ဒီဆောင်းပါး ပါ အချက်များ --
- “မျိုးစောင့်ဥပဒေ” သဘော ရှိအပ်တယ် ဆိုပြီး သံဃာတော်တွေ အခုလို ဆွေးနွေး၊ တောင်းဆို အဆိုတင်မှု အထိ ဘာ့ကြောင့် ဖြစ်လာရသလဲ။
- “မျိုးစောင့်ဥပဒေ” က အဓိက ပစ်မှတ်ထား ကာကွယ်ချင်တယ်လို့ ယူဆရတဲ့
“အချစ်ဂျီဟဒ်” သဘောက ဘာလဲ။ နိုင်ငံတကာမှာ ဘယ်လိုရှိ၊ ဘယ်လို
ကိုင်တွယ်ဖြေရှင်းသလဲ။
- ခု သံဃာတော်များ ဆွေးနွေးပြီး
အဆိုပြုဖို့ ကြိုးစားနေတဲ့ “မျိုးစောင့်ဥပဒေ” ကို ဘယ်လို သဘောတွေ ကြောင့်
လက်မခံသင့်သလဲ။ ဗမာပြည်မှာ “အချစ်ဂျီဟဒ်” သဘော၊ အမြင်တွေ အတွက် ဘယ်လို
နည်းလမ်းမှန် ကိုင်တွယ်သင့်သလဲ။
- အမျိုး/သာာသာ/သာသနာ နဲ့ အမျိုးသမီးငယ်တွေ ဘဝကို အမှန်တကယ် အကျိုးရှိ ကာကွယ်စောင့်ရှောက်နိုင်တဲ့နည်းတွေက ဘာတွေလဲ။
- ဘာသာကွယ်ပျောက်စရာ အကြောင်း မျက်မှောက်ခေတ်မှာ ဖြစ်နိုင်သလား။
- စင်္ကာပူမှာ အလားတူ ဥပဒေ ရှိတယ်ဆိုတာ အလုံးစုံ မမှန်ကန်တဲ့ အကြောင်း
ရှင်းလင်းချက် နဲ့ စင်္ကာပူလို မွတ်ဆလင် အသိုင်းအဝန်းအတွက် သီးသန့်
အခွင့်အရေးပေး ဥပဒေ ပေးထားမှုမျိုး ဘာ့ကြောင့် လိုက် မလုပ်သင့်သလဲ
ဆွေးနွေးချက်။ (ကပ်လျပ်ဆောင်းပါး မှာ Hate Grup, Hate Speech တွေ ကို
စင်္ကာပူလို ဆတ်ဆတ်ထိမခံ တားဖို့ တိုက်တွန်းထားတယ်။ ခု လက်ထပ်ခြင်း ကိစ္စက
သီးခြား သဘော ဖြစ်တယ်။ ပထမ ဆောင်းပါး မှာဆိုလိုတာက လူတွေက မမြင့်သေးရင်၊
စနစ်အဖွဲ့အစည်းတွေ မခိုင်မာသေးရင် “အမုန်းတရား” ကို ဥပဒေထုတ်
ပြင်းပြင်းထန်နှိပ်ကွပ်ရုံကလွဲလို့ အခြား မရှိဆိုတဲ့ သဘော ဖြစ်တယ်။
ဆောင်းပါး (နှစ်ခုစလုံး) မှာ အကျယ် ဖတ်ပါ။
- မလေးရှား
ဒီမိုကရေစီလောက်ပဲ မှန်းရင် အာဏရှင်စနစ်သာ ဆက်ကျင့်သုံးဖို့ အကြာင်း
အကြံပြုချက် နဲ့ သီအိုကရေစီ နိုင်ငံတွေ နဲ့ အလားတူ ဘာသာရေး အခြေခံတဲ့
တိုင်းပြည်တွေ ကမ္ဘာမှာ ဘာဖြစ်နေသလဲ ဆိုတာ ထောက်ပြချက်။
စတဲ့
“မျိုးစောင့်ဥပဒေ” နဲ့ ဆက်နွယ်တဲ့ အကြောင်းအရာစုံကို အကျယ် ဆွေးနွေးထားတယ်။
စိတ်ဝင်စားရင် အေးအေးဆေးဆေး ဖတ်ကြည့်ပါ။ အချိန်ပေးနိုင်ရင်
အပြုသဘောဆောင်ပြီး ဝင်ဆွေးနွေးပါ။
“မျိုးစောင့်ဥပဒေ” နဲ့
ဆက်စပ်တဲ့ ကိစ္စမှာ အရေးကြီးဆုံး အချက်လို့ ယူဆတဲ့ အချက်အကြောင်းကိုလည်း
ဆွေးနွေးထားတယ်။ အဲဒီအချက်ကို လူတွေလည်း သတိပြုမိချင် ပြုမိမှာပါ။
ဒါပေမယ့် အဲ့ဒီ အချက် ရဲ့ အလေးအနက်ပြုဖို့ လိုအပ်မှု က ပေါ့ပေါ့သေးသေး
မဟုတ်ဘူး ဆိုတာကိုတော့ သတိပြုမိသူ နည်းမယ် ထင်တယ်။
ဘာသာရေး ပဋိပက္ခ
တွေ “ဆက်” လာတော့ ဘာသာရေးစွဲ ပြင်းထန်တဲ့ ကိုယ်တော်တချို့ (အထူးသဖြင့်)
ကိုယ်တော် တပါး အကြောင်းကို လူတွေ (နိုင်ငံတကာ ပါ အပါ) အကြီးအကျယ် by name
ဘွဲ့နာမည်တပ်ပြီး ပြောကြ၊ ဆိုကြတယ်။ စာရေးသူ အနေနဲ့ အဆိုပါ ကိုယ်တော့်
အကြောင်းကို ဘုန်းကြီးရေးရာမှာ (စာရေးသူထက်) ပိုနှံ့စပ်တဲ့ အကိုတွေရယ်၊
မိတ်ဆွေတချို့ရယ် နဲ့ သီးသန့် ဆွေးနွေးဖူးတာကလွဲလို့ စာတွေမှာ ဘွဲ့နာမည်တပ်
တခါဖူးမှ မရေးခဲ့ဖူးဘူး။ (ခုလည်း မရေးပါဘူး။) အကြောင်းက ဒီလို သဘောတွေ
ကိုယ်တော် တယောက် (သို့) တချို့မှာပဲ ရှိတယ်လို့လည်း မယူဆဘူး။
အစွန်းမရောက်ရင်တောင် ဒီလို သဘောမျိုး အနည်း၊ အများတော့ ကိုယ်တော်တိုင်း
လိုလို (လူတိုင်းနီးပါးလည်း ပါတယ်) အနည်း၊ အများတော့ ရှိကြမှာပဲဆိုတာ
အရင်ကတည်းက တွက်မိတယ်။
ခု “မျိုးစောင့်ဥပဒေ” လုပ်ဖို့
ကြိုးစားလာမှု နဲ့ လူကြည်ညိုလေးစားဦးတင်ရတဲ့ တိုင်းပြည်ရဲ့ ထိန်တန်း
အရှင်သူမြတ်တွေပါတဲ့ အခု သံဃာအစည်းအဝေး ရဲ့ ဆွေးနွေးချက် ကိစ္စ မှာ ဒီသဘောဟာ
ပိုထင်ရှားလာတယ်။ ဒါ့အပြင် ဘာသာရေးကို မြှင့်တင်ဖို့ရာမှာ “နိုင်ငံတော်”
ကို အသုံးချလိုမှု၊ နိုင်ငံ့ စနစ်ကို အသုံးချလိုမှု ဟာ အရင် အာဏာ အလို့ငှာ
ဖော်ဆောင်လေ့ရှိတဲ့ စစ်အာဏာရှင်တွေချည်းမှာပဲ ရှိတာမဟုတ်၊ သံဃာတော်တွေရဲ့
သဘောမှာလည်း ရှိတယ်ဆိုတာ ပိုထင်ရှားလာတယ်။ ဒါဟာ တော်တော့်ကို
ကျောချမ်းစရာကောင်းတဲ့ ကိစ္စ ဖြစ်တယ်။ ရိုမန်အင်ပါယာ ခေတ် ခရူးဆိတ်
ဖြစ်တာဟာ “နိုင်ငံတော်” နဲ့ “ဘာသာရေး” ရောယှက်လာလို့က အဓိကပဲ။ စစ်ပွဲက
သိပ်မကြာပါဘူး ရာစုနှစ်တွေချီ ရုံလေးပါပဲ။ ဗမာပြည် မှာလည်း နိုင်ငံတော်
ဘာသာပြုဖို့ ကြံစည်ခဲ့ရုံလေးနဲ့ ဖြစ်ခဲ့တဲ့ ကချင် ပြည်တွင်းစစ် နှစ် (၅၀)
ကျော်ပြီ အခု အထိ မရှင်းနိုင်သေးဘူး။ ကမ္ဘာမှာလည်း ဘာသာရေး ရှေ့တန်းပြု
နိုင်ငံတွေ၊ အထူးသဖြင့် မွတ်ဆလင် ကမ္ဘာရဲ့ နိုင်ငံတချို့ အခြေအနေ ဘယ်လို
ဆိုတာ မြင်ကြည့်စေချင်တယ်။ သင်ခန်းစား ယူစေချင်တယ်။
စာရေးသူ
အခု ဆောင်းပါး နဲ့ ကပ်လျက် ဆောင်းပါအတွက် ဘက်နှစ်ဘက်စလုံးက အတွေးအခေါ်
မလွတ်လပ်၊ အစွဲရှိ၊ အမြင်ကျဉ်းသူတွေ ငြိုငြင်မယ်၊ တိုက်ခိုက်မှုခံရမယ် ဆိုတာ
နားလည်တယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ဒီလို စာမျိုးတွေ လူမုန်းခံ ရေးနေတာဟာ
ဗမာပြည် ရှေးရိုးစွဲ မွတ်ဆလင်တိုင်းပြည်တချို့လို ဘာသာရေး အစွန်းရောက်တွေ
နိုင်ငံမှာ ကြီးစိုးမှာစိုးလို့ပဲ။ အဲဒီလို ဖြစ်သွားရင် စာရေးသူ ချစ်တဲ့
လူတွေ၊ စာရေးသူ ကို ချစ်တဲ့လူတွေ ရှိတဲ့ တိုင်းပြည်ကို ပစ်ရတော့မှာ။
မပစ်ရက်ဘူး။
အခု ဆောင်းပါး ထဲမှာလည်း ရေးထားပါတယ်။ တခြား ဘာသာရဲ့
အစိတ်အပိုင်းတချို့ ဘာသာရေး အကြောင်းပြ အစွန်းရောက်နေမှုကို
တန်ပြန်ချင်လို့ ကိုယ်လည်း လိုက် အစွန်းရောက်မယ်၊ အစွန်တရား မူဝါဒတွေ
ကျင့်သုံးမယ် ဆိုတာ အလုပ်ကို မဟုတ်ပါ။ အမှားတခု ကို နောက်ထပ် အမှားတခု နဲ့
ချေဖျက်လို့ အမှန် မဖြစ်ပါ။ သဒ္ဒါ စည်းကမ်း အရေး/အပြော မှာ ဖြစ်ချင်
ဖြစ်မယ်။ အပြင်သဘောမှာတော့ အမှားနှစ်ခု သာ ရလဒ် ထွက်လာမှာပါ။
အားလုံး စိတ်ရှင်းရှင်းထား ဖတ်ကြည့်ပါ။ စဉ်းစားပါ။ ဆန္ဒရှိရင် ဝင်ဆွေးနွေးပါ။
“အချစ်ဂျီဟဒ်” ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ
ငြိမ်းချမ်းအေး
မိုးမခ
ဇွန် ၁၈၊ ၂၀၁၃
Read @ MoeMaKa Media: http://moemaka.com/archives/35650
(If MoeMaKa Main Website is down, please use MoeMaKa blog @
http://www.moemaka.blogspot.com.au/2013/06/nyein-chan-aye-love-jihad-and-next.html)
ဒီဆောင်းပါး ပါ အချက်များ --
- “မျိုးစောင့်ဥပဒေ” သဘော ရှိအပ်တယ် ဆိုပြီး သံဃာတော်တွေ အခုလို ဆွေးနွေး၊ တောင်းဆို အဆိုတင်မှု အထိ ဘာ့ကြောင့် ဖြစ်လာရသလဲ။
- “မျိုးစောင့်ဥပဒေ” က အဓိက ပစ်မှတ်ထား ကာကွယ်ချင်တယ်လို့ ယူဆရတဲ့ “အချစ်ဂျီဟဒ်” သဘောက ဘာလဲ။ နိုင်ငံတကာမှာ ဘယ်လိုရှိ၊ ဘယ်လို ကိုင်တွယ်ဖြေရှင်းသလဲ။
- ခု သံဃာတော်များ ဆွေးနွေးပြီး အဆိုပြုဖို့ ကြိုးစားနေတဲ့ “မျိုးစောင့်ဥပဒေ” ကို ဘယ်လို သဘောတွေ ကြောင့် လက်မခံသင့်သလဲ။ ဗမာပြည်မှာ “အချစ်ဂျီဟဒ်” သဘော၊ အမြင်တွေ အတွက် ဘယ်လို နည်းလမ်းမှန် ကိုင်တွယ်သင့်သလဲ။
- အမျိုး/သာာသာ/သာသနာ နဲ့ အမျိုးသမီးငယ်တွေ ဘဝကို အမှန်တကယ် အကျိုးရှိ ကာကွယ်စောင့်ရှောက်နိုင်တဲ့နည်းတွေက ဘာတွေလဲ။
- ဘာသာကွယ်ပျောက်စရာ အကြောင်း မျက်မှောက်ခေတ်မှာ ဖြစ်နိုင်သလား။
- စင်္ကာပူမှာ အလားတူ ဥပဒေ ရှိတယ်ဆိုတာ အလုံးစုံ မမှန်ကန်တဲ့ အကြောင်း ရှင်းလင်းချက် နဲ့ စင်္ကာပူလို မွတ်ဆလင် အသိုင်းအဝန်းအတွက် သီးသန့် အခွင့်အရေးပေး ဥပဒေ ပေးထားမှုမျိုး ဘာ့ကြောင့် လိုက် မလုပ်သင့်သလဲ ဆွေးနွေးချက်။ (ကပ်လျပ်ဆောင်းပါး မှာ Hate Grup, Hate Speech တွေ ကို စင်္ကာပူလို ဆတ်ဆတ်ထိမခံ တားဖို့ တိုက်တွန်းထားတယ်။ ခု လက်ထပ်ခြင်း ကိစ္စက သီးခြား သဘော ဖြစ်တယ်။ ပထမ ဆောင်းပါး မှာဆိုလိုတာက လူတွေက မမြင့်သေးရင်၊ စနစ်အဖွဲ့အစည်းတွေ မခိုင်မာသေးရင် “အမုန်းတရား” ကို ဥပဒေထုတ် ပြင်းပြင်းထန်နှိပ်ကွပ်ရုံကလွဲလို့ အခြား မရှိဆိုတဲ့ သဘော ဖြစ်တယ်။ ဆောင်းပါး (နှစ်ခုစလုံး) မှာ အကျယ် ဖတ်ပါ။
- မလေးရှား ဒီမိုကရေစီလောက်ပဲ မှန်းရင် အာဏရှင်စနစ်သာ ဆက်ကျင့်သုံးဖို့ အကြာင်း အကြံပြုချက် နဲ့ သီအိုကရေစီ နိုင်ငံတွေ နဲ့ အလားတူ ဘာသာရေး အခြေခံတဲ့ တိုင်းပြည်တွေ ကမ္ဘာမှာ ဘာဖြစ်နေသလဲ ဆိုတာ ထောက်ပြချက်။
စတဲ့ “မျိုးစောင့်ဥပဒေ” နဲ့ ဆက်နွယ်တဲ့ အကြောင်းအရာစုံကို အကျယ် ဆွေးနွေးထားတယ်။ စိတ်ဝင်စားရင် အေးအေးဆေးဆေး ဖတ်ကြည့်ပါ။ အချိန်ပေးနိုင်ရင် အပြုသဘောဆောင်ပြီး ဝင်ဆွေးနွေးပါ။
“မျိုးစောင့်ဥပဒေ” နဲ့ ဆက်စပ်တဲ့ ကိစ္စမှာ အရေးကြီးဆုံး အချက်လို့ ယူဆတဲ့ အချက်အကြောင်းကိုလည်း ဆွေးနွေးထားတယ်။ အဲဒီအချက်ကို လူတွေလည်း သတိပြုမိချင် ပြုမိမှာပါ။ ဒါပေမယ့် အဲ့ဒီ အချက် ရဲ့ အလေးအနက်ပြုဖို့ လိုအပ်မှု က ပေါ့ပေါ့သေးသေး မဟုတ်ဘူး ဆိုတာကိုတော့ သတိပြုမိသူ နည်းမယ် ထင်တယ်။
ဘာသာရေး ပဋိပက္ခ တွေ “ဆက်” လာတော့ ဘာသာရေးစွဲ ပြင်းထန်တဲ့ ကိုယ်တော်တချို့ (အထူးသဖြင့်) ကိုယ်တော် တပါး အကြောင်းကို လူတွေ (နိုင်ငံတကာ ပါ အပါ) အကြီးအကျယ် by name ဘွဲ့နာမည်တပ်ပြီး ပြောကြ၊ ဆိုကြတယ်။ စာရေးသူ အနေနဲ့ အဆိုပါ ကိုယ်တော့် အကြောင်းကို ဘုန်းကြီးရေးရာမှာ (စာရေးသူထက်) ပိုနှံ့စပ်တဲ့ အကိုတွေရယ်၊ မိတ်ဆွေတချို့ရယ် နဲ့ သီးသန့် ဆွေးနွေးဖူးတာကလွဲလို့ စာတွေမှာ ဘွဲ့နာမည်တပ် တခါဖူးမှ မရေးခဲ့ဖူးဘူး။ (ခုလည်း မရေးပါဘူး။) အကြောင်းက ဒီလို သဘောတွေ ကိုယ်တော် တယောက် (သို့) တချို့မှာပဲ ရှိတယ်လို့လည်း မယူဆဘူး။ အစွန်းမရောက်ရင်တောင် ဒီလို သဘောမျိုး အနည်း၊ အများတော့ ကိုယ်တော်တိုင်း လိုလို (လူတိုင်းနီးပါးလည်း ပါတယ်) အနည်း၊ အများတော့ ရှိကြမှာပဲဆိုတာ အရင်ကတည်းက တွက်မိတယ်။
ခု “မျိုးစောင့်ဥပဒေ” လုပ်ဖို့ ကြိုးစားလာမှု နဲ့ လူကြည်ညိုလေးစားဦးတင်ရတဲ့ တိုင်းပြည်ရဲ့ ထိန်တန်း အရှင်သူမြတ်တွေပါတဲ့ အခု သံဃာအစည်းအဝေး ရဲ့ ဆွေးနွေးချက် ကိစ္စ မှာ ဒီသဘောဟာ ပိုထင်ရှားလာတယ်။ ဒါ့အပြင် ဘာသာရေးကို မြှင့်တင်ဖို့ရာမှာ “နိုင်ငံတော်” ကို အသုံးချလိုမှု၊ နိုင်ငံ့ စနစ်ကို အသုံးချလိုမှု ဟာ အရင် အာဏာ အလို့ငှာ ဖော်ဆောင်လေ့ရှိတဲ့ စစ်အာဏာရှင်တွေချည်းမှာပဲ ရှိတာမဟုတ်၊ သံဃာတော်တွေရဲ့ သဘောမှာလည်း ရှိတယ်ဆိုတာ ပိုထင်ရှားလာတယ်။ ဒါဟာ တော်တော့်ကို ကျောချမ်းစရာကောင်းတဲ့ ကိစ္စ ဖြစ်တယ်။ ရိုမန်အင်ပါယာ ခေတ် ခရူးဆိတ် ဖြစ်တာဟာ “နိုင်ငံတော်” နဲ့ “ဘာသာရေး” ရောယှက်လာလို့က အဓိကပဲ။ စစ်ပွဲက သိပ်မကြာပါဘူး ရာစုနှစ်တွေချီ ရုံလေးပါပဲ။ ဗမာပြည် မှာလည်း နိုင်ငံတော် ဘာသာပြုဖို့ ကြံစည်ခဲ့ရုံလေးနဲ့ ဖြစ်ခဲ့တဲ့ ကချင် ပြည်တွင်းစစ် နှစ် (၅၀) ကျော်ပြီ အခု အထိ မရှင်းနိုင်သေးဘူး။ ကမ္ဘာမှာလည်း ဘာသာရေး ရှေ့တန်းပြု နိုင်ငံတွေ၊ အထူးသဖြင့် မွတ်ဆလင် ကမ္ဘာရဲ့ နိုင်ငံတချို့ အခြေအနေ ဘယ်လို ဆိုတာ မြင်ကြည့်စေချင်တယ်။ သင်ခန်းစား ယူစေချင်တယ်။
စာရေးသူ အခု ဆောင်းပါး နဲ့ ကပ်လျက် ဆောင်းပါအတွက် ဘက်နှစ်ဘက်စလုံးက အတွေးအခေါ် မလွတ်လပ်၊ အစွဲရှိ၊ အမြင်ကျဉ်းသူတွေ ငြိုငြင်မယ်၊ တိုက်ခိုက်မှုခံရမယ် ဆိုတာ နားလည်တယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ဒီလို စာမျိုးတွေ လူမုန်းခံ ရေးနေတာဟာ ဗမာပြည် ရှေးရိုးစွဲ မွတ်ဆလင်တိုင်းပြည်တချို့လို ဘာသာရေး အစွန်းရောက်တွေ နိုင်ငံမှာ ကြီးစိုးမှာစိုးလို့ပဲ။ အဲဒီလို ဖြစ်သွားရင် စာရေးသူ ချစ်တဲ့ လူတွေ၊ စာရေးသူ ကို ချစ်တဲ့လူတွေ ရှိတဲ့ တိုင်းပြည်ကို ပစ်ရတော့မှာ။ မပစ်ရက်ဘူး။
အခု ဆောင်းပါး ထဲမှာလည်း ရေးထားပါတယ်။ တခြား ဘာသာရဲ့ အစိတ်အပိုင်းတချို့ ဘာသာရေး အကြောင်းပြ အစွန်းရောက်နေမှုကို တန်ပြန်ချင်လို့ ကိုယ်လည်း လိုက် အစွန်းရောက်မယ်၊ အစွန်တရား မူဝါဒတွေ ကျင့်သုံးမယ် ဆိုတာ အလုပ်ကို မဟုတ်ပါ။ အမှားတခု ကို နောက်ထပ် အမှားတခု နဲ့ ချေဖျက်လို့ အမှန် မဖြစ်ပါ။ သဒ္ဒါ စည်းကမ်း အရေး/အပြော မှာ ဖြစ်ချင် ဖြစ်မယ်။ အပြင်သဘောမှာတော့ အမှားနှစ်ခု သာ ရလဒ် ထွက်လာမှာပါ။
အားလုံး စိတ်ရှင်းရှင်းထား ဖတ်ကြည့်ပါ။ စဉ်းစားပါ။ ဆန္ဒရှိရင် ဝင်ဆွေးနွေးပါ။
“အချစ်ဂျီဟဒ်” ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ
ငြိမ်းချမ်းအေး
မိုးမခ
ဇွန် ၁၈၊ ၂၀၁၃
Read @ MoeMaKa Media: http://moemaka.com/archives/35650
(If MoeMaKa Main Website is down, please use MoeMaKa blog @
http://www.moemaka.blogspot.com.au/2013/06/nyein-chan-aye-love-jihad-and-next.html)
moemaka.com
“အချစ်ဂျီဟဒ်”
ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ ငြိမ်းချမ်းအေး၊ ဇွန် ၁၈၊ ၂၀၁၃
“အချစ်ဂျီဟဒ်” စကားလုံး အစ “အချစ်ဂျီဟဒ်” ဆိုတဲ့ အသုံး လွန်ခဲ့တဲ့
လေးငါးနှစ်လောက်က နိုင်ငံတကာ မှာ ထင်ထင်ရှားရှား ဖြစ်လာတယ်။
ဗမာပြည်မှာလည်း အလားတူ သဘောတရားတခု ခုနှစ်ပိုင်း ပို…
No comments:
Post a Comment