ဘာသာကို
ယုံကြည်ကိုးကွယ်မှုက များသည်။
ကျွန်တော်တို့ စစ်ကြောင်းသည် မြန် မာပြည်၏ မြောက်ဖျားပိုင်းသို့
ရောက်လာ လေလေ တောင်တန်းတွေက မြင့်သထက် မြင့်လာလေ ဖြစ်နေပါ သည်။ မြေပြန့်ကို
မတွေ့ရတော့ပါ။ တက်ပြီးရင်းတက်ရင်း ဖြစ်နေပါတော့သည်။ မနက်မိုးလင်းလို့စစ်
ကြောင်း စထွက်ပြီဆိုကတည်းက တောင် ကို စပြီးတက်ရပါတော့သည်။ ရွာတွေကလည်း
တောင်ကမ်းပါး ယံ၊ တောင်ထိပ်တွေမှာ ရွာတည်ထားပါ သည်။ လေကလည်း အေးလှပါ သည်။ တ
ချို့ ရွာများဆိုလျှင် တိမ်တွေက ခေါင်းပေါ် ရောက်နေကြပါသည်။
နံနက်စောစောဆိုလျှင် မြူတွေက တောင်တွေကြားတွင် ပတ်ကာ ၀ိုင်းနေကြပါသည်။
အလင်းအား မကောင်းသေးသောအချိန်ဆိုလျှင် မြစ်ရေ ပြင်ကြီးဟု မှတ်ထင်နေရပါသည်။
တောင်များထူထပ်သောကြောင့် ကျွန်တော်တို့စစ်ကြောင်းသည် နားနားနေ
နေ သွားကြပါသည်။ တချို့ ရွာကြီးဆိုလျှင် နှစ်ညလောက် အိပ်ကြရပါသည်။ စား
စရာရိက္ခာဝယ်လို့ရလျှင် ညအိပ်ကြ ပါသည်။ ရှောက်ပန်းသီး အချိုပင် နိမ့်နိမ့်
ကလေးတွေ အလွန်ပေါများပါသည်။ ကျွန်တော်တို့သည် ရှောက်ပန်းသီးကို ခူးပြီး
ဆားနှင့်တို့ပြီး စားကြပါသည်။ ရွာ သားတွေက မစားကြပါ။ ကျွန်တော်တို့
ကျောင်းသားစစ်ကြောင်းကတော့ မစား ရတာကြာပြီဆိုတော့ ပြောင်နေအောင် ခူးပြီး
စားကြပါသည်။
တစ်ခါတုန်းက တောင်ယာတစ်ခုကို အမှတ်ရမိပါသည်။ ကျွန်တော် တို့
တပ်စိတ် နေသော ယာတဲတွင် ပိန်းဥကို ၀က်စာ ကျွေးရန်အတွက် ခြေတံအမြင့် တောင်
ယာတဲတွင် တစ်နှစ်စာ လှောင်ထားပါ သည်။ ကျွန်တော်တို့က ၎င်းနေရာတွင် လေးရက်ခန့်
နားနေကြရပါသည်။ အဲသည့် အချိန်တွင် ပိန်းဥကို ပြုတ်လိုက်၊ ပြာပုံ
အောက်ထဲထည့်ပြီး မီးအုံးလိုက်နှင့် နေ့ ရော ညရော စားကြပါသည်။ ထမင်း မစား
ကြပါ။ တောင်ယာရှင်က ပလိုင်းကို လွယ်၍ ၀က်ကျွေးရန် ပိန်းဥကိုလာသယ်ပါသည်။
ထိုအခါ သူမ၏ ပိန်းဥ တော်တော်ကြီး နည်း သွားသည်ကို တွေ့ရပြီး ၀က်ကျွေးရန်
သူမ ၏ပိန်းဥ မလောက်တော့ကြောင်း ရွာလူ ကြီးမှတစ်ဆင့် ပြောပြပါသည်။
ထိုမှသာ ပိန်းဥကို ကျွန်တော်တို့ မစားကြတော့ပါ။ ကျွန်တော်တို့က
ပိန်းဥ ကိုအလွယ်ရပြီး အပိုလှောင်ထားသည်ဟု ယူဆနေကြပါသည်။ တကယ်တော့ ပိန်းဥ
ရာသီတွင် စိုက်ပျိုးပြီးနောက် တစ်နှစ်စာ ၀က်စာအတွက် သိုလှောင်ထားသည်ကို
ကျွန်တော်တို့ အမှန်တကယ်မသိပါ။ တောင် ယာပိုင်ရှင်သည် လင်ယောက်ျား
သေဆုံးပြီး မုဆိုးမကိုယ်တိုင် ကလေးငယ်တွေကို ဦးဆောင်ပြီး
စိုက်ပျိုးထားသည်ဟု နောင် မှသိရသည့်အတွက် ပိုပြီး စိတ်မကောင်း ဖြစ်ရပါသည်။
ထိုအဖြစ်အပျက်ကို ယနေ့ အချိန်ထိ သတိရနေမိ ပါသည်။
ကျွန်တော်တို့စစ်ကြောင်းသည် တောင်ပေါ်ဒေသရှိ
တိုင်းရင်းသားရွာမျိုး စုံကို ဖြတ်သွားကြပါသည်။ ၀ိုင်းမော်မြို့
ဝန်းကျင်ရှိ ဆမား၊ ဆတုန်းရွာတွေဆိုလျှင် အလွန်ဆင်းရဲ ပင်ပန်းကြပါသည်။
စားစရာ အတွက် အလွန်ခက်ခဲပြီး ရုန်းကန်နေကြ သည်ကို တွေ့ မြင်ရ ပါသည်။
ကျွန်တော်တို့စစ်ကြောင်းသည် မြန်မာပြည် မြောက်ဖျားပိုင်း တောင်ထူ
ထပ်သောနေရာဒေသတွင် တစ်ရွာမှတစ် ရွာ ကူးပြီးသွားကြပါသည်။ ထိုသို့ ခရီးသွား
ရာလမ်းတစ်လျှောက်တွင် လမ်းပြရွာသား များကို အကူအညီတောင်းပြီး သွားကြရ
ပါသည်။ လမ်းပြမပါလျှင်တော့ မျက်စိ လည် သွားနိုင်ပါသည်။ ကျွန်တော်တို့
ဖြတ်သန်းသွားလာနေထိုင်သော ကချင် ပြည်နယ်၏ တောတောင်ထူ ထပ်သော နေရာများတွင်
နေထိုင်သော ရွာသားများ သည် တောင်ယာခုတ်၍ စိုက်ပျိုးခြင်းဖြင့်
အသက်မွေးပါသည်။ မိုးရာသီတွင်စိုက်ပျိုး ၍ရသော သီးနှံပင်များပေါ်တွင်သာ
အခြေပြု၍ ဘ၀ရပ်တည် ရှင်သန်နေထိုင် ကြရပါသည်။ အလွန် ပင်ပန်းဆင်းရဲကြပါသည်။
တောင်ယာကလည်း အကြာကြီးစိုက်ပျိုး၍ မရပါ။ လေး၊ ငါးနှစ်လောက်
ရှိပြီဆိုလျှင် နောက်ထပ်တစ်နေရာကို ခုတ်ထွင် ရှင်းလင်းကြရပါသည်။ ထိုသို့
ခုတ်ထွင်ရာတွင်လည်း မသက်သာလှပါ။ သစ်ပင်များကို ဓားဖြင့် ခုတ်လှဲရပါသည်။
ပေါက်ဆိန် (ရဲတင်း) မရှိကြပါ။ ဓား နှစ်လက် သို့မဟုတ် သုံးလက်လောက်ဖြင့် သာ
သစ်ပင်များကို ပင်ပင်ပန်းပန်း ခုတ်လှဲ ရပါသည်။ သစ်ပင်များကို အခြောက်ထား
ပြီး မီးရှို့ကြပါသည်။ သို့မှသာ မိုးရာသီတွင် စိုက်ပျိုးနိုင်ပါမည်။
တောင်ယာခုတ်ရာတွင် အမျိုးသမီးများက ယောက်ျားများထက်ပင် ပိုပြီး
အလုပ်လုပ်နိုင်ကြပါသည်။ ရွာသား များသည် မိုးလင်း သည်နှင့် တောင်ယာသို့
သွားကြပါသည်။
တောင်ယာတွင် ခြေတံရှည် ၀ါးကြမ်းခင်း၊ ထရံကာဖြင့် တဲတစ်လုံး
ဆောက်ထားပါသည်။ နေ့လယ်ခင်းအချိန် များတွင် နားနေရန်အတွက် ဖြစ်ပါသည်။
တစ်ခါတစ်ရံတွင် တောင်ယာတဲတွင် အိပ်ကြပါသည်။ တောင်ယာတွင် တစ်နေ့ လုံး
အလုပ်လုပ်ပြီး ညနေစောင်းတော့မှ ရွာသို့ ပြန်လာကြပါသည်။ အဲဒီတော့မှ
အမျိုးသမီးများက ညနေစာအတွက် ချက်ပြုတ်ကြပါတော့သည်။ အမျိုးသား များကတော့
အလုပ်မလုပ်တော့ဘဲ အိမ်ဦးခန်းတွင်ရှိသော မီးလင်းဖိုဘေး တွင်
ငှက်ပျောရွက်အနုစိမ်းစိမ်းကလေး ကို ဓားနှင့် နုတ်နုတ်စင်းပြီး
ဘိန်းမည်းဖြင့် ရောနယ်ပြီးလျှင် လေထွက်ပေါက်ပြုလုပ် ထားသော ၀ါးဆစ်ပိုင်းကို
ရေသင့်အောင် ထည့်ကာ ဘိန်းမည်းနယ်ထားသော ငှက်ပျောရွက် အလုံးကလေးကို ၀ါးဆစ်
အတက် ထိပ်ဝတွင်မီးရှို့၍ ဘိန်းမဲရှူကာ မှိန်း ကြပါတော့သည်။
အရွယ်ရောက်ပြီး ရွာသားတိုင်း ဘိန်းမည်းရှူတာကို တွေ့မြင်ရပါသည်။
ကချင်အမျိုးသမီးများသည် မိမိ၏လင်ယောက်ျားကိုအိမ်ဦးခန်းတွင် ထားပါ သည်။
အမျိုးသားများထိုင်နေပါက မိမိထက် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ
ကချင်အမျိုးသမီးများ သည် ရှေ့မှဖြတ်မလျှောက်ဘဲနောက်မှ
ကွေ့ဝိုက်ပြီးသွားကြသည့် အပြုအမူ လေးသည် အလွန်မြတ်နိုးစရာ ကောင်း လှပါသည်။
ကျွန်တော်တို့သည် အလွန် နက်ရှိုင်းသော တောထဲ တောင်ထဲတွင် ဖြူစင်ရိုးသားသော
ကချင်လူမျိုး၊ ရှမ်းလူ မျိုး၊ လီဆူးလူမျိုး စသည့် တိုင်းရင်းသား များကို
ကြုံတွေ့ ခဲ့ရပါသည်။
ပါဂျောင်လူသတ်ကုန်းမှ ပဲ့တင်သံများ
အသက်ရှူလိုက်လျှင် ပလတ်စတစ်က နှာခေါင်းပေါက်ကို လာကပ်ပြီး လေပေါက် ပိတ်သွားပါသည်။ ပလတ်စတစ်ကို ခေါင်းမှာစွပ်ပြီး ၀ိုင်းကန်ကြပါသည်။ ကျွန်တော် တော်တော် အနေခက်ပါသည်။ ပလတ်စတစ်အိတ်ကို ကျွန်တော့်ခေါင်းမှ ဆွဲချွတ်လိုက်ပြီး သောကြာက ဓားမြှောင် ကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပါသည်။
ထွန်းဦးခိုင်(ရွှေဘို) ရေးသည်
ထင်မထားသော ကံကြမ္မာ
ကျွန်တော်တို့စစ်ကြောင်းသည် ဆား မှော်မြို့ဝန်းကျင်မှ မထင်မှတ်ဘဲ
မြစ်ကြီးနား မြို့အထက်ဘက်မြန်မာနိုင်ငံ၏ မြောက် ပိုင်းဒေသများထိ
ရောက်သွားည်။ မေခ မြစ်နှင့် မလိခမြစ်တို့ကို ဖြတ်ကူးပြီး တောင်ထူထပ်သော
နယ်မြေများနှင့် တပ်ရင်း-၃ ကိုကျော်ဖြတ်ကာ တရုတ် ပြည်နယ်စပ်အနီးမှ
ဌာနချုပ်တည်ရှိရာ လိုင်ဇာသို့ ညနေစောင်းတွင် ရောက်ရှိ ပါသည်။ ဤနေရာသို့
လွန်ခဲ့သော နှစ်နှစ် နီးပါးခန့်ကလည်း တစ်ခေါက် ရောက်ဖူးပါ သည်။ သို့သော်
ဘယ်နေရာ ဘာရှိသည်၊ ဈေးနေ့က ဘယ်နေရာ၊ အမျိုးသမီးရဲမေ များနေသော ဘားတိုက်
(အဆောင်)က ဘယ်နေရာဆိုတာတွေကို သေချာမသိပါ။ ကျွန်တော်မှတ်မိတာ
တစ်ခုရှိပါသည်။ မနက်အိပ်ရာထအချိန် တဲအတွင်းမှ အပြင်ထွက်လိုက်တော့
ရေခဲနှင်းပြင် ကြီးကို တွေ့လိုက်ရသည်။ အရင်က တစ်ခါ မှ မတွေ့ဖူးပါ။
ရုပ်ရှင်ဇာတ်လမ်းတွေ ထဲမှာသာတွေ့ဖူးပြီး အပြင်မှာမတွေ့ ဖူးပါ။
ယခုမှတွေ့ရတော့ အထူးအဆန်း ဖြစ်နေပြီး နှင်းထုအပေါ်မှာ လမ်းလျှောက်ကြည့်ပါ
သည်။ နှင်းထုအောက်ကို လက်နှိုက်ကြည့် တော့ လက်တစ်ထွာလောက် ထု ရှိပါသည်။
မှတ်မိတာဆို၍ ဆီးနှင်းကျတာရယ်၊ နှင်းထုပေါ်မှာ လမ်းလျှောက်တာရယ်
ဒါပဲ သတိရပါသည်။ ယခုခရီးက ဗဟို လိုင်ဇာသို့ ဒုတိယအကြိမ်
ရောက်ရှိခြင်းဖြစ်ပါသည်။ ကေအိုင်အေတပ်ကလည်း ဒီဒေသမှာပဲ ဌာနချုပ်
လုပ်ထားပါသည်။ သို့သော် ကျောင်းသားတွေနှင့် ရောပြီးမနေပါ။ သီး
ခြားတစ်နေရာစီ နေပါသည်။ ကျွန်တော် တို့စစ်ကြောင်း ဗဟိုဌာနချုပ်သို့ရောက်
သောညတွင် တီးဝိုင်းဖြင့် ကြိုဆိုပွဲပြုလုပ်ပါ သည်။ စိတ်ထဲမှာ
ပျော်ရွှင်မိပါသည်။ ကျွန် တော်လည်း သီချင်းသွားပြီးနားထောင်ပါ သည်။
ကျောင်းသားသူငယ်ချင်းတွေလည်း တက်ပြီး သီချင်းဆိုကြပါသည်။
ကိုယ်မသိသည့်လူက များပါသည်။ တီးဝိုင်းပြီးတော့
သူငယ်ချင်းတွေနှင့် ရော ပြီး ပြန်ပါသည်။ ခက်တာက ရောက်တာဆို ၍
ညနေတစ်ပိုင်းအချိန်ပဲ ရှိသေးတော့ ကိုယ်နေတဲ့တဲကိုပင် မမှတ်မိပါ။ ကိုယ်နဲ့
အတူတူအိပ်တဲ့သူတွေကိုလည်း ယခုအချိန်ထိ ဘယ်သူဘယ်ဝါဆိုပြီး သတိမရ ပါ။
စဉ်းစားကြည့်လို့လည်း မရပါ။
နောက်တစ်နေ့ နံနက်ကျတော့ မှတ် မိတာက သူငယ်ချင်း နှစ်ယောက်လား၊
သုံးယောက်လားမသိ၊ သူတို့နဲ့အတူ တခြားနေရာသို့ လျှောက်သွားပါသည်။
မနက်ခင်းပိုင်းလောက်ပဲ ဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ ပြန်လာကြပါ သည်။
တံတားလေးတစ်ခုကိုတော့ ဖြတ် ရပါသည်။ ချောင်းလားတော့ မပြောတတ် ပါ။ အဲဒီ
ဘေးမှာ ကျွန်တော်တို့အိပ်သော တဲရှိပါသည်။ ကျွန်တော်တို့တစ်တွေ ပြန် လာတော့
တဲရှေ့မှာစောင့်နေတဲ့ ရဲဘော် လေး၊ ငါးယောက် ရှိမည်ထင်ပါသည်။
မင်းတို့ထဲမှာ ထွန်းဦးခိုင်က ဘယ်သူ လဲဟု မေးပါသည်။
ကျွန်တော်ပါဟု ပြန် ပြောလိုက်ပါသည်။ ထိုအခါ ကျွန်တော့်ကို
အေးအေးဆေးဆေးလိုက်ခဲ့ပါဟု ပြောပြီး လက်ကို နောက်ပြန်ကြိုးတုပ်ပါသည်။
ကျွန်တော်ကလည်း ဇဝေဇ၀ါနှင့် ဘာဖြစ် တာပါလိမ့်၊ နောက်မှကြည့်ပြီး အကျိုး
အကြောင်းရှင်းပြမယ်၊ ငါ မဟုတ်တာ ဘာတစ်ခုမှ လုပ်မထားဘူး၊ ကိုယ့်ကိုယ် ကိုယ်
ယုံကြည်မှုအပြည့်ရှိသည်။ ရှင်းရှင်း ပြောရင် ဗြှီင်္ မှာ ရန်တောင်မဖြစ်ဖူး
ဘူး။ ဖြေရှင်း၍ရသည့်ကိစ္စဟုပင် ကျွန်တော် က ထင်နေသည်။ ဘာဆို ဘာမှ မသိ။
ကျွန်တော်နှင့် တစ်ချိန်တည်းမှာ စိုးဝင်းသန်း(မန်း)၊
ကျော်ကျော်ဦး (ကသာ) ၊ ဟန်ဝင်းအောင် (ဇီးကုန်း)၊ ညီညီနိုင်၊
ကျွန်တော်တို့အားလုံးကို ဖမ်းပြီးခေါ်သွား သည်။ တောင်ကုန်း အစောင်းလေးမှာရှိ
သော တဲတစ်ခုကို ခေါ်သွားသည်။ ဘာ အတွက် အသုံးပြုသည့်နေရာဆိုသည်ကို
ကျွန်တော် မသိပါ။
ရောက်တာတောင် နှစ်ရက်မပြည့် သေး။ တစ်ညပဲ အိပ်ရသေးသည်။ ရှင်းရှင်း
ပြောရလျှင် ကျွန်တော်မသိသည့် သူငယ် ချင်းတွေ အများကြီးရှိပါသေးသည်။ ကျွန်
တော်တို့ တစ်တွေ တဲအတွင်းရောက်တော့ တခြားအရင် ရောက်နေသော သူငယ်ချင်း
တွေလည်း ရှိနေသည်။ မြေကြီးပေါ်မှာ ထိုင်ခိုင်းပြီး မျက်လုံးနှစ်ဖက်ကို
မမြင်ရ အောင် အ၀တ်စနဲ့ စည်းရပါသည်။ ဒါပေမဲ့ ကျွန်တော် မြင်နေရ ပါသည်။
ကျွန်တော်တို့ကို ထောက်လှမ်းရေး သူလျှိုဖြစ်ကြောင်း
ဝန်ခံရန်အတွက် အတင်းရိုက် မေးပါသည်။ တယ်လီဖုန်းကို ၀ါယာနှစ်စထုတ်၍
လက်ဖြင့်လှည့်လိုက် လျှင် ရှော့ခ်တိုက်ပြီးသားဖြစ်အောင် လုပ်ထားသည်။
ကျွန်တော်တို့၏ ချိုင်းကြား တွင် ညှပ်ခိုင်းထားပြီး လှည့်လိုက်လျှင်
တစ်ကိုယ်လုံးကျဉ်လာပြီး ရှော့ခ် တိုက်ခံရ ပါသည်။
ကျွန်တော်တို့၏ အော်ဟစ်သံသည် ကျောင်းသားစခန်းတစ်ခုလုံး ဆူညံနေပါ
သည်။ တချို့ သူငယ်ချင်းတွေက ထောက် လှမ်းရေး ဟုတ်ပါတယ်လို့ ပြောကြပါသည်။
ကျွန်တော်တို့မျက်နှာတွေလည်း ကွဲပြဲနေ ကြပါသည်။ သွေးတွေကလည်းထွက်လို့
တစ်ကိုယ်လုံး နာကျင်နေပါသည်။ ကျွန် တော်က ဘာပြောရမှန်းလည်း မသိတော့။ “ငါ
ထောက်လှမ်းရေးမဟုတ်ဘူး၊ ကျောင်း သား၊ တပ်ကို စရောက်လာကတည်းက တပ်ရင်း - ၅
မှာ ရောက်ကတည်းက တပ် ရင်းမှူး အောင်ဆွေဦး သိတယ်၊ ယခု တပ် ရင်း ၇၀၂
ဖွဲ့တော့လည်း သူက တပ်ရင်းမှူး တာဝန်ယူတယ်။ အောင်ဆွေဦးကို မေးကြည့်၊
ကျွန်တော့်အကြောင်း သူကောင်း ကောင်းသိတယ်”ဟု ဇွတ်ပြောလိုက်သည်။
ထောက်လှမ်းရေးဟု ၀န်မခံလေ ရိုက်လေပင်။ ထောက်လှမ်းရေးဝန်ခံလျှင်
မရိုက်တော့ပါ။ ထို့ကြောင့် တချို့ သူငယ် ချင်းများက ရိုက်တာကို မခံနိုင်၍
ဟုတ် တယ်ဟု ညာပြောကြသည်။ ကျွန်တော်က တော့ မဟုတ်ဘူးဟု ဇွတ်ပဲ ငြင်းသည်။
အဲဒီတော့ ပိုနာသည်။ အဲဒီအချိန် မှာ ဖမ်းထားတဲ့လူတွေက များနေသော
ကြောင့် ကျွန်တော်နှင့် သုံး၊လေးယောက်ကို ထားရန်အတွက် သီးသန့်ဆောက်ထား သော
ကုန်းပေါ်သို့ခေါ်လာပြီး ထား လိုက်သည်။
ကျွန်တော်တို့ကို ထိပ်တုံးခတ်လိုက် ကြသည်။ ဖမ်းထားသော
ကျောင်းသားသူ ငယ်ချင်းတွေက အများကြီး။ ခုနစ်ဆယ် ၀န်းကျင်ခန့်ရှိသည်။
ကျန်တဲ့သူတွေကို ခြေထောက်နှစ်ဖက်စလုံးကို သံကြိုးနှင့် ချည်ထားသည်။
သံကြိုးတွေကိုဖြုတ် မရအောင် သော့နှင့်ခတ်ထားတာ တွေ့ရ သည်။
ထိပ်တုံးခတ်ထားသော သူငယ်ချင်း တွေလည်းများသည်။ ဘယ်သူဘယ်ဝါ မသိရပါ။
မျက်လုံးနှစ်ဖက်ကို မမြင်ရ အောင် အ၀တ်စနှင့် တင်းနေအောင် အချည်ခံရ သည်။
ဘာမှ မမြင်ရ၊ စကား မပြောရပါ။ မျက်နှာကို အောက်ကိုပဲ ငုံ့ထားရသည်။
ဘေးဝဲယာသို့ ငေးမကြည့် ရ။ စည်းကမ်းကို တင်းတင်းကျပ်ကျပ်ထားသည်။ စည်းကမ်း
ဖောက်လို့ကတော့ သေပြီ သာမှတ်။
ထမင်းစားချိန်ရောက်မှ မျက်နှာ တွင် စည်းထားသည့်အ၀တ်စကို ဖြေရ
သည်။ ကျွေးတာပေးတာပဲ စားရသည်။ ခြေတစ်ဖက်ကတော့ ထိပ်တုံးထဲမှာ ခတ်ထားသည်။
ထမင်းစားပြီးတော့ မျက်နှာကို အ၀တ်ပြန်ပြီး စည်းရသည်။ ကျွန်တော့်ကို မစစ်ဘဲ
သုံးရက်လောက် ထားလိုက်ကြသည်။ ကျန်သည့်သူငယ်ချင်း များကို စစ်မေးဖို့
ညရောက်လျှင် လာပြီး ခေါ်သွားသည်။
ကျွန်တော့်ကို လာမခေါ်သေး၍ အချိန်ရနေသေးသည်။ အဲဒီအချိန်များတွင်
စိတ်ထဲကနေ ပရိတ်၊ ဂါထာတွေကို အမြဲ တမ်း ရွတ်နေရသည်။ ရတနာသုံးပါးကို
အာရုံပြုနေရသည်။ အရင်ကတည်းက ကျွန်တော်က ဘုရားသွားပြီး ပုတီးစိပ် သည့်
ဂါထာရွတ်သည့် အလေ့ အထရှိ သောကြောင့် ယခုလို အကျဉ်းထဲ အကျပ်
ထဲရောက်နေတဲ့အချိန်တွင် အမြဲတမ်း လိုလို စိတ်ထဲမှာ ရွတ်ဖြစ်နေသည်။
၎င်းအချိန်များတွင် ကျွန်တော့်သူငယ်ချင်း ကျော်ကျော်မင်းတစ်ယောက် ဘယ်ဆီ ရောက်၍
ဘာတွေလုပ်နေသည်မသိ၊ အဆက်အသွယ်မရ။
တစ်နေ့ညနေစောင်း ထမင်းစားချိန် မှာ ထင်လင်းအောင် (ငကောက်)က
ထမင်းစားနေတုန်း မြန်မြန်ဖတ်ဆိုပြီး စာ ရွက် အပိုင်းသေးသေးလေးတစ်ခုကို
ထမင်းပုံဘေးမှာ ချပေးသည်။ လက်ရေးက လည်း လူမသိအောင် အမြန်ရေးထား၍ သိပ်မပီ၊
ဖတ်ရတာလည်း အဆက်အစပ် မရှိ။ အဲဒီတော့ ကျွန်တော် အဓိပ္ပာယ် မပေါက်။
စာဖတ်ပြီးလျှင် မျိုချရန်ပြော၍ ပါးစပ်ထဲ ၀ါးပြီး မျိုချလိုက်ရသည်။
နောက်ထပ် စာရွက်တစ်ပိုင်း ချပေး သည်။ ကျွန်တော်ဖတ်ကြည့်သည်။ အဲဒီ
တော့မှ အဓိပ္ပာယ်ပေါက်တော့သည်။ ဒါပေ မဲ့ လွန်သွားပြီ၊ ဘယ်လိုမှ
အစားထိုးလို့ မရ၊ စဉ်းစားလို့လည်း မရတော့။ ပထမ ဖတ်သည့် စာရွက်၏ အဓိပ္ပာယ်ကို
မမှတ်မိ။ နောက်တစ်ရွက်ဖတ်တော့မှ ဆက်စပ်မိ သည်။ စာရွက်က ရှေ့နောက်မှားနေတာ
ကိုး။ စာရေးပေးသည့်သူက ဇီးကုန်းသား ၀င်းမြင့်က
ရေးပေးခြင်းဖြစ်သည်။ ငကောက်က ကျွန်တော်နဲ့ ထမင်းအတူတူ
ဝိုင်းပြီးစားရတဲ့သူဆိုတော့ စာကို အသာ ကပ်ပြီး ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
ကံ ကောင်းတာက ကျွန်တော့်ကို စစ်မေးဖို့ လာမခေါ်သေးပါ။ အဲဒီညက ကျော်ကျော် ဦး
(ကသာ)ကို လာခေါ်သွားသည်။ သူ့ကို ပြန်မပို့ကြတော့။ စစ်မေးရင်း ကျဆုံးသွား
သည် ထင်သည်။
ဟုတ်ဟုတ်မဟုတ်ဟုတ် စပိုင်လုပ်
နောက်တစ်နေ့မနက်မှာ သံခြေချင်း ခတ်ထားသည့်
ကျွန်တော်တို့တစ်တွေကို အပေါ့အပါးသွားရန်အတွက် တန်းစီးလုပ် နေသော ၀င်းမြင့်
(ဇီးကုန်း)က ဦးဆောင် ပြီး ခေါ်သွားသည်။ နောက်ဖေးသွားတဲ့ နေရာရောက်တော့
ကျွန်တော့်ကို ပြော သည်။ “ကိုထွန်းဦးခိုင်၊ ခင်ဗျားကို ထောက် လှမ်းရေး
စပိုင်လားလို့ ခေါ်စစ်လို့ရှိရင် ဟုတ်ပါတယ်လို့ ပြောလိုက်ပါ”ဟု သင်ပေးပါသည်။
“ငါမှ ထောက်လှမ်း ရေးစပိုင်မှ မဟုတ်တာ ၀န်မခံနိုင်ပါဘူး”ဟု
ပြန်ပြောလိုက်ပါသည်။ ကျွန်တော် လည်း ထောက်လှမ်းရေးစပိုင် မဟုတ်၊
ကျန်တဲ့သူတွေလည်း ထောက်လှမ်းရေး စပိုင်မဟုတ်၊ ထောက်လှမ်းရေးစပိုင်လို့
ဝန်ခံလိုက်လျှင် သူတို့က မရိုက်တော့ဘဲ အချုပ်ထဲလာပို့မည်။ ၀န်မခံသေးလျှင်
စပိုင်ဟုတ်ကြောင်း မပြောမချင်း ရိုက်ပြီး စစ်မေးမည်။ ဒီလိုနှင့်
လက်လွန်ပြီး သေဆုံး သွားသူတွေ အများကြီးပဲဟု တန်းစီးဝင်း မြင့်က
ကျွန်တော့်ကို ရှင်းပြ ပါသည်။
“ကဲ...ဟုတ်ပါပြီလို့ ၀န်ခံလိုက်မယ် ဆိုလျှင် ငါက
ဘယ်လိုပြောရမယ်ဆိုတာမှ မသိတာ” ဟုပြောတော့ သူက “ကျွန် တော် ရှင်းပြမယ်၊
ကိုထွန်းဦးခိုင်နဲ့ ကျော် ကျော်မင်း (ကန့်ဘလူ)က သူငယ်ချင်းတွေ ဟုတ်လား။
ကျော်ကျော်မင်းက ကျွန်တော့် ကို ပြောထားတယ်၊ သူ့ရဲ့ ထွက်ဆိုချက်ထဲ မှာ
ကိုထွန်းဦးခိုင်ကို ဆွဲထည့်ထားတယ်။ မတွေ့ရတာကြာတော့ ကိုထွန်းဦးခိုင်
ပြန်သွားပြီထင်လို့ ကိုကျော် ကျော်မင်းက ဆွဲထည့်လိုက်တာ” ဟု ရှင်း ပြပါသည်။
“ကိုထွန်းဦးခိုင်ကို ထောက်လှမ်း ရေးစပိုင် ဟုတ်သလားလို့
စစ်မေးလို့ရှိရင် ဟုတ်ပါတယ်လို့ ၀န်ခံလိုက်၊ ရွှေဘိုစစ်တပ် က
လွှတ်လိုက်တာလို့ပြော၊ ဘာအဆင့် လည်းလို့မေးလို့ရှိရင် တပ်သားအဆင့်ပါ
လို့ပြော” ဟု သင်ပေးလိုက်ပါသည်။ ငြင်းနေလျှင် စစ်မေးနေရင်း လက်လွန်ပြီး
သေသွားလိမ့်မယ်ဟု ထပ်ပြီး သတိပေးလိုက်ပါ သည်။ ကျွန်တော်နှင့်အတူ
အပေါ့သွားရန် ပါလာသော သူငယ်ချင်းများကလည်း ထောက်လှမ်းရေးစပိုင် ဟုတ်ကြောင်း
ဝန်ခံရန် ၀ိုင်းပြီးပြောကြပါသည်။
ကျွန်တော်တို့အားလုံးကို အချုပ် ပြုလုပ်ထားသော ဘားတိုက်ထဲတွင်
ပြန် ထားပြီး ထိပ်တုံးခတ်လိုက်ပါသည်။ ကျွန်တော့်ကိုဖမ်းထားသော အချုပ်တွင်
လုံ ခြုံရေးတပ်စိတ် အမြဲတမ်းရှိပါသည်။ သူတို့ရှေ့တွင် ဖြတ်လျှောက်သွားလျှင်
အလွန်သတိ ထားရသည်။ သတိမထား၍ မရပါ။ သူတို့ စိတ်ထဲ မထင်လျှင် မထင် သလို
ရိုက်ကြပါ သည်။
လုံခြုံရေးတပ်စိတ်အောက်တွင် အဖမ်းခံထားရသော ကျောင်းသားထဲမှ
လေးယောက်ကို တန်းစီးအဖြစ် ပြန်ပြီး ခန့် ထားပါသည်။ ကိုစိုးလေး
(ရန်ကုန်)၊ ကိုမြင့်သိန်း (ကသာ)၊ ကိုဝင်းမြင့် (ဇီး ကုန်း)၊
ကိုမျိုးဇော်အောင် (ကန့်ဘလူ)တို့ ဖြစ်ပါသည်။ အဖမ်းခံရသော ကျောင်းသူ
မိန်းကလေးများလည်း ရှိပါသည်။ နန်းအောင်ထွေးကြည် (ရန်ကုန်)၊ မခင်ချိုဦး
(ရန် ကုန်)၊ နန်းစော၊ မတူးတူး (ဗန်းမော်)တို့ ဖြစ်ပါ သည်။
ညနေစောင်း အလုပ်သိမ်းချိန်ကြမှ အလုပ်သွားလုပ်သော သူငယ်ချင်းများ
ပြန်လာပါသည်။ ကျွန်တော်၏ မျက်နှာချင်း ဆိုင်တွင် ကျော်ကျော်မင်းကို
တွေ့ရသည်။ ကျွန်တော်၏ရှေ့က ဖြတ်လျှောက်နေချိန် တွင် “မင်း ငါ့ကို
ဆွဲထည့်ထားတယ်” ဟု ပြောလိုက်ပါသည်။
“မင်းမရှိတော့ဘူးထင်လို့ မင်းနာ မည်ပြောလိုက်တာ” ဟု
သူကပြန်ပြောပါ သည်။ ဒီထက်လည်းပိုပြီး စကားပြောခွင့် မသာပါ။ ဒီတစ်ကြိမ်
သူငယ်ချင်းနှစ် ယောက် ပြန်ဆုံရသည်မှာ ပျော်စရာ မကောင်းပါ။ စိတ်တက်ကြွမှု
မရှိတော့ပါ။ ယုံကြည်ချက်များ ပျောက်ဆုံးကုန်ပါပြီ။ ရေခဲပါသည်ဆိုသော
ပါဂျောင်လိုင်ဇာ စခန်း၏ အအေးဓာတ်သည် ကျွန်တော်တို့ ရင်ထဲက အပူကို
မအေးချမ်းစေပါ။ သူက ခြေထောက်သံကြိုးတန်းလန်းနှင့် တစ်နေ ကုန် အလုပ်လုပ်ပြီး
ညနေစောင်းမှ ပြန် လာချိန်တွင် ကျွန်တော်က ထိပ်တုံးထဲမှာ
ပက်လက်အနေအထားဖြင့် သူငယ်ချင်း နှစ်ယောက်၏ တွေ့ဆုံမှုသည် ကြေကွဲစရာ
ကောင်းလှပါသည်။
သူ့မှာလည်း သူ့ခံစားချက်နှင့်သူ၊ ကျွန်တော့်မှာလည်း
ကျွန်တော့်ခံစားချက် နှင့်ကျွန်တော်။ ရှေ့ခရီးက မရေရာတော့ပါ။
ခံယူချက်တွေ မယိမ်းယိုင်အောင် အား တင်းထားပြီး ယုံကြည်ချက်ပန်းတိုင်
အရောက်သွားမည်ဟု ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်သည်လည်း လေထဲတွင်
ပျောက်ကွယ်သွားတော့သည်။
ညခုနစ်နာရီလောက်တွင် ကျွန် တော့်ကို စစ်မေးဖို့
ကြိုးတုပ်ပြီး အချုပ်ထဲ မှခေါ် ထုတ်သွားပါသည်။ ပထမဆုံး အစစ် ခံရသော
နေရာဖြစ်ပါသည်။ ကျွန်တော့်ကို မြေကြီးပေါ်တွင် ခြေထောက်ဆင်းပြီး ထိုင်
ခိုင်းပါသည်။ လက်နှစ်ဖက်ကို နောက်ပြန် ကြိုးတုပ်ထားပါသည်။ မင်း ထောက်လှမ်း
ရေးစပိုင်ဟုတ်တယ်မို့လားဟုစပြီး မေးပါ သည်။ ကျွန်တော်က မဟုတ်ဘူးဟု ငြင်း
ပါသည်။
ထိုအချိန်မှစပြီး ကျွန်တော့်ကို စစ်ဖိ နပ်တွေနဲ့
ဝိုင်းပြီးကန်ပါတော့သည်။ “ကျွန် တော်က ရွှေဘိုမြို့ ကျောင်းသားသမဂ္ဂမှာ
အလုပ်လုပ်ခဲ့တဲ့ ကျောင်းသားစစ်စစ် တစ် ယောက်ပါ။ ခင်ဗျားတို့မယုံရင်
လှမ်းပြီး စုံ စမ်းလို့ရပါတယ်” ဟု ထပ်ပြီး ပြောလိုက်ပါသည်။
ဘာပြောကောင်းမလဲ၊ ၀ိုင်းပြီး ထိုး ကြပါတော့သည်။ ကျွန်တော့်ကို
ဝိုင်းရိုက် သူများကတော့ သောကြာ၊ သန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်၊
နာမည်မေ့နေ သော အခြားလေးယောက်လောက် ရှိပါ သေးသည်။ ကျွန်တော်မသိသောသူတွေ
လည်း ပါပါသည်။ ဒီတစ်ကြိမ်စစ်မေးတော့ ကျွန်တော့်မျက်နှာကို အ၀တ်မစည်းတော့
ပါ။ အောက်က မြေကြီးကလည်း ညပိုင်း ရောက်လေ ပိုပြီး အေးလေပါပဲ။ သူတို့ က
ကျွန်တော့်ကို ခေါင်းမာသည်ဟုပြောပါသည်။
တကယ်တော့ ကျွန်တော် ခေါင်းမာ ခြင်းမဟုတ်ပါ။ ပြောစရာအချက်အလက် က
နည်းနေတော့ တခြားသူတွေကိုပါ ထပ် ပြီး အထည့်ခံရမှာ စိုးရိမ်ပြီး မိမိအသားကို
အနာခံ၍ အချိန်ဆွဲနေခြင်းဖြစ်ပါသည်။ သူ တို့စိတ်ကြိုက် အဖြေမရလေ၊ ညှဉ်းဆဲလေ
လုပ်နေပါသည်။ ကျွန်တော်ရှေ့တွင်ရှိသော မီးဖိုမှ ထင်းချောင်းဖြင့်
ဘယ်ဘက်နဖူး အပေါ်ကို ရိုက်လိုက်ရာ သွေးများ ပါးပေါ် သို့ စီးကျလာပါသည်။
နောက်ထပ် ထင်းချောင်းဖြင့် ဦးခေါင်းဘယ်ဘက်ခြမ်း ပေါ်သို့ သုံး၊
လေးကြိမ်လောက် ရိုက်လိုက်ရာ ကျွန်တော်၏မျက်နှာပေါ်တွင် သွေးခြင်း
ခြင်းရဲပါတော့သည်။
ကျွန်တော်က ထောက်လှမ်းရေး ဟုတ်ကြောင်း ၀န်မခံလေ သူတို့တစ်တွေ
စိတ်ဆိုးလေ ဖြစ်နေပါသည်။ ကျွန်တော်၏ ချိုင်းကြားသို့ ၀ါယာပင်နှစ်စ
ညှပ်ပြီး ရှော့ခ်တိုက်ပါသည်။ တစ်ကိုယ်လုံး စူး ကျဉ်လာပြီး မခံနိုင်၍
အော်နေရပါသည်။
ကျွန်တော်၏အသံသည် တိတ်ဆိတ် ငြိမ်သက်နေသော ပါဂျောင်ကို
နှင်းမှုန်တွေ ကြားမှာ လှုပ်နှိုးလိုက်ပါတော့သည်။ ကျွန် တော့်ကို ရိုက်လိုက်၊
မေးလိုက် တစ်လှည့်စီ လုပ်နေပါသည်။ ထိုအချိန်တွင် ကျွန်တော့် ကို
စစ်ဆေးနေသော တဲဘေးမှနာရီ သံချောင်းခေါက်သံ ပေါ်လာပါသည်။ ညလည်း
တော်တော်နက်လာပါသည်။ အအေးဓာတ်လည်း လွန်ကဲလာပါတော့ သည်။ သူတို့လည်း
စိတ်ရှည်ပုံမပေါ်တော့။
“ဒီကောင် တော်တော် ခေါင်းမာ တာပဲ” ဟု ပြောပြီး သောကြာက ကြွပ် ကြွပ်အိတ်
(ပလတ်စတစ်အိတ်)အကြီးနှင့် ကျွန်တော်၏ ခေါင်းကို စွပ်လိုက်ပါသည်။
အသက်ရှူလိုက်လျှင် ပလတ်စတစ်က နှာခေါင်းပေါက်ကို လာကပ်ပြီး လေပေါက်
ပိတ်သွားပါသည်။ ပလတ်စတစ်ကို ခေါင်းမှာစွပ်ပြီး ၀ိုင်းကန်ကြပါသည်။ ကျွန်တော်
တော်တော် အနေခက်ပါသည်။ ပလတ်စတစ်အိတ်ကို ကျွန်တော့်ခေါင်းမှ
ဆွဲချွတ်လိုက်ပြီး သောကြာက ဓားမြှောင် ကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပါသည်။
ကျွန်တော်လည်း လန့်သွားပါသည်။ လက် လွန်သွားမှာကို ကြောက်ပါသည်။ ဓားချွန်
ဖြင့် ကျွန်တော်၏လက်မောင်းကို ကြိမ်ဖန် များစွာခြစ်ပါသည်။ ညာလက်မောင်း
အင်္ကျီစများ စုတ်ပြတ်သွားပါသည်။ ထို့ နောက် ဓားမြှောင်ကို မီးကင်ပြီး
ကျွန်တော် ၏ ဘယ်ဘက်ရင်အုံကို ကြယ်သီးဖြုတ်ပြီး ကပ်လိုက်ပါသည်။
ကျွန်တော်လည်း မခံ နိုင်၍ အော်နေရပါ သည်။
ကျွန်တော့်ကိုယ်ခန္ဓာတစ်ခုလုံး မခံနိုင်လောက်အောင် နာကျင်နေပါသည်။
ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ကျွန်တော် ထောက်လှမ်းရေးစပိုင်ဟု ပြောလိုက်ပါ
သည်။ ထိုအခါကျမှ သူတို့စိတ်ကျေနပ် သွားကြပြီး ကျွန်တော့်ကို မရိုက်တော့ပါ။
“မင်းက အသားအနာခံပြီး တော်တော် ခေါင်းမာတာပဲ။ နောက်ဆုံးတော့ ၀န်ခံရ
တာပဲမဟုတ်လား” ဟု သူတို့က ပြောပါ သည်။ “မင်းကို ဘယ်တပ်က စပိုင်လုပ်ဖို့
လွှတ်လိုက်တာလဲ” ဟု စမေးပါသည်။
“ရွှေဘိုစစ်တပ်ကလွှတ်တာပါ”
“မင်းက ဘယ် အဆင့်လဲ”
“ကျွန်တော်က ရိုးရိုးတပ် သားပါ”
“မင်းဆရာက ဘယ်သူလဲ”
“ဆရာကြီးမြင့်ဦး”
“ဘယ်နှယောက်လွှတ်လိုက်တာလဲ”
“ကျွန်တော် တစ်ယောက်တည်း လွှတ်လိုက်တာ ပါ”
တကယ်တော့ ဒီအကြောင်း အရာတွေကို ထွက်ဆိုဖို့တန်းစီးလုပ်သည့်
ဝင်းမြင့်(ဇီးကုန်း)က သင်ပေးလိုက်ခြင်း သာဖြစ်ပါသည်။ သူသာ အချိန်မီ
မပြောနိုင် ခဲ့လျှင် ကျွန်တော့်မှာ ပြောစရာစကားမရှိ၍ စစ်မေးနေရင်း
လက်လွန်ပြီး အသက် သေဆုံးနိုင်ပါသည်။ နောက်ဆုံး ကျွန်တော် ၏
လက်ဗွေရာများကို ကျွန်တော့် ထွက်ဆို ချက်တွင် နှိပ်ပြီး
လက်မှတ်ထိုးခဲ့ရပါသည်။ ကျွန်တော့်ကို အချုပ်ထဲပြန်ပို့ရန်အတွက်
နှစ်ယောက်မပြီး ဆွဲထူရပါသည်။ ခြေ ထောက်တွေလည်း
ထုံကျဉ်နေပါသည်။ လမ်းလျှောက်ရတာ တရွတ်တိုက်နေပါသည်။
စစ်မေးသည့် တဲအပြင်ရောက်တော့ နာရီခေါက်သံမှာ ညတစ်နာရီဖြစ်နေပါ
သည်။ တဲအပြင်သို့ရောက်သောအခါ အအေးဓာတ်က ဆီးကြိုနေပါသည်။ ဆီး
နှင်းများကျပြီး လေကတိုက်သောအခါ ခိုက်ခိုက်တုန်အောင် ချမ်းပါသည်။ စစ်ယူ
နီဖောင်း ရှပ်အင်္ကျီနှစ်ထည်သာ ၀တ်ထား သော ကျွန်တော်သည် ရေခဲတောင်ဒေသ ၏
ညသန်းခေါင်ယံ အအေးဓာတ်ကို အလူးအလဲ ခံရပါသည်။
ခြေထောက်မှာလည်း ဖိနပ်မပါ သောကြောင့် ခြေဖျားများ
ထုံကျဉ်နေပြီး အချုပ်ဘားတိုက် နေရာသို့ရောက်အောင် တရွတ်တိုက်ပြီး
သွားနေရပါသည်။ အချုပ် ဆောင်နေရာတွင် လုံခြုံရေးတာဝန်ယူရ သော တပ်စိတ်မှူးက
ကျွန်တော့်ကိုမြင် ပြီး စိတ်မကောင်းဖြစ်နေပုံရပါသည်။ ကျွန် တော့်ကို
မီးပုံဘေးတွင် မီးလှုံခိုင်းပြီး လက် တွင်ချည်ထားသော ကြိုးများကို ဖြေခိုင်း
ကာ ရေနွေးကြမ်းတိုက်ပါသည်။ ဆယ့်ငါး မိနစ်ခန့် မီးလှုံ၍ အချမ်းပြေသောအခါ
ထိပ်တုံးထဲတွင် ခတ်လိုက်ပါသည်။ သူနှင့် ကျွန်တော်သည် တပ်ရင်း - ၅ ကတည်းက
သိကျွမ်းခဲ့သူဖြစ်ပါသည်။
ပါဂျောင်လူသတ်ကုန်းမှ ပဲ့တင်သံများ
တွင်းကိုတူးခိုင်းမည်။ ပြီးလျှင် တွင်းနှုတ်ခမ်းတွင် ဒူးနှစ်ဖက်ထောက် ခိုင်းမည်။ ဦးခေါင်းနောက်စိကို ပေါက်ပြား နှင့်ရိုက်မည်။ ပြီးလျှင် လည်ကုပ်ကို ပြတ် အောင် ဓား သို့မဟုတ် ပေါက်ဆိန်နှင့် ခုတ်မည်။ တစ်ခုခုနှင့် လုပ်ကြတော့မည် ဆိုတာ သေချာပါပြီ။
ထွန်းဦးခိုင်(ရွှေဘို) ရေးသည်
လူသတ်ကုန်းနှင့် နတ်သျှင်နောင်
သူ၏အမည်မှာ ကိုလှရွှေဖြစ် ပါသည်။ ကျွန်တော်နှင့်အတူတူ ပြန် လာသော
ကိုအောင်ဝင်း (မြစ်ကြီးနား)၊ ကိုဂျိုးဖြူ (မ္တလေး)တို့လည်း အဖမ်းခံ ရပါသည်။
နောက်ရက်များတွင် သူငယ် ချင်းများအလုပ်သွားလျှင် ထိပ်တုံးခတ်
ခံရသောသူများသာအချုပ်ထဲတွင် ကျန် ရစ်ပါသည်။ နေ့လယ်ခင်းအချိန်များ တွင်
တိတ်ဆိတ်နေပါသည်။ လေက တအား တိုက်သောကြောင့် အ၀တ်များ ခြုံထားရပါ သည်။
အချုပ်ထဲတွင် ဘယ်သူဘယ်နေရာမှာရှိသည်ကိုကျွန်တော်မသိပါ။ လူတွေက အယောက်
ခုနစ်ဆယ်လောက်ရှိပါသည်။ ညရောက်လျှင် လုံခြုံရေးကင်းမှူးက သီချင်း
ဆိုခိုင်းပါသည်။
ကျွန်တော်၏ ညာဘက်အစွန် ထောင့် မည်းမှောင်နေသော နေရာမှ
“နတ်သျှင်နောင်” သီချင်းဆိုသံ ထွက်ပေါ် လာပါသည်။ ဆွေးဆွေးမြည့်မြည့်ဖြင့်
အသံ အလွန်ကောင်းပါသည်။ အစကတော့ ဘယ်သူမှန်း မသိပါ။ နောက်ပိုင်းကျမှ ကို
စိန်ဝင်း (အမရပူရ)ဟု သိရပါသည်။ ညတိုင်းလိုလို သူက ဆိုရပါသည်။
နောက် ကိုစံမျိုးလည်း မကြာမကြာ ဆိုရပါသည်။ သူတို့နှစ်ယောက်အသံက
လည်းကောင်းတော့ ကျွန်တော် မှတ်မိ နေပါသည်။ ဒီလိုနှင့် ရက်တွေတော်တော်
များများကို မပြောင်းလဲသော ပုံစံ ခွက်ဖြင့် ကျွန်တော်တို့တစ်တွေ ကျော်ဖြတ်
ခဲ့ကြရပါသည်။ ရှေ့ဆက်ခရီးကလည်း မှန်း ဆရန် ခက်ခဲပြီး မသေချာ မရေရာတော့ဟု
ရိပ်မိနေကြမည် ထင်ပါသည်။
စစ်သင်တန်းကို အတူတူတက်ခဲ့ကြ ပြီး ရှိအတူတူ၊ မရှိအတူတူ စားပြီး
အတူတူ အိပ်ခဲ့ကြသည့် သူငယ်ချင်းတွေ၊ သေနတ် ကျည်ဆန်တွေကြားမှာ
မိမိအသက်ကိုပင် ထည့်မတွက်ဘဲ အတူတူဖြတ်ကျော်ခဲ့သည့် သူငယ်ချင်းတွေ၊
ပညာရေးတစ်ပိုင်းတစ်စ နှင့် ယုံကြည်ချက်တူ သူငယ်ချင်းတွေ သူ တို့အားလုံးကို
ထောက်လှမ်းရေးသူလျှိုဟု အမည်တပ်ပြီး အခြေအမြစ်မရှိသော သံ သယအတွေးများ၊
ယုတ်ညံ့သော စိတ် ဓာတ်များနှင့် အကွက်ဆင်ပြီး သေတွင်းထဲ တွန်းပို့ခဲ့ကြသည်။
တစ်နေ့ နေ့လယ်လောက်တွင် အလုပ်ကို စောစောသိမ်းလာသည်ကို ထူးဆန်းစွာ
တွေ့ရသည်။ ခဏနေတော့ လုံခြုံရေးတပ်စိတ်များကလည်း အရင် နေ့တွေကထက်
စည်းကမ်းတင်းကျပ် လာသည်ကို သတိထားမိသည်။ “ကိုယ့် နေရာ ကိုယ်ထိုင်ကြ၊
မျက်နှာကို အ၀တ် စည်းထားကြ”ဟု အမိန့်ပေးနေကြသည်။ “ဒီနေ့ မင်းတို့တွေ
စခန်းပြောင်းကြ ရမယ်။ စခန်းသစ်ကိုသွားလို့ရှိရင် လမ်းလျှောက်နိုင် အောင်
ထမင်းကို ၀အောင်စားထားကြ” ဟုပြောပါသည်။ ခဏနေတော့ တန်းစီး လုပ်သူတွေက
ထမင်းအိုးတွေ သယ်လာပြီး ထမင်းကျွေးပါသည်။ ကျွန်တော်တို့ တစ်တွေလည်း
ထမင်းကိုသာ စားနေရတာ စိတ်ထဲမှာတော့ ထူးဆန်းနေသည်ဟု ထင်မိ ပါသည်။
အတွေးရင့်သန်သူ၊ မှန်မှန်ကန်ကန်
စဉ်းစားချင့်ချိန်တွေးတတ်သူများကတော့ နောက်ဆုံးအကြိမ် ထမင်းစားခြင်းဟု
သိနေကြပါသည်။ ထမင်းစားပြီးတော့ မျက်နှာကို အ၀တ်စည်းခိုင်းပါသည်။ ကျွန်
တော်ကတော့ သမ္ဗုဒ္ဓေဂါထာ၊ စက်ကြီး တစ်ဆယ့်သုံးစက်၊ အဋ္ဌာနမေတံဂါထာ၊
ဇလွန်ပြည်တော်ပြန်ဂါထာတို့ကို စိတ်ထဲ ကနေ အမှတ်ရတိုင်း ရွတ်ဖတ်နေမိပါသည်။
ထိုအချိန်တွင် အမည်အခေါ်ခံရ သောသူက အပြင်ထွက်ပြီး တန်းစီမည်ဟု
အမိန့်ပေးသံကို ကြားရပါသည်။ စာသင် ကျောင်းက အတန်းတင် စာမေးပွဲအောင် စာရင်း
ကြေညာချက်နဲ့ကတော့ ဆန့်ကျင် ဘက်ဖြစ်ပါသည်။ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး
(မ္တလေး)၊ ကိုသာဓု၊ ကိုအောင် ဖုန်း၊ ကိုမောင်မောင်ကြယ်၊ ဦးစိန် (ရန်ကုန်)၊
ကိုအေးမြင့်၊ ကိုမောင်မောင် (ကသာ)၊ ကိုရန်အောင် (မ္တလေး)၊
ကိုကျော်ကျော်မင်း (ကန့်ဘလူ)၊ ကိုရဲသွေး (တပ်ကုန်း)၊ ကိုဌေးမြင့်ဝင်း၊
မခင်ချိုဦး၊ ကိုသက်နိုင် (ရန်ကုန်)၊ အမည် အခေါ်ခံရသော သူငယ်ချင်းများသည်
သူတို့အရပ် ဒေသမြို့ရွာများ၌ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင်
ရဲရင့်ပြတ်သားစွာ ဖြင့် ဦးဆောင်ခဲ့သော စစ်မှန်သည့်
ကျောင်းသားခေါင်းဆောင်များ ဖြစ် ကြပါသည်။
ကျွန်တော်၏နောက်ကျောဘက် တွင် တန်းစီနေသံများကို ကြားနေရပါ သည်။
“သွားကြမယ်ဟေ့” ဟု အသံကို ကြားရပြီးနောက် သူငယ်ချင်းများ၏ လမ်းလျှောက်သော
စစ်ဖိနပ်သံကို ကြား ရပါသည်။ သူငယ်ချင်းများအားလုံးကို စခန်းသစ်ဆီသို့ ခေါ်
ဆောင်သွားကြ၏။
တကယ်တော့ စခန်းအသစ်ကို မဟုတ်ဘဲ လူသတ်ကုန်းဆီ တရွေ့ရွေ့ တန်း
စီပြီး လျှောက်သွားသော သူငယ်ချင်းများ ၏ မာကျောသော စိတ်ဓာတ်ကို ဦးညွှတ်မိ
ပါသည်။ ကာယကံရှင်သူငယ်ချင်းများ၏ ရင်ထဲမှ စိတ်ခံစားမှုကို ပေါ်လွင်အောင်
ပြောပြရန် အလွန်ခက်ခဲပါသည်။ ကျန်ရစ် ခဲ့သော ဘေးမှ ကျွန်တော်တောင် လမ်း
လျှောက်နိုင်မည် မထင်ပေ။ အားလုံး တိတ် ဆိတ်ငြိမ်သက်နေကြသည်။ စိတ်ကို တည်
ငြိမ်အောင် ကြိုးစားနေကြရသည်။
အချိန် မမှတ်မိတော့။ သေနတ်သံ နှစ်ချက် ကြားလိုက်ရသည်။ နောက်ထပ်
သေနတ်သံ မကြားရတော့။ ဒါဆိုရင်တော့ သေချာပါပြီ။ တောထဲတွင်ကျင်လည်ခဲ့ရ သော
အတွေ့အကြုံတွေအရ မှန်းဆမိ လိုက်ပါသည်။ တွင်းကိုတူးခိုင်းမည်။ ပြီး လျှင်
တွင်းနှုတ်ခမ်းတွင် ဒူးနှစ်ဖက်ထောက် ခိုင်းမည်။ ဦးခေါင်းနောက်စိကို
ပေါက်ပြား နှင့်ရိုက်မည်။ ပြီးလျှင် လည်ကုပ်ကို ပြတ် အောင် ဓား သို့မဟုတ်
ပေါက်ဆိန်နှင့် ခုတ်မည်။ တစ်ခုခုနှင့် လုပ်ကြတော့မည် ဆိုတာ သေချာပါပြီ။
အတွေးနှင့်ပင် တုန်လှုပ်မိပါသည်။ ယုံကြည်ချက်တိုင်း
ပြီးဆုံးတဲ့အထိ လုပ် ဆောင်မည်ဟု သန္နိဋ္ဌာန်ချထားသော ရည် မှန်းချက်သည်လည်း
ခရီးလမ်းတစ်ဝက် တွင် ကျိုးပျက်သွားပါတော့သည်။ ယုံကြည် ချက်အတိုင်း
ပေးဆပ်ထားသော ဘ၀တွေ ကိုနှမြောလိုက်ပါဘိ။ အဖြစ်အပျက်တွေက မြန်ဆန်လှသည်။
ဇာတ်ခုံပေါ်တွင် ကန့်လန့်ကာကို ဆွဲတင်လိုက်သလို အပြောင်းအလဲက မြန်
သည်။ ဘယ်လိုမှ တွေးထင်မထားသည့် ကံကြမ္မာနှင့် ကြုံတွေ့လိုက်ရသည်။ အချုပ်
ဆောင်တစ်ခုလုံး တုန်လှုပ်စွာဖြင့် တိတ် ဆိတ်နေကြသည်။
ထိုနေ့ညက ကျွန်တော်တို့ ကောင်း ကောင်း အိပ်မရကြပေ။ သေဆုံးသွားသော
သူငယ်ချင်းများက သူတို့သည် စစ်မှန် သော
ကျောင်းသားခေါင်းဆောင်များဖြစ်သည်ကို လာရောက်ပြောကြဟန်တူပါ သည်။ အိပ်နေသော
သူငယ်ချင်းများကို တစ်ယောက်ပြီးတစ်ယောက် ၀င်ပူးပြီး အော်ဟစ်ကြပါသည်။
ကျွန်တော်တို့လည်း လန့်နိုးကြပါသည်။ လေးယောက်၊ ငါး ယောက်လောက်
အပူးခံရပါသည်။ အချုပ် ဆောင်လည်း ဗြောင်းဆန်သွားပါတော့ သည်။ ထိုနေ့ညကတော့
သက်ပြင်းအခါခါ ချပြီး အိပ်ပျော်သွားပါတော့သည်။
သုံးရက်လောက်ကြာတော့ ကျွန် တော်တို့ကို သံကြိုးဖြင့်ပြောင်းပြီး
ခတ်ပါ သည်။ ထိပ်တုံးဖြင့် မနေရတော့ပါ။ ခြေ ထောက်တွေကို
သံကြိုးခတ်ပြီးတော့မှ အပြင်ထွက်ပြီး အလုပ်လိုက်လုပ်ရပါတော့ သည်။
ထမင်းစားချိန်တွင်သာ အလုပ်နားရ ပြီး ကျန်အချိန်များတွင် အလုပ်လုပ်နေရပါ
သည်။ သစ်ပင်ခုတ်ခြင်း၊ ခုတ်လှဲထားသော သစ်ပင်များကို ကြိုးဖြင့်ချည်ကာ
ခက်ခက် ခဲခဲ လူအားဖြင့် ၀ိုင်းပြီးဆွဲရပါသည်။ တိုင် အတွက် အသုံးလိုလျှင်
ခုတ်လှဲပြီးသော သစ်ပင်များကို ပခုံးပေါ်တွင်ထမ်း၍ လိုတဲ့ နေရာရောက်အောင်
ကုန်းတက်ကုန်းဆင်း သွားပြီး ပို့ပေးရပါသည်။
စခန်းတစ်ခုလုံးအတွက် ထင်းခွေ ပေးရပါသည်။ အဆောက်အအုံဆောက်ရန်
လိုအပ်လျှင်လည်း သွားပြီး ပင်ပင်ပန်းပန်း လုပ်ပေးရပါသည်။ အသတ်မခံရဘဲ
အသက်ရှင်ကျန်ရစ်ခဲ့သော ကျွန်တော်တို့ သူငယ်ချင်းတစ်တွေသည်လည်း ဘယ်နေ့
များလဲဆိုပြီး ထိတ်လန့် နေရပါသည်။
အပြင်သို့ထွက်ပြီးအလုပ်လိုက်လုပ်ရတော့ လူမရှိသော နေရာရောက်မှသာ အချင်း
ချင်း စကားပြောခွင့်ရပါတော့သည်။ လူ လာတာမြင်ရလျှင် ပါးစပ်ပိတ်ပြီး ကိုယ့်
အလုပ် ကိုယ်လုပ်နေရပါသည်။
စကားပြောခွင့်ရမှသာ သူငယ်ချင်း တွေ အသတ်ခံရသောနေ့မှာ ၁၉၉၂ ခုနှစ်
ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှန်း သိရပါ တော့သည်။ တော်လှန်ရေးလုပ်ဖော်လုပ်
ဖက်အချင်းချင်း ရန်သူဟု သတ်မှတ်ခံရ ခြင်းသည် ယုံကြည်ချက်တွေ ပျောက်ဆုံး
ပြီး ဘ၀မှာ အထိနာလှပါသည်။ ဒီလိုအဖြစ် ဆိုးမျိုးကို ကျောင်းသားတပ်အတွင်းမှာ
ပေါ်ပေါက်၍ ကွဲပြဲရခြင်း၏ အဓိက အကြောင်းရင်းမှာ မပြောပလောက်သော
လုပ်ပိုင်ခွင့်အာဏာ၊ အခွင့်အရေး၊ ခံစားရ မှုအပေါ် အရင်းခံ၍ စတင်ပေါ်ပေါက်လာရ
ခြင်းဖြစ်ပါသည်။
နောက်တန်းဌာနချုပ်မှာ အနေများ ပြီး တရုတ်ပြည်မှလာသော
ဂွမ်းကပ်စောင် များကို ခင်းခြုံပြီးအိပ်၊ ခြင်ထောင် ထောင်၊ ခုတင်ဘေးမှာ
မီးဖိုဖို၊ လက်ဖက်ရည်ချိန် ဆိုလျှင် လက်ဖက်ရည်၊ အရက်သောက် ချိန်ဆိုလျှင်
အရက်သောက်၊ အသားဟင်း နှင့်ထမင်းစား၊ အနွေးထည်ဂျာကင်အင်္ကျီ
ကောင်းကောင်းတွေဝတ်၊ ပိုက်ဆံတွေ ကိုသုံး၊ မိမိလုပ်ချင်သလို လုပ်ခွင့်ရပြီး
ဘ၀အနေချောင်သော၊ အာဏာရှင်ကို တိုက်ရင်းဖြင့် အာဏာရူးသွားသော
ဖောက်ပြန်ရေးသမား ကော်မတီဝင်တွေ ကြောင့် ဖြစ်ပါ သည်။
ထိုကော်မတီဝင်များမှာ ဒုဥက္ကဋ္ဌ(၁) ကျော်ကျော်၊ ဒုဥက္ကဋ္ဌ (၂)
သံချောင်း၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ အောင်နိုင်၊ အတွင်းရေးမှူး (၁)
မျိုးဝင်း၊ အတွင်းရေးမှူး (၂) လှဆိုင်း၊ နေဒွန်း၊ အောင်ကြီး၊
စိန်အေးတို့ ဖြစ်ကြပါသည်။ ၎င်းင်းကော်မတီက ဖေဖော်ဝါရီလ (၁၂)ရက် နေ့တွင်
ကျောင်းသားခေါင်းဆောင် (၁၅)ဦးကို တစ်နေ့တည်း၊ တစ်ချိန်တည်း၊ တစ်
နေရာတည်းတွင် ရက်စက်စွာ ခေါင်းဖြတ် သတ်ဖြတ်ရန် အမိန့်ပေးခဲ့ပါသည်။
နှစ်ယောက်ကိုသာ သေနတ်ဖြင့် ပစ် သတ်ခဲ့ကြပါသည်။ ထို့ကြောင့်
အချုပ် ဆောင်မှ သေနတ်သံနှစ်ချက်ကို ကြား လိုက်ရခြင်းဖြစ်ပါ သည်။
စစ်ကြောရာတွင် လက်လွန်ပြီး သေဆုံးသွားသော ကျောင်း သားခေါင်းဆောင်များကိုပါ
ထည့်ပေါင်း လိုက်လျှင် စုစုပေါင်း (၃၉)ယောက်ဖြစ်ပါ သည်။ စစ်ကြောရာတွင်
ကိုယ်ထိလက် ရောက်ရိုက်နှက်ပြီး အဓိကပါဝင်ခဲ့ကြသူ များမှာ သန်းဇော်၊
ဇော်ဇော်မင်း၊ အောင်စိုး မြင့်၊ သောကြာ၊ တခြားအမည်မသိရသော စစ်ရုံးတွင်
တာဝန်ကျနေသူများလည်း ပါဝင်နှိပ်စက်ခဲ့ကြပါသည်။
တစ်နေ့ အလုပ်လုပ်ချိန်တွင် တန်း စီရမည်ဟု ပြောသောအခါ ကျွန်တော်
လန့်သွားပါသည်။ စိုးရိမ်စိတ်လည်း ဖြစ် သွားပါသည်။ ဘာများထပ်ပြီးတော့ လုပ်
ကြဦးမှာလည်းဟုထိတ်လန့်နေမိပါသည်။ ကျွန်တော်တို့ တစ်တွေကိုတန်းစီခိုင်းပြီး
ဗြှီင်္ တောင်ပိုင်းမှလာသော ဒေါက် တာနိုင်အောင်က တစ်ယောက်စီကို
ဓာတ်ပုံရိုက်သွားခြင်းဖြစ်ပါသည်။ အဖြစ် မှန်ကို သိလိုက်ရတော့မှ
ကျွန်တော်တို့ရင် ထဲမှ အလုံးကြီးကျသွားပြီး စိုးရိမ်စိတ်တွေ
ပျောက်သွားပါသည်။
အချုပ်ဆောင်တွင် အသက်မသေ၍ ကျန်ရှိနေခဲ့သော ကျွန်တော်တို့ သူငယ်
ချင်းများသည် အစားဆင်းရဲ၊ အနေ ဆင်းရဲ ဖြင့် ရုန်းကန်နေကြရပါသည်။ ရေခဲသော
ဒေသတွင် ကျွန်တော်တို့တစ်တွေ ကိုယ်စီ အနွေးထည်မရှိကြပါ။ ဟိုအ၀တ်ပတ်
ဒီအ၀တ်ပတ်ဖြင့် ပတ်ထားရပါသည်။ လေကလည်း လူကို လွင့်ထွက်မတတ် တ
ဝုန်းဝုန်းနေအောင် တိုက်ခတ်နေပါသည်။ ဒီကြားထဲ မိုးကရွာလိုက်ပြီဆိုလျှင်
မတိတ်၊ တိတ်ပြန်တော့လည်း ဆီးနှင်းတွေကကျ ဖြင့် ရာသီဥတုဒဏ်ကို အလူးအလဲ
ခံနေကြ ရပါသည်။
ပြည့်ပြည့်စုံစုံ နေရတဲ့သူတွေမှာ တောင် ခိုက်ခိုက်တုန်နေအောင်
ချမ်းကြ ပါသည်။ မပြည့်မစုံဘဲ နေနေရသည့် ကျွန်တော်တို့သူငယ်ချင်းတွေမှာ
ပြောမပြ နိုင်လောက်အောင် ချမ်းကြပါသည်။ ဒီကြားထဲ သန့်ရှင်းရေး ကောင်းကောင်း
မလုပ်ရတော့ ယားနာတွေက ပေါက်ဆို တော့ အနေရအထိုင်ရ အလွန်ခက်ပါ သည်။
ကျွန်တော့်ဘေးကတချို့ သူငယ်ချင်း တွေဆိုလျှင် တစ်ကိုယ်လုံး နီးပါး ပေါက်ကြ
ပါသည်။ ကျွန်တော့်ကို သံကြိုးခတ်ချည်ပြီး နောက် နေရာပြောင်းပြီး အိပ်ရသည်။
အရင်တုန်းက အချုပ်ဆောင်ဝင်ပေါက်၏ ညာဘက်တန်းမှာ အိပ်ရပြီး ယခုတော့
အ၀င်ပေါက်၏ ဘယ်ဘက်အတန်း အစွန်ဆုံး သူငယ်ချင်း၏ အတွင်းဘက်
ငါးယောက်မြောက်လောက်မှာ အိပ်ရသည်။
မုံရွာသားများဖြစ်သော မြင့်ဇော်၊ ကျော်ကျော်ဦး၊ အောင်မွန်၊
မ္တလေး သားတွေက မ္တလာ၊ ကိုဇင်တို့တစ်တွေနှင့် ကပ်လျက် အိပ်ကြရသည်။
ကိုဇင်ဆိုလျှင် ကျန်းမာရေး သိပ်မကောင်းပါ။ အထု အထောင်းခံရသော
ဒဏ်ချက်များဖြင့် စုတ်ပြတ်သတ်နေပါသည်။ ရာသီဥတုဒဏ် ကလည်း ခံရသေးတော့
သူ့ကိုယ်သူ သိပ် မမှုတော့ပေ။ ဖြစ်လေရာဘ၀မှာ ပျော် ပျော်နေဆိုသလို သူထင်သလို
နေပါ သည်။ ဆံပင်တွေကလည်း ဆီလိမ်းမထားရ တော့ကြမ်းပြီး နီကြောင်ကြောင်ဖြစ် နေ
ပါသည်။ ပြီးတော့ ဆံပင်တွေက အပေါ် သို့ထောင်နေပါသည်။ ထောင်နေရတဲ့အထဲ
ဘယ်ကအ၀တ်စမှန်းမသိ ခေါင်းမှာချည် ထားလိုက်သေးသည်။ ဘောင်းဘီတွေမှာ လည်း
အ၀တ်စတွေ ချည်ထားသေးသည်။ သဘောတော့ကောင်းသည်။ သူ့ကို ဘာ ပြောပြော ဟုတ်ကဲ့ပဲ
ပြောသည်။ ကိုဇင်နဲ့ ကျော်ကျော်ဦး သူငယ်ချင်းနှစ်ယောက်က တကျက်ကျက်၊
မင်းဟိုဘက်တိုး၊ ငါ ဒီဘက် တိုးနဲ့ ရယ်ရပါသည်။
ညအိပ်လျှင် အနာတွေကယားတော့ ကုတ်တဲ့အခါ ဘေးက သူငယ်ချင်းက အိပ်
မရတော့ပါ။ ကျွန်တော်တို့အချုပ်ဆောင် သို့ လေးရက်ငါးရက်တစ်ကြိမ် ဆေးကု
ပေးပါသည်။ ဆေးသင်တန်းတက်ထား သော မိန်းကလေးများလာပြီး ကုပေးပါ သည်။
သူတို့ထဲမှ စကားပြောသံခပ်ဝဲ၀ဲဖြင့် ကချင်တိုင်းရင်းသူလေး ခါးတောင်ကို တော့
အမှတ်ရနေမိသည်။ သူမက အလွန် သဘောကောင်းသည်။ ကျွန်တော်တို့ အပေါ်
အနွံအတာအလွန်ခံပါသည်။ စိတ် ရှည်သည်းခံပါသည်။ သူရောက်လာပြီဆို လျှင်
ဘယ်သူဘာဖြစ်သလဲ၊ နေမကောင်း ဘူးလား၊ ခေါင်းကိုက်နေလား အမြဲမေး လေ့ရှိပါသည်။
သူက လူစေ့အောင် မေးပါ သည်။ ကျော်ကျော်ဦးဘာဖြစ်သလဲ၊ မြင့် ဇော် ဘာဖြစ်သလဲ၊
မန္တလာဘာဖြစ်သလဲ၊ အောင်မွန်ဘာဖြစ်သလဲ စသဖြင့် အမြဲ မေးလေ့ ရှိပါသည်။
ကျွန်တော့်နာမည် ထွန်းဦးခိုင်ကျ တော့ သူ မခေါ်တတ်ပါ။
ထွန်းထွန်းခိုင် ဘာဖြစ်သလဲ၊ နေကောင်းသလား၊ စေ တနာပါပါဖြင့် သူရောက်တိုင်း
မေးပါသည်။ ကိုဇင်ကိုကျတော့ ကရုဏာဖြင့် ဆူလေ့ရှိ သည်။ ကိုဇင်ရေ
...အဲလိုမနေနဲ့၊ ကြားလား၊ သန့်သန့် ရှင်းရှင်းနေ၊ ပြောလည်းပြော
ဆေးလည်းကုပေးလုပ်ပေးပါသည်။ ကိုဇင် ကိုတော့ သူရောက်တိုင်း ဆေးလိမ်းဆေးကု
အမြဲလုပ်ပေးပါသည်။ သူငယ် ချင်းတွေကို သူဆူလျှင် ကျွန်တော် အမြဲပြုံးပါသည်။
ပြုံးရုံပဲတတ်နိုင်ပါသည်။ တဟားဟားနှင့် လွတ်လွတ်လပ်လပ်ရယ်လို့ မရနိုင်တဲ့ဘဝ
ဆိုတော့ သူများမကြားအောင်ဘဲ ပြုံးရပါ သည်။ မခါး၏စိတ် စေတနာကို ကျွန်တော်
အမှတ်ရနေပါသည်။ တစ်နေ့နေ့ တစ်ချိန် ချိန်မှာ ဆပ်ခွင့်ရမယ်ဆိုရင် ဆပ်ချင်ပါ
သည်။ ထိုဆပ်ခွင့်ရမယ့် တစ်နေ့နေ့ တစ်ချိန် ချိန်ဆိုတာ ကျွန်တော်တို့ဘ၀တွေ
လွတ် မြောက်မှရပါလိမ့်မည်။ ထိုဘ၀တွေ လွတ် မြောက်ဖို့အတွက်လုပ်ဆောင်ရမယ့်
လမ်းစ ကတော့ ဘယ်တော့များမှ အကောင် အထည် ပေါ် မလဲဟု စောင့်ဆိုင်းနေရသည်။
နှုတ်ဆက်ခဲ့တယ် ပါဂျောင်
တစ်နေ့၌ ကျွန်တော်အိပ်ပျော်နေ စဉ် ဘေးမှ သူငယ်ချင်းများက
ကျွန်တော့် ကို နှိုးကြပါသည်။ ရုတ်တရက် ကျွန်တော် လန့် နိုးသွားသော်လည်း
ကျွန်တော် မထရဲပါ။ အိပ်မက်မက်နေတာလားဆိုပြီး ဇဝေဇ၀ါဖြစ်နေပါသည်။ အကယ်၍ အိပ်
နေရာမှ ထထိုင်လိုက်ပါက အစောင့်များ က ထွက်ပြေးရန်အတွက် အိပ်နေရာမှ ထ
ထိုင်တာလားဆို ပြီး ရက်ရက်စက်စက် ရိုက်တတ်ပါသည်။ ဒါမှမဟုတ် နောက်
တစ်ကြိမ်ထပ်ပြီး စစ်မေးရန်အတွက်လာ ပြီး နှိုးနေတာလားဆိုပြီး စိုးရိမ်စိတ်
ဝင်မိပါသည်။ ညာဘက်စောင်းလျက် အိပ်ချင်ဟန် ဆောင်နေလိုက်ပါသည်။
အသံ ခပ်အုပ် အုပ်ဖြင့် ဟေ့ကောင် ထွန်းဦးခိုင် ထ,ထ ဆိုပြီး
ဆက်တိုက်နှိုးသံ ကို ကျွန်တော်ကြားရပါသည်။ စိတ်ထဲ တွင်လည်း
သင်္ကာမကင်းဖြစ်မိပါသည်။ သူငယ်ချင်းတွေ၏ လှုပ်ရှားသံသဲ့သဲ့ကို လည်း
ကြားရသောအခါ မျက်လုံးကို ပိတ်စည်းထားသောအ၀တ်ကို လက်မဖြင့် အသာလှန်ပြီး
ချောင်းကြည့်လိုက်ရာ အကုန်လုံး ငုတ်တုတ်ထထိုင်နေသည်ကို တွေ့လိုက်ရပါသည်။
ကျွန်တော်လည်း အိပ်နေရာမှ အမြန် ထထိုင်လိုက်ပါသည်။ ထို့နောက် မျက်နှာမှ
အ၀တ်စကို ချွတ် လိုက်ပြီး လက်တွင်ချည်ထားသော ကြိုး ကို မိမိဘာသာ
အမြန်ဖြေရပါသည်။ ဘေး က သူငယ်ချင်းတွေက “ဟေ့ကောင် မြန် မြန်လုပ်၊ တချို့
သူငယ်ချင်းတွေတောင် အပြင်ရောက်နေပြီ”ဟု ခပ်တိုးတိုးဖြင့် သတိပေးပါသည်။
ကြိုးဖြေပြီးသောအခါ ခေါင်းအုံးပြီး အိပ်သော ဘောင်းဘီရှည်
တစ်ထည်ကို ယူပြီး သံခြေကျင်းအသံမ မြည်စေရန် အတွက် အပေါ်မှထပ်ပြီး ၀တ်ပါသည်။
ထို့ နောက် အ၀တ်စဖြင့် ခြေသလုံး၊ ပေါင်တို့ ကို သံခြေကျင်း
မလှုပ်ခတ်စေရန်အတွက် ခြေထောက် နှစ်ဖက်စလုံးကိုချည်လိုက်ပါ သည်။
ကျွန်တော်လည်း အချုပ်ဆောင် အပေါက်ဝသို့ မြန်မြန်သွားပါသည်။ အပေါက်ဝဘေးတွင်
အစောင့်များကို ကြိုးဖြင့်ချည်နှောင်ထားသည်ကို သူတို့ ဘေးမှဖြတ်လျှောက်ရင်း
မီးပုံမီး၏အလင်းရောင်ကြောင့် ခပ်ဝါးဝါးသာ တွေ့ ရပါသည်။ ကျွန်တော်လည်း
အချိန်မရ၍ သေသေချာချာ မကြည့်နိုင်ပါ။ သူငယ် ချင်းတွေ ၀ိုင်းထားသည်ကိုလည်း
အမှတ် တမဲ့ တွေ့လိုက်ရပါသည်။
မှောက်ထား သော လက်ဖမိုးကို လှန်လိုက်ပြီး လက်ဖ
ဝါးပြောင်းလိုက်သလို အဖြစ်အပျက်တွေက အလွန်မြန်လှပါ သည်။
အချုပ်ဆောင်အပြင်သို့ အမြန် သွားပြီး စစ်ဖိနပ်ကို ကိုယ်နှင့်တော်အောင်
အမြန်ရွေးရပါသည်။ အပြင်ဘက်တွင် စစ်ဖိနပ်များ ပြန့်ကျဲနေပါသည်။ မိမိ
အရင်ရောက်သော သူငယ်ချင်းများက ရွေးထားပုံရပါသည်။ ကျွန် တော်ကလည်း
မိမိခြေထောက်နှင့်တော်မည့်ဖိနပ်ကို ည အမှောင်ထဲတွင် ရှာဖွေရပါသည်။ ကံအား
လျော်စွာဖြင့် ကျွန်တော့် ခြေထောက်ကို တော်မည့် စစ်ဖိနပ်ကို ရွေးမိပါသည်။
ကိုယ်လုပ်သမျှကို သေသေသပ် သပ်ဖြစ် အောင် ဂရုစိုက်ရပါသည်။ အမှားအယွင်း
တစ်စုံတစ်ရာဖြစ်ပေါ်ပါက သူ ငယ်ချင်း တွေအကုန်လုံး မလွတ်မြောက်ဘဲ အသက်
သေဆုံးသွားနိုင်ပါသည်။
စစ်ဖိနပ်စီးပြီးသောအခါ သူငယ် ချင်းတစ်ယောက်က ကျွန်တော်တို့သွား
ရမည့်လမ်းကို ညွှန်ပြပါသည်။ ကျွန်တော် လည်း ခပ်သုတ်သုတ် အသံမထွက်အောင်
လျှောက်သွားပါသည်။ အရင်ရောက်နှင့် နေသော သူငယ်ချင်းတွေက တန်းစီပြီး
ရပ်စောင့်နေတာကို ကျွန်တော် တွေ့ရပါ သည်။ ထိုအခါကျမှ ကျွန်တော် နောက်ကျ
နေတာကို သတိထားမိပါသည်။ ကျွန် တော်လည်း နောက်မှလိုက်လာသော
သူငယ်ချင်းများကို ရပ်ပြီးစောင့်နေရပါ သည်။ ရေခဲသောဒေသ၏ ညသန်းခေါင် ယံတွင်
တိုက်ခိုက်သောလေသည် အလွန် အေးပါသည်။ ဆီးနှင်းများလည်း ကျ၍ နေပါသည်။
ဘေးပတ်ဝန်းကျင်သို့ လှမ်း ကြည့်လိုက်သောအခါ နှင်းမှုန်တွေကြား တွင်
မှုန်ဝါးဝါးသာ မြင်ရပါသည်။ အားလုံး တိတ်ဆိတ်ပြီး အိပ်မောကျနေကြပါသည်။
ကျွန်တော်တို့ရပ်နေသော နေရာမှ အောက်ချိုင့်ထဲ လှမ်းကြည့်လိုက်သော အခါ
သဲသဲကွဲကွဲ ဘာမှမမြင်ရဘဲ တဲတချို့ ကိုသာ မှန်းဆကြည့်မိပါသည်။ ဘယ်နေ ရာမှာ
ဘာရှိသည်ကို ကျွန်တော် သေသေ ချာချာမသိပါ။ ကျွန်တော်လည်း သူငယ် ချင်းများ၏
ဦးဆောင်မှုနောက်သို့သာ လိုက်ပါအသင်ရှင်ခွင့်ရသူ တစ်ယောက် ဖြစ်ပါသည်။
ကျွန်တော်သိသလောက် ဦး ဆောင် သူမှာ ကိုစိုးလေး၊ ကိုမြင့်သိန်း၊
ကိုဝင်းမြင့်၊ ကိုကျော်ဇင်၊ ကိုဒဿ၊ ကိုပေါ်ဦး၊ ကိုထင် လင်းအောင် (ငကောက်)၊
ကို ထိန်လင်း၊ ကိုအီနွတ်၊ ကိုကျော်မျိုး၊ ကိုထွန်းဇံ (တာကော)၊ တခြားအမည်
မမှတ်မိသော သူငယ်ချင်းတို့ဖြစ်သည်။ သူတို့ဦးဆောင်ဖောက်ထွက်မှုကြောင့်သာ
ကျွန်တော်တို့ တစ်တွေ အသက်ရှင်သန်ခွင့်ရခြင်း ဖြစ် ပါသည်။ စိတ်ထဲတွင်တော့
လွတ်မြောက် အောင်တော့ရုန်းကန်ရမည်ဟု တွေးမိပါ သည်။ စိတ်ချရသောနေရာ မရောက်
မချင်း ပြင်းပြင်းထန်ထန် ခရီး ဆက်ရပါ တော့မည်။ ရှေ့ဆက် ခရီးဘယ်လို ကြုံ
တွေ့ရမည်ဆိုတာ ကြိုတင်ပြီးတော့ မသိ ပါ။ သေချာတာတစ်ခုကတော့ လွတ်
မြောက်ရန်အတွက် မြန်မြန်ဝေးဝေး ရောက်အောင် ပြင်းပြင်းထန်ထန် ခရီး
ဆက်ရပါမည်။
အတွေးများဝင်နေချိန်မှာ နောက် ဆုံးမှလိုက်လာသော သူငယ်ချင်း များ၏
အချုပ်ဆောင်ထဲမှာ ဘယ်သူမှ မကျန် တော့ဘူး၊ စထွက်လို့ရပြီ စသည့်
အကြောင်းကြားချက်ကို ရှေ့သို့ ထပ်ဆင့် အကြောင်းကြားလိုက်ပါသည်။ ထို့ နောက်
စထွက်မည်ဆိုသော အကြောင်း ကြားချက်နှင့်အတူ နောက်ကျတဲ့ ခြေ ထောက်
သစ္စာဖောက်ဟု ခံယူရင်း သုတ် ခြေတင်ကြပါတော့သည်။ ကေအိုင်အေ များနေသော
တောင်ကုန်းအောက်ဘက် မှ လမ်းမကြီးကိုဖြတ်ပြီး လျှိုကြီးထဲ ဆင်းကြပါသည်။
ထို့နောက် အောက် ဆေးရုံအနီးမှဖောက်ထွက်ပြီး ရှားဟော့ ပါလမ်းအတိုင်း
မှောင်နှင့်မည်းမည်း သုတ်ခြေတင်ကြပါ တော့သည်။
လွတ်မြောက်အောင် ပြေးနေရင်းမှ ကျွန်တော်၏ခေါင်းထဲ တွင် အတွေးတစ်ခု တွေးနေပါသည်။
ABSDF မြောက်ပိုင်း ပါဂျောင် တွင် ဖြစ်ပွားခဲ့သော ကျောင်းသားလူ
သတ်ပွဲ သွေးချောင်းစီးမှုကြီးသည် ထိုစဉ် က တာဝန်ယူခဲ့သော အသိဉာဏ်မဲ့သော၊
စဉ်းစားဆင်ခြင်ဉာဏ်မရှိသော၊ ဖောက် ပြန်ရေးသမား ဗဟိုကော်မတီဝင်များနှင့်
ထိုကော်မတီ၏နောက်လိုက် လူတစ်စု တို့၏ ယုတ်ညံ့သော လုပ်ဆောင်ချက်ပင်
ဖြစ်ပါသည်။ ။
(မှတ်ချက် - နောင်တစ်ချိန် တွေ့ ခွင့်ရ လျှင်
ကျေးဇူးတင်ကြောင်းကို လေးလေး နက်နက်ပြောရန် စဉ်းစားထားသော် လည်း
ခတ်ချိုရွာဇာတိ ကချင်တိုင်းရင်းသူ ဆေးဆရာမလေးမခါးသည် အေးချမ်း သော
အမိရင်ခွင်ပြန်ရောက်ပြီး ငယ်ရွယ် နုပျိုသော အရွယ်မှာပင် လောကအလှ တရား
တွေကို ရှာဖွေ မခံစားနိုင်တော့ဘဲ ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသည့် အတွက်
နှမျောတသရင်း သူငယ်ချင်း အေးချမ်းတဲ့ ဘုံဘ၀ကို ပျော်ရွှင်စွာ ရောက်ပါစေလို့
နှလုံးသားထဲမှ လေးလေး နက်နက် ဆု တောင်းပေးလိုက်ပါတယ်။)
Posted 27th January by Nga Htin Nge
No comments:
Post a Comment