Tuesday, February 12, 2013

သူတို့ လမ်းဆက်လျှောက်ကြပါလိမ့်မယ်

U Win Cho


(((((ဘယ်လိုဘဲဖြစ်စေ “ရန်ကုန်”ကနေ “လိုင်ဇာ”ကို ခရီးရှည် လမ်းလျှောက်မည့် လူငယ်တွေကတော့ သူတို့ရဲ့ “ရည်ရွယ်ချက်” ခရီးဆုံးသည် အထိ။ ““““သူတို့ လမ်းဆက်လျှောက်ကြပါလိမ့်မယ်”””””။ ““““သူတို့ လမ်းဆက်လျှောက်ကြပါလိမ့်မယ်”””””။ ““““သူတို့ လမ်းဆက်လျှောက်ကြပါလိမ့်မယ်”””””။ ““““သူတို့ လမ်းဆက်လျှောက်ကြပါလိမ့်မယ်”””)))))))
========================================
“ရန်ကုန်” ကနေ “လိုင်ဇာ” ကို လမ်းလျှောက်ဘို့စီစဉ်တုန်းက လူငယ်လေး
တွေ (၁၁)ယောက်ထဲ လို့ ပြောကြပါတယ်။ သူတို့ ပိုက်ဆံလေးတွေစုပြီး
ရှိတဲ့ ငွေလေးနဲ့ ဖြစ်သလိုစားမယ်။ကြုံရာနေရာမှာ အိပ်မယ်။ မရောက် ရောက် အောင် သွားဘို့ဘဲ သူတို့ရဲ့ ဆန္ဒ။လမ်းခရီးမှာ ပြည်သူလူထု ရဲ့ လှူဒါန်းငွေ ရ ရင်လည်း “ကချင်”ပြည်နယ် က သွေးချင်းတွေကို လှူမယ်။သူတို့အတွက်ကတော့ သူတို့စုဆောင်းထားတဲ့ ငွေလေး နဲ့ဘဲ ရ အောင်စားမယ်။ နောက်ပြီး ရောက်အောင် သွားမယ် ဆိုတဲ့ ဆန္ဒနဲ့ ရန်ကုန်က ထွက်လာကြတာ။တကယ်ထွက်လာတော့ အားပေးတဲ့သူတွေနဲ့ တဖြည်းဖြည်း အင်အားများလာတယ်။ အဲသလို အင်အားများလာတာ သူတို့စဉ်းစားထားတဲ့ အစီအစဉ်ထဲမှာ မပါဘူး။ အဲဒီတော့ ပူးပေါင်းတဲ့သူတွေကို မူလ အစီအစဉ် ပြောပြတယ်။ လိုက်နိုင်ရင်လိုက်ဘို့ ဖိတ်ခေါ်တယ်။ အဲဒါ လမ်းခရီးတောက်လျှောက် ကျနော်တဖြည်းဖြည်း သိလာတဲ့ အကြောင်းအရာတွေ။ကျနော်က ဘာအစီအစဉ်မှ မရှိ ။ သူတို့ ကျန်နေတဲ့ ပစ္စည်းတွေကို လိုက်ပို့ရင်း စော်ဘွားကြီးကုန်း မှာ တွေ့တဲ့အထိ တစ်ယောက်မှ ကျနော်နဲ့ သိတဲ့သူ မပါ။ “ရည်ရွယ်ချက်”ကောင်းတဲ့ အတွက် အားပေးရင်း စိတ်မချလို့ လိုအပ်တာတွေ ၀ိုင်းလုပ်ပေးရင်း ၊လိုက်ကြည့်ရင်း၊ဒီနေရာအထိ ရောက်လာခဲ့တာဖြစ်ပါတယ်။
ကျနော့် အစီအစဉ် မဟုတ်တဲ့ အတွက် ကျနော် ဘာမှ ၀င်မစွက်ဖက်။ သူတို့ ကျနော့်ကို “နာယက”နေရာထားတယ်။ ကျနော်က သူတို့ ကို ကျနော့် အတွေ့အကြုံ နဲ့ ယှဉ်ပြီး လိုအပ်တာလေးတွေ
ဖြည့်ဆည်းပေးတယ်။ “ဆုံးဖြတ်ခွင့်” က သူတို့ ပိုင်တာ ဖြစ်ပါတယ်။ဒီစိတ်ကူးက သူတို့စိတ်ကူး။ ဒီစိတ်ကူးထဲမှာ အမြတ်ထုတ်တာ တစ်ခုမှမပါ။ ဒီစိတ်ကူးကို အကောင်အထည်ဖေါ်ဘို့ သူတို့ စည်းချက်တွေ ရေးဆွဲ၊ပြင်ဆင်ကြတယ်။ အဲဒီအထိ ကျနော်မပါ။ အဲသည်အတွက် သူတို့ “စည်းကမ်း”အတိုင် လိုက်နိုင်ဘို့ ကျနော့် “တာဝန်”။ သူတို့စည်းကမ်း အတိုင်း သူတို့ကတော့ ရည်ရွယ်ချက် ရောက်သည်အထိ သွားကြမှာ ဖြစ်ပါတယ်။ ကျနော် သူတို့“စည်းကမ်း”ကို မလိုက်နာနိုင်တဲ့ အချိန်မှာ ကျနော်ပြန်မှာပါ။ ဒီလိုဘဲ အခြာသူများထဲက သူတို့ရဲ့ “စည်းကမ်း”မလိုက်နိုင်တဲ့သူတွေ ပြန်ကြတာဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ဘယ်လိုဘဲဖြစ်စေ “ရန်ကုန်”ကနေ “လိုင်ဇာ”ကို ခရီးရှည် လမ်းလျှောက်မည့် လူငယ်တွေကတော့ သူတို့ရဲ့ “ရည်ရွယ်ချက်” ခရီးဆုံးသည် အထိ။ ““““သူတို့ လမ်းဆက်လျှောက်ကြပါလိမ့်မယ်”””””။ ““““သူတို့ လမ်းဆက်လျှောက်ကြပါလိမ့်မယ်”””””။ ““““သူတို့ လမ်းဆက်လျှောက်ကြပါလိမ့်မယ်”””””။ ““““သူတို့ လမ်းဆက်လျှောက်ကြပါလိမ့်မယ်””””
ကဲ....ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့အဖွဲ့ အကြောင်း ကျနော်ရေးတော့မယ်။`မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်´ရဲ့ လိုဂို၊တံဆိပ်တွေကို Sticker နဲ့ အုပ်လိုက်တဲ့ ကိစ္စ။ သူတို့ က စကတည်းက လူငယ်လေး (၁၁)ယောက်ထဲ လမ်းလျှောက်တာ။ နောက်တော့မှ ဟိုလူ၊ဒီလူ တွေက သူတို့ရဲ့ တခြားရည်ရွယ်ချက်တွေနဲ့ လိုက်ပြီးပူးပေါင်းလျှောက်ကြတာ။(ကျနော်ကတော့ ရှင်းပါတယ်။ လမ်း လုံးဝ မလျှောက်ပါဘူး။ ကားမောင်းပေးတဲ့သူ။ဘာရည်ရွယ်ချက်မှ မပါဘူး။ ကလေးတွေ ဒုက္ခရောက်မှာ စိုးလို့ ကူညီတာ။ဟုတ်/မဟုတ် ကလေးတွေ အားလုံးကို မေးကြည့်)သူတို့ ထွက်လာပြီ ။ အားပေးချင်ရင် .....လက်ခုပ်တီး....ပန်းကမ်း.... ရေတိုက်..။ လုပ်စရာတွေအများကြီးပါဗျာ။ ကူညီချင်လား။ ကျနော် ရန်ကုန်က ထွက်လာကတည်းက ကျနော့်ကား Nissan Safari သ/၄၉၈၁ နဲ့ တလမ်းလုံး လိုက်ကူညီတယ်။ နောက်ပြီး ကိုအေးကျော် (ဖုံး ၅၁၃၆၇၆၇) က သူ့ရဲ့ Pajero ကားအသစ်ကြီးနဲ့ တောက်လျှောက် လိုက်ကူညီတာ။အဲဒီကားကို ကိုနေမျိုးဇင် `လိုင်ဇာ´က ပြန်လာတော့ ပါလာတဲ့ ကား Nissan Light Truck နဲ့ လဲသွားတာ။အဲဒီ `လိုင်ဇာ´ ကပြန်လာတဲ့ ကားမှာ `မြန်မာ့လူမှုဘ၀ ဖွဲ့ဖြိုးတိုးတက်ရေးကွန်ယက်´ ရဲ့ နံမည် ၊ တံဆိပ်၊လိုဂို တွေပါတယ်။`မိတ္ထီလာ´ ကို ရောက်တဲ့ နေ့မှာ (စေတနာ သန့်/မသန့် မသိပေမဲ့) အားပေး၊ကူညီ၊ပံ့ပိုးချင်သူတွေများလာတဲ့အတွက်`လိုင်ဇာ လမ်းလျှောက်အဖွဲ့´ဟာ ဘယ်ပါတီ၊အဖွဲ့အစည်းရဲ့ သြဇာခံမှ မဟုတ်ဘူး ဆိုတာကို သက်သေပြဘို့လိုအပ်လာတဲ့ အတွက် (လူငယ်အများစုဟာ အဖွဲ့ချုပ်ပါတီဝင်တွေပါ။ သူတို့ ပါတီနံမည် မသုံးကြပါဘူး) `မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေးကွန်ယက်´ ရဲ့ ကားအနေနဲ့ စေတနာ သန့်သန့်နဲ့ ကူညီတာ ဆိုရင် အဲဒီတံဆိပ်တွေပေါ်မှာ Sticker အုပ်တဲ့ကိစ္စကို သူတို့ လက်ခံမှာဘဲ လို့သဘောထားတဲ့ အတွက် ကျနော်ကိုယ်တိုင်``` ကိုအေးကျော် ထံဖုံးဆက် ခွင့်တောင်းပြီး ကိုအေးကျော်ရဲ့ ခွင့်ပြုချက်နဲ့´´´´ Sticker အုပ်လိုက်တာပါ။ ကိုနေမျိုးဇင်အနေနဲ့ အထင်အမြင်လွဲမှားခြင်းသာဖြစ်ပါလိမ့်မယ်။ `လိုင်ဇာ လမ်းလျှောက်အဖွဲ့´က လူငယ်များဟာ ကားအကူအညီကို ရတဲ့ အတွက် ကိုအေးကျော်(ဖုံး၀၉-၅၁၃၆၇၆၇) ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမှာပါ။ အဲဒီကားဟာ ကိုနေမျိုးဇင်ရဲ့ ကားဆိုရင်လည်း သူတို့ဟာ ကိုနေမျိုးဇင် ကို ကျေးဇူးတင်ကြမှာပါ။ ကဲဒီလောက်ဆိုရင် ဒီကိစ္စတစ်ခုရှင်းပြီ ထင်ပါတယ်။ မရှင်းသေးရင် ဦးဝင်းချို ၀၉-၇၃၂၀၆၈၃၈ ထံ ဖုံးဆက်လိုက်ပါဗျာ။ ကျနော် မနေ့က ရန်ကုန် ကိုပြန်ရောက်ပါပြီ။

 နောက်ထပ်အကြောင်းအရာတစ်ခုက `လိုင်ဇာ လမ်းလျှောက်အဖွဲ့နှစ်ဖွဲကွဲတယ် ဆိုတဲ့ ကိစ္စ´
===================================================
ကျနော်ရေးသမျှ ကို တာဝန်ခံမှု အပြည့်နဲ့ ကျနော်တကယ်မျက်မြင်သိရှိသမျှကိုဘဲ ရေးမှာပါ။
`ဘိုကလေး ဦးအောင်မြင့်´ ဦးဆောင်တဲ့အဖွဲ့ ဆိုတာရှိသလား။ ကျနော်မသိဘူး။ ဦးအောင်မြင့်ရယ်၊မြင်းခြံက လမ်းလျှောက်လာတယ်လို့ ပြောတဲ့ `ကိုသန့်စင်´ ရယ် နောက်ထပ်
ငါးယောက်လား ခြောက်ယောက်လား တော့ မသိဘူး။ (အဲဒီလူတွေကလည်း ရန်ကုန်ကတည်းက လျှောက်တဲ့သူတွေမဟုတ်ဘူး) သူတို့က မန္တလေးမ၀င်ခင်မှာ `အလံ´တွေထောင်ပြီးချီတက်မယ်လို့ ပြောကြတယ်။ လူငယ်တွေခမျာ ``ငြိမ်းချမ်းရေး´အတွက် `လိုင်ဇာ´အရောက် လမ်းလျှောက်နိုင်ဘို့ `နိုင်ငံသား အခွင့်အရေးတွေ ´ကန့်သတ်ခံရတာကို
သိ သိ ချည်းနဲ့ ဖြတ်သန်းသမျှ မြို့နယ်တိုင်းမှာ `၀န်ခံကတိ´လက်မှတ်တွေထိုးခဲ့ကြရတယ်။ အဲဒီ ၀န်ခံကတိ တွေထဲမှာ `အလံထောင်ချီတက်ခြင်း မပြုလုပ်ဘူး´ဆိုတဲ့ အချက်လည်းပါတယ်။ ကျနော်မောင်းတဲ့ ကားပေါ်မှာ အလံ တွေ အများကြီး။ငြိမ်းချမ်းရေးအလံ။သာသနာ့အလံ။ ဘာသာကြီးလေးခုရဲ့အလံ။ နောက်ပြီး ရခိုင်ပြည်နယ်ရဲ့ အလံတောင်ပါတယ်။ ကားပေါ်မှာထောင်ခွင့်ပြုတယ်။ လမ်းလျှောက်သူတွေကို ကိုင်ဆောင်ခွင့်မပေးထားဘူး။ ဒီအချက်ကို သိပါရက်နဲ့ မန္တလေး မြို့ အ၀င်မှာ `အလံ´ထောင်ချီတက်မယ်ဆိုလို့``ဒါဆိုရင် သူတို့သတ်သတ် ချီတက်ဘို့´´´ ညှိနှိုင်းလိုက်တာပါ။ နောက်ပြီး `ဦးအောင်မြင့်´ကိစ္စ။ ကျနော်က `သူ့´ကြောင့် ဒီခရီးမှာ ပါလာတာ။ ဦးအောင်မြင့် က ကိုနေမျိုးဇင်ကားနဲ့ `လိုင်ဇာ´ကို လိုက်ဘို့ စီစဉ်ထားတာ ။အချိန်မီ မရောက်လို့ ကိုနေမျိုးဇင် ကားပေါ်မှာ ပါသွားတဲ့ ဦး အောင်မြင့် အ၀တ်အစားအိတ် ကို (ပဲခူး ကနေ ရန်ကုန်မှာဘဲရှိသေးတဲ့) `လိုင်ဇာ လမ်းလျှောက်အဖွဲ့ ထံလာပို့ရင်းနဲ့ ကျနော်က အစီအစဉ်မရှိပါဘဲ လိုက်သွားဖြစ်တာ။ ဦးအောင်မြင့် ဆိုတာ သံခြေကျဉ်း နဲ့ ပါဖောင်းမင့် ပြတဲ့ ဘိုကလေး ဦးအောင်မြင့်ပါ။ ဒီခရီးစဉ်မှာလည်း သံခြေကျဉ်း ပါလာတယ်။ ရောက်ရှိတဲ့ မြို့တွေရဲ့ အကျဉ်းထောင်တွေမှာ ပါလာတဲ့ သံခြေကျဉ်း ခတ်ပြီးဓါတ်ပုံရိုက်လေ့ရှိပါတယ်။ `နိုင်ငံရေး အကျဉ်းသား´တွေ လွှတ်ပေးရေး အတွက် တောင်းဆိုနေတာ လို့လည်း ပြောပါတယ်။ လူငယ်တွေက ပြင်းပြင်းထန်ထန် မကန့်ကွက်ပါဘူး။ လိုအပ်ရင် နောက်တကြိမ်မှာ သူတို့ ကိုယ်တိုင် သံခြေကျဉ်း ခတ်ပြီး ဦးအောင်မြင့်နဲ့ အတူ လမ်းလျှောက်ပေးမယ် လို့ ပြောပါတယ်။ ((`လမ်းလျှောက်အဖွဲ့´ ထဲမှာအများစုက `ထောင်´ထဲမှာနေဘူးတဲ့`နိုင်ငံရေး အကျဉ်းသား´တွေဖြစ်ပါတယ်။))
ဒီတစ်ကြိမ်မှာတော့ `ငြိမ်းချမ်းရေးခရီးစဉ်´ သီးသန့်ဖြစ်စေချင်တဲ့ အကြောင်း ညှိနှိုင်းပါတယ်။ အဆင်မပြေတဲ့ အတွက် ဦးအောင်မြင့် နှုတ်ထွက်သွားတဲ့ သဘောပါ။ သူ နဲ့ အတူ လမ်းလျှောက်အဖွဲ့ထဲက တစ်ယောက် လိုက်သွားပါတယ်။ (ရန်ကုန် ကတည်းက လိုက်ခဲ့သူတော့ မဟုတ်ပါဘူး)။အဖွဲ့သားတွေ(အဲဒီအချိန်မှာ သံဃာ က ၁၇ပါး။လူက ၄၆ ယောက်)ထဲက ဦးအောင်မြင့်နဲ့ နောက်တစ်ယောက် ထွက်သွားတာဟာ နှစ်ဖွဲ့ကွဲတာ မဟုတ်ဘူး လို့ ကျနော်ကတော့ ရိုးသားစွာ ထင်မြင်မိပါတယ်။(ကျနော်က ကားမောင်းသူဖြစ်တဲ့ အတွက် ကျနော့်ကားပေါ် ထိုင်လိုက်သူတွေက ဘယ်သူတွေ။ဘာအကြောင်းနဲ့မှ ကားပေါ် မတက်တဲ့သူတွေက ဘယ်သူတွေဆိုတာကိုလည်း ခွဲခြားနိုင်ပါတယ်ဗျာ)ကျနော်နဲ့ အတူ ခရီးစဉ် တလျှာက်လုံးမှာ ရှိနေတဲ့ ဦး ခင်မောင်ဝင်း ၀၉-၄၄၀၀၀၂၆၉၆ ထံ ကိုလည်း ဖုံးဆက် စုံစမ်းနိုင်ပါတယ်။ ကျနော်တို့ နှစ်ယောက်ဟာ `လမ်းလျှောက်သူတွေ´မဟုတ်ပါဘူး။ `လမ်းလျှောက်သူတွေ´ ကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေမှာလည်း မခံယူပါဘူး။ `ငြိမ်းချမ်းရေးခရီးစဉ်´ကို ပံ့ပိုး ၊ကူညီခြင်း
သာဖြစ်ပြီး လမ်းလျှောက်လူငယ်တွေနဲ့လည်း ယခုမှ သိသူတွေဖြစ်ပါတယ်။
ကဲ.....ဒါဆိုရင်`နှစ်ဖွဲ့ ကွဲတာ လို့ ၀ါဒဖြန့်ချင်သေးလား..............


နောက်ဆုံးအချက်ဖြစ်တဲ့ `ကိုရဲရင့်ကျော်´ရေးမှ ကျနော်သိတဲ့ ဗ-က-သ
အမြတ်ထုတ်တယ်ဆိုတဲ့ ကိစ္စ။အဲဒါက `ပလိပ်´ကိုရောက်မှ ဖြစ်တဲ့ ကိစ္စ။
မန္တလေးမှ ရှိနေတဲ့ ကိုရဲရင့်ကျော်တို့အပါအ၀င် အထက်`ဗ´ တွေသိ ကို မသိလိုက်ဘူး။`မတ်လ (၁၀)ရက်နေ့မှာ `ပလိပ်´ကိုရောက်ပြီး နားနေကြတယ်။ `မြင်းခြံ´က အဖွဲ့တွေက အဲဒီနေ့မှ ရောက်လာတာ ။အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်က `ကိုသန့်စင်´လို့ပြောတယ်။ သူတို့ရောက်တဲ့ အချိန် ကျနော်မရှိဘူး။ မန္တလေး ကို စီစဉ်ဘို့ ကြိုရောက်နေတယ်။`မြင်းခြံ´အဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းတယ် လို့ ပြောတယ်။
`ဦးဝီရသူ´လည်းပါဝင်ဆွေးနွေးတယ်၊အလံ မထောင်ဘို့ကိုတိုက်တွန်းတယ်လို့ ပြောတယ်။ `မြင်းခြံ´အဖွဲကလည်း `အလံ´ မထောင်ဘို့ သဘောတူတယ် လို့လည်း ပြောတယ်။ (ကိုသန့်စင် ကတော့ အဲဒီ အစည်းအဝေး မှာ မရှိဘူး လို့ ပြောတယ်) ။အဲဒီအချိန်ထိ
ဗ-က-သ အလံဆိုတာ မပါဘူး။ ကျနော်တို့လည်း မသိဘူး။ ဗ-က-သ တွေလည်း မသိဘူး။မနက်(၆)နာရီ ကျနော်တို့လမ်း စ လျှောက်မယ်ဆိုမှ ဦးအောင်မြင့်နဲ့ ကိုသန့်စင် တို့အုပ်စု ထွက်သွားပြီ ဆိုတာသိရတယ်။အဲဒီအဖွဲ့ ထောင်သွားတဲ့ အလ့တွေထဲမှာ ဗ-က-သ အလံပါတယ် ဆိုတာလည်း အဲဒီအချိန်ကျမှ ကျနော်တို့သိတယ်။ (အဲဒီ အလံ ကိုင်တဲ့သူ က ကိုသံဒိုင်။သူ ကလည်း ဗ-က-သ ရဲ့ ညွှန်ကြားချက်နဲ့ အလံ လွှင့်တာ မဟုတ်ဘူး။)ကျနော်တို့ တားခွင့်မရှိဘူး။ ကျနော်တိတိကျကျ သိတဲ့ အချက်၊တာဝန်ယူနိုင်တဲ့ အချက်က မန္တလေး မှာ ၀ိုင်းဝန်းကူညီပေးတဲ့ အထက်မြန်မာပြည်ဗ-က-သ များအဖွဲ့ချုပ်ဟာ အမြတ်ထုတ်ဘို့ စီစဉ်တာ မဟုတ်ဘူး(သူတို့ စေတနာ ကြောင့် သူတို့လုပ်တာ)သူတို့ အမြတ်ရသွားသလား။ ကျနော်တို့ မသိလိုက်ပါဘူး။
ဘယ်သူတွေက ၊ဘာကြောင့် သူတို့ အမြတ်ရသွားတယ် လို့ ပြောကြသလဲ ။ကျနော်တို့ မသိပါဘူး။ သိတဲ့သူတွေရှိရင် ပြောပြကြပါဗျာ။

No comments: