Today · · Taken in Yangon, Burma
မုံရွာခရိုင် ၊ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းလုံးဝရပ်ဆိုင်းရေး အတွက်ဒေသခံပြည်သူများက စီမံကိန်းတည်ရှိရာနေရာတွင်အ ထိုင်သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒထုတ် ဖော်မှုကို နိုဝင်ဘာလ ၁၇ရက်နေ့တွင်စတင်ပြုလုပ်ခဲ့ တယ်လို့ကြေးနီတောင်စီမံကိန်းလုံးဝရပ်ဆိုင်းရေး တွင် ပါဝင်ဆောင်ရွက်နေသောဒေသခံပြ ည်သူများကပြောပါတယ်။ ၀က်မှေး၊ဆည်တည်း၊ဇီးတော၊မိုးကြိုးပြင်နှင့်တုံရွာအစရှိ တဲ့ကျေးရွာများအပါအ၀င်အဆိုပါစီမံ ကိန်းကြောင့်နှစ်နာဆုံးရှုံးရသော ဒေသခံပြည်သူ ၄၀၀ကျော်မှာ စီမံကိန်းတည်ရှိရာဦးပိုင်ရုံးနဲ့ဝမ် ပေါင်ရုံးရှေ့မှာ သပိတ်စခန်းဖွင့်လှစ်ကာ ကြေးနီစီမံကိန်းလုံးဝရပ်တန့် ရေးအတွက်တောင်းဆိုမှုကို ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ သတင်း - ကေခိုင်ကျော်
No comments:
Post a Comment