Wednesday, January 9, 2013

သတင်း သမား တွေစဉ်းစားကြစေချင်သည်။

စာမျက်နှာ (၂)

ဦးကျော်ငြိမ်းအကြောင်းရေးလျှင်လည်း ၊ အကြောင်းစုံကို သိပြီး ၊ လေ့လာပြီးမှ ရေးသင့်သည်။ ထိုခေတ်က လူများ သင်္ကာမကင်း ဟု ရမ်းမတုတ်သင့်ပါ။ ဦးကျော်ငြိမ်း၏ နိုင်ငံရေးရာဇ၀င် တွင် ဤအမှားသည် ပြင်မရ သည့် အမှားဖြစ် ခဲ့ရသည်။ အာဏါ ဆိုသည်မှာကြောက်စရာကောင်းသည်။ တချိန်ထဲမှာ ဤဖြစ်ရပ် ဖြစ်ရ သည့် အကြောင်း စုံကိုလည်း လူငယ်လေးများ သိသင့်သည်။ တာတေစနေသားမှာ ဦးနုက ဖြစ်ကြောင်း ကုန်စင် ကို ရေးပြခဲ့ သည်။
ဆိုရှယ်လစ်ခေါင်းဆောင် သခင်တင်နယ်သို့ ခရီးထွက်ရာတွင် မိန်းမပျိုကလေးတဦးကို မတရားခြေ တော် တင်ပါသည်ဟု ၊ သခင်တင်၏ရန်သူ ရဲဘော်ဖြူတစ်ယောက်က လုပ်ကြံဇာတ်ခင်းကာ သတင်းစာများ သို့ဖြန့် ဝေသည်။ သတင်းစာတိုက်အများစု က မထဲ့သော်လည်း ၊ ဆိုရှယ်လစ်တို့ကို မလိုလားသော လက်ဝဲ ယိမ်း သတင်းစာများက ထည့်ပြီး “ဖွ” ကြသခြင့် သခင်တင် ခမြာ “မီးခွက်မှုတ်” သခင်တင်ဆိုပြီး နံမည်ပျက် ခဲ့ရ သည်။ ဆိုရှယ်လစ်တွေက အခဲမကျေ။ ဆိုရှယ်လစ် ၊ ကွန်မြူနစ် အာဃာတ ကမသေး။
ထို့ကြောင့် သတင်းစာတိုက် တချို့ကို လူအုပ် နှင့် ၀င်ရောက်ဖျက်စီးခဲ့ကြသည်။ ၀န်ကြီးချုပ် ဦးနု ကို ဦး ကျော်ငြိမ်းကိုယ်နှိုက်က ကျနော်ခိုင်းလိုက်သည်ဟု ၀န်ခံသောကြောင့် ဦးနုသိခဲ့ရသည်။ ဦးကျော်ငြိမ်း ကို နှုတ်ထွက်ခိုင်းလုနီးပါးစိတ်ဆိုးခဲ့သည်ဟုဆိုသည်။ စိတ်ဆိုးသင့်သည်။ ဦးကျော်ငြိမ်းမှားသည်။ ၀န်ခံပြီးပြီ။ သို့သော် မီဒီယာ ရှုထောင့်သက်သက်ကကြည့်လျှင် ဤကိစ္စ သည် ဆိုရှယ်လစ်သခင်တင်ကို မလိုသူ က လုပ်ကြံဇာတ်ရေးကာ ဖြန့်သည်ကို ၊ ဆိုရှယ်လစ်တွေ ကို မလိုလားသော သတင်းစာတိုက် မှ တမင်သက် သက် “ဖွ” ခြင်းမဟုတ်ပေဖူးလား။ ဦးနုကသူစုံးစမ်းပါသည်။ သတင်းမမှန်ပါ ဟု အတိအလင်း ဆိုထားသည်။
ဦးကျော်ငြိမ်း၏ အမှားကိုသုံးသပ်လျှင် ဦးကျော်ငြိမ်း (၂) ချက်မှားသွားသည်။ တစ်ချက်က အာဏါရှိသောသူ သည် စိတ်အလိုလိုက်ကာ အာဏါကို မသုံးသင့်။ ဒုတိယအမှားမှာ နိုင်ငံရေး အကွက်အမှား။ သခင်တင် သည် ဆိုရှယ်လစ်ပါတီတွင်အဓိက ပြိုင်ဖက်ဖြစ်သည်။ ဆိုရှယ်လစ်ပါတီ အတွင်း ကောလိပ်ကျောင်းသား ဆိုရှယ်လစ် နှင့် ဘုန်းကြီးကျောင်းသားဆိုရှယ်လစ်ဆိုပြီး အားပြိုင်နေကြသည်။ ဦးကျော်ငြိမ်း နှင့် ဦးဘဆွေ တို့ ကတဖက်။ သခင်တင်တို့က တစ်ဖက်။ နိုင်ငံရေးအကွက်သက်သက်ဖက်ကကြည့်လျှင် သခင်တင်တို့ ရမ်း သည် ကိုလက်လျှို စရာမလို။ သို့သော် ဦးကျော်ငြိမ်း က ကွန်မြူနစ် ၊ ဆိုရှယ်လစ် ပဋိက္ခ မျက်စိ နှင့် ကြည့်ပြီး မှားခဲ့မိသည်။ တိုင်းပြည်အာဏါ မပြောနှင့် ၊ နှစ်ယောက်တပိုင်း တောတွင်းအါဏါ အတွက် သခင် သန်းထွန်းတို့ ဖြုတ်-ထုတ်-သတ် ၊ လူသတ်မှုတွေကျူးလွန်ခဲ့ကြရသည်။အာဏါရှိ လျှင်သတိ ရှိရမည်။
အာဝါသ “ဖွ” တာ နှင့် သခင်တင် အဖွ ခံရခြင်း တူသည်ဟု မဆို လိုပါ။ သို့သော် “မူ” အရ “တူ” သည်ဟု ဆိုနိုင်သည်။ သတင်း အစ ကလေး ကို ဆွဲထုတ်ကာ မိမိလိုရာ ဆွဲရေးခြင်းသည်လည်း လုပ်ကြံဇာတ် နည်း တူ ထိခိုက် နိုင်ပါသည်။ အစ အဆုံး ကို ဓမ္မဓိဌါန်ကျကျ မကြည့်တော့ ၊ ပုဂ္ဂိုလ်ရေး အဆွဲ က ရှေ့တန်း ရောက်လာသည်။ လူငယ်သတင်း သမား တွေကို တောင်းဆိုချင်တာက ဘာသတင်း ဖြစ်ဖြစ် အစအဆုံး ကြည့်စေချင်သည်။ဘက်ပေါင်းစုံက ကြည့်လျှင် ပိုမတိကျ ၊ မထိရောက်နိုင်ဖူးလား။ စဉ်းစားကြစေချင်သည်။
သတင်းသမားဆိုတာ ခဏခဏမှား လျှင် ယုံကြည်မှု ကျလာတတ်သည်။ ထို့ကြောင့် မမှန်သတင်း ကို “မဖွ” ကြဖို့ အသိပေးရခြင်းပါ။။ လူငယ်သတင်း သမားများ ပြည့်စုံ တိုးတက်နိုင်ကြပါစေ

No comments: