လူ့အခွင့်အရေးနဲ့
နိုင်ငံတော်အကျိုးစီးပွားအကြောင်းကို ဆွေးနွေးမယ် ဆိုရင် အမေရိကန်သမ္မတ
ဂျင်မီကာတာ နဲ့ ရော်နယ်ရေဂင် လက်ထက်မှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေဟာ
အကောင်းဆုံးဥပမာတွေပါ။
သမ္မတ ဂျင်မီကာတာ ကို လူ့အခွင့်အရေးမြှင့်တင်သူ သမ္မတအဖြစ်လူသိများခဲ့တယ်။
ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ကိုယ်ချင်းစာနာစိတ်ပြီး စာအုပ်တွေကို ရေးသားခဲ့တယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တယ်။
ဒါပေမဲ့ ဂျင်မီကာတာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ( ၁၉၇၇-၈၁) ကာလတွေမှာ ဘာတွေဖြစ်ခဲ့သလဲ။
အီရန်မှာ အရာတိုလာ ခိုမေနီ အာဏာရလာတော့ အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်တယ်။
အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်တယ်။ အမေရိကန် သံရုံးအရာရှိနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးပြန်ပေးဆွဲခဲ့တယ်။
အီရန်ပြန်ပေးဆွဲမှု အဖြစ်အပျက်ဟာ ရက်ပေါင်း (၄၄၄) ရက်ကြာတယ်။
ဂျင်မီကာတာ ဟာ လူ့အခွင့်အရေးတွေကိုသာ တသွင်သွင်အော်နေခဲ့ပေမဲ့၊ သူ့မှာ တိကျခိုင်မာတဲ့လမ်းစဉ်မရှိဘူး။
နိုင်ငံကို ဦးဆောင်ပုံက ပျော့ညံ့လွန်းတယ် လို့ အမေရိကန်ပြည်သူတွေက ယူဆကြတယ်။
အီရန်စစ်သွေးကြွတွေက ပြန်ပေးဆွဲထားတဲ့ အမေရိကန်သံရုံးဝန်ထမ်းတွေလွတ်မြောက်ဖို့ အတွက်လည်း မစွမ်းဆောင်နိုင်ခဲ့ဘူး။
ဒါကြောင့်လည်း သမ္မတ လေးနှစ်သက်တမ်း တကြိမ်ပဲရပြီး၊ နောက်ရွေးကောက်ပွဲမှာ ရီပတ်ပလင်ကန် သမ္မတ ရော်နယ်ရေဂင် က အနိုင်ရခဲ့တယ်.
အမေရိကန်သမ္မတ ရော်နယ်ရေဂင်က တခါတလေမှာ ရိုးရိုးသာမန်လူတွေနားလည်နိုင်တဲ့ စကားလုံးတွေနဲ့ပြည်သူလူထုကို ဆက်သွယ်စကားပြောတယ်။
နိုင်ငံတကာဆက်ဆံရေးမှာ အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်ရှိတယ် လို့ ထင်ရတဲ့ သူတွေကို ခပ်ပြတ်ပြတ်ပဲ ဆက်ဆံတယ်။
ရေဂင် က အီရန်ကို ဘယ်လိုကိုင်တွယ်ခဲ့သလဲ။
အီရန် နဲ့ ကပ်လျှက်တည်ရှိတဲ့ အီရတ် အာဏာရှင် ဆဒမ်ဟူစိန်ကို အဆိပ်လက်နက်၊ ဓါတုလက်နက် အပါအဝင် စစ်လက်နက်တွေရောင်းပြီး
အီရန် နဲ့ ဖြစ်နေတဲ့ ပြဿနာတွေကို စစ်ပွဲအပြင် ဦးတည်သွားအောင်လုပ်တယ်။
တဘက်မှာလည်း အီရန်ကို ထိပ်တိုက်ရင်ဆိုင်မဲ့ ခြိမ်းခြောက်မှုတွေကို ဆက်တိုက်လုပ်တယ်။
အမေရိကန်ပြည်ထောင်စုရဲ့ သေနင်္ဂဗျူဟာကို အရာတိုလာခိုမေနီရဲ့ အီရန်ဟာ ဆက်လက်တောင့်မခံနိုင်တော့ဘူး။
အမေရိကန်ဓါးစားခံတွေကို ပြန်လွှတ်ပေးရတော့တယ်။ ဒါပေမဲ့ အီရတ် နဲ့ စစ်ပွဲ ဆင်နွဲလိုက်ရတယ်။
ကဲ-- အီရတ်နဲ့ အီရန်နိုင်ငံတွေဆီက လူ့အခွင့်အရေးချိုးဖောက်မှုကို လေ့လာကြည့်ရအောင်
အမေရိကန်လက်နက် နဲ့ မာန်တက်နေတဲ့ဆဒမ်ဟူစိန်ဟာ အစ္စလာမ်ကျမ်းစာမှာ ပါတဲ့ ဆူရ (၈) ထဲက ကြွေးကြော်သံကို ကိုင်တွယ်ခဲ့တယ်။
"ဘုရားသခင်ကို မယုံကြည်သူများအား ပြစ်ဒဏ်ခပ်လော့" တဲ့ ( အင်္ဂလိပ် လို the spoil campaign )
လူမျိုးစု ကာ့ဒ် သူပုန်တွေကို ဓါတုဗေဒလက်နက် သုံးတိုက်ခိုက်ခဲ့တယ်။ ကာ့ဒ်လူမျိုးစု သုတ်သင်ရှင်းလင်းရေးအဖြစ် လူသိများခဲ့တယ်။
အမေရိကန်ပြည်ထောင်စုအတွက်တော့ သူ့ရဲ့ မဟာမိတ် ဆဒမ်ဟူစိန် အားကောင်းလာရေးနဲ့ အီရန်ကို ချိန်ခွင်လျှာ ညှိထားရေးပဲ ဖြစ်တယ်။
လူ့အခွင့်အရေး ကိစ္စတွေကို တခုမှ မအော်ခဲ့ပါဘူ။
အီရန်- အီရတ် စစ်ပွဲကြောင့် အီရန်ဟာ သူ့ရဲ့ ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေ ထောင်သောင်းချီအသက်ဆုံးရှုံးခဲ့ရတယ်။
ဒါကြောင့် စစ်ပွဲအပြီးမှာ လူဦးရေး အလျင်အမြန်ကြီးထွားရေးကို ဦးတည်ဖေါ်ဆောင်တော့တယ်။
အနောက်တိုင်းလို စံနှုန်းနဲ့ တိုင်းမယ် ဆိုရင် အရွယ်မရောက်သေးတဲ့
မိန်းကလေးတွေက အစ လူဦးရေ ထုတ်လုပ်မှုကို စက်ရုံတခုရိုက်ထုတ်သလိုမျိုး
ထုတ်လုပ်စေခဲ့တယ်။
( အနောက်တိုင်းအမြင် ဆိုရင် ဒါဟာ
အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာလေ။ ဒါပေမဲ့ အီရန်အတွက်တော့
အသက်တမျှ အရေးပါတဲ့ ကိစ္စဖြစ်တယ်)
ကဲ-- အမေရိကန်ပြည်ထောင်စုကရော လူ့အခွင့်အရေးချိုးဖောက်မှုကို လွတ်ကင်းပါရဲ့လား။
အမေရိကန်သမ္မတ ရော်နယ်ရေဂင် လက်ထက်မှာပဲ ဥပဒေချိုးဖောက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြန်တယ်။
အီရန်-ကွန်ထရာ အရေးအခင်း လို့ လူသိများတယ်။ ၁၉၈၆ မှာဖြစ်တဲ့ နိုင်ငံရေးအရှုပ်အထွေးဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူဖြစ်တဲ့ အီရန်အပေါ် လက်နက်ရောင်းချမှု
ပိတ်ဆို့ထားတာကို ရော်နယ်ရေဂင်က မလိမ့်တပတ်နဲ့
လက်နက်ရောင်းဝယ်မှုတွေလုပ်တယ်။
ပြီးရင် အဲ့ဒီ လက်နက်ရောင်းရငွေတွေကို ဘာထပ်လုပ်သလဲ။
နီကာရာဂွါ နိုင်ငံမှာ ဒုစရိုက်မှု၊ မူးယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှု၊
လူကုန်ကူးမှုတွေနဲ့ နာမည်ပျက်နေတဲ့ ကွန်ထရာသူပုန်တွေကို လက်နက်ရောင်းရငွေ
နဲ့ ငွေရေးကြေးရေးအကူအညီပေးတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကမှာ ပွက်လောရိုက်ခဲ့တာပေါ့။
ရော်နယ်ရေဂင် ဘက် ကလည်း အကြောင်းပြချက်ရှိတယ်။
ကွန်မြူနစ်တွေ မကြီးထွားဖို့အတွက် လက်ယာ အာဏာရှင်တွေကို ငွေပုံအောပြီး Proxy War ဆင်နွဲခိုင်းမယ်။
ပါဝါချိန်ခွင်လျှာညှိမယ်။ ချီလီအာဏာရှင် ပီနိုချေး၊ ဖိလစ်ပိုင် မှ ဖီဒယ်မာ့ကိုးစ် အပါအဝင်
လက်တင်အမေရိကားရဲ့ လက်ယာအာဏာရှင်တွေဆိုတာ စစ်အေးတိုက်ပွဲအတွင်းက အမေရိကန်ပြည်ထောင်စု မွေးထုတ်ပေးလိုက်တဲ့ သစ္ဆေတွေဖြစ်တယ်။
ဒီမိုကရေစီနိုင်ငံ လို့ အော်ဟစ်နေတဲ့ အင်အားကြီးနိုင်ငံတွေပဲကြည့်ကြည့်
အစ္စလာမ်ကမ္ဘာပဲကြည့်ကြည့်၊
နိုင်ငံအားလုံးဟာ နိုင်ငံတော်အကျိုးစီးပွားသာ ပထမ၊ ကျန်တဲ့အရာတွေဟာ ဒုတိယဖြစ်တယ်။
ရေဂင်လက်ထက်မှာ တိုင်းပြည်စီးပွားရေးဦးမော့ခဲ့တာကြောင့် သူ့ကို အမေရိကားရဲ့ နံနက်ခင်းအဖြစ် လူသိများခဲ့တယ်။
တကယ်တော့ အမေရိကန်ပြည်သူတွေဟာ လူ့အခွင့်အရေးတခုသာ အော်ပြီး ဘာမှမယ်မယ်ရရ
မူဝါဒမရှိ၊ အစီအစဉ်မရှိ ဖရိုဖရဲဖြစ်နေတဲ့ မပြတ်သားတဲ့ခေါင်းဆောင်တွေကို
ကြိုက်လေ့မရှိဘူး။
တိုင်းပြည်အတွက် ပြတ်သားခိုင်မာတဲ့ ခေါင်းဆောင်တွေကိုသာ ကြိုက်ကြတယ်။
အီရန်ဓါးစားခံပြဿနာ၊ အီရန် အီရတ်စစ်ပွဲ၊ အီရန်ကွန်ထရာအရှုပ်တော်ပုံ ကာလက
အဖြစ်အပျက်တွေကို လေ့လာကြည့်ရင် မိမိရဲ့ နိုင်ငံခြားရေးမူတွေကို
ပြန်လည်သုံးသပ်နိုင်မယ် လို့ ယူဆပါတယ်။
မြန်မာပြည်လာလာပြီး
ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ လက်ချာလာလာရိုက်နေတဲ့
နိုင်ငံရေးခေါင်းဆောင်တွေ ရဲ့ မိန့်ခွန်းတွေကို ယုံမနေပါနဲ့။
သူတို့ နိုင်ငံရဲ့ အကျိုးစီးပွားကို ထိကြည့်ပါလား။ ခင်ဗျားတို့အိမ်ပေါ်မှာ ဒုံးပျံတွေ၊ ဗုံးတွေ တရစပ်ပျံသန်းလာလိမ့်မယ်။
သမ္မတ ဂျင်မီကာတာ ကို လူ့အခွင့်အရေးမြှင့်တင်သူ သမ္မတအဖြစ်လူသိများခဲ့တယ်။
ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ကိုယ်ချင်းစာနာစိတ်ပြီး စာအုပ်တွေကို ရေးသားခဲ့တယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တယ်။
ဒါပေမဲ့ ဂျင်မီကာတာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ( ၁၉၇၇-၈၁) ကာလတွေမှာ ဘာတွေဖြစ်ခဲ့သလဲ။
အီရန်မှာ အရာတိုလာ ခိုမေနီ အာဏာရလာတော့ အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်တယ်။
အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်တယ်။ အမေရိကန် သံရုံးအရာရှိနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးပြန်ပေးဆွဲခဲ့တယ်။
အီရန်ပြန်ပေးဆွဲမှု အဖြစ်အပျက်ဟာ ရက်ပေါင်း (၄၄၄) ရက်ကြာတယ်။
ဂျင်မီကာတာ ဟာ လူ့အခွင့်အရေးတွေကိုသာ တသွင်သွင်အော်နေခဲ့ပေမဲ့၊ သူ့မှာ တိကျခိုင်မာတဲ့လမ်းစဉ်မရှိဘူး။
နိုင်ငံကို ဦးဆောင်ပုံက ပျော့ညံ့လွန်းတယ် လို့ အမေရိကန်ပြည်သူတွေက ယူဆကြတယ်။
အီရန်စစ်သွေးကြွတွေက ပြန်ပေးဆွဲထားတဲ့ အမေရိကန်သံရုံးဝန်ထမ်းတွေလွတ်မြောက်ဖို့ အတွက်လည်း မစွမ်းဆောင်နိုင်ခဲ့ဘူး။
ဒါကြောင့်လည်း သမ္မတ လေးနှစ်သက်တမ်း တကြိမ်ပဲရပြီး၊ နောက်ရွေးကောက်ပွဲမှာ ရီပတ်ပလင်ကန် သမ္မတ ရော်နယ်ရေဂင် က အနိုင်ရခဲ့တယ်.
အမေရိကန်သမ္မတ ရော်နယ်ရေဂင်က တခါတလေမှာ ရိုးရိုးသာမန်လူတွေနားလည်နိုင်တဲ့ စကားလုံးတွေနဲ့ပြည်သူလူထုကို ဆက်သွယ်စကားပြောတယ်။
နိုင်ငံတကာဆက်ဆံရေးမှာ အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်ရှိတယ် လို့ ထင်ရတဲ့ သူတွေကို ခပ်ပြတ်ပြတ်ပဲ ဆက်ဆံတယ်။
ရေဂင် က အီရန်ကို ဘယ်လိုကိုင်တွယ်ခဲ့သလဲ။
အီရန် နဲ့ ကပ်လျှက်တည်ရှိတဲ့ အီရတ် အာဏာရှင် ဆဒမ်ဟူစိန်ကို အဆိပ်လက်နက်၊ ဓါတုလက်နက် အပါအဝင် စစ်လက်နက်တွေရောင်းပြီး
အီရန် နဲ့ ဖြစ်နေတဲ့ ပြဿနာတွေကို စစ်ပွဲအပြင် ဦးတည်သွားအောင်လုပ်တယ်။
တဘက်မှာလည်း အီရန်ကို ထိပ်တိုက်ရင်ဆိုင်မဲ့ ခြိမ်းခြောက်မှုတွေကို ဆက်တိုက်လုပ်တယ်။
အမေရိကန်ပြည်ထောင်စုရဲ့ သေနင်္ဂဗျူဟာကို အရာတိုလာခိုမေနီရဲ့ အီရန်ဟာ ဆက်လက်တောင့်မခံနိုင်တော့ဘူး။
အမေရိကန်ဓါးစားခံတွေကို ပြန်လွှတ်ပေးရတော့တယ်။ ဒါပေမဲ့ အီရတ် နဲ့ စစ်ပွဲ ဆင်နွဲလိုက်ရတယ်။
ကဲ-- အီရတ်နဲ့ အီရန်နိုင်ငံတွေဆီက လူ့အခွင့်အရေးချိုးဖောက်မှုကို လေ့လာကြည့်ရအောင်
အမေရိကန်လက်နက် နဲ့ မာန်တက်နေတဲ့ဆဒမ်ဟူစိန်ဟာ အစ္စလာမ်ကျမ်းစာမှာ ပါတဲ့ ဆူရ (၈) ထဲက ကြွေးကြော်သံကို ကိုင်တွယ်ခဲ့တယ်။
"ဘုရားသခင်ကို မယုံကြည်သူများအား ပြစ်ဒဏ်ခပ်လော့" တဲ့ ( အင်္ဂလိပ် လို the spoil campaign )
လူမျိုးစု ကာ့ဒ် သူပုန်တွေကို ဓါတုဗေဒလက်နက် သုံးတိုက်ခိုက်ခဲ့တယ်။ ကာ့ဒ်လူမျိုးစု သုတ်သင်ရှင်းလင်းရေးအဖြစ် လူသိများခဲ့တယ်။
အမေရိကန်ပြည်ထောင်စုအတွက်တော့ သူ့ရဲ့ မဟာမိတ် ဆဒမ်ဟူစိန် အားကောင်းလာရေးနဲ့ အီရန်ကို ချိန်ခွင်လျှာ ညှိထားရေးပဲ ဖြစ်တယ်။
လူ့အခွင့်အရေး ကိစ္စတွေကို တခုမှ မအော်ခဲ့ပါဘူ။
အီရန်- အီရတ် စစ်ပွဲကြောင့် အီရန်ဟာ သူ့ရဲ့ ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေ ထောင်သောင်းချီအသက်ဆုံးရှုံးခဲ့ရတယ်။
ဒါကြောင့် စစ်ပွဲအပြီးမှာ လူဦးရေး အလျင်အမြန်ကြီးထွားရေးကို ဦးတည်ဖေါ်ဆောင်တော့တယ်။
အနောက်တိုင်းလို စံနှုန်းနဲ့ တိုင်းမယ် ဆိုရင် အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေက အစ လူဦးရေ ထုတ်လုပ်မှုကို စက်ရုံတခုရိုက်ထုတ်သလိုမျိုး ထုတ်လုပ်စေခဲ့တယ်။
( အနောက်တိုင်းအမြင် ဆိုရင် ဒါဟာ အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာလေ။ ဒါပေမဲ့ အီရန်အတွက်တော့ အသက်တမျှ အရေးပါတဲ့ ကိစ္စဖြစ်တယ်)
ကဲ-- အမေရိကန်ပြည်ထောင်စုကရော လူ့အခွင့်အရေးချိုးဖောက်မှုကို လွတ်ကင်းပါရဲ့လား။
အမေရိကန်သမ္မတ ရော်နယ်ရေဂင် လက်ထက်မှာပဲ ဥပဒေချိုးဖောက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြန်တယ်။
အီရန်-ကွန်ထရာ အရေးအခင်း လို့ လူသိများတယ်။ ၁၉၈၆ မှာဖြစ်တဲ့ နိုင်ငံရေးအရှုပ်အထွေးဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူဖြစ်တဲ့ အီရန်အပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ထားတာကို ရော်နယ်ရေဂင်က မလိမ့်တပတ်နဲ့ လက်နက်ရောင်းဝယ်မှုတွေလုပ်တယ်။
ပြီးရင် အဲ့ဒီ လက်နက်ရောင်းရငွေတွေကို ဘာထပ်လုပ်သလဲ။
နီကာရာဂွါ နိုင်ငံမှာ ဒုစရိုက်မှု၊ မူးယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှုတွေနဲ့ နာမည်ပျက်နေတဲ့ ကွန်ထရာသူပုန်တွေကို လက်နက်ရောင်းရငွေ နဲ့ ငွေရေးကြေးရေးအကူအညီပေးတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကမှာ ပွက်လောရိုက်ခဲ့တာပေါ့။
ရော်နယ်ရေဂင် ဘက် ကလည်း အကြောင်းပြချက်ရှိတယ်။
ကွန်မြူနစ်တွေ မကြီးထွားဖို့အတွက် လက်ယာ အာဏာရှင်တွေကို ငွေပုံအောပြီး Proxy War ဆင်နွဲခိုင်းမယ်။
ပါဝါချိန်ခွင်လျှာညှိမယ်။ ချီလီအာဏာရှင် ပီနိုချေး၊ ဖိလစ်ပိုင် မှ ဖီဒယ်မာ့ကိုးစ် အပါအဝင်
လက်တင်အမေရိကားရဲ့ လက်ယာအာဏာရှင်တွေဆိုတာ စစ်အေးတိုက်ပွဲအတွင်းက အမေရိကန်ပြည်ထောင်စု မွေးထုတ်ပေးလိုက်တဲ့ သစ္ဆေတွေဖြစ်တယ်။
ဒီမိုကရေစီနိုင်ငံ လို့ အော်ဟစ်နေတဲ့ အင်အားကြီးနိုင်ငံတွေပဲကြည့်ကြည့်
အစ္စလာမ်ကမ္ဘာပဲကြည့်ကြည့်၊
နိုင်ငံအားလုံးဟာ နိုင်ငံတော်အကျိုးစီးပွားသာ ပထမ၊ ကျန်တဲ့အရာတွေဟာ ဒုတိယဖြစ်တယ်။
ရေဂင်လက်ထက်မှာ တိုင်းပြည်စီးပွားရေးဦးမော့ခဲ့တာကြောင့် သူ့ကို အမေရိကားရဲ့ နံနက်ခင်းအဖြစ် လူသိများခဲ့တယ်။
တကယ်တော့ အမေရိကန်ပြည်သူတွေဟာ လူ့အခွင့်အရေးတခုသာ အော်ပြီး ဘာမှမယ်မယ်ရရ မူဝါဒမရှိ၊ အစီအစဉ်မရှိ ဖရိုဖရဲဖြစ်နေတဲ့ မပြတ်သားတဲ့ခေါင်းဆောင်တွေကို ကြိုက်လေ့မရှိဘူး။
တိုင်းပြည်အတွက် ပြတ်သားခိုင်မာတဲ့ ခေါင်းဆောင်တွေကိုသာ ကြိုက်ကြတယ်။
အီရန်ဓါးစားခံပြဿနာ၊ အီရန် အီရတ်စစ်ပွဲ၊ အီရန်ကွန်ထရာအရှုပ်တော်ပုံ ကာလက အဖြစ်အပျက်တွေကို လေ့လာကြည့်ရင် မိမိရဲ့ နိုင်ငံခြားရေးမူတွေကို ပြန်လည်သုံးသပ်နိုင်မယ် လို့ ယူဆပါတယ်။
မြန်မာပြည်လာလာပြီး ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ လက်ချာလာလာရိုက်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ရဲ့ မိန့်ခွန်းတွေကို ယုံမနေပါနဲ့။
သူတို့ နိုင်ငံရဲ့ အကျိုးစီးပွားကို ထိကြည့်ပါလား။ ခင်ဗျားတို့အိမ်ပေါ်မှာ ဒုံးပျံတွေ၊ ဗုံးတွေ တရစပ်ပျံသန်းလာလိမ့်မယ်။
No comments:
Post a Comment