Wednesday, June 5, 2013

စာသင်ခန်းကို ကျောခိုင်း၍မသွားစေရ

သားတို့သမီးတို့ရဲ့သူငယ်ချင်းများလည်း စာသင်ခန်းကို ကျောခိုင်း၍မသွားစေရ

ရေးသားသူ-မောင်သာချို

(တစ်)
Education or All. အားလုံးအ တွက်ပညာရေးတဲ့။ ခွန်အားရှိလိုက်တဲ့စကားလုံး။ စိတ်ဓာတ်နိုးကြွစ ရာကောင်းလိုက်တဲ့ ဆောင်ပုဒ်။ ခြေကုန်လက်ပန်းကျနေတဲ့ သူတွေ အတွက် ရွှေရောင်တွေ ငွေရောင် တွေ ပြိုးပြိုးပြက်ပြက် တောက်ပ နေစေလိုက်တာ။ All တဲ့။ အကုန် လုံး၊ အားလုံး၊ တစ်ယောက်မကျန် ဆိုသည့် အနက်အဓိပ္ပာယ်။ ပညာ အထူးသဖြင့် အခြေခံပညာကို လူ တိုင်းလူတိုင်း ခွင့်တူညီမျှ သင်ယူ ခွင့် ရရှိကြရစေမည်ဟူသည့် မူဝါ ဒသဘောထား။
သို့သော် အမျိုးမျိုး အထွေ ထွေသော ဘ၀အခြေအနေများ ကြောင့် တကယ့်ကို လူတိုင်းလူ တိုင်းတို့ ပညာသင်ခွင့် ရကြပါစ။ ပညာသင်ခွင့် ရကြသည်ပဲထား သင်ကြားရသည့်အခြေအနေ အ ရပ်ရပ်တို့က ခွင့်တူညီမျှကြပါစေ။ ထိုင်ခုံအနေအထား၊ စာသင်ခန်း အနေအထား၊ ကျောင်းပရ၀ုဏ်အ နေအထား၊ ဆရာ ဆရာမ အနေ အထား၊ အားကစားကွင်း အနေ အထား စသည်စသည်စသည်။

(နှစ်)
မြန်မာပြည်တစ်နံတစ်လျား သို့ ကျွန်တော်တို့ ခရီးသွားကြ သောအခါ ညှိုးရော်နေသည့် စာ သင်ကျောင်းကလေးများစွာကို ဟို နားမှာ ကုပ်ကုပ်ကိုင်းကိုင်း သည် နားမှာ ဆုတ်ဆုတ်ဆိုင်းဆိုင်းဖြင့် တွေ့ရတတ်ပါသည်။
ရွှံ့ညွန်လူးသည့် လယ်ကန် သင်းရိုးကလေး၏အဆုံး လယ် ကွင်းပြင် အစပ်နားဆီမှာ မိုးထဲ လေထဲ မနည်းကြီး အားခဲကာ ရပ် နေရရှာသည့် ဓနိမိုး ထရံကာ စာ သင်ကျောင်းကလေး။ လှေကား လက်ရန်းက ခနော်ခနဲ့ ၀ါးကြမ်း ခင်းက လှုပ်လီလှုပ်လဲ့ စာသင်ခုံ ကလေးတွေ ယိုင်ယိုင်ရွဲ့ရွဲ့နှင့် ထန်း တောထဲက စာသင်ကျောင်းကလေး။ ခန့်ထားသော ဆရာရောက်မလာ လို့၊ ရောက်လာပြီးကာမှ ကျော ခိုင်းထွက်ခွာသွားလို့ လက်ကျန် ဆရာမနဲ့ ဘာသာရပ်မှန်သမျှ ရ အောင်သင်ရင်း ယိုင်ထိုးယိုင်ထိုး နှင့် လျှောက်လှမ်းနေသည့် စာသင် ကျောင်းကလေး။
တစ်ချို့ကလေးတွေက ဖိနပ် မပါ။ တစ်ချို့ကလေးတွေက မုန့် ဖိုးဗလာ။ ကလေးထိန်းရင်း ကျောင်း တက်။ နွားကျောင်းရင် ကျောင်း တက်။ ငါးရောင်းရင်း ကျောင်း တက်။အဖေသေလို့ ကျောင်းထွက်။ အမေသေလို့ ကျောင်းထွက်။ စာ ပွဲထိုးလုပ်ဖို့ ကျောင်းထွက်။ ကျောင်းက ဟိုးအဝေးကြီးမှာမို့ ကျောင်း ထွက်။
ရန်ကုန်မြို့ပေါ်တွင်ကား တစ် လကို ဆယ်ငါ့းသိန်းနှင့် သိန်းနှစ်ဆယ်ကြားရှိမှ ပညာသင်လို့ရ
သည့် နိုင်ငံတကာကျောင်း (International School) တွေအထိရှိပါသည်။ တစ်လကို နှစ်သိန်းခွဲနှင့် သုံးသိန်းကြား ကျသင့် သည့် နိုင်ငံတကာ ကျောင်း (International School) တွေလည်း ရှိပါ၏။ 
အပျံစား ဆရာ ဆရာမတွေနဲ့။ ဘောလုံးကွင်းနဲ့။ ဘတ်စကက် ဘောကွင်းနဲ့။ ရေကူးကန်နဲ့။ စန္ဒ ရားနဲ့။ ပန်းချီခန်းနဲ့။ တကယ်ကိုင် ရသောကွန်ပျူတာတွေနဲ့။ ကျောင်းကားအလှအပနဲ့။ ပြည်တွင်းဖြစ် စာမေးပွဲများကို ဖြေဆိုဖို့ သူတို့မှာ စိတ်ကူးမရှိ။ ပြည်တွင်းဖြစ်ဘွဲ့ဒီဂ ရီများကို ယူရန်လည်း သူတို့ဘယ် သောအခါမှ မစဉ်းစား။
Education for Allဟု မည် သို့ပင် ပြောနေစေကာမူ အမှန်တကယ် မ All နိုင်တာကတော့ လက် တွေ့ဖြစ်ပါသည်။ ရန်ကုန်မြို့ပေါ် က နာမည်ကျော်ကျောင်းများနှင့် တွဲဖက်အထက်တန်းကျောင်းက ကလေးတို့အကြား အမှတ်ရပုံချင်း ဂုဏ်ထူးရပုံချင်းတွေက မိုးနှင့်မြေ ပမာ အကွာခြားကြီး ကွာခြားနေ တာကတော့ အားလုံးအသိပင်ဖြစ် ပါသည်။ ခွင့်တူညီမျှအောင် ဘယ် လိုလုပ်ကြရပါ့။

(သုံး)
ကျွန်တော်တို့နိုင်ငံကီူဃ နိုင်ငံအဖြစ် ၁၉၈၇ ခုနှစ်ကပင် စာရင်းဝင်ထားခဲ့ပြီးဖြစ်ပါသည်။ Least Developed Country။ ဖွံ့ ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးနိုင်ငံ။ သည်အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ က လူသားကို ဖွံ့ဖြိုးအောင် လုပ် ဆောင်မှု၌ ရင်းနှီးမြှုပ်နှံရမည် (Investment in Human Development) ဟု ပညာရှင်တို့က အ ကြံပေးထားကြပြီး ဖြစ်ပါသည်။ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့ ပညာ၌ ရင်းနှီးမြှုပ်နှံရမည် ဟု လမ်းညွှန်ခဲ့ဖူးပါ၏။ ဆရာမ ကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်က Invest in education is the best investment ever for the country တဲ့။ နိုင်ငံတို့အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုမှာ 
ပညာရေး၌ ရင်းနှီးမြှုပ်နှံခြင်းတဲ့။ ဒါ့ကြောင့်ထင်ပါရဲ့။ ပထမကမ္ဘာသို့ ရောက်ရှိပြီးဖြစ်သည့် စင်ကာပူ
ကပင် ၂၀၁၂ပညာရေးအသုံးစရိတ်က ၂၀ ရာခိုင်နှုန်းတဲ့။ ဒါဆို ၂၀၁၁ တုန်းက ပညာရေးအတွက် တစ်
ရာခိုင်နှုန်းလုပ်ခဲ့တာ ကျွန်တော်တို့နိုင်ငံအတွက် နည်းလွန်းမနေဘူး လား။ သည်တော့ ဆင့်ပါးစပ်ကို နှမ်းနှင့်ပက်သလို အနယ်နယ်အ ရပ်ရပ်က စာသင်ကျောင်းကလေး တို့ခမျာ ကျုံလှီချည့်နဲ့လို့။ Education u for All ဖို့ တော်တော့ ကို ခက်ပါသည်။

(လေး)
ယခုနှစ် ၂၀၁၂ ဇွန်လဆန်း ဆန်းချင်း ၁ ရက်၌ အခြေခံပညာ ကျောင်းများအားလုံး မိုးနှင့်အတူ ဖွင့်လှစ်ပါသည်။
ဆရာမဂျူးနှင့် ကျွန်တော် မြောက်ဒဂုံထဲက အ.လ.က (၁) ထ-ခွဲတွင် ကျင်းပသော မိဘများ ၏ ပညာရေးထောက်ပံ့မှုဖောင်ဒေး ရှင်း (Parent's Foundation for Education) ပွဲသို့ တက်ရောက် စကားပြောခဲ့ရပါသည်။
တော်တော်ထူးခြားသည့်ပွဲ။ ကျွန်တော်မကြုံဖူးသည့်ပွဲ။ တတ် နိုင်သော မိဘတစ်စုက သူတို့အ ချင်းချင်း လက်တို့ကာ Education for All ဖြစ်အောင်လုပ်ကြ သည့်ပွဲ။ ၅ တန်းက ၁၀ တန်းအ ထိ ကျောင်းနေဖို့ခက်ခဲသည့် က လေး ၁၂၀ ကို ကျောင်းဆက်ထား သည့်ပွဲ။ ကိုယ့်သားရဲ့ သူငယ်ချင်းကိုယ့်သမီးရဲ့ သူငယ်ချင်းများ ကိုယ့် သားကိုယ့်သမီးများနှင့်အတူ ကျောင်းဆက်တက်နိုင်ဖို့ ထောက်
ပံ့လှူဒါန်းသည့်ပွဲ။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၈ ရက်မှစကာ စိတ်သ ဘောထားတိုက်ဆိုင်သူ မိဘတို့ လစဉ်လစဉ် ရန်ပုံငွေ ၁၀၀၀ စီ အခြေခံစုဆောင်းလျက် ထိုရရှိ သောငွေဖြင့် Education for All
လုပ်ကြခြင်းပင် ဖြစ်ပါသည်။ ကျောင်းသားတွေကိုမှ မဟုတ်။ မည်သည့် အလှူငွေကိုမှ ကောက်ခံခြင်းမပြု ရဟူသော မူအရ ရန်ပုံငွေမရှိ၍ ဘာမှ မလုပ်နိုင်သော စာသင် ကျောင်းကိုပါ အဆောက်အအုံစား ပွဲ၊ ကုလားထိုင်၊ စာသင်ခုံကအစ လူနှင့် သူနှင့်တူသော ကျောင်းက လေးအဖြစ်သို့ ရောက်ရှိလာအောင် သည်မိဘများ၏ ပညာရေးထောက် ပံ့မှုဖောင်ဒေးရှင်းက စွမ်းဆောင် လာကြခြင်းဖြစ်ပါသည်။
နိုင်ငံ အနှံ့အပြား၌ ဘုန်း တော်ကြီး ဦးဆောင်သည့် ပရဟိ တစာသင်ကျောင်းများ၊ သီလရှင် ဆရာလေးတို့ ဦးဆောင်သည့် ပ ရဟိတစာသင်ကျောင်းများ၊ြွဥ အမျိုးမျိုးတို့က ကမကထပြုသည့် ပရဟိတစာသင်ကျောင်းများ စ သည် စသည်တို့အပြင် ပုဂ္ဂလိက တတ်နိုင်သူအချို့တို့ကလည်း ဖောင် ဒေးရှင်းများ တည်ထောင်ကာ Education for All ဖြစ်ဖို့ ဆောင် ရွက်နေကြသည်များကို ကျွန်တော် တို့ အားလုံးအသိပင်ဖြစ်ပါသည်။
သို့သော် မိများ ဘများက ကိုယ့်သားကိုယ့်သမီးတို့ စာသင် ခန်းထဲ၌ ရောက်ရှိနေချိန်တွင် သား တို့ သမီးတို့၏ သူငယ်ချင်းကလေး တွေ လမ်းမပေါ်ရောက်မသွားဘဲ အတူတကွ စာသင်နေနိုင်ကြဖို့ ကြံ စည်ကြ၊ ဆွေးနွေးကြ ညှိနှိုင်းကြ အကောင်အထည်ဖော်ကြတာကိုဖြင့်ဒဂုံမြို့သစ်မြောက်ပိုင်း အ.လ.
က (၁) ထ-ခွဲမှာပဲ ကြုံဖူးခဲ့တာကို ကျွန်တော်ဝန်ခံလိုပါသည်။
ဆရာမကြီး ဒေါက်တာဒေါ် မြင့်မြင့်ခင် ပြောသလို တတ်နိုင် သူက ကောင်းကောင်းသင်ယူ မ တတ်နိုင်သူက ဖြစ်သလိုသင်ယူ နေကြရသဖြင့် ခွင့်တူညီမျှ စာသင် ခန်းများ မဖြစ်သေးသည့်တိုင် သင် ယူခွင့်ကလေး ရနေအောင်စွမ်း ဆောင်ပေးနေကြသူများကိုဖြင့် ကျွန်တော် ကျေးဇူးတင်နေမိပါသည်။ အထူးသဖြင့် ဒဂုံမြို့သစ် မြောက်ပိုင်း အ.လ.က (၁) ထ- ခွဲ ၀န်းကျင်က မိများဘများ...။
သောကြာနေ့ ဖြစ်သည့် ဇွန်လ ၁၅ ရက်နေ့တွင် ဆန္ဒပြမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ဖြစ်ပွားမည်ဆိုသည့် ကောလဟလများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျှက်ရှိရာ ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့တွင်း လူအသွားအလာနည်းပါးလျှက်ရှိသည်ကို တွေ့ရသည် ။

မြို့လယ်တ၀ိုက်တွင် ဆိုက်ကားနင်းသူ တဦးက “ဒီနေ့မနက် ၉ နာရီခွဲထိနင်းတာတောင် ၁ ထောင်ပဲရသေးတယ်။ လူအသွားအလာ တော်တော်လေးရှင်းနေတယ် ” ဟုပြောသည်။ 

မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူတဦးက ရန်ကုန်မြို့လယ် အခြေအနေကို ဖုန်းဖြင့်လှမ်းမေးကာ မင်္ဂလာဒုံမြို့နယ်ရှိ အထက်တန်းကျောင်းတကျောင်းမှ မူလတန်းကျောင်းသားများအား ပြန်လာခေါ်ရန် မကြာသေးမီက မိဘများအား အကြောင်းကြားခဲ့ကြောင်း တစုံတရာ ဖြစ်ပွားခြင်းကြောင့်ထက် စိုးရိမ်မှုကြောင့် မိဘများအား အကြောင်းကြားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့လယ် ဆူးလေစေတီတ၀ိုက်တွင် ရခိုင်ပြည်နယ် မငြိမ်မသက်မှုများတွင် သေဆုံးသွားရသူများအတွက် ဆုတောင်းမှုများ ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြသည်။ ။
Letter from Burma
Posted by Goshal Lay

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့လယ် ဆူးလေစေတီတ၀ိုက်တွင် ရခိုင်ပြည်နယ် မငြိမ်မသက်မှုများတွင် သေဆုံးသွားရသူများအတွက် ဆုတောင်းမှုများ ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြသည်။
Letter from Burma
Posted by Goshal Lay

No comments: