Wednesday, January 9, 2013

ကော့သောင်းနှင့် မြိတ် ဒေသမှ သတင်းထောက် ခေါ်ယူခြင်း

Dawei Watch
ကော့သောင်းနှင့် မြိတ် ဒေသမှ သတင်းထောက် ခေါ်ယူခြင်း

(၂၀၁၃ ဇန်န၀ါရီ ၂၅ ရက်နေ့ နောက်ဆုံး)

တနင်္သာရီတိုင်းဒေသကြီးတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍတိုးတက်လာစေရန် ရည်ရွယ်ပြီး မြိတ်မြို့နှင့် ကော့သောင်းမြို့များတွင် သတင်းထောက်များ ခေါ်ယူလိုပါသည်။

သတင်းမီဒီယာလုပ်ငန်းကို စိတ်ဝင်စားသူများ၊ သတင်းမီဒီယာ အလုပ်ဖြင့် သက်မွေးဝမ်းကျောင်း ပြုလိုသူများ လျှောက်ထားနိုင်ပြီး အခြေခံ သတင်းစာ ပညာသင်တန်းကို ရက်တိုပို့ချသွားမည်ဖြစ်သည်။

သင်တန်းကာလမှ လေးရက်ဖြစ်ပြီး သတင်းကို လက်တွေ့ သင်ခန်းစာများလည်း ပါဝင်မည်ဖြစ်သည်။

သင်တန်းကြေး အခမဲ့ဖြစ်သည်။

လျှောက်ထားမည့် သင်တန်းသားများ အနေဖြင့် မိမိ၏ အမည်၊ အသက်၊ ပညာအရည်အချင်း၊ နေရပ်လိပ်စာ၊ သင်တန်းတက် ရောက်လိုသည့်အကြောင်းရင်းတို့ကို စာ ငါးကြောင်းခန့်ရေးပြီး ပေးပို့ရမည်ဖြစ်သည်။

လူဦးရေ ကန့်သတ်ထားပြီး သင်တန်း တက်ရောက်ခွင့်ရသူများကို သင်တန်းနေရာနှင့် နေ့ရက်ကိုလည်း ပြန်လည် အသိပေးမည်ဖြစ်သည်။

{သတင်းမီဒီယာဖြင့် အသက်မွေးလိုသူများ ဦးစားပေးမည်ဖြစ်ပြီး အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းရှိပါသည်}

ဆက်သွယ်ရန် လိပ်စာ-

Dawei Watch News Agency၊
ဦးမျိုးအောင်၊ ဖုန်း - ၀၉၄၅၀၉၉၀၉၁၅၊
E mail – daweiwatch@gmail.com

အီးမေးလ် အသုံးမပြုသူများ- ဦးတင်ကိုကိုဦး ၊ မြိတ်မြို့၊ ၀၉၄၂၂၁၉၆၅၀၃ ကို ဆက်သွယ်ပြီး လျှောက်လွာများ ပေးပို့နိုင်ပါသည်။

No comments: