Tuesday, June 4, 2013

နိုဗယ်ဆု တဲ့

ကောင်းလိုက်တဲ . . . ကော်မန့်လေးပါ။ ဖတ်ကြည့်သွားပါအုံး...

Nyinyi Palaw

စစ်အစိုးရကြောင့် ကမ္ဘာ့နိုင်ငံတွေက
ဆုတွေပေးတယ် ဒီဆုတွေရ ရင်း
ကမ္ဘာသိ တစ်ယောက်ဖြစ်လာတယ်
လို့  အပေါ်မှာကျွန်တော်ရေးထားပါတယ်
ကျွန်တော် မေးခဲ့ ပြီးပြီလေ အရင်
Oxford ထွက် သာမန်သူတစ်ယောက်ဘဝတုန်းက
ခင်ဗျားတောင်သိရဲ့ လားလို့ 
ဆုတွေရ တဲ့ အကြောင်းတွေကတော့ ကျွန်တော့
comments တွေရဲ့ မူလဆိုလိုရင်းမဟုတ်လို့  ဆက်ပြောဘို့ ဆန္ဒ မရှိပါဘူး
ဒါပေမဲ့ ကြုံတုန်းလေးမေးလိုက်ချင်ပါတယ်
ရင်ထဲကအမှန်တကယ်သိချင်တဲ့ ကိစ္စလေးပါ
ရွဲ့ စောင်းပြီးမေးတာမဟုတ်ပါဘူး

ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်
ဆုကြီးကို ဘယ်လိုငြိမ်းချမ်းရေးစွမ်း
စွမ်းတမန်ဆောင်ရွက်ချက်များ
ကြောင့်ရခဲ့ တာပါလဲ ဘယ်ဒေသ
ဘယ်အခြေအနေတွေ ငြိမ်းချမ်းသွားခဲ့ ပါသလဲ
သိရင်ဖြေပေးပါဗျာ
ကြောင်းကျိုးခိုင်လုံ တဲ့ အဖြေလေးသိချင်ပါတယ်
နိုဘယ်ငြိမ်းချမ်းရေး ဆုရွေးချယ်ရေး
ဘုတ်အဖွဲ့ ကို ပါလေးစားချင်လို့ ပါ်
15 hours ago via mobile ·

SU Lay Yee

နိုဗယ်ဆုရတဲ့သူတွေဟာ ကမ္ဘာပေါ်မှာ လူသားတွေ ကိုအကျိုးရှိစေတဲ့ စွမ်းစွမ်တမံဆောင်ရွက်ချက်ကြောင့်ဆိုတာတော့ သိမှာပေါ့။ အကြောင်းအရာ လေးတွေကို စဉ်းစားတတ်အောင် သင်ပေးခဲ့တဲ့ ဆရာမကြီးတစ်ယောက်ရဲ့ ကျေးဇူး ကြောင့် နားလည်လိုက်ရတာလေး ပြန်ပြောပြတာပေါ့။ လက်ခံတာ မခံတာ တော့ သဘောပါ။ အထူးထင်ရှားပြီး မြန်မာ ပြည်သူတွေ နဲ့သိပ်မစိမ်းတဲ့ သူကိုပြောပြမယ်နော်။ Ernest Hemingway က စာရေးဆရာ ပါ။ သူလည်း နိုဗယ်ဆုရခဲ့တယ်။ သူရခဲ့တဲ့ စာအုပ်က The Old Man and The Sea တဲ့ မြန်မာပြည်မှာ လည်း ဘာသာပြန်ကျပါတယ် ပင်လယ်ပြာနဲ့ တံငါအိုတဲ့ ဖတ်ဖြစ်အောင် တော့ ဖတ်ကြည့်လိုက်ပေါ။ ဘာသာပြန်သူလည်း ဆုရသွားပါတယ်။ ပြောပြချင်တဲ့အကြောင်းအရာက တော့ ရှင်းရှင်းလေးပါ။ အဖိုးကြီးတစ်ယောက်က ပင်လယ်ထဲထွက်ပြီး ငါးဖမ်းထွက်တဲ့ အကြောင်းလေးပါပဲ။ ဘာလို့ဆုရတာလဲ။ စာအုပ်က လေးစားစရာကောင်းတဲ့ စစ်နဲ့ငြိမ်းချမ်းရေးလို စာအုပ်ကြီး မဟုတ်ဘူး။ စာမျက်နှာ က ၁၂၇ မျက်နှာပဲ ရှိတယ်။ သူထဲပါတဲ့ အကြောင်းအရာကသာ မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးတရား ဆိုရင်လည်း ဟုတ်သေးတယ်။ ဘာမှ မဟုတ်တဲ့ အဖိုးအိုကြီး ငါးဖမ်းထွက်တဲ့ အကြောင်းအရာလေးက ဘာလို့ ကမ္ဘာကျော် နိုဗယ်ဆုရရှိသွားတာလဲ။ ပြောပြပါမယ်။ ပုံပြင်ရဲ့ ပေးချင်တဲ့ အဓိက Message ကြောင့်ပါ။ ပုံပြင်ထဲမှာ အဲဒီအဖိုးကြီးကို လူတော်တော်များက ကံမကောင်းတဲ့သူ ငါးမဖမ်နိုင်တော့ဘူးလို့ ထင်မြင်လာကြတယ်။ ၈၄ ရက်လောက် ငါးမှမမိတာကိုး။ နောက်ဆုံးသူနောက်ကို လည်းဘယ်သူမှ မလိုက်ရတော့ဘူ။ မယုံကြည်ကြတော့လို့။တစ်ယောက်တည်းငါးဖမ်းထွက်ရတာပေါ့. အဘိုးကြီး ကံကောင်းသွားတာက ငါးမိသွားတယ်။မာလင်ငါးအကြီးစားလေ။ ဒီငါးမိလို့ကံဆိုးသွားတယ်။ သူမှာ အင်အားမရှိသလို လှေငယ်လေးကလည်း ချိနဲ့နေတယ်။ ငါးကို မဆွဲနိုင်ဘူး။ငါးဆွဲရာနောက်ပါသွားတယ် ၂ရက်၂ညတောင်။ စိတ်ဓါတ်ကျလွယ်သူသာဆို ငါးကိုလွှတ်ပေးလိုက်မှာ။ သူကတော့ ငါးကိုမလွှတ်ပေးဘူး။ ကံကောင်းသွားတယ် ငါးကို သူသတ်နိုင်ခဲ့တယ်။ ကံဆိုးတာက ငါးရဲ့သွေးကြောင်း ငါးမန်းတွေရောက်လာပြီး သူနဲ့တိုက်ခိုက်ရတယ်။ နောက်ဆုံးသူကမ်းပေါ်ပြန်ရောက်သွားတယ်။ ဒီပုံပြင်က လူတွေကို စိတ်ဓါတ်ခွန်အား အများကြီးဖြစ်စေခဲ့တယ်။ စာရေးသူရဲ့ မူလလိုရင်းကလည်းဒါပဲ။ အကြောက်တရားနဲ့သာ သူတိုက်ခဲ့ရင် အဖိုးကြီး ငါးကိုလည်း ရှုံးမှာပဲ။ ငါးမန်းတွေကိုလည်းရှုံးမှာပဲ။ ဇွဲကော သတ္တိကော ပန်းတိုင်ကိုပါ သူသိခဲ့တယ်။ သူဘာတစ်ခုကို မှ မစွန့်လွှတ်ခဲ့လို့ပဲ။ လူတွေကို စိတ်ဓါတ်ခွန်အားပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဘာမှမဟုတ်တဲ့ ၁၂၇ ရွက်ရှိတဲ့ စာအုပ်သေးသေးလေးက စစ်နဲ့ ငြိမ်းချမ်းရေး စာအုပ်ကြီးလိုမျိုးဆုရ ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် သူဘာကြောင့်ဆုရခဲ့လဲ။ လူတွေကို စိတ်ဓါတ်ခွန်အား ပေးခဲ့တယ်။ သူမှာ ပန်းတိုင်ရှိတယ်။ သူမှာ ဇွဲရှိတယ် ။ သတ္တိရှိတယ်။ စစ်ဖိနပ်အောက် ပြားပြားဝပ်နေတဲ့ မြန်မာတွေ စိတ်ထဲမှာ မျော်လင့်ချက်ဆိုတဲ့ အရာကိုပေးခဲ့တယ်။ သူစိတ်ဓါတ်ကျသွားလား ။ လက်လျော့သွားလား။ သူအခုအချိန်အထိ သူရဲ့ ပန်းတိုင်ကို သူသွားနေတုန်းပဲ။ မြန်မာတိုင်းကို အိမ်မက်မက်ခွင့် ပေးခဲတယ်။ အဲဒါသူပဲ။

No comments: