Sunday, June 2, 2013

မလေးရှားနိုင်ငံ ဆလာယန်းတွင် မြန်မာ နှစ်ဦး ခေါင်းဖြတ် အသတ်ခံရကာ သုံးဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရ

မလေးရှားနိုင်ငံ ဆလာယန်းမြို့တွင် မွတ်ဆလင်ဘာသာဝင်အချို့နှင့် ပဋိပက္ခဖြစ်ပွားကာ မြန်မာအလုပ်သမား နှစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီး သုံးဦးမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။
“မေ ၃၀ မှာ မြန်မာအလုပ်သမားတစ်ဦး ခေါင်းပြတ်သေဆုံးတယ်။ ၃၁ ရက်မှာ နောက်တစ်ဦး ခေါင်းဖြတ်အသတ်ခံရတယ်။ ဇွန်လ ၁ ရက်နေ့မှာ ထပ်ဖြစ်တာမှာ မြန်မာအလုပ်သမား ၃ ဦး ဆေးရုံတင်ထား ရပါတယ်။ သူတို့ ၃ ယောက်လည်း အခြေအနေ မကောင်းပါဘူး” ဟု ကပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ ဆာလာယန်း ကုန်စိမ်းဈေးတန်းရှိ မြန်မာ ဒုက္ခသည် ၁၀၀ ခန့်ကို ကပုန်း နာရေးကူညီမှု အသင်းမှ ဦးဆောင်၍ ကပုန်းဘုန်းကြီးကျောင်းနှင့် အခြားနေရာ အသီးသီးသို့ ပို့ဆောင် ကူညီပေးလျက်ရှိကြောင်း သိရသည်။
ကွာလာလမ်ပူမြို့မှ မြန်မာနိုင်ငံသား တစ်ဦးက ''အဲဒီနေက ဖြစ်စဉ်မှာ နှစ်ယောက်သေတယ်။ သုံးယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး တစ်ယောက်ပျောက်နေတယ်လို့ ကြားတယ်။ လူ ၁၀၀ ကျော်လောက် ကပုန်းဘုန်းကြီးကျောင်းထဲမှာ ပုန်းနေရတယ်။ ဘုန်းကြီးကျောင်း အပြင်ဘက်ကနေ ဆိုင်ကယ်တွေနဲ့ ပတ်နေပြီး ဘုန်းကြီးကျောင်းကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်တဲ့သူတွေက ဆလာယန်းဒေသခံတွေ မဟုတ်ဘဲ ဒေသခံအချို့တောင် မသိလိုက်ကြဘူးလို့ ပြောတယ်။ ဒေသခံတွေက ကျီးလန့်စာစား ဖြစ်နေပေမယ့် မြန်မာသံရုံး အသိုင်းအ၀ိုင်းက ပြဿနာက စိုးရိမ်စရာမရှိဘဲ အေးအေးချမ်းချမ်းပဲလို့ ပြောနေကြတယ်'' ဟု ပြောပြခဲ့ပါသည်။
ဆလာယန်းဒေသမှ မြန်မာအလုပ်သမား တစ်ဦးကလည်း “ကျွန်တော်သိတာကတော့ ဒီဖြစ်စဉ်မှာ ၆ ယောက်လောက် သေသွားတယ်။ အချို့ဆိုရင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာ။ ဒီဖြစ်စဉ်ကြောင့် လူ ၈၀ နဲ့ ၁၀၀ ကြား ဆလာယန်းက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်။ ဒါကို အကြမ်းဖက်လိုတဲ့ မွတ်ဆလင်ဘာသာဝင်အချို့က ဘုန်းကြီးကျောင်းအရှေ့ကနေ အော်ဟစ်ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ကျွန်တော်တို့ဆီမှာ အခုနောက်ပိုင်း မွတ်ဆလင် အကြမ်းဖက် လူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပြဿနာဖြစ်အောင် ဖန်တီးလိုမှုတွေ မကြာခဏ ဖြစ်နေ၊ ကြားနေပါတယ်။ ကွာလာလမ်ပူ ဘက်မှာတော့ မြန်မာဆိုင်တွေမှာလည်း အေးဆေးပဲ၊ မွတ်ဆလင် ဆိုင်တွေမှာလည်း အေးဆေးပါပဲ၊ သံရုံးကတော့ ဒီပြဿနာကို ထူးထူးခြားခြား ထုတ်ပြန်တာ မရှိသလို အခြေအနေ အေးဆေးရှိတယ် လို့ပဲ ပြောတာ ကြားရပါတယ်။ မြန်မာသံရုံးရဲ့ အကူအညီကိုတော့ ဆလာယန်းမှာ ရှိတဲ့ မြန်မာတွေ အခုအချိန်ထိ မရသေးပါဘူး” ဟု ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဖြစ်မှန်ကို စုံစမ်း၍ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက Eleven Media Group သို့ ပြောကြားထားပါသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော ကိစ္စများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံသားများ အသတ်ခံရမှု မရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဇွန်လ ၁ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ပြန်လည်ရှင်းလင်းထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ မလေးရှားနိုင်ငံရှိ နာမည်ကြီး The Star သတင်းစာတွင် လက်ရှိအထိ သတင်းဖော်ပြထားခြင်း မရှိသေးကြောင်း သိရပြီး NTV 7 သတင်းဌာနက သေဆုံးသူတစ်ဦး၏ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက သယ်ယူသွားပုံကို movie file ဖြင့် သတင်းဖော်ပြခဲ့သည်။ Bernama သတင်းဌာနတွင်လည်း တစ်ဦးသေဆုံးကြောင်း သတင်းဖော်ပြထားသည်။
မွတ်ဆလင်ဘာသာဝင်များ၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ နှစ်ဦးမှာ ကိုခိုင်မင်း (၃၂ နှစ်) နှင့် ကိုမင်းဇော် (၃၃ နှစ်) ပဲခူးမြို့ နေထိုင်သူတို့ ဖြစ်ကြောင်း သိရသည်။
“ကိုမင်းဇော်က မလေးရှားမှာနေပြီး အလုပ်လုပ်နေတာ ၁၀ နှစ်ကျော်လောက် ရှိနေပါပြီ၊ ကောင်းကောင်းမွန်မွန် နေတဲ့လူပါ၊ အဲ့ဒါကို သေတဲ့လူမရှိဘူး၊ မြန်မာတွေ အရက်မူးပြီး ရန်ဖြစ်တာလို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သတင်းတွေ ဖြန့်တာကိုတော့ မကျေနပ်နိုင်ပါဘူး။ ဒါက သံရုံးက တရားဝင် ထုတ်ပြန်ချက်တော့ မဟုတ်ပါဘူး” ဟု ယခုဖြစ်စဉ်အတွင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမ (မလေးရှားနိုင်ငံ၌ လက်ရှိ အလုပ်လုပ်ကိုင်နေသူ) က ဆိုသည်။
၎င်းကပင် “မြန်မာသံရုံးရဲ့ အကူအညီ ဘာမှ မရသေးဘူး။ အခုလည်း ကျွန်မတို့ရဲ့ လုံခြုံရေးကြောင့် အလုပ်က နားနေရတာ သုံးရက်ရှိနေပြီ။ ကျွန်မအစ်ကိုရဲ့ နာရေးကိစ္စကိုလည်း ကပုန်း နာရေးကူညီမှုအသင်းက ကူညီပေးနေပါတယ်” ဟု ပြောကြားသည်။
ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ကပုန်းရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း၊ ပုဒ်မကို ရဲစခန်းမှ မပြောသေးကြောင်း၊ မေ ၃ ရက် (မလေးရှားစံတော်ချိန်) နံနက် ၁၀ နာရီသို့ ပြန်ချိန်းထားကြောင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမဖြစ်သူက ဆက်လက်ပြောကြားခဲ့သည်။

သေဆုံးသွားသူ ကိုမင်းဇော် (၃၃ နှစ်) ၏ ဇနီးဖြစ်သူ မညွန့်ညွှန့်ရီကလည်း “ကျွန်မယောက်ျားက မြန်မာ၊ ဗုဒ္ဓဘာသာပါ။ သေသွားတဲ့ နောက်တစ်ဦးကလည်း ဗုဒ္ဓဘာသာပဲ ထင်ပါတယ်။ လူချင်းမသိကြတော့ အတိအကျ မသိပါဘူး။ ကျွန်မက ချည်မျှင်စက်ရုံမှာ အလုပ်လုပ်ပါတယ်။ အခုက ကျွန်မယောက်ျား နာရေးကိစ္စတွေ လုပ်နေပါတယ်” ဟု ဖြေကြားသည်။

ထပ်မံစုံစမ်း သိရှိရသော သတင်းများကို ဆက်လက်ဖော်ပြ သွားပါမည်။

Comments  

+3 # kyagee13@gmail.com 2013-06-02 20:51
:-? ဘာဘဲဖြစ်ဖြစ် တခြား တာဝန်ရှိသူတွေကို အပြစ်တင်ပြော
ဆိုနေတာထက် ပြည်ပမှာ (အထူုးသဖြင့်) မူစလင် နိုင်ငံတွေမှာ
ရောက်နေတဲ့ ရွှေမြန်မာတွေ အစစအရာရာ သတိထားသင့်နေပါ
ပြီ...။

သံရုံးဆိုတာကလဲ တိုင်းတစ်ပါးမှာ ဗီဇာနဲ့ တာဝန်ထမ်းဆောင်နေသူတွေသာ ရှိနေ
ရတဲ့ ကိုယ်လိုပဲ ခွင့်တောင်းနေရတဲ့သူတွေ..၀န်ထမ်းတွေ ဖြစ်သည့်အတွက် ပြဿနာကို ဖြစ်ဖြစ်ချင်းသိ
သည်ဆိုရာမှာတောင် ကိုယ့်မြေကိုယ့်ရေမှာလို့ ပြဿနာ ဖြစ်လာရင် ချက်ချင်း ပိုင်ပိုင်နိုင်နိုင်ဖြေရှင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး...။

ဘာလို့ဆိုတော့ ကိုယ့်ဥပဒေ စိုးမိုးတဲ့ ကိုယ့်နိုင်ငံမှာ မဟုတ်တာ မို့ပါပဲ ..။

ဒီတော့က မူစလင်နိုင်ငံရောက် မြန်မာတွေသာ စားသတိ
သွားသတိ မပြတ်ရှိဖို့ပဲ လိုပါတယ်..။

သံရုံးကို အားကိုးတယ်ဆိုရာမှာလဲ ...ကိုယ်အားကိုးတဲ့
သံရုံးဟာ အမေရီကန်သံရုံး မဟုတ်ပဲ( နိုင်ငံသားတွေကို တန်ဖိုးထားတတ်တဲ့ နိုင်ငံတစ်နိုင်ငံ သံရုံး) မြန်မာနိုင်ငံရဲ့
မြန်မာသံရုံး ဖြစ်နေတယ် ဆိုတာ မမေ့ပဲ ကိုယ့်အားသာ ကိုယ် ကိုးစေလိုပြီး သတိနဲ့သာနေကြစေလို ပါတယ်...။
+5 # Shweyoelatt 2013-06-02 20:01
နိုင်ငံ အစိုးရ၊ ဌာန၊ သံရုံးများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့် ဆက်လက်တိုက်တွန်းရပါမယ်၊ တိုက်တွန်းသွားရပါမယ်။

မြန်မာ၊ မလေးရှား ဘယ်မှာပဲဖြစ်ဖြစ် ရန်မီး ငြိမ်းရမယ်... ငြှိမ်းရမယ်... (ခက်တဲ့အခြေအနေတွေ ရှိသပေါ့) တရားဥပဒေစိုးမိုးရေး မြှင့်တင်ပေးဖို့ပဲ....
+8 # Shweyoelatt 2013-06-02 19:31
ဆုံးဖို့ခက် ပြသနာတွေ သံသရာတွေနဲ့ ရှေ့သွားဖို့ခရီး နှောင့်နှေးဖို့ အဖျက်အဆီး ကိစ္စတွေ အတော်များတာပဲကိုး....
ဖျက်ဆီးရေးအင်အားတွေကလည်း အတော်အားထုတ်နေဆဲပဲကိုး...

ထောင်ချောက်တွေမှ ရုန်းထွက်နိုင်ကြပါစေလို့ပဲ...

(အထူးသဖြင့် ပြည်ပမှ မြန်မာနိုင်ငံသားများအပါအ၀င် အားလုံး ငြိမ်းချမ်းစေဖို့ မျှော်လင့်ရင်း... လက်တွေ့လုပ်ဆောင်မှုများဖြင့် အမုန်းမီးသံသရာများ လျော့ကျနိုင်စေဖို့.....)
+15 # radar 2013-06-02 19:02
်မြန်မာတွေ သတိပြုကြဖို့ အချိန်တန်ပြီ အ လွန်းရင် အမျိုးဘာသာ ကွယ်ပျောက်ပြီး ကျွန်တော်တို့ သားစဉ်မြေးဆက်ခေတ်မှာ ဒုက္ခတွေရောက်ကြတော့မယ်
သူတပါးယုံကြည်မှု့ကို မပုတ်ခတ်ပါ သို့သော် မဟုတ်တာကိုတော့ မှန်တဲ့အတိုင်း ပြောရပါလိမ့်မယ်
ိဟိန္ဒူ ဗုဒ္ဒ ခရစ်ယာန်နဲ့ အခြားကိုးကွယ်ယုံကြည်မှု့တွေ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှု့တွေ သမိုင်းမှာကော လက်တွေ့မှာမရှိပါ အစ္စလာမ် မွတ်ဆလင်များဟာ အားလုံးကို လှည့်ပတ်တိုက်ခိုက် သတ်ဖြတ်နေတာ သမိုင်းမှာလည်းရှိပါတယ် ယနေ့ကမ္ဘာအနှံ့ သတင်းတွေမှာလည်း တွေ့မြင်နေကြတာ အထင်အရှားပါ
ဘာသာပေါင်းစုံခေါင်းစဉ်တပ်ပြီး ပွဲလုပ်နေကြသူများ ခင်ဗျားတို့ သေချာလေ့လာပါ သတိပြုပါ
ယနေ့ပြောပါတော့မယ်
အစ္စလာမ်ဟာ ဘာသာ မဟုတ်ပါ
ဘာသာရေးအယောင် ဆောင်ထားသော ဝါဒတစ်မျိုးသာဖြစ်ပါတယ် နာဇီ ဖက်ဆစ်ထက် ဆိုးဝါးတဲ့ဝါဒ တစ်ရပ်ဖြစ်ပါတယ် နာဇီ ဖက်ဆစ်ဝါဒက ဗြောင်ကြေငြာပြီး ပေါ်တင်လုပ်တာပါ
အစ္စလာမ်ဟာ မလှိမ့်တပတ် နည်းလမ်းပေါင်းစုံနဲ့ ဟိန္ဒူ ဗုဒ္ဒ ခရစ်ယာန်နဲ့အခြား ငြိမ်းချမ်းစွာ ကိုးကွယ်ယုံကြည်မှု့များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီး သတ်ဖြတ်မှု့တွေလုပ်နေကြပါတယ်
သူတို့ရှိတဲ့ဒေသ အင်အားနည်းချိန်မှာ တရားဥပဒေနဲ့ ငြိမ်းချမ်းရေးကို လိုလားသယောင်ပြုပြီးနေပါတယ်
အင်အားများလာတဲ့တစ်နေ့မှာ စရိုက်မှန်ထွက်လာပါတယ် အဲဒီအချိန်ဟာ အခြားဘာသာဝင်များအတွက် ပြင်ဆင်ကာကွယ်ချိန် အင်မတန်နောက်ကျပြီး ကျဆုံးချိန်ဖြစ်သွားပါပြီ
ပေါ့ပေါ့ဆဆမနေကြပဲ လေ့လာပါ မိမိတို့ဘာသာကို ကိုးကွယ်မှု့အပြင် ကာကွယ်မှု့ကိုပါ လုပ်ဖို့တာဝန်ရှိကြပါတယ်


www.dailymotion.com/video/xclbmj_islamic-violence-worldwide-courtesy_news

www.dailymotion.com/video/xclbr6_islamic-violence-worldwide-part-2-c_news?search_algo=2#.UasyiNiHPlw
+5 # Shweyoelatt 2013-06-02 20:06
မငြိမ်းချမ်းမှု နွံသံသရာ ထောင်ချောက်ကြီးဘေးကို ခုပဲ ခံစားနေရပြီပဲ... သတိပြုဖို့ဆိုတာအမှန်ပဲပေါ့ ဟုတ်သပါ့

လူမျိုး၊ ဘာသာ၊ နိုင်ငံ အားလုံး ငြိမ်းချမ်းဖို့ကိုသာ....

ပြစ်မှုတွေကို ပြစ်မှုလို ထိထိရောက်ရောက် အရေးယူပေးနိုင်ပါစေ...

တရားအတိုင်း နေထိုင်နိုင်ရင် မှန်ကန်သော တရား၊ ဘာသာ ဟာ တည်တန့်ခိုင်မြဲမှာပါ...
+15 # ညိုမြ 2013-06-02 18:17
အလွန်အင်မတန်မှ စိတ်မကောင်းဖို့ ကောင်းပါတယ်ဗျာ။ အရင်က ပြည်တွင်းမှာ ဘာသာခြားတွေနဲ့ အထိကရုန်းဖြစ်ရင် ပြည်တွင်းမှာ ပြီးတယ်။ အခုက ခေတ်ကြီးက မြန်နေတော့၊ သတင်းခေတ်ကြီးဆိုတော့ ပြည်ပရောက်နေတဲ့ မြန်မာပြည်သားတွေတောင် မလုံမခြုံဖြစ်လာရတယ်။ အရှိကို အရှိအတိုင်းသာ ပြောရရင်..ဘယ်သူမပြု မိမိမှုကိစ္စတွေပါ။ အာဏာအတွက်၊ အခွင့်အရေးအတွက်၊ ၀န်တိုစိတ်တွေနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး သတ်ကြဟဲ့၊ ဖြတ်ကြဟဲ့ လုပ်ကြတာ နောက်ဆုံးတော့ ဘယ်သူနစ်နာသလဲ။ ကျွန်တော်တို့တွေဘဲ နစ်နာတာဘဲမို့လား။ မွတ်ဆလင်တွေ၊ ခရစ်ယန်တွေ၊ ဗုဒ္ဓဘာသာတွေ မခွဲဘဲ အရင်ကတည်းက အေးအေး ဆေးဆေး နေလာခဲ့ကြတာ ဆက်ပြီး နေသွားလို့ရရဲ့သားနဲ့ ရိုဟင်ဂျာတွေနဲ့ မွတ်ဆလင်ကို အတူတူထင်ပြီး ဖွကြ၊ သတ်ကြ လုပ်ကြတဲ့ အကျိုး ကျေးဇူးတွေလို့ဘဲ မြင်တယ်ဗျာ။
+2 # yemaykyi 2013-06-02 20:52
အခုနောက်ပိုင်း ခရီးသွားရတိုင်း မွတ်ဆလင် လုပ်ဖော်ကိုင်ဖက် လူမျိုးခြားတွေက ဗမာဘုန်းကြီးတွေက မွတ်ဆလင်တွေကို သတ်နေတာဆို ဆိုပြီးအမြဲမေးကြတယ်။ အဲလို မေးတိုင်း အဖြစ်မှန်ကို ရှင်းပြနေရတယ်။ အဲလို ရှင်းပြနေရင်းကနေကိုပဲ ကိုယ့်ကိုယ်ကို မလုံခြုံလာသလို ခံစားလာရတယ်...။
မွတ်ဆလင်အများစုက လူတစ်ယောက်ကို သတ်ဖို့ ဝန်မလေးတတ်ကြတာကို သိနေတော့ ပိုပြီးတော့တောင် စိုးရိမ်လာတယ်။
ဒီလို အဖြစ်မျိုးတွေက ဘယ်တော့များမှ ကင်းကင်းရှင်းရှင်းနေနိုင်ပါ့မလဲ...။
+41 # Kaungkinlay 2013-06-02 13:19
Quote:
မြန်မာသံရုံး အသိုင်းအ၀ိုင်းက ပြဿနာက စိုးရိမ်စရာမရှိဘဲ အေးအေးချမ်းချမ်းပဲလို့ ပြောနေကြတယ်
ဒီဓါတ်ပုံက အဲဒီဖြစ်စဉ်က ဓါတ်ပုံပါ။ ဒီလောက်ကိုယ့်နိုင်ငံသားတွေ အသတ်ခံနေရတာတောင် စိုးရိမ်စရာမရှိဘူးတဲ့လား။ အေးပေါ့ ဒင်းတို့အလုပ်က ရုံးမှာထိုင်ပြီး ပိုက်ဆံကောက်ရုံဘဲကိုး။ ဘင်္ဂါလီတွေကိုအကြံပေးချင်တယ်။ မြန်မာသံရုံးကို မီးသွားရှို့ပါ။ ကျုပ်ကူညီပါ့မယ်။
-3 # Shweyoelatt 2013-06-02 19:59
သံရုံးမှာ ကိုယ့်နိုင်ငံသားတွေကို အရေးစိုက်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါမှန်ပါတယ်။

တချိန်တည်းမှာ သူရို့ချည်းပဲလည်း သိကြားမင်းလိုတော့ စွမ်းဆောင်ချက်ရှိမှာမဟုတ်တာကိုတော့ သိထားပါ့။

မငြိမ်းချမ်းမှုဖြစ်စေတဲ့ သံသရာထဲတွန်းပို့သော ထောင်ချောက်များမှလွတ်ပါစေ။ အပြစ်မဲ့ သားကောင်များ မည်သူ့ကိုမှ မဖြစ်စေလိုပါ။

ရန်မီးပိုပွားစေမယ့်သဘောထား၊ လေပွား၊ မီးပွားများလည်း လျော့ကျပါစေလို့ပဲ....

တရားဥပဒေစိုးမိုးရေးနဲ့ စစ်မှန်သော တရားသဘောများ ထွန်းကားလာရေးသို့....
+77 # yangonite70 2013-06-02 12:08
ဘာသာရေးစစ်ပွဲကြီးတွေအကြောင်း တစေ့တစောင်းဖော်ပြလိုက်ရပါတယ်။
(၁) နှစ်သုံးဆယ်စစ်ပွဲ (၁၆၁၈): ပရိုတက်စတန့်ခရိယာန် နှင့် ကတ်သိုလိတ် ခရိယာန် ၊ သေဆုံးသူ ၁၂ သန်း
(၂) ပြင်သစ်ဘာသာရေးစစ်ပွဲ (၁၅၆၂): ပရိုတက်စတန့်ခရိယာန် နှင့် ကတ်သိုလိတ် ခရိယာန်၊ သေဆုံးသူ ၄ သန်း
(၃) နိုင်ဂျီးရီးရန်းပြည်တွင်းစစ် (၁၉၆၇): မွတ်စလင် နှင့် ခရိယာန် ၊ သေဆုံးသူ ၃ သန်း
(၄) ဆူဒန်ပြည်တွင်းစစ် (၁၉၈၃): မွတ်စလင် နှင့် ခရိယာန် ၊ သေဆုံးသူ ၂ သန်း
(၅) ခရူဆိတ် (၁၀၉၅): မွတ်စလင် နှင့် ခရိယာန် ၊ သေဆုံးသူ ၃ သန်း
(၆) လဘနွန်ပြည်တွင်းစစ် (၁၉၇၅): ဆူနီမွတ်စလင် ၊ ရှီရမွတ်စလင် နှင့် ခရိယာန် ၊ သေဆုံးသူ ၂.၅၀ သိန်း
သမိုင်းကိုကြည့်ချင်းအားဖြင့် သေချာတာတစ်ခုကတော့ ဘာသာရေးမီးကိုမွှေးမိရင်တော့ အကုန်လုံး သေဖို့သာပြင်ကြပေတော့ ။ ဒီလိုအန္တရာယ်ကြီးလှပြီးလူအမြောက်အများသေစေနိုင်တဲ့မီးကိုမွှေးတဲ့အထဲစိတ်နဲ့တောင် မပါမိစေနဲ့။ ပါခဲ့ရင်တော့ ဒီလောက်တောင် မိုက်လုံးကြီးတယ့်ကောင်တွေ ဘယ်ဘာသာဖြစ်ဖြစ် ဘယ်ဘုရားမှလာကယ်မှာမဟုတ်ဖူး။ အားလုံးတန်းစီပြီးငရဲအိုးထဲဇောက်ထိုးကျကြမှာဘဲ။
+66 # victorious 2013-06-02 11:34
မွတ်ဆလင်တွေရဲ့ သရုပ်မှန်လို့ပဲ ပြောချင်တယ်။ ပြည်တွင်း အားနဲတဲ့ နေရာမျိုးမှာ မျက်ရည်ထိုးခံ၊မွတ်ဆလင်ဟာ ငြိမ်းချမ်းတဲ့ ဘာသာတို့ ဘာညာ လျှောက်အော်နေတယ်။ အခုလို သူတို့နေရာရောက်ရင် ဘယ်သူ့မှ မညှာဘူး။ အခုလိုလုပ်တာ မလေးဒေသခံတွေထက် မြန်မာက ဒုက္ခသည် အမည်ခံထားတဲ့ ဘင်္ဂါလီတွေ လက်ချက်က များတယ်။ ဒါတောင် သူတို့လဲ မြန်မာနိုင်ငံသားခံယူထားတဲ့ကောင်တွေ၊ သွားအလုပ်လုပ်တဲ့ ဘဝတူ မြန်မာတွေကို ရိုင်းထားတာ။ ရခိုင်မှာလဲ ရက်ရက်စက်စက် အသတ်ခံနေရတဲ့ သူတွေ ထောင်သောင်းမကပဲ ။
လက်ရှိမှာတော့ မွတ်ဆလင်တွေက ညီတယ်။ မြန်မာမှာ ဖြစ်တဲ့ ပြသနာကို မူဆလင်အရေးလို့ ခံယူပြီး အင်ဒို၊ မလေးနဲ့ ထိုင်းက မူဆလင်တွေက မြန်မာတွေကို ဝိုင်းသတ်နေကြတယ်။ မြန်မာတွေကတော့ ပြည်တွင်းမှာတောင် အချင်းချင်း သွေးကွဲလို့ကောင်းတုန်း။ FB မှာလဲ မြန်မာအချင်းချင်းတောင် အစွန်းရောက် ဘာညာ ၊ မွတ်ဆလင် ညီအကို ...အတူလက်တွဲ နေထိုင် ဘာညာ လျှောက်အော်နေတာတွေ့  တော့.... အော် ရင်လေးလိုက်ပါဘိ အမိမြန်မာ နိုင်ငံရယ်။
+4 # Shweyoelatt 2013-06-02 19:37
မြန်မာနိုင်ငံသား (လူမျိုး၊ဘာသာ အားလုံး) ဒီ အမုန်းသံသရာ ထောင်ချောက်လှုံ့ဆော်မှုများမှလွတ်မြောက်ဖို့ ကြိုးစားအောင်မြင်နိုင်ကြပါစေ...

မြန်မာနိုင်ငံအပါအ၀င် ဒေသများမှာ
Rule of Law စိုးမိုးပါစေ။ တရား စိုးမိုးပါစေ။
+10 # U Thant 2013-06-02 15:26
Quoting victorious:
မွတ်ဆလင်တွေရဲ့ သရုပ်မှန်လို့ပဲ ပြောချင်တယ်။ ပြည်တွင်း အားနဲတဲ့ နေရာမျိုးမှာ မျက်ရည်ထိုးခံ၊မွတ်ဆလင်ဟာ ငြိမ်းချမ်းတဲ့ ဘာသာတို့ ဘာညာ လျှောက်အော်နေတယ်။ အခုလို သူတို့နေရာရောက်ရင် ဘယ်သူ့မှ မညှာဘူး။ အခုလိုလုပ်တာ မလေးဒေသခံတွေထက် မြန်မာက ဒုက္ခသည် အမည်ခံထားတဲ့ ဘင်္ဂါလီတွေ လက်ချက်က များတယ်။ ဒါတောင် သူတို့လဲ မြန်မာနိုင်ငံသားခံယူထားတဲ့ကောင်တွေ၊ သွားအလုပ်လုပ်တဲ့ ဘဝတူ မြန်မာတွေကို ရိုင်းထားတာ။ ရခိုင်မှာလဲ ရက်ရက်စက်စက် အသတ်ခံနေရတဲ့ သူတွေ ထောင်သောင်းမကပဲ ။
လက်ရှိမှာတော့ မွတ်ဆလင်တွေက ညီတယ်။ မြန်မာမှာ ဖြစ်တဲ့ ပြသနာကို မူဆလင်အရေးလို့ ခံယူပြီး အင်ဒို၊ မလေးနဲ့ ထိုင်းက မူဆလင်တွေက မြန်မာတွေကို ဝိုင်းသတ်နေကြတယ်။ မြန်မာတွေကတော့ ပြည်တွင်းမှာတောင် အချင်းချင်း သွေးကွဲလို့ကောင်းတုန်း။ FB မှာလဲ မြန်မာအချင်းချင်းတောင် အစွန်းရောက် ဘာညာ ၊ မွတ်ဆလင် ညီအကို ...အတူလက်တွဲ နေထိုင် ဘာညာ လျှောက်အော်နေတာတွေ့  တော့.... အော် ရင်လေးလိုက်ပါဘိ အမိမြန်မာ နိုင်ငံရယ်။


That is true . Some Burmese are still saying to antimuslim as extreme Buddhist. Those are the stupid and those people will understand only when they live among Muslim in Muslim country.Or,When their sister or mother were raped by Muslim. They still don't understand Burmese people never have problem with Hindu or christian.
Muslim are radical.They do not consider about other people's believe , right . They were seriously brain washed.
Inorder to brainwash well, they do not allow women to larn well on education and tought to children since they were little . So that shape to those children mind to become radical the rest of their life.

Some burmese who accuse to antimuslim as extreme Buddhist are just thinking they are mordan people . In reality, they are out of date people. Someone who talking about human right is just still a child . Human right group are just business group. They doing that for their living. Some burmese are still believe them as honorable people. That is because of poor knowledge.

Think Charles Darwin's nature selection and survival . There is no human right.
Only Our Right !
0 # MaingKhaing 2013-06-02 20:09
Great reply command.
Bravo U Thant and Victorious..!
0 # Shweyoelatt 2013-06-02 19:51
Naturally, Myanmar doesn't have/ didn't have problem with any religion with religion-conflict approach, as real Myanmar people and religions are peaceful-focus.

Some(with backing activities exploitation of religion/ ethnic/ belief/ region, etc...) do not want that 'peace' among religions, and try to damage that stability, by many nasty means including creating doubts and fears, blackmailing, rumors, and of course, some crimes as the baits for the further riots.... where there would be many innocent victims would fall on into the difficult-to-end vicious hatred cycles.... (sorrowfully, some achievements had been attained by such destructive forces already...)
Really sorry. And this must not happen on. The bad must not win over...

Shame on the attitude such as 'no human right' but just 'our right' which means 'Might is Right' or 'Jungle Law' which totally neglect Rule of Law, and the real တရား.

Just can say sorry for such attitude for now....

Really sorry especially for all victims. And would try on, struggle on to stop this bad cycle to decrease as much as much as possible.... We'll help on for Rule of Law, and real တရား

Peace and stability be with Myanmar nation and all nations...
Safety be with all Myanmar (all religion, all ethnic) inner or outer nation....
-2 # MaingKhaing 2013-06-02 20:15
Hi Admin,

Why I cannot click the dislike command,
Actually I click on the dislike but appear the rate is like.
Why...?
+5 # Ta Pyay Thu Ma Shwe Hta 2013-06-02 16:39
Think Charles Darwin's nature selection and survival . There is no human right.
Only Our Right !
True, the right of the Darwinian Monkeys. I forgot to mention in the current Animal Firm about the monkeys using Buddhism to do exactly what Buddha did not want them to do. Still at Darwin stage and perfect as Orwellian animal character of current Burmese play directed by Cows and Snakes, funded by Pigs. အော် ရင်လေးလိုက်ပါဘိ အမိမြန်မာ Burmese Animal Firm
+17 # Ta Pyay Thu Ma Shwe Hta 2013-06-02 14:17
FB မှာလဲ မြန်မာအချင်းချင်းတောင် အစွန်းရောက် ဘာညာ
It is because our Buddha did not teach us to respond to idiots. One of his essential teachings is metta. He did not teach us to preserve his teachings by killing and destroying lives and possessions but practicing good ways of life and breaking the circle of reincarnation. Religion and race are not issues here. A bunch of manipulators are pulling strings and the stupid mass let them: abuse our peaceful ways of thinking and ways of life. Wrong solutions to a series of complex problems created by The Reader and his puppets. If our people are killed outside, it is because of fanatic and extremists' stupid actions inside. Rakhine issue (lots of illegals with different religious beliefs burdening economically on a poor region) remains unresolved but the loss (human lives, materials, prestige, reputation, image of the country and people) has been on our side. Again, I am playing harp to blind buffaloes and buffoons. This country is a real Animal Farm of George Orwell's. Cows at the top, rabbits (easily scared) and bulls (easily charge at any red flags) at the mass base. Pigs eating our copper, gems, oil, gas, forests, even humans. Snakes selling art and coffee capitalizing on our collective idiocy. When facts are pointed out, you are labelled as pro-Muslims and facts become emotions.
+12 # Zawtika 2013-06-02 11:30
Quote:
ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်တဲ့သူတွေက ဆလာယန်း ဒေသခံတွေ မဟုတ်ဘဲ ဒေသခံ အချို့ တောင် မသိ လိုက်ကြဘူးလို့ ပြောတယ်။
အမယ်... ဗမာပြေက မီးတုတ်တွေနဲ့ ဇာတ်တိုက်ထားသလိုဘဲနော်...
အံ့သြလွန်းလို့ သေတောင်သွားနိုင်တယ်...

လာရှိုးပြဿနာကြောင့် မလေးရှားရောက်မြန်မာများ ဒုက္ခစတွေ့ကြလေပြီ

1 comment:

Anonymous said...

အဲ့ဘက်မှာဘယ်လူမျိုးတွေကျက်စားတာလည်းဆိုတာ နေဘူးတဲ့သူတိုင်းကောင်းကောင်းသိပါတယ် မြင်ယောင်သေးတယ်မြန်မာပြည်ထဲမှာပြန်ပြီးလက်တုန့်ပြန်မှာကို အဲ့ဒီရှော့ကမြန်မာပြည်ထဲပြန်ရိုက်ခတ်နိုင်တယ် စိတ်မကောင်းစရာတွေထပ်ကြားရအုံးမယ် ဟူးးးး